လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။ ဒါ့ကြောင့် သုံးသပ်ချက်ဆောင်းပါးတွေ မရေးဘူး၊ မီဒီယာတွေနဲ့လည်း မပြော တော့ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့တယ်။ ပြောတဲ့အတိုင်း လည်းနေခဲ့ တယ်။
အခုတော့ သတင်းတစ်ခုအပေါ် လူငယ်တွေ သုံးသပ်ချက်မမှားစေချင်လို့ နောက်ခံရာဇဝင်နဲ့ အဖြစ်မှန် ကို ရှင်းပြချင်ပါတယ်။
ဖေ ဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ် ဆောင်တဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်မှာ
“ constitutes an unusual and extraordinary threat to the national security
and foreign policy of the United States. I hereby declare a national
emergency to deal with that threat. မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သော ထူးထူး ခြားခြား ခြိမ်းခြောက်မှုတွေဖြစ်နေတယ်၊ ဒါကြောင့် ဒီအခြေအနေကို ကိုင်တွယ်နိုင်ဖို့အတွက် အမျိုးသားအရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်တယ်” ဆိုတဲ့ စကားရပ်ပါတယ်။ ( ပုံ ၁ )
စာနယ်ဇင်းသမား အချို့၊ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့ နဲ့ တက်ကြွလှုပ်ရှားသူအချို့က အဲဒီ စကားရပ်ကို ကိုးကားပြီး “ ဘိုင်ဒင်ကြီးက လုပ်ချလိုက်ပြီ ” ၊ အမျိုးသားလုံခြုံရေး၊ အမျိုးသား အရေးပေါ် အခြေအနေ” ဆိုတဲ့ စကားလုံးတွေသုံးတာ အင်မတန်ထူးခြားတယ်။ မြန်မာ့အရေးကို အမေရိကန်က လက်သွက်သွက်နဲ့ လုပ်တော့မယ်စသည်ဖြင့် သုံးသပ်နေတာဖတ်ရပါတယ်။ အဲဒီ သုံးသပ်ချက်တွေကို လူငယ်တစ်ချို့က အားပါးတရ ပြန်လည်ဝေမ ျှနေတာလည်း မြင်ရပါတယ်။
တကယ်တော့ ဘိုင်ဒန်သုံးခဲ့တဲ့ စကားလုံးဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနဲ့ပတ်သက်ပြီး သမ္မတရဲ့ အမိန့် ( Executive Order ) ကို ထုတ်ပြန်တဲ့အချိန်တိုင်းမှာ ဥပဒေအရ သုံးစွဲရတဲ့ စကားရပ်ဖြစ်ပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ အမေရိကန် လွှတ်တော်ဥပဒေအရ မဟုတ်ဘဲ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတစ်နိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုလုပ်မယ်ဆိုရင် ၁၉ ၇၇ ခုနှစ် မှာ ပြဋ္ဌာန်းခဲ့တဲ့ “ နိုင်ငံတကာ အရေးပေါ်စီးပွားရေးပိတ်ဆို့မှု လုပ်ပိုင်ခွင့်အာဏာ ဥပဒေ International Emergency Economic Powers Act (IEEPA)” အရ လုပ်ဆောင်ရပါတယ်။ အဲဒီ ဥပဒေအရအမိန့်ထုတ်ပြီးရင် လွှတ်တော်ကို တင်ပြရတယ်။ တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး သက်တမ်းတိုးသင့်ရင် သက်တမ်းတိုးရတယ်။
အဲဒီဥပဒေမှာ သမ္မတအနေနဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးကို ခြိမ်းခြောက်တယ်လို့ ယူဆရင် အမိန့်ထုတ်ပြန်ခွင့်ရှိတဲ့အကြောင်း အခုလို ဖော်ပြထားတယ် “ To deal with any unusual and extraordinary threat, which has its source in whole or substantial part outside the United States, to the national security, foreign policy, or economy of the United States, if the President declares a national emergency with respect to such threat.
ဒ့ါကြောင့် အဲဒီဥပဒေကို သုံးပြီးအမိန့်ထုတ်တိုင်းမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ် လို့ သမ္မတက သုံးသပ်တယ် ဆို တဲ့ စကားရပ်ကို ထည့်သွင်းဖော်ပြပေးရတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းအပြီး မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ဖို့ သမ္မတဘုရ်ှက အမိန့်ထုတ်ပြန်ခဲ့ချိန်မှာလည်း
“မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ်သော ထူးထူး ခြားခြား ခြိမ်းခြောက်မှုတွေဖြစ်နေတယ်။”
ဆိုတဲ့စကားရပ်ကို သုံးခဲ့ပါတယ်။ ပုံ ( ၂)
၁၉ ၇၇ ခုနှစ် အဲဒီဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး အမေရိကန်သမ္မတအဆက်ဆက်က အမိန့်ပေါင်း ၅၉ ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအထဲက ၃၃ ခုက အသက်ဝင်နေဆဲပဲ။ နောက်ဆုံး ထုတ်ခဲ့တဲ့ အမိန့်က ၂၀၁၉ ခုနှစ် မေလ မှာ သမ္မတ ထရမ့်က မက္ကဆီကို နိုင်ငံအနေနဲ့ အမေရိကန် နိုင်ငံထဲကို တရားမဝင်ခိုးဝင်နေမှုတွေ ကာကွယ်တားဆီးဖို့ပျက်ကွက်တာဟာ အမျိုးသားလုံခြုံရေး ကို ထိခိုက်တယ်လို့ ဆုံးဖြတ်ပြီး ကုန်သွယ်ခွန်တွေ တိုးကောက်တဲ့ အမိန့်ဖြစ် ပါတယ်။
အမေရိကန်သမ္မတက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်တဲ့ အပေါ် တပ် မတော်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေသူတွေက ကြိုဆိုတာ သဘာဝကျပါတယ်။
ဒါပေမယ့် အမျိုးသားလုံခြုံရေး တို့၊ အရေးပေါ်အခြေအနေတို့ ဆိုတဲ့ စကားလုံးတွေကို အနက် ကောက်တာလွဲပြီး အမေရိကန်တပ်တွေပဲ လာတော့မလိုလို၊ အမေရိကန် ဒရုန်းတွေပဲ ရန်ကုန် မြို့ပေါ်မှာ ပျံသန်းနေတော့မလိုလို အလွန်အကျွံတွေ မေ ျှာ်လင့်နေဖို့တော့ မသင့်ဘူး။
Generation Z တွေက အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်သူတွေ၊ လေ့လာမှု အားကောင်းသူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဝါရင့် ဆရာကြီးလေသံနဲ့ ပြောတဲ့သူတိုင်းရဲ့ စကားတွေကို မျက်စိမှိတ် မယုံစေချင်ဘူး။ ကိုယ့်ဘာသာကိုယ်လေ့လာကြည့်စေချင်ပါ တယ်။
သတင်းအချက်အလက်မှန်မှ ၊ သုံးသပ်ချက်မှန်မယ် ၊ သုံးသပ်ချက်မှန်မှ လုပ်ရပ်မှန်မယ်ဆိုတဲ့ စကားလည်း ရှိတာပဲ။
အာဏာသိမ်းဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဦးလေးသိသလောက်ပြောပြပေးလို့ရမလားရှငိ့။
LikeLike
မင်းတို့ပဲကောင်းတယ်
စည်းမျဥ်ဥပဒေဆိုလည်း မင်းတို့ ပါးစပ်က အမှန်
မင်းတို့က နိုင်ငံမှာ အတော်ဆုံး
ကမ္ဘာမှာ အသုံးဝင်ဆုံး
စေတနာဆိုလည်း နိုင်ငံတော်ပေါ် ဒလည်ပွ
LikeLike