ကြိုတင်မဲ အကြောင်း သိကောင်းစရာ

၂၀၂၀ ရွေးကောက်ပွဲမှာ ထူးခြားချက်ကတော့ ကိုဗစ် ရောဂါဖြစ်ပွားမှုအခြေအနေအရ Stay at Home အဖြစ်သတ်မှတ်ထားတဲ့ မြို့နယ်များနဲ့ လူဦးရေ ထူထပ်သော မြို့နယ်များ ( တစ်စတုရန်း ကီလိုမီတာပ ျှမ်းမ ျှ လူဦးရေ ငါးထောင်နဲ့ အထက်) မှာ အသက်ခြောက်ဆယ်နဲ့ အထက်မဲဆန္ဒရှင် များ ( ၁၉ ၆၀ ပြည့်နှစ် နဲ့ ၎င်းနှစ်ရှေ့ပိုင်းမွေးဖွားသူတွေ) ကြိုတင်မဲပေး နိုင်အောင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်တွေက စီစဉ်ပေးရမယ်ဆိုတဲ့အချက်ပါပဲ။

ဒါကလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ အရ ကိုယ်တိုင် လာရောက်မဲမပေးနိုင်တဲ့ အသက်အရွယ်ကြီးရင့်သူတွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးရမယ် ဆိုတဲ့ အချက်အပေါ်မူတည် ဆောင်ရွက်တာဖြစ်ပါတယ်။ အခု ကိစ္စမှာတော့ လာမဲပေးနိုင်တဲ့ အခြေအနေရှိ ပေမယ့် ကိုဗစ် ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် သီးခြား အစီအစဉ်နဲ့ မဲပေးရတာဖြစ် ပါတယ်။

အခု ထုတ်ပြန်ချက်နဲ့ အကျုံးဝင်သူတွေ အောက်တိုဘာ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာ ၅ ရက်နေ့ကြား နေအိမ်မှာ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ပေးမယ်လို့ အောက်တိုဘာ ၁၀ရက်နေ့မှာ ရွေးကော်က ကြေညာခဲ့တယ်။ ဒါပေမယ့် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက် မှာတော့ အောက်တိုဘာ ၂၅ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အတွင်း မဲပေးရမယ်လို့ ဆိုတယ်။

ဒီတော့ နောက်တိုးအစီအစဉ်အရ ကြိုတင်မဲပေးရမယ့်သူတွေ သိထားသင့်တဲ့အချက်အလက်လေး တွေကို မ ျှဝေလိုပါတယ်။

ဘယ်လို မဲပေးရမလဲ

နည်းဥပဒေ ၅၁ ပါ ပြဋ္ဌာန်းချက်တွေကို အတိုချုပ်ရှင်းပြရရင် ကျန်းမာရေးအရ မဲရုံကို မဲလာမပေးနိုင်တဲ့သူနဲ့ပတ်သက်ပြီးအခုလိုဆောင်ရွက်ရမယ်။

၁။ ရပ်ကွက်/ကျေးရွာ ရွေးကော်အဖွဲ့ ဝင်နှစ်ယောက်က ကြိုတင်မဲပေးခွင့်ရှိသူကို မဲပေးဖို့ ဆန္ဒရှိရင် ပေးနိုင်တယ်။ မပေးပဲနေလိုက နေနိုင်တယ်ဆိုတာရှင်းပြရမယ်။
၂။ မဲပေးဖို့ ဆန္ဒရှိရင် ကြိုတင်မဲလက်မှတ်စီစဉ်ပေးရမယ်။
၃။ မဲပေးသူက သူ့ဆန္ဒအတိုင်းလ ျှို့ဝှက်စွာမဲပေးနိုင်ရမယ်။
၄။ ကျန်းမာရေးကြောင့် ကိုယ်တိုင်မရေးသွင်းနိုင်ရင် မိသားစုဝင်တစ်ယောက်က သူပြောတဲ့ အတိုင်း သူ့ရှေ့မှာရေးသားဖြည့်သွင်းပေးရမယ်။
၅။ ကူညီမယ့်သူမရှိရင် ရွေးကော် အဖွဲ့ဝင်တစ်ယောက်က သူပြောတဲ့အတိုင်း သူ့ရှေ့မှာ ရေးသားဖြည့်သွင်း ရမယ်။
၆။ ကြိုတင်မဲပေးမှုကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လိုက်ကြည့်လို့ရတယ်။ ဒါပေမယ့် ကြိုတင်မဲပေးသူရဲ့ လ ျှို့ဝှက်မှုကို မထိခိုက်စေရဘူး။

ဒါပေမယ့် အောက်တိုဘာ ၂၀ သတင်းစာရှင်းလင်းပွဲမှာတော့ ရွေးကော်အဖွဲ့ဝင် ဦးမြင့်နိုင်က နောက်တိုးအစီအစဉ်အရ ကြိုတင်မဲပေးမှုကို ကားနဲ့လုပ်မယ်။ သက်ဆိုင်ရာတိုက်ရှေ့မှာ ရပ် ပြီး ခေါ်တယ်။ ကြိုတင်မဲပေးမယ့်သူတွေက ဆင်းပြီးမဲပေးရမယ်။ လုံခြုံစွာမဲပေးနိုင်ဖို့ စီစဉ်ထားမယ် လို့ပြောတယ်။

ဒ့ါကြောင့် ကိုယ်တိုင်မဲပေးတဲ့အခါ လုံခြုံစွာမဲပေးနိုင်လား သေသေချာချာကြည့်ဖို့လိုမယ်။ ကိုယ် တိုင်မပေးနိုင်ရင် မိသားစုဝင်တစ်ဦးက ကိုယ့်ရှေ့မှာ ကိုယ်စားဖြည့်သွင်းခွင့်ရှိတယ်ဆိုတာ သိထား ဖို့လိုပါတယ်။

စာအိတ် နဲ့ မဲလက်မှတ်

ကြိုတင်မဲလက်မှတ်တွေ၊စာအိတ်တွေနဲ့ပတ်သက်လို့ ရွေးကော်ရဲ့ ၂၀၁၆ အောက်တိုဘာ ၂၈ ရက်နေ့ထုတ်လုပ်ငန်းလမ်းညွှန်မှာ အခုလို ဖော်ပြထားတယ်

၁။ မဲလက်မှတ်ပေါ်ရှိ မဲရုံမှူးလက်မှတ်ရေးထိုးရန်နေရာမှာ လက်မှတ်ရေးထိုးဖို့ မလို (မလို) ဘူး။
၂။ မဲလက်မှတ်ပေါ်မှာ ( မျက်နှာစာမှာ) တံဆိပ်တုံးရိုက်တာ၊ အမှတ်အသားပြုတာ လုံး၀ မလုပ်ရပါဘူး။
၃။ ကြိုတင်မဲလက်မှတ်ရဲ့ လက်ခံဖြတ်ပိုင်းနဲ့ ကျောဘက်မှာ ကော်မရှင်အဖွဲ့ခွဲရဲ့ တံဆိပ်ရိုက်ပေး ရမယ်။ ကျောဘက်မှာ တာဝန်ခံထုတ်ပေးသူလက်မှတ်နဲ့ အမည်ပါရမယ်။
၄။ သက်ဆိုင်ရာမဲဆန္ဒရှင် အမည်ဖော်ပြထားတဲ့ စာအိတ်ကြီးထဲက သက်ဆိုင်ရာ လွှတ်တော် အလိုက် ( အမျိုးသား/ပြည်သူ/ တိုင်းဒေသကြီး/ပြည်နယ် ) စာအိတ်ငယ်တွေကိုပဲ ပေးရမယ်။ မဲပေးမယ့်သူက ရရှိကြောင်း ပုံစံမှာလက်မှတ်ထိုးရမယ်။
၅။ ကြိုတင်မဲပေးပြီးရင် သက်ဆိုင်ရာလွှတ်တော်အလိုက် စာအိတ်ငယ်ထဲမှာ ပြန်ထည့်ရမယ်။ လုံခြုံ အောင်ပိတ်ရမယ်။
၆။ ကြိုတင်မဲလက်မှတ်ထည့်ထားတဲ့စာအိတ်တွေကို ချိတ်ပိတ်ထားတဲ့ မဲပုံးထဲမှာ ထည့်ပြီး သိမ်းထား ရမယ်။ ရွေးကောက်ပွဲနေ့ရောက်မှာ ဖွင့်ပြီးရေတွက်ရမယ်။

အောက်တိုဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကော်အဖွဲ့ဝင် ဦးမြင့်နိုင်က ကြိုတင်မဲ စာအိတ်တွေ ပွင့်နေရင် လုံခြုံအောင် ကော်နဲ့ပိတ်လို့ရပါတယ်။ ကော်ဘူးထားပေးမယ်လို့ ပြောတယ်။ ပိုသေချာချင်ရင်တော့ ကိုယ်ပိုင်ကော်ဘူးလေးဆောင်သွားတာအကောင်းဆုံး ပေါ့။ မဲပေးမယ့်နေ့မဲပုံးဖွင့်တဲ့အချိန် ကိုယ့်စာအိတ်ပွင့်နေရင် အငြင်းပွားနိုင်ပါတယ်။

ပယ်မဲ

နည်းဥပဒေ ၆၆ အရ အောက်ပါအချက်တွေနဲ့ ငြိစွန်းရင် ပယ်မဲဖြစ်တယ်။ ( ပယ်မဲ ဖြစ်စေ တဲ့အချက် ဆယ်ချက်ရှိပေမယ့် ကိုယ်တိုင်မဲမပေးခင် စစ်ဆေးသင့်တဲ့အချက်လေးချက်ကိုပဲ ဖော်ပြထားပါတယ်။ )

၁။ ကော်မရှင်က အတည်ပြုထားတဲ့အမှတ်အသားမပါရင် ။
၂။ ကော်မရှင်အဖွဲ့ခွဲတံဆိပ်မပါရင်။
၃။ တာဝန်ခံထုတ်ပေးသူ အမည်နဲ့ လက်မှတ်မပါရင်။
၄။ ဆန္ဒမဲပေးသူကို သိနိုင်အောင်အမှတ်အသားပြုလုပ်ထားရင်။

လက်လှမ်းမီသလောက် စုစည်းတင်ပြတာဖြစ်ပါတယ်။ လိုအပ်ချက်များရှိရင် ဖြည့်စွက်ဆွေးနွေးပေး ဖို့ မေတ္တာရပ်ခံပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: