၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ရွေးရွေး၊ ဥပဒေတွေပဲ ပြဋ္ဌာန်း ပြဋ္ဌာန်း၊ ( လူနည်းစု) တိုင်းရင်းသားပါတီတွေ ထောက်ခံမှု မရရင် လုပ် လို့မရတဲ့အခြေအနေ ရောက်မှ ပါတီအားလုံး နိုင်ငံရေးတန်းတူတဲ့ အခြေအနေကို ရမယ်။ အဲဒါမှ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ပိုလွယ်မယ်။
အဲဒီလို ဖြစ်နိုင်ဖို့အတွက် ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်နေရာအားလုံး တိုင်းရင်းသားပါတီတွေနိုင်ဖို့ လို တယ်။
အာဏာရ အင်န်အယ်လ်ဒီပါတီကတော့ သူတို့ပါတီမှာလည်း (လူနည်းစု) တိုင်းရင်းသား အမတ်တွေရှိ တဲ့ အတွက် ( လူနည်းစု) တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်။ သူတို့ ကို မဲပေးပါလို့ မဲဆွယ်နေဆဲပဲ။
ဒါပေမယ့် လက်တွေ့ ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီမှာ ရှိတဲ့တိုင်းရင်းသားအမတ်တွေက အင်န်အယ်လ်ဒီ အရေး နဲ့ တိုင်းရင်းသား အရေးယှဉ်လာရင် အင်န်အယ်လ်ဒီအရေးကို ပဲ ဦးစားပေးတယ် ဆိုတာ ပြည်နယ်ဝန်ကြီးချုပ် ခန့်ထားရေး၊ ငြိမ်းချမ်းရေး၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ချောင်းဆုံတံတား ကိစ္စ တွေမှာ တွေ့ခဲ့ပြီးပြီပဲ။
ဒီလို ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ထက် အင်န်အယ်လ်ဒီပါတီအရေးကို ပဲ ဦးစား ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ထပ် ငါးနှစ်ပြန်ပြီးတာဝန်ပေးမယ်ဆိုရင် ဖက်ဒရယ် အရေး က လိုက်လေဝေးလေဖြစ်နေမှာပဲ။
ဒါ့ကြောင့် ကိုယ့် တိုင်းရင်းသား အရေးအလုပ် လုပ်နိုင်ဖို့ ကိုယ့် တိုင်းရင်းသားပါတီတွေကိုပဲ တာဝန်ပေးကြပါ။