ယစကျီ ( ၄)

မနက်လေးနာရီကျော်တော့ ချက်ပြုတ်ရေးအဖွဲ့တွေက အလုပ်စနေပြီ။ ကျွန်တော်တို့လည်း အိပ်ယာထပြီး ဆွမ်းစားဆောင်မီးဖိုကို သွား၊ မီးလှုံ၊ မျက်နှာသစ်တယ်။ ယစကျီ ရွာရေ ထွက် က ရွာထိပ်မှာဆိုတော့ ရေပေါတယ်။ ဘုန်းတော်ကြီးကျောင်းနောက်ဘက်မှ အုတ်ရေကန် နဲ့ ရေအပြည့်။ ဒါပေမယ့် ရေခဲရေနီးပါး အေးတဲ့အတွက် မျက်နှာသစ်ဖို့တောင် အနိုင်နိုင်ပဲ။

ယစကျီ ရွာက တောင်ကြားချိုင့်ဝှမ်းထဲမှာဆိုတော့ မနက်ခြောက်နာရီအထိ နေမမြင်ရသေးဘူး။ ရွာ အရှေ့ဘက် တောင်တန်းပေါ်မှာတော့ ရောင်နီသန်းနေပြီ။ ရာဇဂြိုလ်ပြည်ဟာ တောင်ငါးလုံး ပတ် လည် ဝိုင်းနေတယ်လို့ စာပေတွေထဲမှာ ဖတ်မှတ်လေ့လာဖူးတယ်။ ယစကျီကလည်း တောင် ပတ်လည်ဝိုင်းနေတော့ ရာဇဂြိုလ်လို့တောင် အမည်ပြောင်းလို့ရမယ်။ ဆရာတော်ကတော့ ယစကျီ ဆိုတာ ပလောင်ဘာသာနဲ့ ဆေးဖော်တဲ့နေရာလို့ ဆိုတာပဲ။

ဘုန်းတောင်ကြီးကျောင်းထိပ် စေတီကုန်းကနေ ကြည့်လိုက်ရင် ရွာအရှေ့ဘက်တောင်တန်း အလယ်က တောင်တစ်တောင်ဟာ ဆင်တစ်ကောင် ဝပ်နေ တာနဲ့ တူတယ်။ ဒါ့ကြောင့် ယစကျီ (တောင်ရွာ) ကို ဆင်တောင် ရွာလို့လည်း ခေါ်တယ်။ ကျောင်းပေါ်က အသံမစဲ ပဋ္ဌာန်းပွဲ နှိုးဆော်စာမှာ “ရွာငံမြို့နယ် ဘုရားကြီးကုန်း ကျေးရွာ အုပ်စု ယစကျီ (တောင်) ရွာ၊ ယစကျီ ( တောင်) ကျောင်း (ခ) ဆင်တောင်ရွာ၊ ဆင်တောင် ကျောင်း တိုက် ( ၈ ) ကြိမ်မြောက် မဟာပဋ္ဌာန်း ပူဇော်ပွဲ” လို့ ရေးထားတယ်။

မနက် ခုနှစ်နာရီလောက်မှာ နေလုံးက ဆင်တောင်ကြားကနေ ထွက်လာတယ် ။ ရွာဦး စေတီ က နေရောင်အောက်မှာ ရွှေရောင်ဝင်းပနေတယ်။ နှင်းငွေ့တွေကြားထဲမှာ ရွာလေးက အသက်ဝင် လာပြီ။ သက်ကြီးပိုင်း အမျိုးသမီးတစ်ချို့ လက်တစ်ဖက်က ချိုင့်ဆွဲ၊ တစ်ဖက်က သစ်ခက်လေး ကိုင်ပြီး ကျောင်းဘက်ကို လာနေကြတယ်။ လင်းလယ်အင်းရွာဘက်က ဆိုင်ကယ်တစ်စီး ဝင် လာတယ်။ ဈေးဆိုင်ကယ်၊ ဘုရားပန်းတွေလည်း ပါတယ်။ အမျိုးသမီးတစ်ချို့ ဆိုင်ကယ်နား ကို ဝိုင်းလာကြတယ်။

အဖိုး၊ အဖွားနှစ်ယောက်က အိမ်ရှေ့ ကွက်လပ်ထဲမှာ နေစာလှုံရင်း ပဲစေ့တွေချွေနေတယ်။ အိမ်တစ်ချို့ထဲက မီးခိုးတန်းတွေ ထွက်လာ တယ်။ တစ်ချို့အိမ်တွေကတော့ နံနက်စာ စားပြီးလို့ထင်တယ်၊ အိမ် ဘေးရေကန်မှာ အိုးခွက်တွေဆေးကြောနေတယ်။ ဒီရွာလေးမှာ လ ျှပ်စစ်မီးရပေမယ့် ချက်ပြုတ် ရေး အတွက် ထင်းကို သုံးနေဆဲပဲ။ အိမ်တိုင်းလိုလိုမှာ ထင်းတွေ စုဆောင်းထားတာ တွေ့ရတယ်။

ကျွန်တော်တို့က မနက်စောစော ထွက်ဖို့ စီစဉ်ထားပေမယ့် ဆရာတော်က ကျောင်းမှာ မနက်စာ စားပြီးမှ သွားဖို့တားတယ်။ မနက်စာ ဆိုပေမယ့် ကျေးရွာဓလေ့အတိုင်း တကယ့် ထမင်းကြီး ကျွေး တာပါ။ မနက်စာစားပြီး ရွာက ထွက်တော့ ရှစ်နာရီထိုးပြီ။

ယစကျီ ကို မဲနယ်တောင်ရွာ ဘက်ကလာတဲ့ တစ်လမ်း၊ လင်းလယ်အင်းရွာ က လာတဲ့ တစ်လမ်းနဲ့ ဆီးကျ အင်းရွာက လာတဲ့တစ်လမ်း လမ်းကြောင်းသုံးခုရှိတယ်။ မဲနယ်တောင် ကို သွားရင်တော့ ပင်းတယ – ရွာငံဖြတ်လမ်းကို ရောက်မယ်၊အဲဒီကနေ ကားနဲ့ ပင်းတယ ပြန်လို့ရတယ်။ လင်းလယ်အင်းကနေ ပင်းတယ – ရွာငံ ဖြတ်လမ်းပေါ် မှာ ရှိတဲ့ တောင်ပေါ်ကြီးရွာသွားပြီး တောင်ပေါ်ကြီးကနေ ကားနဲ့ ပင်းတယ ပြန်လို့ရတယ်။ ဒါမှ မဟုတ် လင်းလယ်အင်းကနေ ရှော်ပင်ရွာ၊ ရှော်ပင်ရွာကနေ ပင်းတယ ကို ခြေလျင် ဖြတ်ဆင်းလို့ရတယ်။ ဆီးကျ အင်းလမ်းကတော့ ကျွန်တော်တို့ လာခဲ့တဲ့လမ်းပေါ့။ ပင်းတယ က မိတ်ဆွေကတော့ တောင်ပေါ် ကြီး ရွာကို ထွက်ခဲ့၊ သူကားနဲ့လာကြိုမယ်လို့ အကြံပြုတယ်။

ကျွန်တော်ကတော့ ပင်းတယကနေ ခြေလျင်ထွက်၊ ပင်းတယ အထိ ခြေလျင်ပြန်ချင်တယ်။ ဒါပေမယ့် လာခဲ့တဲ့ လမ်းဟောင်းအတိုင်းလည်း ပြန်မလေ ျှာက်ချင်တော့ဘူး။ လမ်းဟောင်း အတိုင်းလေ ျှာက် ပြီး ကြုံဖူးပြီးသားတွေပဲ ပြန်ကြုံရမှာ မလိုလားဘူး။ လမ်းသစ်လေ ျှာက်မှပဲ အတွေ့ အကြုံသစ်၊ အမြင်သစ်တွေရမှာပေါ့။ ဒါ့ကြောင့် လမ်းသစ်ဖြစ်တဲ့ လင်းလယ်အင်း – ရှော်ပင် – ပင်းတယ လမ်းအတိုင်း ခြေလျင်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဘုန်းတော်ကြီးကျောင်းကုန်းပေါ်က ဆင်းလာတော့ မူလတန်းကျောင်းလေးမှာ ကလေးတွေ သန့်ရှင်းရေးလုပ်နေပြီ။ ကျောင်းတက်ဖို့လာနေတဲ့ ကလေးတွေလည်း တွေ့တယ်။ ကျောင်း ရှေ့ အလံတိုင်မှာ နိုင်ငံတော်အလံ၊ အသင်းငါးခု အလံ နဲ့ ဒီနေ့ တာဝန်ကျတဲ့ အသင်းအလံကို လွှင့် တင်ထားတယ်။ ရွာကျောင်းလေးကို မြင်တော့ ချင်းတွင်းမြစ်ဖျားမြို့လေးက မူလတန်း ကျောင်း လေးမှာ ကျောင်းတက်ခဲ့ရချိန်တွေကို ပြန်သတိရတယ်။ ကိုယ့်အသင်း တာဝန် ကျတဲ့ နေ့ဆို စောစောသွား၊သန့်ရှင်းရေးလုပ်၊ သောက်ရေအိုးတွေ ဖြည့် ရတယ်။ ညနေ ကျောင်း ဆင်းရင် ကျောင်းနောက်ဘက်က စိုက်ခင်းလေးမှာ ရေလောင်းရတယ်။ အဲဒီအချိန်က သင်ယူ ခဲ့ရတဲ့ စုပေါင်းလုပ်ဆောင်တတ်မှု၊ တစ်ဦးချင်းတာဝန်ယူမှု အလေ့အကျင့် တွေဟာ ဘဝမှာ အများကြီး အသုံးဝင်ခဲ့တာပဲ။

တကယ်တော့ ကျောင်းပညာရေးဆိုတာ အခြေခံပဲ။ ဒီအခြေခံ ကို မူတည်ပြီးမှ လက်တွေ့ဘ၀ မှာ လိုအပ်သလို ထိုးထွင်းကြံဆ အသုံးချပြီး ကိုယ်ယုံကြည်တာ၊ ကိုယ် ဝါသနာပါတာကို လုပ်ရ တာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုအချိန် ကျောင်းတက်သင့် ၊မတက်သင့် ဆွေးနွေးခွင့် ရတဲ့ အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်းသာ အင်္ဂလိပ်ကို မုန်းလို့ဆိုပြီး အင်္ဂလိပ်လက်အောက်မှာ ပညာမသင်ခဲ့ဘူး၊ တက္ကသိုလ်မတက်ခဲ့ဘူးဆိုရင် လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင် ဖြစ်လာမှာ မဟုတ်ဘူး၊ နတ် မောက် မှာ သခင်ပေါက်စ ဘဝနဲ့ပဲနေရမှာ၊ ကျောင်းပညာရေး ဆိုတာ လိုရာခရီးကို ရောက်ဖို့ ပေါင်းကူးပေးတဲ့ တံတားတစ်စင်းပဲလို့ ထောက်ပြလေ့ရှိတယ်။

ယစကျီ – လင်းလယ်အင်း က ကျောက်ခင်းလမ်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က လက်ဖက် ခင်းတွေကို ဖြတ်ပြီး ဖြတ်လမ်းက သွားခဲ့တယ်။ လင်းလယ်အင်းက အိမ်ခြေနှစ်ရာနီးပါးရှိတဲ့ ရွာ ကြီးပဲ။ လင်းလယ်အင်းနေ မဲနယ်တောင် ၊ ယစကျီ၊ စီကျအင်း စတဲ့ရွာတွေကို သွားလို့ရတော့ လမ်းဆုံရွာကြီးလို့တောင်ဆိုနိုင်တယ်။ လင်းလယ်အင်း ရွာလယ်လမ်းမှာတော့ အမှိုက်ပုံးလေး တွေ ချပေးထားတာ မြင်ခဲ့ရတယ်။ နေ့လယ်နှစ်နာရီမှာ နောက်ထပ်လေ့လာရမယ့်နေရာတစ်ခုကို သွား ဖို့ရှိတဲ့အတွက် လင်းလယ်အင်းမှာ မနားဘဲ ဆက်ထွက်ခဲ့တယ်။

လင်းလက်အင်းကနေ ရှော်ပင်ရွာအထိကတာ့ ကျောက်ခင်းလမ်းအတိုင်းပဲသွားရတယ်။ ရေကျော် တံတားတွေမှာ နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈ – ၂၀၁၉ တွင်တည်ဆောက်သည်ဆိုတဲ့စာသား တွေရေးထားတယ်။ ယစကျီကနေ စထွက်ထဲက လမ်းက တောင်ကြောတွေအတိုင်းပဲ၊ အတက်ကြမ်းကြမ်း၊ အဆင်းခက်ခက် မရှိသေးဘူး။ လင်းလက်အင်းနဲ့ ရှောပင်ကြားမှာ ရေထွက် ရွာရှိတယ်။ ရွာဆိုပေမယ့် အိမ် ၁၁ လုံးပဲရှိတယ်။ ရွာတည်တာ မကြာသေးဘူး။ လက်ဖက် စိုက်ခင်း နဲ့ နီးတဲ့နေရာကို ရွှေ့ပြီးနေထိုင်တဲ့သဘောပါပဲ။

ရေထွက်ဆိုတဲ့အတိုင်း ရွာထိပ်မှာ ရေထွက်လေးရှိတယ်။ ကျောက်အိုင်ထဲက စိမ့်ထွက်နေတဲ့ ရေက အေးမြကြည်လင်နေတာပဲ။ အမျိုးသမီးကြီးတစ်ယောက် ပလတ်စတစ်ပုံးအဝါနဲ့ မဗေဒါ ရေခပ်သလိုပဲ ရေခပ်နေ တာလည်း မြင်ခဲ့ရတယ်။ ရေထွက်ရွာလွန်တော့ ပလိုင်းတစ်လုံး၊ ဝါးတောင်ဝှေး တစ်ချောင်းနဲ့ လမ်းလေ ျှာက်လာတဲ့ ဓနုအမျိုးသမီးကြီးကိုတွေ့တယ်။ သူ့ပလိုင်းထဲက လည်း ပစ္စည်းအပြည့်။ နောက်မှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ သစ်သားချောင်းနှစ်ချောင်းလည်း တွေ့ ရတယ်။

အမျိုးသမီးကြီးနာမည်က ဒေါ်လှစီတဲ့ ၊ အသက် ၆၅ နှစ်ရှိပြီ ဒါပေမယ့် မျက်နှာက ကြည်လင် လတ်ဆတ်လို့၊ လမ်းလေ ျှာက်တာကလည်း ဖြတ်ဖြတ်လတ်လတ်၊ တောင်တက်ခရီးလာ ရ တာတောင် မောပန်းတဲ့ပုံမရဘူး။ သူ့ကို ကြည့်ပြီး မနေ့က ဆီးကျအင်း အတက်လမ်းမှာ လ ျှာ ထွက်နေတဲ့ ကိုယ်ကိုကိုယ်တောင်ရှက်မိတယ်။

ဒေါ်လှစီက တောင်ပေါ်ကြီးရွာမှာနေတယ်။ ၊ သူ့ လက်ဖက် ခြံက ကျွန်တော်တို့ ဖြတ်လာတဲ့ ရေထွက်ရွာအပေါ် တောင်ကြောမှာ။ တောင်ပေါ်ကြီးကနေ ခြံ အထိ သုံးနာရီလောက်သွားရတယ်။ အပြန်ကတော့ အဆင်းလမ်းဆိုတော့ နှစ်နာရီ ပိုပိုလေး သွားရတယ်။ တစ်ရက်ခြားတစ်ခါ ခြံကိုလာတယ်။ ပလိုင်းထဲက ဘာတွေတုန်းလို့မေးတော့ ထမင်းထုတ် ရယ်၊ ခြံထဲမှာလိုမယ့် ပစ္စည်းတွေရယ်၊ တူရွင်းရယ်၊ ဓားရယ်တဲ့။

ဒေါ်လှစီရဲ့ ခင်ပွန်းဖြစ်သူက မျက်စိ ကွယ် သလိုဖြစ်နေတာ နှစ်နှစ်ဆယ်ကျော်ပြီ။ ခြံထဲမဆင်းနိုင် ဘူး။ လက်ဖက်ခူးတာ၊ ပေါင်းရှင်းတာတွေတော့ အိမ်ထောင်ကျ နေတဲ့ သားတွေ က ကူပေး တယ်။ ဒေါ်လှစီကတော့ အလုပ်ရှိရှိ မရှိရှိ ခြံထဲသွားရမှ။ မသွားရရင် နေမကောင်းဖြစ်တယ်တဲ့။ သန့်ရှင်းတဲ့လေ၊ လတ်ဆတ်အသီးအနှံ၊ လောဘ ဒေါသ မောဟ နည်းပါးတဲ့ စိတ်၊ အလုပ် နဲ့ လက်နဲ့မပြတ်တဲ့ဘ၀ ဒါတွေဟာ သက်ရှည်ကျန်းမာပျော်ရွင်ဆေးပဲ။ ဒေါ်လှစီက အဲဒါတွေ အားလုံး ပိုင်ဆိုင်ထားပုံရတယ်။ ကျွန်တော်ကတော့ အဲဒါတွေကို ပင်ပန်းတကြီး လိုက်လံ ရှာဖွေ နေဆဲပဲ။

ရေထွက်ရွာကနေ ရှော်ပင်ရွာအထိကလည်း အဆင်းလမ်းပဲ။ ရှော်ပင်ရွာက တောင်စောင်းမှာ အဆင်ဆင့်တည်ထားတဲ့ရွာ။ ရှော်ပင်ကနေ တောင်ပေါ်ကြီးကို သွားလို့ရတယ်။ ရွာက အိမ်ခြေ ရှစ်ဆယ်ကျော်ရှိတယ်။ တောင်စောင်းမှာရှိတော့ ရွာတွင်းလမ်းနေရာအတော်များများမှာ မိုးတွင်း သွားလို့ အဆင်ပြေအောင် ကွန်ကရစ်ခင်းထားတာလည်းတွေ့ရတယ်။ ဆီးကျအင်း- ယစကျီ အသွားလမ်းမှာ တွေ့ခဲ့ရတဲ့ရေထွက်ကနေ ရေသွယ်ယူထားတဲ့ ရေကန်တစ်ခုကို ရွာထိပ်၊ နောက်ကန်တစ်ခုကို ရွာ လယ်မှာတွေ့ရတယ်။

ရှော်ပင်ရွာကနေကြည့်ရင် ပင်းတယကို အပေါ်စီးက အနီးကပ်မြင်ရတယ်။ ရှော်ပင်ကနေ ပင်းတယ အဆင်းလမ်းကတော့ မတ်တယ်။ တစ်ချို့နေရာတွေမှာ အတော်ဂရုစိုက်ဆင်းရတယ်။ အတက် ခရီး မှာ ခွန်အားနဲ့ သက်လုံကောင်းဖို့လိုသလို အဆင်းမှာလည်း သတိနဲ့ ကျွမ်းကျင်မှုလို တယ်။ တောင်ထိပ်ရောက်အောင် တက်တတ်ပေမယ့် မဆင်းတတ်လို့၊ အဆင်းမတော်လို့ ဒုက္ခဖြစ်သူ တွေ များလှပြီ။

ရှောပင်က အထွက် အစပိုင်းမှာ သစ်ပင်ကြီးတွေ၊ ဝါးပင်တွေရှိပေမယ့် အောက်ပိုင်း ရောက်တော့ ချုံနဲ့ သစ်ပင်ပုတွေပဲရှိတော့တယ်။ရှော်ပင်က ဆင်းလာတဲ့လမ်းဟာ ကျောက်ဆင် ဘုရားကို ရောက်တယ်။ အဲဒါ ပင်းတယမြို့အစပဲ။ ကျောက်ဆင်ဘုရားကနေ ဆင်းတဲ့လမ်း ဘေးမှာ ရွှေဘုံသာ ဘုန်းကြီးကျောင်းရှိတယ်။ ကျောင်းဝင်းထဲက သစ်သားကျောင်းကြီးက နှစ်တရာကျော်ပြီ လို့ပြောတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ကျောင်းဝင်း ထဲကို ဧည့်သည် ဝင်ခွင့်ပိတ်ထားလို့ လေ့လာခွင့်မရဘူး။

ပင်းတယဈေးထောင့်ကို ရောက်တော့ လမ်းညွှန်ကို နှုတ်ဆက်ပြီး လမ်းခွဲတယ်။ ယစကျီကနေ ပင်းတယဈေးထောင့်အထိ အဆင်းလမ်းက ၆.၆၇ မိုင်၊ ပင်းတယ – ယစကျီ အတက်လမ်း က ၇.၂၁ မိုင်ဆိုတော့ ပင်းတယ – ယစကျီ အသွားအပြန် ၁၃. ၈၈ မိုင် ခရီးပေါက်ခဲ့တယ်။ ဒါပေမယ့် ကျေးရွာသူ ကျေးရွာသားတွေ ရင်ပတ်ထဲကို ဖြတ်လေ ျှာက်ခဲ့တဲ့ခရီးကတော့ မိုင်ရာ ချီ တယ်။

ပြီးပါပြီ။

(ပင်းတယ – ယာစကျီ ခရီးတစ်လေ ျှာက်လုံးမှာ အစစအဆင်ပြေအောင် စီစဉ်ပေးတဲ့၊ မေးသမ ျှ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ခရီးသွားလမ်းညွှန် ကိုဘရူနို ( ၀၉ ၂၆၂ ၅၃၅ ၉ ၃၄ ) ကို လည်း ကျေးဇူးတင်ပါတယ်။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: