ဦးတင်အေး နဲ့ ဦးလှသိန်း (၁၀)

ဒိုင်လူကြီး

ဦးတင်အေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာဖွဲ့စည်းပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကိုလည်း ဦးတင်အေးကော်မရှင်ကပဲ ဆက်လက်ကြားနာဆုံးဖြတ်ပေးခဲ့ရတယ်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ပေးခဲ့တယ်။

ဦးတင်အေးကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လွတ်လပ် ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပပေးခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တွေကို ကြားနာစစ်ဆေးမှုမပြုခဲ့ဘူး။ နောက်ဖွဲ့စည်းမယ့် ရွေးကောက်ပွဲကော်မရှင်ကပဲ ဆက် လက်ကြားနာဆုံးဖြတ်ဖို့ ထားခဲ့တယ်။

ဦးလှသိန်းကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများအပြင် ၂၀၁၇ ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကိုလည်း ကြားနာဆုံးဖြတ်ခဲ့တယ်။

ဦးတင်အေး ကော်မရှင် ကို ပြည်ခိုင်ဖြိုးပါတီ သမ္မတ က ခန့်တာ၊ ဦးလှသိန်းကော်မရှင်ကို အင်န်အယ်လ်ဒီသမ္မတ က ခန့်တာ။ ဒီတော့ ဒီကော်မရှင်နှစ်ခုဟာ သူတို့ကို ခန့်ထားခဲ့တဲ့ သမ္မတ ရဲ့ ပါတီအပေါ် ဘယ်လို သဘောထားသလဲ၊ သမ္မတပါတီဘက်ကို ယိမ်းခဲ့သလား၊ မျက်နှာသာ ပေးခဲ့သလား၊ နောက်ဆုံး ဘက်လိုက်မှုရှိနိုင်လား ဆိုတာ လေ့လာကြည့်မိတယ်။

ကျွန်တော့်အနေနဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးချင်းရဲ့ စိတ်ထဲကို ဝင်ကြည့်လို့မရတော့ ကော်မရှင်တွေက သက်ဆိုင်ရာပါတီတွေနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေ ကို ဘယ်လို ဆုံးဖြတ်ခဲ့သလဲဆိုတာကိုပဲ လေ့လာမိတယ်။

၂၀၁၀ ရွေးကောက်ပွဲ ( ဦးတင်အေးကော်မရှင်)

ဒီရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီမပါဘူး။ အင်န်အယ်လ်ဒီက ခွဲထွက်လာတဲ့ ဒေါက်တာ သန်းညိမ်း၊ ဦးခင်မောင်ဆွေတို့ရဲ့ NDF ဝင်ပြိုင်တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အခြားပါတီတွေ အနိုင်ရမှုကို ကန့်ကွက်တဲ့အမှု ၂၆ မှု ရှိတယ်။ ၆ မှု နိုင်တယ်။ ၂၀ မှု ရှုံးတယ်။

အခြားပါတီတွေက ပြည်ခိုင်ဖြိုးကို တိုင်တဲ့အမှု သုံးမှုရှိတယ်။ ပြည်ခိုင်ဖြိုးက နှစ်မှု နိုင်တယ်၊ တစ်မှု ရှုံးတယ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ( ဦးတင်အေးကော်မရှင်)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၄၅ နေရာမှာကျင်းပတယ်။ အင်န်အယ်လ်ဒီဝင်ပြိုင်တယ်။ ပြည် ခိုင်ဖြိုးက အင်န်အယ်လ်ဒီ အနိုင်ရမှုကို ကန့်ကွက်တာ လေးမှုရှိတယ်။ လေးမှုလုံး ပြည်ခိုင်ဖြိုး ရှုံးတယ်။

၂၀၁၅ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

၂၀၁၅ ရွေးကောက်ပွဲကို ဦးတင်အေးကော်မရှင်က ကျင်းပပေးတယ်။ ကန့်ကွက်လွှာတွေကို ဦးလှသိန်းကော်မရှင်က ဆက်လက်ကြားနာစစ်ဆေးတယ်။

ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီ အနိုင်ရမှုကို ကန့်ကွက်တာ ၁၈ မှု ရှိတယ်။ ပြည်ခိုင်ဖြိုး အားလုံး ရှုံး တယ်။ ပြည်ခိုင်ဖြိုးကို တိုင်တဲ့ အမှု ၈ မှုရှိတယ်။ ပြည်ခိုင်ဖြိုးက ၃ မှုနိုင်တယ်။ ၅ မှုရှုံးတယ်။

၂၀၁၇ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

ပြည်ခိုင်ဖြိုးက အင်န်အယ်လ်ဒီကို တိုင်တဲ့အမှု ၅ မှုရှိတယ်။ အမှုအားလုံး ပြည်ခိုင်ဖြိုးရှုံးတယ်။ အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုးကို တိုင်တဲ့အမှု တစ်မှုရှိတယ်။ အင်န်အယ်လ်ဒီ နိုင်တယ်။

၂၀၁၈ ရွေးကောက်ပွဲ ( ဦးလှသိန်းကော်မရှင်)

အင်န်လယ်လ်ဒီပါတီကို ပြည်ခိုင်ဖြိုးက တစ်မှု ၊ SNLD က တစ်မှု တိုင်ကြားတယ်။ အင်န်အယ်လ်ဒီက နှစ်မှုလုံးနိုင်တယ်။

ပရီမီယာလိဂ်မှာတော့ တစ်ချို့ ဒိုင်လူကြီးတွေက မန်ယူဆိုရင်မျက်နှာသာပေးတယ်။ တစ်ဖက် အသင်း ဂိုးဧရိယာထဲမှာ မန်ယူတိုက်စစ်မှူးတွေ လဲကျပြီဆိုတာနဲ့ ပယ်နယ်တီပေးတော့တာပဲ။ ပြိုင်ဘက် အသင်းတိုက်စစ်မှူး တွေ မန်ယူဂိုးဧရိယာထဲမှာလဲကျရင်တော့ ပယ်နီတီပေးဖို့ ခဲယဉ်း တယ်။ အခန့်မသင့်ရင် ဟန်ဆောင်လဲတယ်ဆိုပြီး အဝါ ကပ်ပြ သတိပေးတာတောင်ခံရနိုင် တယ် လို့ စွပ်စွဲမှုတွေ ရှိကြတယ်။ မန်ယူ ဆယ်ပွဲကန်ရင် ပယ်နယ်တီရတာ ရာခိုင်နှုန်းဘယ်လောက် ရှိ တယ်ဆိုတာမျိုးနဲ့ ထောက်ပြတာလည်းရှိတယ်။

ဒိုင်လူကြီးဆိုတာ နှစ်ဘက်လုံးကျေနပ်အောင်တော့ လုပ်လို့မရဘူး။ ဒါပေမယ့် ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်လူကြီး ညံ့ရင်၊ ဘက်လိုက်တယ်လို့ အထင်ခံရရင် ပွဲကြမ်းတယ်၊ ပွဲဆူတယ်ဆိုတာတော့ သေချာတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: