ပေတံ

အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေး နဲ့ မနီးမဝေးမှာ ရေတွင်း တစ်တွင်းရှိသည်။ ရေတွင်းဘောင်ကို ပကာသားတွေနဲ့ ကာထားသည်။ ရေတွင်း ဘေး မြေပြင်မှာ ရေချိုးဖို့ ၊ အဝတ်လေ ျှာ်ဖို့ သစ်သားပြားကြီးနှစ်ချပ်ရှိသည်။ သစ်သားပြားတွေက ရေနဲ့ အမြဲ ထိနေရတော့ မည်းပုတ်ညစ်ထပ်နေသည်။ သစ်သားပြားကြီးဘေးမှာ စဉ့်အိုးတစ်လုံးရှိသည်။ ချိုးရေတွေ တွင်းထဲပြန်မကျဖို့အတွက် ရေမြောင်းလေးတစ်ခုရှိသည်။ မြောင်းဆုံးမှာ ဗူးစင် ရှိသည်။ မြေပြင်မှလွှတ်ထားသော ဖရုံပင်တစ်ပင်ရှိသည်။ ရေကောင်း၊ မြေဆီကောင်းသည့် အတွက် ဖရုံပင်တွေက စိမ်းညို့နေသည်။ ဗူးသီးတွေက အမေ့နို့ကို ဝိုင်းစို့နေသည့် ဝက်သား ပေါက်လေးတွေလို ပြွတ်ခဲနေသည်။ တစ်ချိန်က အဲဒီလို တဲလေးတစ်ခုမှာ တစ်လကျော်၊ နှစ်လ နီးပါး နေပြီး စိုက်ခင်းတွေထဲ အလုပ် ဆင်းခဲ့ဖူးသည်။

ကျွန်တော်တို့ အထက်တန်းပညာသင်ကြားရသည့် ၁၉ ၇၄၊ ၁၉ ၇၅ ၊ တက္ကသိုလ် တက်ခဲ့ရသည့် ၁၉ ၇၆ ခုနှစ်များက နိုင်ငံရေးမုန်တိုင်းထန်သောနှစ်တွေဖြစ်သည်။

ထိုကာလတွေမှာ ၁၉ ၆၂ ခုနှစ် အာဏာသိမ်းပြီးဖွဲ့စည်းခဲ့သည့် တော်လှန် ရေးကောင်စီကနေ ၁၉ ၇၄ အခြေခံဥပဒေအရ တစ်ပါတီစနစ်ဖြင့် ပြောင်းလဲ အုပ်ချုပ်မှု ကို လက်မခံနိုင်သည့် ကျောင်းသားများ၊ အလုပ်သမားများက လမ်းစဉ်ပါတီအစိုးရကို
၁၉ ၇၄ မေ၊ ဇွန် အလုပ်သမားအရေးအခင်း
၁၉ ၇၄ ဒီဇင်ဘာ ဦးသန့်ဈာပနအရေးအခင်း
၁၉ ၇၅ ဇွန် ကျောင်းသား အရေးအခင်း ( ရွှေတိဂုံအရေးအခင်း ဟုလည်း ခေါ်ကြသည်။ )
၁၉ ၇၆ မတ် မှိုင်းရာပြည့် အရေးအခင်းများနှင့် စိန်ခေါ်နေသည့် ကာလ။ ထိုကာလ များမှာ ကျောင်းတွေက ပိတ်လိုက်၊ ဖွင့်လိုက်။ ရန်ကုန်မြို့ကြီးကလည်း စစ်အုပ် ချုပ်ရေးအောက်မှာ အနေများခဲ့သည်။

မှိုင်းရာပြည့်ကြောင့်ကျောင်းတွေ ပိတ်ထား ချိန်မှာတော့ ဦးလေးဝမ်းကွဲရဲ့ စိုက်ပျိုးရေးခြံမှာ သွားနေဖြစ်သည်။ ဦးလေး ကို လူထူး ဆန်း ဟု ဆိုနိုင်သည်။ သူ့မိဘညီအကိုမောင်နှမ တွေက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရင်းရှင်ကို အရင်ရှင်းရမည် ဆိုသည့် ဆိုရှယ်လစ်ခေတ်မှာတောင် ဆင်ပိန် ကျွဲလောက်တော့ ရှိပြီး ဝင်ဒါမီယာမှာ၊ အင်ယားလမ်းမှာ နေထိုင်နိုင်ကြသည်။ ဒါ ပေမယ့် ဦးလေးက ကျောင်းပြီးချိန်မှာ အစိုးရအလုပ်လည်းမလုပ်၊ စီးပွားရေးလည်းမလုပ်။ ထောက်ကြန့် နွယ်ခွေ ရွာနားမှာ ခြံတစ်ခြံဝယ်ပြီး စိုက်ပျိုးရေးလုပ်သည်။ ဒါပေမယ့် စီးပွားဖြစ် စိုက်ပျိုး တာမျိုးလည်းမဟုတ်။ ဝါသနာပါရာကို လုပ်ရင်း ဘဝကို အေးငြိမ်းစွာဖြတ်သန်းနေ သည့် သဘော သာဖြစ်၏။

သူ့စိုက်ပျိုးရေးခြံက တစ်ဧကကျော်လောက်ပဲကျယ်မည်ထင်သည်။ သရက်ပင်ကြီးအောက်က ဓနိ မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း မြေစိုက်တဲလေးမှာ ဦးလေးတစ်ယောက်တည်းနေသည်။ မြေစိုက်တဲ လေးမှာ ဦးလေးအိပ်ခန်းအဖြစ်သုံးတဲ့ အတွင်းခန်းရှိသည်။ အပြင်ဘက်ကတော့ ဘုရားခန်း၊ ထမင်း စားခန်း၊ ဧည့်ခန်း၊ ဧည့်သည်အိပ်ခန်း ဘက်စုံသုံးတဲ့နေရာဖြစ်သည်။ အခန်းခေါင်းရင်းတိုင်မှာ ကပ်ရိုက်ထားသော ဘုရားစင်၊ ဘုရားစင်ပေါ်မှာ ရွှေတိဂုံဘုရားပုံတော်ပါ ပြက္ခဒိန်တစ်ချပ်၊ ရွက်လှပန်းတွေ ထိုးထားသည့် စဉ့်ပန်းအိုးတစ်လုံး။ အပြင်ခန်းကြမ်းအောက်တစ်ဆင့်နိမ့် တဲ့နေရာမှာ ပကာသားနဲ့လုပ်ထားတဲ့ ဖိနပ်ချွတ်ရှိသည်။ ဖိနပ်ချွတ်ရှေ့ အမိုးအောက် မြေပြင်မှာ သစ်သားနဲ့ ဘောင်ခတ်ထားသော ထင်းမီးဖို၊ မီးဖိုနောက်ကြောမှာ သွပ်ပြားအစုတ်တစ်ချုပ်၊ မီးဖိုဘေးမှာ ထင်းရူးသေတ္တာ တစ်လုံး။ သေတ္တာထဲမှာ နနွင်းမှုန့်၊ ဟင်းချိုမှုန့်၊ ဆီပုလင်း၊ ဆားပုလင်း၊ ငံပြာရည် စသည့် မီးဖို ချောင်သုံးပစ္စည်းအတိုအထွာတွေ၊ သေတ္တာပေါ်မှာ ဒန်အိုးတစ်လုံး၊ ဒယ်အိုးတစ်လုံး၊ ငပိရည် ကျို သည့် မြေအိုးတစ်လုံး ကြွေပန်းကန်နှစ်ချပ်၊ ပန်ကန်လုံး နှစ်လုံး၊သုံးလုံးရှိသည်၊ ဆန်ထည့်သည့်လေးထောင့်သံပုံးရှိသည်။ တဲအောက် မှာ ထင်းတွေပုံထားသည်။

သူ့ခြံထဲမှာ သခွား၊ ခဝဲ၊ တိုင်ထောင်ပဲ၊ ကြက်ဟင်းခါး၊ ငရုတ် ပင်တွေရှိသည်။ ခြံအလယ်မှာ ရေတွင်းရှိသည်၊ ရေတွင်းမှာ ရေငင်ဖို့ ဝါးမောင်းတံတစ်ခု၊ ဝါးမောင်းတံ ထိပ်မှာ သစ်သား ရေပုံး တစ်လုံး။ နောက်ပြီး မနီးမဝေးမှာ ရေချိုးဖို့၊ စဉ့်အိုးတစ်လုံး၊ ပြီးတော့ အဝေးက စိုက်ဘောင်တွေ ဆီကို ရေ လောင်းဖို့ ဝါးရေတံလေ ျှာက်တစ်ခုရှိသည်။

ကျွန်တော်ရောက်သွားတော့ အပြင်ခန်းမှာ အိပ်ရသည်။ ကျွန်တော်တို့ တစ်နေ့တာက ရိုးရိုး ရှင်းရှင်း။ ကြက်တွန်သံနှင့်အတူ မနက်စောစောထ၊ ညက ကျန်သည့် ထမင်းကြမ်းကို နနွင်း နဲ့ ၊ဒါမှမဟုတ် ပဲငံပြာ ရည်နဲ့ကြော်ပြီးစားသည်။ ပြီးရင် ခြံထဲဆင်းပြီး ရေလောင်း၊ ပေါင်းသင် လုပ်သည်။ အလုပ်ကြမ်း တွေလုပ်ဖို့ လိုလ ျှင် ရွာထဲက နေ့စား ဘောက်သမားတွေခေါ်သည်။

နေမြင့်လာလ ျှင် အလုပ်တွေနား။ ရေချိုး၊ ထမင်းအိုးတစ်လုံးတည်သည်။ ဦးလေးခြံမှာပဲ ထမင်းရည်ငှဲ့ပြီးချက်သည့် နည်းကို ပျော့၊ တူး ၊ မနပ် အကြိမ်များစွာဖြတ်ကျော်ပြီးမှ ကျွန်တော်တတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ထမင်းကျက်လ ျှင် မြေအိုးထဲက ငါးပိရည်ကို ရေနွေး ထပ်ထည့်ပြီးကြို၊ ငါးပိရည်ကို အနှစ်တွေမပါအောင် စစ်ပြီး ပန်းကန်လုံးထဲထည့်၊ ခြံထွက် ငရုတ်သီးစိမ်းကို မီးကင်ပြီး ထောင်းထည့်၊ ပြီးတော့ ကြက်သွန်ဖြူလေး ဓါးပြားရိုက်ထည့်လိုက် လ ျှင် အလွန်ခံတွင်းလိုက်သော ငါးပိရည်တစ်ခွက်ရပြီ။ တို့စရာကတော့ ခြံထွက်သီးနှံတစ်ခုခု၊ တစ်ခါတစ်လေတော့စိမ်းစားငပိကို ဝါးခြမ်းပြားမှာ ကပ်ပြီးကင်၊ ပြီးလ ျှင် ပန်းကန်လုံး လေးထဲမှာ ခြေပြီးထည့်၊ ဆီလေးဆမ်းထားသော ငါးပိဖုတ်နှင့်လွေးကြသည်။ ဟင်း ကတော့ ခြံနီးနားချင်းတစ်ယောက်ကို ပိုက်ဆံအပ်ပြီး ချက်ခိုင်းထားသည့်အတွက် စိတ်ပူဖို့ မလို။

ပြီးလ ျှင် ကျွန်တော်တို့ တူအရီးနှစ်ယောက် စာအုပ်ကိုယ်စီနှင့် ထမင်းလုံးစီမည်။ ညနေ စောင်း တော့ ခြံထဲပြန်ဆင်းသည်။ တစ်ခါတစ်လေ ဦးလေးက ရွာထဲက မိတ်ဆွေတွေအိမ်ကို သွား လည် သည်။ ထောက်ကြန့်ကို လူကြုံမှာစရာရှိတာမှာသည်။ ကျွန်တော်နေတဲ့ကာလတစ်လေ ျှာက် ဦးလေး ရွာကနေ ဘယ်မှမသွား။ အသီးအနှံတွေကို လူကြုံနဲ့ ပို့သည်။ သူလိုတာကို လူကြုံ နှင့် မှာသည်။

ညနေစောင်းပြီ ဆိုရင်တော့ ထမင်းအိုးတစ်လုံးထပ်တည်၊ မနက်က ကျန်သော ဟင်းတွေကို ပြန် နွှေးပြီး ညစာစားသည်။ အလင်းရောင်ပျောက်ပြီဆိုလ ျှင် ရေနံဆီမှန်အိမ်လေးထွန်းပြီး ဦးလေး ရဲ့ နေရှင်နယ်ရေဒီယိုလေးကို အသက်သွင်းသည်။ မြန်မာ့အသံမြန်မာပိုင်းအစီအစဉ်၊ အင်္ဂလိပ် ပိုင်း အစီအစဉ်၊ နောက်ဆုံး ညအိပ်ယာဝင်ချိန် ချိုလွင်အေးမြ အင်္ဂလိပ်သီချင်းအစီအစဉ် ဆုံးလ ျှင် မှန် အိမ်လေးကို မီးငြိမ်းလိုက်ပြီ။ ရွာလေးလည်း အိပ်၊ ကျွန်တော်တို့လည်း အိပ်ပြီ။

ဦးလေး ချဉ်ခြင်းတပ်သောနေ့ဆိုရင်တော့ ဘီးဇီး တစ်ပိုင်းနှင့် တူအရီး နှစ်ယောက် ဝိုင်းဖွဲ့ကြသည်။ ဦးလေးက များများ၊ ကျွန်တော်က နည်းနည်း။ ဘီးဇီး ဆိုတာက အစိုးရ ထုတ် အရက်ဖြူ ( ဘီအီး ) နှင့် ဇီးဖျော်ရည် ရောထားတာကို ခေါ်ခြင်းဖြစ်သည်။ အဲဒီခေတ် ဆိုရှယ်လစ်စီး ပွားရေး စနစ်အောက်မှာ အရက်ဖြူသောက်ရဖို့အရေး အစိုးရ ဆိုင်မှာ တန်းစီ ပြီး ခွဲတမ်းနဲ့ဝယ်ရသည်။ လူတစ်ယောက် နှစ်ပက်၊ သုံးပက်၊ လေးပက် စသည်ဖြင့် မန်နေဂျာ သတ်မှတ်ပေးသည့်အတိုင်း ဝယ်ရသည်။ တန်းမစီချင်ဘူးဆိုရင် တန်းစီပြီး ပြန်ရောင်းသူ တွေ ထံက တဆင့်ပြန်ဝယ်ရသည်။ ဦးလေး ထောက်ကြန့်ကို လူကြုံမှာသည့် ပစ္စည်းတွေထဲတွင် ဘီအီး လည်း ပါသည်။

ထိုခေတ် ထိုအခါက ခွဲတမ်း ၊ တန်းစီတိုးစား၊ မှောင်ခို ဆိုသည့် စကားလုံးများ သည် လူတွေ၏ နေ့စဉ်သုံးစကားလုံးများဖြစ်သည်။ လူထု လိုအပ်ချက်ကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သဖြင့် တန်းစီတိုးစားသူတွေ၊ မှောင်ခိုဈေးကွက်တွေပေါ်လာသည်ကို နားမလည် သည့် ၊ ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေသည့် အစိုးရကတော့ တန်းစီ တိုးစားတွေကို အပြစ်တင်သည်။ မှောင်ခိုကို နှိမ်နှင်းသည်။

အဲဒီလိုဘီးဇီးတဲ့ နေ့တွေဆိုရင်တော့ ဦးလေးနဲ့ကျွန်တော်စကားတွေအများကြီးပြောဖြစ်သည်။ ကျွန်တော် က အမေး၊ ဦးလေးက အဖြေ။ ဦးနု ဖဆပလအစိုးရခေတ်တွင် အခြေခံပညာဆည်းပူး၊ ဗိုလ်ချုပ် ကြီးနေဝင်း၏ အာဏာသိမ်းတော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဘွဲ့ရခဲ့သော ဦးလေး မှာ ပြောစရာတွေအများကြီးရှိသည်။

ကျွန်တော်က တော်လှန်ရေးကောင်စီအစိုးရ ကာလမှာ လူလားမြောက်ရတာဆိုတော့ ဆိုရှယ်လစ် စနစ်ပဲကြားဖူး၊တွေ့ဖူးသူဖြစ်သည်။ ကျွန်တော်တို့ခေတ်က ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲ၊ ကျူး ဘားတော်လှန်ရေး ဆိုတာတွေ ခေတ်စားနေချိန်ဆိုတော့ လမ်းစဉ်ပါတီ၏ “ လူလူချင်း မတရား ချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစနစ်များကို ချုပ်ငြိမ်းစေပြီး တရားမ ျှတမှုကို အခြေခံ သော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလ ျှင် ပြည်သူလူထု အပေါင်းသည် လူ့ပယောဂကြောင့် ပေါ်ပေါက်ရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလ ျှက် ဗြဟ္မစိုရ် တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော လူ့ဘောင်သစ်ကြီးသို့ ရောက်ရှိနိုင်မည်” ဆိုသည့် ကြေညာချက်ကို ရင်ခုန်သူဖြစ်သည်။ ဒါ့ကြောင့်လည်း လမ်းစဉ် လူငယ်ဝင်ခဲ့ သလို နွေရာသီကျောင်းပိတ် လုပ်အားပေးအစီအစဉ်များတွင်လည်း မပျက်မကွက်ပါဝင်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူရေးလှုပ်ရှားမှုတွင် လုပ်အားပေးခဲ့သည်။

သို့သော် တစ်ဖက်မှာလည်း အလုပ်သမား၊ လယ်သမားအကျိုးစီးပွားကို အကောင် အထည် ဖော်နေသည် ဆိုသည့်ခေတ်တွင် အလုပ်သမား၊ လယ်သမားတွေ ဒုက္ခရောက်နေတာတွေ၊ လူသုံး ကုန်ပစ္စည်းတွေ မလုံလောက်လို့ တန်းစီတိုးစားနေရတာတွေ ၊ မှောင်ခိုဈေးကွက်တွေဖြစ်နေတာ တွေမြင်ရတော့ သာယာဝပြောသော လူ့ဘောင်သစ်ဆိုသော စကားကို သံသယ ဝင်မိပြန် သည်။ တရားမ ျှတမှုကို အခြေခံသည့် ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာ ကျွန်တော့်မိဘတွေအပါ အဝင် အစိုးရ အရာရှိကြီးတွေ၊ လမ်းစဉ်ပါတီခေါင်းဆောင်တွေက ပဒုမ္မာ၊ မေတ္တာမွန် စသည့် အထူး ဆိုင်တွေမှာ ဝယ်ခွင့်ရနေတာမြင်ရပြန်တော့ လူတန်းစားမခွဲခြားဘူးဆိုသည့် စကားမှန်ရဲ့လားဟု တွေးမိ၏။

ဒီလိုနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ကောင်းမကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းတာ မှန် ၊ မမှန်ဆိုတာတွေ ဦးလေးကို မေးမိသည်။ ဦးလေး က “ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကောင်း၊ မကောင်း ငါမသိဘူး။ နိုင်ငံရေးသမားတိုင်းက ကိုယ့်ဝါဒ ကောင်း ကြောင်းပြောနေတော့ ငြင်းလို့ဆုံးမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးလမ်းစဉ် တစ်ခု အောင်မြင် လား၊ မအောင်မြင်ဘူးလားဆိုတာတော့ ပြောလို့ရတယ်။ ကိုယ့်အစိုးရလက်ထက်မှာ လူထု နေထိုင် ရတာ အရင်အစိုးရထက် ပိုကောင်းရင် အောင်မြင်တယ်၊ ပိုမကောင်းဘူးဆိုရင် မအောင်မြင်ဘူး။ မင်းလည်း တော်လှန်ရေးကောင်စီနဲ့ လမ်းစဉ်ပါတီကို အဲဒီပေတံ နဲ့ တိုင်း ကြည့်ပေါ့။” ဟု ဆိုသည်။ ကျွန်တော် နောက်ထပ် မေးစရာမရှိတော့။ ကျောင်းတွေပြန်ဖွင့်တော့ ဦးလေးခြံက ပြန်ခဲ့သည်။ နောက်တစ်ခေါက်ပြန်မရောက်တော့ပါ။

တစ်နေ့ကတော့ ထောက်ကြန့်ကို ဖြတ်ပြီး ကားမောင်းချိန်မှာ ဦးလေးကို သတိရမိသည်။ ဦးလေး ကွယ်လွန်သွားတာ လေးနှစ်လောက်ရှိပြီ။ အပြောင်းလဲကြီးပြောင်းလဲနေသော မြို့ပြပတ်ဝန်းကျင် ကြောင့် နွယ်ခွေရွာကို သွားသောလမ်းကိုလည်း မမှတ်မိတော့ပါ။ ရွာလေးလည်း ရပ်ကွက်ဖြစ်သွား ခဲ့ပြီ။

ကျွန်တော်မှတ်မိနေသည့် တစ်ခုတည်းသောအရာကတော့ ဦးလေး ပြောခဲ့သည့် ပေတံ အကြောင်း သာဖြစ်သည်။ ဒီတော့မှ ဘဝတစ်လေ ျှာက်လုံး ဦးလေးရဲ့ ပေတံကို ကျွန်တော် မသုံးရဲ ၊ မသုံးခဲ့ ကြောင်း သတိထားမိသည်။ ဦးလေး သိရင်တော့ ကျွန်တော့်ကို အပြစ်တင်မှာ သေချာပါသည်။

ye

2 thoughts on “ပေတံ

  1. အဲ့တော့ အာဏာသိမ်းတဲ့ စကစ လက်ထက် ပြည်သူတွေ ပျော်ရွှင်နေတာများလား။

    တခုခု မကျေနပ်တာနဲ့ ဟစ်တိုင်ဂရုထဲ အသံထွက်တာနဲ့ မကြာခင် ဖြေရှင်းပေးတဲ့ NLD အာဏာ ရတဲ့ခေတ်နဲ့ စကစ အာဏာသိမ်းတဲ့ အခြေနေ( လစာတစ်ပဲခြောက်ပြားနဲ့ ထိုင်းဘီး ဂျပန်ဘီး ဝယ်မစီးနိုင်လို့ လက်နက်အားကိုးနဲ့ လိုချင်တဲ့ဆိုင်ကယ် အကုန်ယူတဲ့အခြေနေ) ဘယ်ပေတံ က ပြည်သူချစ်တဲ့ပေတံတုန်းဗျ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: