တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ULA/ AA အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ ကြေညာချက် အပေါ် တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသတင်းထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့လည်း လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရေးကို အလေးထားတဲ့ အတွက် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။