၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီအများစု အနိုင်ရမလဲ ဆိုတာလည်း အရေးကြီးပါတယ်။
အဲဒီထက် ပိုပြီးအရေးကြီးတာက ပြည်သူအများစု၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူ အများစု နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံ ဖို့ ဖြစ် ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ဆောင်ရွက်ချက်များ၊ မဲပေးတဲ့နေ့ အငြင်းပွားဖွယ် ကြိုတင်မဲကိစ္စတွေ ကြောင့် နံမည် ပျက်ခဲ့ရတယ်။ အဲဒီအကျိုးဆက်အဖြစ် ဦးသိန်းစိန်အစိုးရက တရားဝင်မှုရဖို့၊ လူထုထောက်ခံမှု ရဖို့၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ဖို့ ဆိုတဲ့ လုပ်ငန်းတွေမှာ အခက် အခဲအများကြီးတွေ့ခဲ့ရတယ်။ ပုံရိပ်ဆိုးကို ကျော်လွှားနိုင်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။
၂၀၁၅ ရွေးကောက်ပွဲက ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလမှာရော၊ မဲပေးတဲ့ အချိန် မှာ ရော အငြင်းပွားဖွယ်ဖြစ်စဉ်တွေ အလွန်နည်းပါးခဲ့တယ်။ ဒ့ါကြောင့် အားလုံးက လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲအဖြစ်လက်ခံခဲ့ကြတယ်။ ပြည်သူတွေလည်းပျော်တယ်။ အစိုးရသစ်လည်း တာထွက် ကောင်းခဲ့တယ်။
ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီပဲနိုင်နိုင် ပြည်သူအများစု၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သူ အများစု နဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမ ျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို လက်ခံ ဖို့ အရေးကြီးပါတယ်။ အဲဒီလို ဖြစ်မလာရင် တရားဝင်ဖြစ်မှု နဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် အခက်အခဲတွေ အများကြီး ကြုံနိုင်ပါတယ်။
ဒ့ါကြောင့် နိုင်အောင်လည်း ကြိုးစားကြပါ။ မ ျှတတဲ့ပွဲဖြစ်အောင်လည်း ကြိုးစားကြပါ လို့ ကစားသမားတွေရော၊ ဒိုင်လူကြီးရော၊ ပရိ သတ်ရော ကိုပါ တိုက်တွန်းချင်ပါတယ်။