ယစကျီ (၃)

ယစကျီ ရွာ အဝင် မှာ ချက်ခြင်း သတိထားမိတာ သန့်ရှင်းသပ်ရပ်မှုပဲ။ လမ်းမှာ ဖြတ်ခဲ့ရ တဲ့ ထွက်နီ၊ ဆီးကျအင်းရွာတွေမှာလည်း ဒီအချက်ကို သတိထားမိတယ်။ မြေထိန်းနံရံ လုပ်ဖို့ လို တဲ့နေရာတွေမှာ ဗြုန်းအုတ်နဲ့ စနစ်တကျလုပ်ထားတယ်။ ခြံဝင်းတွေထဲမှာရော၊ လမ်းဝဲယာ မှာ ပါ အမှိုက်၊ အထူးသဖြင့် ပလတ်စတစ်အမှိုက်တွေ ပြန့်ကျဲနေတာမျိုးမရှိဘူး။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာ အမှိုက်ပုံးတွေထားပေးတာ၊ အမှိုက်မပစ်ရ၊ အမှိုက်ပစ်လ ျှင် ဒဏ်ငွေ xxxx ဆိုတဲ့ ဆိုင်းဘုတ် တွေ ပလူပျံအောင် ကပ်ထားတာလည်း မတွေ့ရပြန်ဘူး။ ရွာဝင်လမ်းကို ကြည့်ပြီး လူတွေ စည်းကမ်းမရှိလေ သတိပေး ဆိုင်းဘုတ် များလေ ဆိုတဲ့ စကားကို သတိရမိတယ်။

ရွာအဝင်မှာလမ်းနှစ်သွယ်ရှိတယ်။ ညာဘက်လမ်းက ရွာအရှေ့ဘက်ခြမ်းကို သွားတာ။ ဘယ်ဘက် လမ်းက ဘုန်းတော်ကြီးကျောင်းရှိတဲ့ဘက် ကို သွားတာ။ ရွာတွင်းလမ်းတွေက ကျောက်ခင်းလမ်း တွေ၊တစ်ချို့နေရာမှာ ကျောက်ခင်းဖို့အတွက် ကျောက်တွေပုံထားတယ်။ ရေမြောင်းတွေပေါ်က ရေကျော်တံတားလေးတွေမှာ ကျေးရွာက အလှုရှင်တွေနာမည် မှတ်တမ်းတင်ထားတယ်။ဒီ လမ်းတွေ၊ တံတားလေးတွေက ကျေးရွာလူထုရဲ့ စည်းရုံးမှုကို သက်သေပြနေတာ ပဲ။ ရွာထဲမှာတော့ လက်ဖက်ခြံထဲသွားတဲ့လူနဲ့ ဘုန်းတော်ကြီးကျောင်းသွားတဲ့သူနဲ့ တံခါး ပိတ်ထားတဲ့ အိမ်များ တယ်။

ရွာအဝင် လမ်းဆုံအကျော် ညာဘက်မှာ ဆရာ၊ ဆရာမ နေအိမ်နှစ်လုံးရှိတယ်။ ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း နှစ် ဆယ်၊ ဒေသပြည်သူထည့်ဝင်ငွေ ၉ ၃၅၈၄၀ ကျပ်နဲ့တည်ဆောက်တယ်၊ ၃၁-၃-၂၀၁၄ မှာ ပြီးစီး တယ်လို့စာတမ်းထိုးထားတယ်။ ဗြုန်းအုတ်၊ သွပ်မိုး သပ်သပ်ရပ်ရပ်ပဲ။ ဗြုန်း အုတ်ကို ကိုယ်တိုင်လုပ်နိုင်တဲ့အတွက် ကုန်ကျစရိတ် သက်သာ တဲ့သဘောရှိတယ်။ အိမ်ဘေး မှာ တော့ ၉ – ၂- ၂၀၀၆ ခုနှစ် ယစကျီတောင် ကျောင်းဆရာတော် ဦးဇာဂရ အား အမှူးထား၍ UNDP နှင့် ကျေးရွာလူထုမှ ပူးပေါင်းလှုဒါန်း သည်ဆိုတဲ့ အုတ်ရေကန် အဝိုင်းတစ်ခုရှိတယ်။ ရေကန်က ရှေးပိုကျနေတော့ ဒီနေရာမှ အရင်က ဆရာ၊ ဆရာမနေဖို့ အဆောက်အဦ အဟောင်းတစ်လုံးရှိခဲ့ပုံရတယ်။

ဆီးကျအင်း ရွာလိုပဲ ယစကျီရွာလည်း ၂၀၁၉ ခုနှစ်မှာ ရွာငံကတဆင့်ပေးတဲ့ လ ျှပ်စစ်မီးရတယ်။ ရွာအဝင် လမ်းနဲ့အပြိုင် လ ျှပ်စစ်မီးလိုင်းကို စနစ်တကျသွယ်တန်းထားတယ်။ ဘုန်းတော်ကြီး ကျောင်း သွားတဲ့ လမ်းမှာ ထရန်စဖော်မာရှိတယ်။ ထရန်စဖော်မာနဲ့ မျက်နှာချင်းဆိုင် အိမ်ထဲ မှာ ဗင် ကားတစ်စီးထိုးထားတယ်။ မဲနယ်တောင် – ယစကျီ လမ်းက ကျောက်ခင်းလမ်းဖြစ်သွားတော့ မဲနယ်တောင်ရွာဘက်ကလာတဲ့ကားဖြစ်ပုံရတယ်။ လ ျှပ်စစ်မီးရယ်၊ ကားရယ် မြင်ကွင်းက မြို့ကြီးသား တွေ အတွက် ထူးမခြားနားဖြစ်ပေမယ့် မွေးထဲက လ ျှပ်စစ်မီးမရခဲ့၊ ကားလမ်းမပေါက် ခဲ့ တဲ့ ဒေသခံ တွေ အပေါ်မှာတော့ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိခဲ့မှာ သေချာတယ်။

ဆီးကျအင်းရွာသားတွေက လမ်းကောင်း၊ လ ှ့ျပ်စစ်မီးရလို့ အင်န်အယ်လ်ဒီကို မဲပေးတယ် လို့ရေး တော့ တပ်မတော်အစိုးရလက်ထက်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာလည်း ဒေသဖွံ့ဖြိုးရေးတွေ အများကြီးလုပ်ခဲ့တာပဲ ၊ ပြည်ခိုင်ဖြိုးပါတီဆိုရင်လည်း အသင်းဘဝထဲက ဒေသဖွံ့ဖြိုးရေးတွေ လုပ် ခဲ့တာပဲ။ အဲဒီလုပ်ဆောင်ချက်တွေကိုရော လူထုက အသိအမှတ်မပြုဘူးလားလို့ မိတ်ဆွေ တစ်ယောက်က စောဒကတက်တယ်။

သူပြောတဲ့အတိုင်း အရင်အစိုးရတွေလည်း ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးခဲ့တာ အများကြီး ရှိပါ တယ်။ ငွေကြေးပမာဏ၊ အချိန်ကာလအတိုင်းအတာ အရဆိုရင် အင်န်အယ်လ်ဒီလက်ထက် ငါးနှစ် ထက်ပိုများမှာပေါ့။ ဒါပေမယ့် နိုင်ငံရေးဆိုတာ ခံစားတတ်တဲ့ လူသားတွေကို ကိုယ့်ဘက်ပါ အောင် စည်းရုံးရတဲ့အလုပ်လေ။ဂဏန်းပေါင်းစက်လို တစ် နဲ့ တစ်ပေါင်းရင် အဖြေ နှစ် လို့ ပုံသေ တွက် လို့ ဘယ်ရပါ့မလဲ။

ဒီတော့ ကိုယ့် အဖွဲ့ အစည်းအပေါ် ယုံကြည်မှု၊ လေးစားချစ်ခင်မှု ရှိရင် ဘာမှ လုပ်မပေးနိုင် ရင် တောင် “ တကယ် မတတ်နိုင်သေးလို့ မလုပ်ပေးတာပါ” ဆိုပြီး ခွင့်လွှတ် မှာပဲ။ လုပ်ပေးရင်တော့ ပြောမနေနဲ့၊ သည်းသည်းလှုပ်ပြီပေါ့။ အဲ ယုံကြည်မှု၊ လေးစားချစ်ခင်မှုမရှိ ဘူး ဆိုရင်တော့ ဘယ်လောက်လုပ်ပေးပေး “ သူ့အလုပ် သူလုပ် တာ ကျေးဇူး တင်ဖို့မလိုဘူး” ၊ “ မဲလိုချင်လို့ လုပ်ပေးတာပါကွာ” လို့ ပြောမှာပဲ။

ကျွန်တော့်ကို စောဒကတက်တဲ့ သူကိုတော့ အဲဒီလောက် ရှည်ရှည်ဝေးဝေး ပြောမနေတော့ ပါဘူး။ “နိုင်ငံရေးသမားပဲဗျာ၊ ဘာ့ကြောင့် အသိအမှတ်မပြုဘူးဆိုတဲ့ အကြောင်းအရင်းသိအောင်လုပ်ပေါ့ ၊ အဲဒါကို ပြင်နိုင်ရင် လူထုအသိအမှတ်ပြုတာခံရမှာပေ့ါ” လို့ပဲ ဖြေခဲ့တယ်။

ယစကျီမှာ ကျွန်တော်တို့တည်းရမယ့်နေရာက ဘုန်းတော်ကြီးကျောင်း၊ အရင်နိုင်ငံခြားသား ခရီးသွားတွေလည်း ဘုန်းတော်ကြီးကျောင်းမှာပဲ တည်းခိုခဲ့ကြတယ်။ အခုတည်းရမယ့် ဓမ္မာရုံ ဆိုရင် ယစကျီ ကို ရှစ်ခေါက်ရောက်ဖူးတဲ့ ဆွစ်ဇာလန်နိုင်ငံသားတစ်ယောက်လှုဒါန်းထားတာ။

ယစကျီ တောင်ရွာ ဘုန်းတော်ကြီးကျောင်းက တောင်နံရံကို ဖြိုပြီး ဆောက်ထားတယ် ၊ မြေထိန်း နံရံ တွေကိုလည်း စနစ်တကျလုပ်ထားတယ်။ အလယ်မှာ နှစ်ထပ်ကျောင်း၊ တစ်ဘက်မှာ နှစ်ထပ် ဓမ္မာရုံ၊ တစ်ဘက်မှာ နှစ်ထပ်ဆွမ်းစားဆောင် ၊ ကျောင်းတောင်ဘက် ကုန်းမြင့်လေးပေါ်မှာ စေတီ ငယ်တစ်ဆူနဲ့ သိမ်တစ်ခုရှိတယ်။ ဆွမ်းစားဆောင်နဲ့ ခပ်လှမ်းလှမ်း ကားလမ်းဘက်မှာ ၈-၂-၂၀၀၀ UNDP နှင့် ကျေးရွာအများဒကာကောင်းမှုလို့ စာတမ်းထိုးထားတဲ့ သွတ်မိုး အုတ်ရေကန် တစ်လုံး။ အုတ်ရေကန်နဲ့ ဆွမ်းစားဆောင်ကျောင်းကြားမှာ ထရံကာ သွပ်မိုးတဲတစ်လုံး၊ တဲထဲမှာ ထင်းတွေလှောင်ထားတယ်။ ဘုန်းတော်ကြီးကျောင်းဝင်းကလည်း ပဋ္ဌာန်းပွဲကြောင့် လူဝင်လူထွက် များ နေတာတောင် သပ်ရပ်သန့်ရှင်းနေတာပဲ။

ကျောင်းဝင်းထဲမှာ၊ ကျောင်းပေါ်မှာ အသံမစဲ ပဋ္ဌာန်းပွဲအတွက် ဝေယျဝစ္စလာလုပ်ပေးနေတဲ့ အမျိုးသား၊ အမျိုးသမီး ကြီးတွေ၊ လူငယ်လေးတွေ၊ တရားနာနေတဲ့ အဖိုး၊ အဖွားတွေရှိတယ်။ မြေးထိန်းရင်း တရားနာ နေတဲ့ အဖွားတွေလည်းရှိတယ်။ ကျောင်းပေါ်မှာ အေးလို့ ကျောင်းအောက်ဆင်း၊ နေရောင်ခြည် အောက်မှာ ထိုင်ပြီး တရားနာနေသူလည်း ရှိတယ်။ ကိုရင်တွေကလည်း ဆရာတော်က ပဋ္ဌာန်းပွဲနဲ့ အလုပ်များ နေတော့ ကျောင်းဝင်းထဲမှာ လွတ်လပ်ရေးရနေကြ တယ်။

ဆရာတော်ကို ဝင်ဖူးပြီး တည်းခိုခွင့်ပြုဖိုု့ လေ ျှာက်ထားတယ်။ နာမည်နဲ့ နေရပ်မေးလို့ ရန်ကုန် က ရဲထွဋ်ပါလို့ လေ ျှာက်တဲ့အခါ သေသေချာချာ ကြည့်ပြီး ပြန်ကြားရေးဝန်ကြီးလားလို့မေး တယ်။ ပြီးတော့ တီဗီ မှာ မတွေ့တော့ပါလားလို့ မေးတော့ ရာထူးပြုတ်သွားရင် အစိုးရ တီဗီမှာ မပါတော့ ဘူး ဘုရားလို့ ပြန်လေ ျှာက်တဲ့အခါ ဆရာတော်က ရယ်တယ်။

ဆရာတော်ဦးဇာဂရ က သက်တော် ငါးဆယ်ရှိပြီ။ ဒီရွာဇာတိပဲ။ မန္တလေးမှာ စာသင်ပြီး မှ ရွာပြန်လာတာ။ အရင်က ယစကျီ မြောက်ရွာမှာပဲ ဘုန်းတော်ကြီးကျောင်းရှိတယ်။ ဆရာတော်ပြန်လာမှ ယစကျီ တောင်ရွာမှာ ဘုန်းတော်ကြီးကျောင်းဖြစ်လာ တာ။ ပထမတော့ အခု ထင်းရုံလုပ်ထားတဲ့ တဲမှာ သီတင်းသုံးရတယ်။ ၂၈ နှစ်ကြာမှာ လက်ရှိ အခြေ အနေကို ရောက်တာ။ ကျောင်းဝင်းနဲ့ ကျောင်း ပေါ်က အလှုရှင်စာရင်းတွေကို ကြည့်လိုက်တော့ အလှုရှင်အများစုက ရွာသူ ရွာသားတွေပါ။

ဆရာတော်က ဆရာ ဒကာပေါင်းပြီး ရွာချင်းဆက်လမ်းတွေဖောက်တာ၊ ကိုယ်ထူ ကိုယ်ထ မူလတန်းကျောင်းတည်ထောင်ခဲ့တာ ( အခုတော့ တရားဝင်ကျောင်းအဆောက်အဦရပြီ) တွေကို ရှင်းပြတယ်။ ယစကျီ – မဲနယ်တောင် ကျောက်ခင်းလမ်းကို ကတ္တရာလမ်းအဆင့်မြှင့်ဖို့ အတွက် ရန်ပုံငွေရရေး ကြိုးစားနေကြောင်း၊ ယစကျီ – လက်လယ်အင်း လမ်း အတွက် ရန်ပုံငွေ ရလို့ ကျောက်ခင်းလမ်းလုပ်တာ ပြီးဖို့တစ်မိုင် လောက်ပဲလိုတော့တဲ့အကြောင်း လည်း ပြောပြ တယ်။ ဆရာတော်က သူတို့ တောင်ပေါ်ရွာတွေ အတွက် လမ်းနဲ့ လ ျှပ်စစ်မီးအရေးကြီးကြောင်း အကြိမ်ကြိမ်ပြောတယ်။ ဒကာကြီး လမ်းကောင်းမှ လူတွေကောင်းမှာ၊ လမ်းဆိုးရင် လူတွေဆိုး တယ်တဲ့။ မှတ်သားစရာပဲ။

ဆရာတော်ကို ဖူးပြီးတော့ ဓမ္မာရုံ အပေါ်ထပ်ကို သွားတယ်။ အဲဒီမှာ လူငယ်တစ်ချို့နဲ့ လူကြီး ပိုင်း သုံးလေးယောက်ရှိတယ်။ ကျွန်တော်တို့ရောက်တာက ညနေ နှစ်နာရီခွဲ၊ သုံးနာရီ ဆိုတော့ စကား ဝိုင်းဖွဲ့ဖို့ အချိန်ကောင်းကောင်းရတယ်။

ကျေးရွာစီးပွားရေးအခြေအနေကတော့ လက်ဖက်အဓိက ဆိုတော့ ဈေးကွက်ပျက်တဲ့ဒဏ်ကို ခံ နေရတာ ဆီးကျအင်းနဲ့အတူတူပါပဲ။ ရွာငံမြို့နယ်ထဲမှာလည်း ဂျာမန် GIZ ဖောင်ဒေးရှင်းက ကူညီ နေတာတွေရှိတော့ ယစကျီရွာသားတွေက Green Tea စက်ရုံတွေဘာတွေ တည်မလား လို့မေ ျှာ် နေတာလည်း ရှိတယ်။ ဒါပေမယ့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ကတော့ GIZ ဆက်ပြီး အလုပ် လုပ်/ မလုပ်တောင် မသေချာဘူးထင်တယ်။

၂၀၂၀ ရွေးကောက်ပွဲမဲပေးတာကတော့ ဆီးကျအင်းလိုပါပဲ၊ အများစုက အင်န်အယ်လ်ဒီကို ပဲ ထောက်ခံခဲ့တာပါ။ ရွာငံမြို့နယ်မှာ ပလောင် ရွာက ငါးရွာပဲရှိတဲ့အတွက် ပလောင်ပါတီ ဝင် မပြိုင်ဘူး။ ပြိုင်ရင်လည်း အများစုက အင်န်အယ်လ်ဒီကိုပဲ မဲပေးမှာလို့ဆိုတယ်။ မဲပေးရတဲ့ အကြောင်း အရင်းက ဆီကျ အင်းလိုပါပဲ၊ ကားလမ်းနဲ့ လ ျှပ်စစ်ပေါ့။

နည်းနည်းထူးတာက သက်ကြီးရွယ်အို တွေနဲ့ ကိုယ်ဝန် ဆောင် မိခင်တွေကို ထောက်ပံ့ကြေး ပေးတာကို သဘောကျလို့ မဲထည့်တယ်၊ အရင်ကဆို အစိုးရက ပိုက်ဆံပဲကောက် တာ၊ အစိုးရ ဆီက ပိုက်ဆံမရဖူးဘူး လို့ ပြောတာလည်း ကြားရတယ်။ ကျွန်တော်မှတ်မိသလောက် သက်ကြီးရွယ်အို ထောက်ပံ့ကြေး အစီအစဉ်က သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်မှာ အစပျိုးခဲ့တာပါ။ ဒါပေမယ့် ဒီရွာ အထိ မရောက်တာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အပေါ်မှာရေးခဲ့သလိုပဲ ပုဂ္ဂိုလ်ခင်မှ တရား မင်တာလည်း ဖြစ်မယ်။

အဖိုးကြီးတစ်ယောက် က ထူးထူးခြားခြား ပြည်ခိုင်ဖြိုး အုပ်ချုပ်တာ နှစ်သုံးဆယ်ကျော်ပြီလေ။ တော်ပြီပေါ့လို့ ပြောတယ်။ ကျွန်တော်က ပြည်ခိုင်ဖြိုးအစိုးရ အုပ်ချုပ်တာ ငါးနှစ်ထဲပါလို့ ရှင်းပြ တာလက်မခံဘူး။ သူက ပြည်ခိုင်ဖြိုးအစိုးရသက်တမ်းကို နဝတ တာဝန်ယူတဲ့ ၁၉ ၈၈ က စတွက် ပြီးပြောနေတာ၊ လုံးဝမလျော့ဘူး။ သူ့အယူအဆက ပြည်ခိုင်ဖြိုးပါတီရဲ့ ပုံရိပ် ပြဿနာကို ထင်ဟပ် နေတာလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ရွာငံမြို့နယ်မှာ အင်န်အယ်လ်ဒီ မဲရတာက ပင်းဒယမြို့နယ်လောက်မများဘူး။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အတွက်မဲပေးတဲ့အခါ အင်န်အယ်လ်ဒီက ၄၉.၉ ၃% ၊ ပြည်ခိုင်ဖြိုး ၂၇.၅၂%၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ၂၀.၄၇% ၊ ဓနုအမျိုးသားအဖွဲ့ချုပ် ပါတီ ၁.၆၁%၊ UBP ၂.၉ ၃% ၊ NDF ၁.၅၄% ရတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် အတွက်လည်း အဲဒီအချိုးနီးပါးပဲ။ တကယ်လို့ ကျန်တဲ့ပါတီတွေ မပြိုင်ဘဲ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီနဲ့ ဓနုအမျိုးသား အဖွဲ့ချုပ်ပါတီ နှစ်ခု တည်းပြိုင်မယ်ဆိုရင် ဘာဖြစ်လာမလဲလို့တွေးမိတယ်။ အင်အားကောင်းတဲ့ပါတီနဲ့ ပြိုင်တဲ့အခါ ရွေးကောက်ပွဲမဟာဗျူဟာက အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာပဲ။

တောင်ကြားရွာလေးဖြစ်တဲ့အတွက် ညနေငါးနာရီကျော်တော့ အမှောင်ရိပ်သန်းလာပြီး ရွာသား တွေ လူစုကွဲသွားကြတယ်။ မနက်စောစောမှ အရုဏ်ဆွမ်းချက်ဖို့ ပြန်လာကြမှာ။ ကျွန်တော်တို့ လည်း ညစာစားပြီး အိပ်ဖို့ပြင်ဆင်ရတယ်။

ရာသီဥတုကတော့ ဘေဘီလုံ ထက်တောင်အေးတယ်။ ဒါပေမယ့် ဘုန်းတော်ကြီးကျောင်းထဲ မှာ တည်းခိုတာဖြစ်တဲ့အတွက် အအေးဒဏ်ကို အံတုဖို့ရာ စောင် မှ တစ်ပါး အခြားမရှိဘူး။

ဆက်လက်ဖော်ပြပါ့မယ်။

One thought on “ယစကျီ (၃)

  1. “အဖိုးကြီးတစ်ယောက် က ထူးထူးခြားခြား ပြည်ခိုင်ဖြိုး အုပ်ချုပ်တာ နှစ်သုံးဆယ်ကျော်ပြီလေ။ တော်ပြီပေါ့လို့ ပြောတယ်။ ကျွန်တော်က ပြည်ခိုင်ဖြိုးအစိုးရ အုပ်ချုပ်တာ ငါးနှစ်ထဲပါလို့ ရှင်းပြ တာလက်မခံဘူး။ သူက ပြည်ခိုင်ဖြိုးအစိုးရသက်တမ်းကို နဝတ တာဝန်ယူတဲ့ ၁၉ ၈၈ က စတွက် ပြီးပြောနေတာ၊ လုံးဝမလျော့ဘူး။ သူ့အယူအဆက ပြည်ခိုင်ဖြိုးပါတီရဲ့ ပုံရိပ် ပြဿနာကို ထင်ဟပ် နေတာလို့ ဆိုနိုင်ပါတယ်။”
    He is not wrong. USDP after all was founded by Than Shwe, and in people’s minds, they will forever be associated with the ex-generals from the 90s, who abused their powers against the people and got rich. Than Shwe’s oppression of NLD just made people love and appreciate NLD more. MAL is now doing the same thing by sealing the activists’ and NLD leaders’ properties. It will just make people more resentful of the army.

    MAL seems to forget that we are not in the 90s where you can say “BBC ညာနေသည်။ VOA လိမ်နေသည်။” A lot of independent media have gone underground or exile. Zaw Min Tun’s words of “fake news” have no effects on the people. In fact, this generation of media people and activists have to thank Thein Sein’s government for liberalizing the telecom sector.

    Because of the social media, people now hate the army as an institution. In the 80s and 90s, people in cities such as Rangoon and Mandalay never knew what was going on in the conflict zones. They have never heard of the word “ပေါ်တာဆွဲ”. But that was the daily lives for the young people in the “gray” and “black” areas of conflicts.

    Now, MAL has brought this conflict to Yangon, Mandalay and the heart of Bamar land such as Sagaing. And social media has opened a lot of people’s eyes. Burmese people are not naive. They know what’s rumor and what’s real.

    I used to treat soldiers individually and give the benefits of the doubts that some of them are actually nice. But recent events have made it harder and harder, and I think most people now resent the army as in institution with a bunch of lawless thugs, who would beat and shoot anybody on their ways.

    Until the day USDP leadership wakes up and start speaking up for the people, they will forever be just Than Shwe’s “stooges” in the minds and hearts of the ordinary people like this old man. People are watching and they remember who went to jail and whose properties were confiscated by the military for standing up for them. They may be afraid to say anything themselves because of the guns pointing at them. But they appreciate the people who went to jail on their behalves (such as the NLD leaders and the younger generation of activists). These people may be beaten, jailed and tortured to deaths. But they have won the PR war and the admiration and hearts of the daily people.

    Liked by 1 person

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: