ရဲနွယ် သဘာဝရှုခင်းအလှ

အောင်လောင် ငှက်တွေကို ကြည့်တဲ့နေရာက မြို့ချောင်း – မင်းလှ ကားလမ်း မိုင်တိုင် ၆၉ ၊ အဲဒီကနေ ဆက်သွားရင် မိုင်တိုင် ၆၄ မှာ ရဲနွယ်ဆည်ကို အပေါ်စီးက လှမ်းမြင်ရတဲ့ ရှုခင်း သာ နေရာရှိတယ်။ “ ရဲနွယ် သဘာဝရှုခင်းအလှ Ye Nwe View Point ( 8 Mile ) ” ဆိုတဲ့ ဆိုင်း ဘုတ်ထောင်ထားတယ်။

အခု လို ဆောင်းရာသီမှာ အဲဒီနေရာက ကြည့်ရင် တိမ်ပင်လယ် မြင်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရောက်ချိန်မှာ နေ့လယ် ၁၂ နာရီလောက်ဆိုတော့ မှန်/ မမှန် မသိနိုင်ဘူး။ သို့သော် ဘာပဲ ဖြစ်ဖြစ် ငှက်ကြည့်ရင်းနဲ့ ဓာတ်ပုံအလှသွားရိုက်မယ်ဆိုရင်တော့ သင့်တော် တဲ့နေရာပါပဲ။

ရှုခင်းသာနေရာကို ၈ မိုင်စခန်းလို့ရေးတာက မြို့ချောင်း – မင်းလှ ကားလမ်းခွဲကနေ ဝင်ရင် ၈ မိုင်အကွာမှာရှိလို့ ဖြစ် ပါတယ်။ မိုင်တိုင် အမှတ်က ရန်ကုန်- ပြည်ကားလမ်း မင်းလှ လမ်းဆုံ ကနေ (ဝ) မိုင် နဲ့ စတယ်။ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် ၈၃ နေရာ က (၇၂) မိုင် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိုင်တိုင် ၆၄ နေရာကို ၈ မိုင်စခန်းလို့ ရေးတာဖြစ်ပါတယ်။

ငှက်ကြည့်မယ်၊ ရဲနွယ်ဆည်ကို သွားမယ်၊ ရှုခင်းသာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ရန်ကုန် – မန္တလေး အမြန်လမ်း ၈၃ မိုင်ကို သွား၊ အဲဒီကမှ မြို့ချောင်း – စိန်ကန့်လန့် – မင်းလှ ကားလမ်းအတိုင်း မင်းလှဘက်ကို သွား ပါ။ မိုင်တိုင် ၆၉ မှာ ငှက်ကြည့်တဲ့နေရာရှိပါတယ်။ မိုင်တိုင် ၆၈ အကျော်မှာ ရဲနွယ်ဆည် လမ်းခွဲ ရှိတယ်။ မိုင်တိုင် ၆၄ မှာ ရှုခင်းသာ ရှိပါတယ်။

မနက်အစောကြီးတိမ်ပင်လယ်ကြည့်ဖို့ ရှုခင်းသာကို အရင်သွား၊ ပြီးမှ ငှက်ကြည့်၊ ရဲနွယ်ဆည် သွား ဆိုရင်လည်း အဆင်ပြေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: