ယစကျီဆိုတာက မဲနယ်တောင်ပေါ်မှာ ရှိတဲ့ ပလောင်ရွာဖြစ်ပါတယ်။ ဒါပေမယ့် ပင်းတယမြို့နယ် ထဲမှာ မဟုတ်ဘူး။ ရွာငံမြို့နယ်ထဲမှာရှိတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲ မှာ ပလောင်ရွာငါးရွာရှိတယ်။ ယစကျီ လို့ ပြောပေမယ့် ကျွန်တော်သွားမှာက ယစကျီ တောင်ရွာ၊ အဲဒီ ရွာနဲ့ ဆယ့်ငါးမိနစ်လောက်ခရီးမှာ ယစကျီ မြောက်ရွာဆိုတာ ရှိသေးတယ်။ အဲဒါလည်း ပလောင် ရွာပါပဲ။
ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေပျံနှံ့မှုအနေအထားအတိုင်းပဲ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပေမယ့် ဓနု တိုင်းရင်းသားတွေပဲ နေထိုင်တာတော့မဟုတ်ဘူး။ ပအို့ဝ်၊ ပလောင် နဲ့ တောင်ရိုး တိုင်းရင်းသားတွေလည်းနေထိုင်ကြတယ်။ ဘေဘီလုံ တောတွင်းစခန်းအနောက်ဘက်ထဲက မဲနယ် တောင်ရွာဆိုရင် ပအို့ဝ်ရွာကြီးပေါ့။ ပင်းတယ- ဟဲဟိုးလမ်းဘက်မှာ တောင်ရိုးရွာတွေရှိတယ်။
ပင်းတယမှာ တောင်ပေါ်တောတွင်းခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းတွေ၊ တစ်ကိုယ် တော်ဧည့်လမ်းညွှန်တွေရှိတယ်။ တောင်ပေါ်တောတွင်းခရီးစဉ်တွေကို နိုင်ငံခြားသားတွေ အများ ဆုံးသွားတာဆိုတော့ အခုအချိန်ဟာ ခရီးစီစဉ်ပေးတဲ့ လုပ်ငန်းတွေ ငုတ်တုတ်မေ့နေတဲ့အချိန်ပေါ့။ ကျွန်တော်ကတော့ မိတ်ဆွေတစ်ယောက်ညွှန်လိုက်တဲ့ တစ်ကိုယ်တော်လမ်းညွှန်တစ်ယောက် နဲ့ချိတ်မိတယ်။ ကျွန်တော်က ၂၀၂၁ ခုနှစ်မှာ သူ့အတွက် ဒုတိယမြောက် ဧည့်သည်ပဲတဲ့။ ကြားရ တာစိတ်မကောင်းဘူး။
ပင်းတယ-ယစကျီ ခရီးစဉ် တစ်ညအိပ်၊နှစ်ရက် ၊ နေ့လယ်စာ၊ ညစာ၊ ညအိပ်ဖို့ အစီအစဉ်၊ နောက် နေ့နံနက်စာ အားလုံးအတွက် တစ်ယောက်ကို လေးသောင်းခွဲပေးရတယ်။ ထိုက်တန် ပါတယ်။ လမ်းညွှန်သူရဲ့ အစီအစဉ်နဲ့ မနက် ၈ နာရီမှာ ဟိုတယ်က ထွက်တယ်။ ရွှေဥမင် ဘုရားတောင်ခြေ လမ်း အတိုင်း ထွက်နီ ရွာကို သွားတယ်။ အမှန် ကတော့ ထွက်နီ အထိ ကားနဲ့ သွားပြီးမှ ခရီးဆက်ရင် လည်း ရပါတယ်။ ကျွန်တော်က ဟိုတယ်ကနေ ခြေလျင်ထွက်၊ ဟိုတယ်အထိ ခြေလျင်ပြန်ဝင် ချင်တဲ့အတွက် ထွက်နီရွာကို လမ်းလေ ျှာက်သွားတာပါ။ ( ပင်းတယ- ယစကျီ ခရီးစဉ်မြေပုံကို ဓာတ်ပုံနဲ့ ဖော်ပြထားပါတယ်။ )
ထွက်နီရွာသွားလမ်းပေါ်ရောက်တာနဲ့ တောင်တက်ခရီးစတာပါပဲ။ ၈ နာရီမှ ထွက်တဲ့အတွက် နေပူတော့ နည်းနည်းပင်ပန်းတယ်။ ထွက်နီရွာအဝင် အတက်လမ်းမှာ ပင်းတယက ဈေးဝယ်ပြီး ခြေလျင်ပြန်လာတဲ့ အမျိုးသမီးကြီးနှစ်ယောက် အထုပ်အပိုး တွေ နဲ့ထိုင်နေတာတွေ့တယ်။ ။ ဟောဟဲ လိုက်နေတဲ့ ကျွန်တော့်ကို မြင်တော့ ဘယ်သွားမှာလဲလို့ မေးတယ်။ ယစကျီကို သွားမှာလို့ပြောလိုက် တော့ “ဒီအတက်က အစပဲရှိသေးတယ်” လို့ အားပေးရှာတယ်။
ထွက်နီကနေ ဆီးကျအင်း၊ မြေနီတောင်၊ ပါးမဲ ရွာတွေကို သွားတဲ့လမ်းရှိတယ်။ အရင်ကတော့ ရွာသားတွေ ကိုယ်ထူကိုယ်ထဖောက်ခဲ့တဲမြေလမ်းပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန အစီအစဉ်နဲ့ ကျောက်ခင်းလမ်းအဆင့်မြင့်ထားတယ်။ ဖိုးဝှီး ကားတွေ သွားလို့ရတယ်။
ကျွန်တော်တို့ကတော့ အဲဒီကားလမ်းအတိုင်းမသွားဘူး။ ရွာဘုန်းကြီးကျောင်းဘေးက ဖြတ်ထွက် ပြီး တောလမ်းခရီးအတိုင်း ဆီးကျအင်းရွာကို သွားတယ်။ ဆီးကျအင်းက ကျွန်တော်တို့ အဖွဲ့ တစ်ထောက်နားစခန်း၊ နေ့လယ်စာစားမယ့်နေရာပေါ့။
ထွက်နီ ရွာအထွက်မှာ ဘုန်းတော်ကြီးက တာဝန်ယူထိန်းသိမ်းထားတဲ့ ကာကွယ်တောရှိတယ်။ ထင်းမခုတ်ဖို့ သတိပေးထားတဲ့ စာတွေလည်း ချိတ်ဆွဲထားတယ်။ အဲဒီတောထဲမှာ ရေကန် တစ်ခုရှိတယ်။ သောက်ရေအတွက်တော့မဟုတ်ဘူး။ သုံးရေအတွက်ပဲ။
ရွာအထွက်လမ်းက တောရိပ် တောင်ရိပ်ကောင်းတော့ လမ်းလေ ျှာက်ရတာ အမောပြေတယ်။ အောက်ဘက် တောင် စောင်းတွေမှာ လက်ဖက်ခင်းတွေစတွေ့ရတယ်။ ဒီတောင်ပေါ်မှာတော့ လက်ဖက် နဲ့ ဂျူး အများ ဆုံးစိုက်တယ်။ ကော်ဖီအနည်းအကျဉ်းစိုက်တယ်။ လက်ဖက်ခင်း
တွေကတော့ လက်ဖက်ခူးချိန် ပြီး လို့ မြေဆွ၊ ပေါင်းလိုက် စလုပ်နေကြပြီ။
ထွက်နီ ရွာကနေ ဆီးကျအင်းအထိကလည်းတောင်တက်ခရီးပဲ။ ထွက်နီကနေ နာရီဝက်ကျော် ကျော်လေ ျှာက်လိုက်တော့ တောင်စောင်းမှာ ဂူတစ်ခုကို လှမ်းတွေ့ရတယ်။ ဂူထဲမှာ စေတီ တစ်ဆူရှိတယ်။ ဂူနံရံတွေမှာ ရုပ်ပွားတော်တွေရှိတယ်။ အဲဒီ ဂူကို ဘုန်းကြီး နက် ဂူလို့ခေါ်တယ်။ ဒီဒေသမှာက သံဃာတော်တွေကို လူနာမည်နဲ့ တွဲခေါ်တဲ့ ဓလေ့ရှိတော့ ဒါဟာ ဦးဇင်း ဦးနက် တစ်ပါးတည်း သီတင်းသုံးခဲ့တဲ့ ဂူဖြစ်တဲ့အတွက် ဘုန်းကြီးနက် ဂူ ဆိုပြီး ခေါ်တာလို့ ဆိုတယ်။ အဲဒီဂူဘေးမှာ နောက်ထပ် ဂူအသေးတစ်ခုရှိသေးတယ်။ စေတီတွေ၊ ရုပ်ပွားတော်တွေ ရှိတာ တော့ ပုံစံတူပဲ။
ဘုန်းကြီးနက် ဂူ လွန်တာနဲ့ တောင်တက်လမ်းက ပိုပြီး မတ်စောက်လာတယ်။ သစ်တော နည်း ပြီး လက်ဖက်ခင်းတွေဘေးက ဖြတ်လေ ျှာက်ရတာပိုများတယ်။ ထွက်နီကနေ သုံးနာရီလောက်
လေ ျှာက်လိုက်တော့ ဆီးကျအင်းရွာကိုရောက်တယ်။ ဆီးကျအင်းရွာက ဓနုတိုင်းရင်းသားရွာဖြစ်ပြီး အိမ်ခြေ ၆၉ အိမ်ရှိတယ်။ ရွာတည်တာ နှစ်ပေါင်း ခုနှစ်ဆယ်ရှိပြီ။ စတည် တော့ အိမ်ခြောက်လုံးပဲ ရှိတယ်တဲ့။
ရွာအဝင် ကုန်းမြင့်ပေါ်မှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ( Community Based Tourism , CBT) ကဆောက်ထားတဲ့ ဘန်ဂလို နှစ်လုံးရှိတယ်။ ဒါပေမယ့် ခရီးသည်တွေ မလာ နိုင်တာ နှစ်နှစ်ပြည့်တော့မယ်။ CBT တာဝန်ခံ ကျေးရွာလူကြီးကို တွေ့ချင်ပေမယ့် လက်ဖက်ခြံ ထဲ သွားနေတယ်ဆိုလို့ လုပ်ငန်းအခြေအနေတွေ မေးခွင့်မရခဲ့ဘူး။
ဆီးကျအင်းရွာက ဖွံ့ဖြိုးတိုးတက်နေပြီ။ ရွာလယ်လမ်းက ဗြုန်းနဲ့ ဘိလပ်မြေစပ်ခင်းထားတဲ့ ကွန်ကရစ်လမ်း။ အိမ်တွေက ဗြုန်းအုတ်နဲ့ ဆောက်ထားတဲ့ တစ်ထပ်တိုက်၊ နှစ်ထပ် တိုက်တွေ။ ပင်းတယအထိ လမ်းပေါက်သလို ရွာချင်းဆက်လမ်းတွေလည်း ရှိတော့ ဆိုင် ကယ်တွေလည်း တွေ့ရတယ်။ ရွာလယ်လမ်း နဲ့ ရွာဝင်/ ရွာထွက်နေရာတွေမှာ ပလတ်စတစ် အမှိုက် မတွေ့ရဘူး။ အိမ်တိုင်းမှာ မိုးရေခံတဲ့ ကန်တွေရှိတယ်။ ရေထွက်ကနေ ရေသွယ်တဲ့ စနစ် လည်း ရှိပြီး အလှည့်ကျပေးတယ်လို့သိရတယ်။ အိမ်တိုင်းလိုလို ရေလောင်းအိမ်သာ လေးတွေ စနစ်တကျဆောက်ထားတာလည်း မြင်ရတယ်။
ဆီးကျအင်းက လ ျှပ်စစ်မီးရတယ်။ ဆိုလာ မဟုတ်ဘူး။ ပင်းဒယက တဆင့် မဟာဓာတ်အားလိုင်း ကနေမီးပေးတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဖွင့်ပဲလုပ်ခဲ့တယ်။ ရွာလယ်လမ်းက ထရန်စဖော်မာ ဘေးမှာ လ ျှပ်စစ် သုံးစွဲရာမှာ သတိပြုရမယ့် အချက်တွေကို ဗီနိုင်းပိုစတာနဲ့ ဖော်ပြထားတယ်။ ထရန်စဖော်မာနဲ့ မလှမ်းမကမ်းမှာ မြစိမ်း ရောင် စီမံကိန်း ၂၀၁၇ – ၂၀၁၈ ဆိုင်းဘုတ်ရှိတယ်။ နောက်ပြီး တောင်ပေါ်ကြီးရွာ အထက်တန်းကျောင်း ပထမအကြိမ် အာစရိယ ပူဇော်ပွဲအတွက် နှိုးဆော်စာလည်း ကပ်ထားတယ်။ ဒီရွာမှာ မူလွန် ကျောင်းပဲရှိတဲ့အတွက် အလယ်တန်း၊ အထက်တန်းတွေက တောင်ပေါ်ကြီးကျေးရွာမှာ သွား တက်ရတယ်ထင်တယ်။
ဆီးကျအင်းရွာရဲ့ အဓိက စီးပွားရေးကတော့ လက်ဖက်စိုက်ပျိုးတာပါပဲ။ အခု နောက်ပိုင်း ကော်ဖီ လည်း စိုက်လာကြတယ်။ ဆီးကျအင်းရဲ့ ထူးခြားချက်တစ်ခုက ဂျာမန် GIZ ဖောင်ဒေးရှင်းက ရဲ့ အကူအညီ နဲ့တစ်ပိုင်တစ်နိုင် Green Tea ထုတ်လုပ်မှုကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ GIZ ဖောင်ဒေးရှင်းက ၂၀၁၃ ခုနှစ်က စတင်ပြီး အစိုးရ၊ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းကာ ရှမ်းပြည်နယ် အတွင်းက လက်ဖက် နဲ့ ကော်ဖီတောင်သူတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ အကူအညီပေးခဲ့တယ်။
အဲဒီအစီအစဉ်အရ ဆီးကျအင်းက လက်ဖက်တောင်သူတွေကို တစ်ပိုင်တစ်နိုင် Green Tea ထုတ်လုပ်နိုင်အောင် သင်ကြားပေးခဲ့သလို နိုင်ငံတကာ အဆင့်မီ လက်ဖက်ခြောက် ထုတ်လုပ်နိင်မယ့် စက်ရုံတစ်ခုလည်း ဆီးကျအင်းနဲ့ တစ်မိုင်လောက်ဝေးတဲ့ မြေနီတောင် ရွာမှာ တည်ထောင်ပေးခဲ့ တယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ထုတ် မြန်မာတိုင်းမ်း ( အင်္ဂလိပ် ) သတင်းစာမှာတော့ ဆီးကျအင်းက ထွက်တဲ့ လက်ဖက်ခြောက် ၁.၅ တန် ကို ပထမ ဆုံးအကြိမ် အဖြစ် ဂျာမနီနိုင်ငံကို တင်ပို့ခဲ့တယ်လို့ ဖော်ပြထားတာတွေ့တယ်။
ကျွန်တော်ရောက်တဲ့အချိန်မှာတော့ အဲဒီစက်ရုံပိတ်ထားတယ်လို့ သိရတယ်။ ရောဂါကြောင့် လား၊ နိုင်ငံရေးအခြေအနေကြောင့်လား၊ စီးပွားရေးအခြေအနေကြောင့်လားဆိုတာတော့ ရွာသားတွေ မသိဘူး။ ဒါပေမယ့် ရွာထဲက တစ်ပိုင်တစ်နိုင် Green Tea လုပ်ငန်းကတော့ လည်ပတ်နေတုန်းပဲ။ အရင်က မီးစက်သုံးရပေမယ့် အခု လ ျှပ်စစ်မီးသုံးနိုင်လာတဲ့အတွက် ပိုအဆင်ပြေလာတယ် ။
လုပ်ငန်းလုပ်ရတာအဆင်ပြေပေမယ့် ဈေးနှုန်းကတော့ အဆင်ပြေပုံမရဘူး။ ဒီနှစ် သီတင်းကျွတ် မတိုင်ခင်အထိ ရိုးရိုး လက်ဖက်ခြောက်ရော၊ Green Tea ပါ ဝယ်လက်မရှိသလောက်ပဲ။ အခု နောက်ပိုင်းမှ ဝယ်သူရှိလာပေမယ့် ၂၀၂၀ ပေါက်ဈေးရဲ့ သုံးပုံ နှစ်ပုံလောက်ပဲရှိ တယ်လို့ ဆိုတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆီးကျအင်း အပါအဝင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဓနု တိုင်းရင်းသားပါတီတွေ အရေးနိမ့်ပြီး အင်န်အယ်လ်ဒီပါတီပဲ အနိုင်ရခဲ့တယ်။ အဖိုးကြီးတစ်ယောက် က လက်ညှိုးလေးကို လက်မနဲ့ ထောက်ပြီး အိုးစည် ( ဓနုပါတီ) ဆိုပြီး လက်ဖျားထိပ်ကို ပြ တယ်။ အစိမ်း ဆိုပြီး လက်ဆစ်ဝက်လောက်ကို ပြတယ်။ အနီ ဆိုပြီး လက်နှစ်ဆစ်လောက် ပြတယ်။
အဖိုးပြတာ ပကတိအခြေအနေပဲ။ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရ ပင်းတယမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးတဲ့အခါ အင်န်အယ်လ်ဒီက ၅၆.၁%၊ ပြည်ခိုင် ဖြိုးက ၃၄.၄၂% နဲ့ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ၆.၈၅%၊ ဓနုအမျိုးသား အဖွဲ့ချုပ်ပါတီ ဝ.၇၇% ပဲရတယ်။ UBP နဲ့ NDF ကတော့ ဝ.၉ ၉ % နဲ့ ဝ.၈၇% ရတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်နေရာ တွေမှာလည်း အဲဒီအချိုးနဲ့ မကွာလှဘူး။
အနီကို ဘာ့ကြောင့်မဲထည့်လဲ လို့ မေးတဲ့အခါ လ ျှပ်စစ်မီးရတာနဲ့ ရွာအထိ ကျောက်ခင်း လမ်း ဖြစ်လာတာတွေကြောင့် ထည့်တယ်လို့ဆိုတယ်။ နောက်ပြီး အင်န်အယ်လ်ဒီ ဆက်နိုင်မှ ကတ္တရာ လမ်းဖြစ်လာပြီး ရွာစီးပွားရေးပိုကောင်းလာမယ်လို့လည်း ဆိုတယ်။ အင်န်အယ်လ်ဒီ ဘက်က မဲဆွယ် စည်းရုံးတဲ့ “ အစိုးရဖွဲ့နိုင်မယ့် ပါတီကို မဲပေး” ဆိုတဲ့ အချက်က ထိရောက်ခဲ့တဲ့ သဘောပဲ။ လာပြိုင်တဲ့ ပါတီတွေရဲ့ ခေါင်းဆောင်တွေကို သိလားလို့ မေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ကိုပဲ သိတယ်။ သူ့ကို ကြိုက်တယ်လို့ပြောတယ်။ ဒီတော့ အခြားဒေသတွေမှာလိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုဂ္ဂိုလ်ရေး အရှိန်အဝါကလည်း အင်န်အယ်လ်ဒီအတွက် တွန်းအား တစ်ခု ဖြစ်ခဲ့တာထင်ရှားပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ရင်တော့ စစ်တပ်အုပ်ချုပ်တာ မကြိုက်ဘူးလို့ဆိုတယ်။ အာဏာသိမ်းတယ် ၊ အာဏာထိမ်းတယ်ဆိုတဲ့ စကား သူတို့ မပြော ဘူး။ မြန်မာဝေါဟာရ မကြွယ်ဝလို့လည်း ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ စကားလုံးတွေ နဲ့ ထွေးလုံးရစ်ပတ် ငြင်းခုန်နေချိန်မှာ တိုင်းရင်းသားတွေကတော့ အခြေခံအချက်ကို ရိုးရိုး ရှင်းရှင်း ပဲ တွေးနိုင် မြင်နိုင်၊ ပြောနိုင်တယ်။
တစ်ဖက်မှာလည်း သူတို့ ဘဝဖြတ်သန်းမှု အတွေ့အကြုံအရ အတိုက်အခံဘက်က လက်နက် ကိုင် တိုက်ခိုက် တာကြောင့် သူတို့ဒေသမှာ တိုက်ပွဲတွေ၊ ထိခိုက်သေဆုံးမှုတွေ ဖြစ်လာမှာကို လည်း စိုးရိမ်တယ်။ မဖြစ်ချင်ဘူး။ နောက်တစ်ခါ ထပ်မဲပေးဦးဆိုရင်လည်း အနီပဲ လို့ ဆိုတယ်။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သူတို့ သုံးတဲ့စကားတွေက “ နိုင်ငံရေး မကောင်းဘူး”၊ “ဗရုတ် ဗရက်တွေ” တဲ့။
ရွာမှာ ခဏနားတဲ့အချိန် လက်လှမ်းမီတဲ့ လူငယ်၊ လူကြီးတွေကို မေးမြန်းခဲ့တာကြောင့် ပြည့်စုံတဲ့ စစ်တမ်းတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရေခဲတောင်ရဲ့ ရေအောက်မြုပ်နေတဲ့ အပိုင်းကိုတော့ မှန်းဆလို့ရပါတယ်။ ဆီးကျအင်းရွာမှာ သုံးလေးရက်နေပြီး လူမှုစီးပွားဘ၀ အခြေအနေ တွေ၊ နိုင်ငံရေးဘဝတွေကို လေ့လာရင်တော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြောင်း ပိုသိနိုင် မယ်။
( ဆက်လက်ဖော်ပြပါ့မယ်)









အာလူး ထမင်းနယ်၊ ထောပတ်သီးသုပ်၊ ငါးမုန့်ကြော်၊ မုန့် ညင်းကြော်၊ ငြူပ်သီးထောင်း၊ မုန်ညင်းဟင်းချို