DVB ရဲ့ ဂျင်း သတင်း

မတ်လ ၂၂ ရက် ( မနေ့က ) DVB သတင်းဌာနက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က မြန်မာနိုင်ငံ အတွင်းမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်မားလာတာကို တုန့်ြ့ပန်တဲ့အနေနဲ့ အမေရိကန်အစိုးရက အရာရှိနှစ်ဦးနဲ့ စစ်ဌာနချုပ်နှစ်ခုကို ခန့်အပ်တာဝန်ပေးလိုက်ပြီ လို့တွစ်တာမှာ ရေးထားတဲ့အကြောင်း သတင်းဖော်ပြခဲ့တယ်။ ( ပုံ ၁ )

အဲဒီသတင်းကို မြင်တဲ့အခါ တစ်ဆင့်ခံ သတင်းဖြန့်ချိသူတွေက အမေရိကန်တပ်ဖွဲ့ကြီးပဲ လာတာ့မလိုလို မှတ်ချက်တွေရေးပြီး မ ျှဝေနေကြတယ်။

တကယ်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောတာက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာနောက်ထပ် မြန်မာအရာရှိကြီး နှစ်ယောက်နဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့နှစ်ခုကို ထပ်တိုးလိုက်တဲ့ အကြောင်းပြောတာဖြစ်ပါတယ်။ ဒါ့ကြောင့် Designating လို့ သုံးနှုန်းထား တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်းအပြည့်အစုံကို သိချင်ရင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာ သွားကြည့်လို့ရတယ်။

မတ်လ ၂၂ ရက်နေ့ရက်စွဲနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ

မြန်မာ့တပ်မတော်အရာရှိကြီးနှစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး နဲ့ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် ၊ မြန်မာ့တပ်မတော်တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ တပ်မ ၃၃ နဲ့ တပ်မ ၇၇ ကို ဒဏ်ခတ်အရေးယူတဲ့ စာရင်း မှာ ထပ်မံဖြည့်စွက်ကြောင်း ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။ ( ပုံ ၂ နှင့် ၃ )

DVB သတင်းဌာနတာဝန်ခံတွေဟာ နှစ်ပေါင်းများစွာ ပြည်ပမှာ အခြေစိုက်နေထိုင်ခဲ့တဲ့အတွက် အင်္ဂလိပ်ဘာသာ အရေး၊ အဖတ် ၊ အပြော ကျွမ်းကျင်သူတွေဖြစ်ပါတယ်။ သတင်းအရင်းအမြစ်ကို ဘယ်လို စိစစ်ရမယ် ဆိုတာကောင်းကောင်းသိသူတွေဖြစ်ပါတယ်။

ဒါကြောင့် အခု သတင်းဟာ ဘာသာပြန်အမှားလို့ပြောလို့မရဘူး။ Gen Z တွေကြားမှာ မေ ျှာ် လင့်ချက်အမှားတွေဖြစ်ပြီး မလုပ်သင့်တာတွေ လုပ်မိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လိုက်တဲ့ ဂျင်းသတင်း သာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: