မြန်မာ ၂၀၂၁

Institute of Southeast Asia Studies, ISEAS YUSOF ISHAK INSTITUTE က ၂၀၂၁ ခုနှစ်အတွက် ဒေသတွင်း အလားအလာ ဆွေးနွေးပွဲ ( Regional Outlook Forum 2021) ကို စင်္ကာပူနိုင်ငံမှာ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တယ်။

အရင်အစဉ်အလာကတော့ ဆွေးနွေးပွဲကို တစ်နေ့တည်းနဲ့ အပြီးလုပ်ပေမယ့် ကိုဗစ်ကာလ ဖြစ် တဲ့အတွက် ဆွေးနွေးပွဲကို နှစ်ရက်ခွဲပြီး အွန်လိုင်းကနေ ကျင်းပပါတယ်။

ဆွေးနွေးပွဲကတော့ သူ့ခေါင်းစဉ်အတိုင်းပဲ ၂၀၂၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အဖွဲ့အတွက် အရေးပါမယ်လို့ ယူဆရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာကိစ္စတွေကို ဆွေးနွေးတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ဆွေးနွေးပွဲအတွက်ရွေးချယ်ထားတဲ့ အကြောင်းအရာတွေက အမေရိကန်- တရုတ် ဆက်ဆံရေး နဲ့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ နဲ့ မလေးရှားနိုင်ငံများရဲ့ နိုင်ငံရေး၊ စီးပွား ရေးအခြေအနေတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံအကြောင်းက ဒုတိယနေ့ အစီအစဉ်မှာပါဝင်ပါတယ်။ ဦးဆောင်တင်ပြ သူက ISEAS မြန်မာလေ့လာရေးအစီစဉ်က ဒေါ်မိုးသူဇာဖြစ်ပြီး ဒေါက်တာအောင်မျိုးက နိုင်ငံရေး နဲ့ ဒေါက်တာ ရှောင်တာနဲလ် က စီးပွားရေးအကြောင်းဆွေးနွေးပါတယ်။ ( ပုံ ၁)

ဒီနှစ်ဆွေးနွေးပွဲရဲ့ ထူးခြားချက်က Zoom နဲ့ ဆွေးနွေးနေချိန်မှာပဲ သက်ဆိုင်ရာနိုင်ငံ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အွန်လိုင်းကနေ စစ်တမ်းကောက်ယူပြီး စစ်တမ်း တွေ့ရှိချက်ကို ဆွေးနွေးပွဲ နိဂုံးချုပ်မှာ ထည့်သွင်းဆွေးနွေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲကို အွန်လိုင်းက ပါဝင်တက်ရောက်သူ တစ်ရာကျော် ရှိတယ် လို့ သိရပါတယ်။ အဲဒီသူတွေကို စစ်တမ်းကောက်ယူတဲ့အခါ ၂၀၂၁ ခုနှစ်မှာ အင်န်အယ်လ်ဒီ အစိုးရသစ်ရဲ့ ဦးစားလုပ်ငန်း၊ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အကြီးဆုံးစိန်ခေါ်မှုနဲ့ နိုင်ငံတကာဆက်ဆံရေး ဦးစားပေးလုပ်ငန်း ဆိုပြီး ကဏ္ဍသုံးခုအတွက်မေးခွန်းတွေ မေး ပါတယ်။ ကဏ္ဍတစ်ခုချင်းအလိုက်မေးမြန်းတဲ့မေးခွန်း နဲ့တွေ့ရှိချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ၂၀၂၁ ခုနှစ်မှာ အင်န်အယ်လ်ဒီ အစိုးရအတွက် ဦးစားပေးလုပ်ငန်းဘာဖြစ်နိုင်လဲ ဆိုပြီး လေး ချက်ထဲက ရွေးခိုင်းပါတယ်။ ဖြေတဲ့သူ ၇၆% က တိုင်းရင်းသား/တပ်မတော်တို့နဲ့ အမျိုး သားပြန်လည်စည်းလုံးညွတ်ရေး တည်ဆောက်ဖို့ က အရေးကြီးဆုံးဖြစ်တယ်လို့ဖြေတယ်။ ၁၃ % က လူမှု စီးပွားမညီမ ျှမှု ( ဥပမာ။ ဆင်းရဲချမ်းသာကွာဟမှု ) ကို ဖြေရှင်းဖို့က အရေးကြီးဆုံး လို့ ဖြေတယ်။ ( အသေး စိတ် ကို ပုံ ၂ မှာကြည့်ပါ။ )

၂။ ၂၀၂၁ ခုနှစ်မှာ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် အကြီးဆုံး စိန်ခေါ်မှုက ဘာဖြစ် နိုင်လဲ ဆိုပြီး လေးချက် ထဲကရွေးခိုင်းတယ်။ ဖြေတဲ့သူ ၄၈% က ကိုဗစ်ကာလ စီးပွားရေး နလံထူ မှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ဟန်ချက်ညီညီလုပ်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ ဖြေ တယ်။ ၃၂% က ရင်းနှီးမြှုပ်နှံမှုအသစ်တွေရရှိဖို့အတွက် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဖို့ လိုတယ်လို့ ဖြေ တယ် ( အသေး စိတ် ကို ပုံ ၃ မှာကြည့်ပါ။ )

၃။ ၂၀၂၁ – ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဦးစားပေးလုပ်ငန်းက ဘာလဲ ဆိုတာနဲ့ပတ်သက်ပြီးလေးချက်ထဲက ရွေးခိုင်းတယ် ။ ဖြေတဲ့သူ ၄၂% က ရခိုင်ပြဿနာ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာယုံကြည်မှုရှိအောင် လုပ်ဖို့ က အရေးကြီးဆုံးလို့ဖြေတယ်။ ၃၅% က အာဆီယံကို အခြေပြုပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးကို တိုးချဲ့ဖို့ အရေးကြီးဆုံးလို့ဖြေတယ်။ ( အသေး စိတ် ကို ပုံ ၄ မှာကြည့်ပါ။ )

ပြန်ချုပ်လိုက်ရင်တော့ ဆွေးနွေးပွဲတက်ရောက်သူတွေက ၂၀၂၁ ခုနှစ်မှာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ ကိုဗစ်ကာလ စီးပွားရေး ပြန်နလံထူမှု နဲ့ ရခိုင်ပြည်နယ်အရေး တွေက အစိုးရ သစ်အတွက် အရေးကြီးဆုံးလို့ ယူဆခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: