မနက်ခင်း လမ်းလေ ျှာက် အပြန် ဈေးကိုဝင်ပြီး ဆီထမင်းဝယ်တယ်။ အရင်ဝယ်နေကျထက် ငါးရာဖိုး ပိုဝယ်မှ အနေတော်ရတယ်။ ကောက်ညှင်းသည်အဒေါ်ကြီးက ကောက်ညှင်းဈေး အရင် တစ်ပြည် ၁၅၀၀၊ သင်္ကြန်ပြီးထဲက ၂၂၀၀ ဖြစ်သွားပြီလို့ အကြောင်းပြတယ်။ ပြီးတော့ သမိုင်းကနေ လာရောင်းရတာ၊ ကားခလည်း ဈေး တက်သတဲ့။ ကောက်ညှင်းဈေးတက်လို့ ဆီထမင်း၊ ကောက်ညှင်းပေါင်း ဈေးနည်းနည်း တက်လိုက်တဲ့အခါ အရောင်းရနည်းသွားတယ်လို့ လည်း ညည်းတယ်။ အရင်က တစ်နေ့ ဆီထမင်း၊ ကောက်ညှင်း ပေါင်း၊ မုန့်ဖက်ထုပ် အတွက် ကောက်ညှင်းရှစ်ပြည် သုံးရတယ်။ အခုတစ်နေ့ ငါးပြည်တောင် အနိုင်နိုင်တဲ့။ ကုန်ကျစရိတ်နဲ့ ဝယ်လိုအားကြားမှာ ဈေးနှုန်းဘယ်လို ချိန်ညှိ ရမလဲ ဆိုတာ ခေါင်းစားနေပုံပဲ။
သံပုရာသီး ဝယ်တော့ ရောင်းမကောင်းလို့ ခွေးတောက်ရွက် ( ဂွေးတောက်ရွက်) လေးပါ အားပေး ပါဦးလို့ ပြောတယ်။ ဒီအမကြီးက အရင်က ငါးရောင်းရာကနေ ကိုဗစ်ကြောင့် ဈေးတွေ ပိတ်လိုက် ဖွင့် လိုက်ဖြစ်တော့ အရင်းပြုတ်ပြီး ကုန်စိမ်းရောင်းတဲ့ ဘဝရောက်လာတာ။ သူက ကြည့်မြင်တိုင် တစ်ဖက်ကမ်း က နေ လာရောင်းတဲ့ဈေးသည်။ ခွေးတောက်ရွက်တွေက စိုက်ရောင်းတာ မဟုတ်ဘူး။ ရွာကခြံတွေထဲမှာ အလေ့ကျပေါက်နေတာကို ခူးရောင်းတာတဲ့။ အော်ဂဲနစ် ခွေးတောက်ရွက်ပေါ့။ ကြက်ဥနဲ့ ကြော်စားကြည့် ကောင်းတယ်ဆိုပဲ။ သူကလည်း ရွာကနေ လှေဆိပ်ကို ဆိုင်ကယ် ကယ်ရီ က အသွား အပြန် နှစ်ထောင်၊ စက်လှေခက အသွားအပြန် ရှစ်ရာ ရောင်းမကုန်တဲ့ နေ့ ဆို အရင်းထဲက ပါနေတော့ ကြာရင် အရင်းပြုတ်တော့မယ်တဲ့။ သူကတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့် လုပ်ငန်းပိတ်သိမ်းရမယ့် အခြေအနေရောက်နေတဲ့ ခေါင်းရွက်ဗြတ်ထိုး လုပ်ငန်း ရှင်ပေါ့လေ။
“ကမ္ဘာကြီးကို မသိဘူး၊ လှိုင်သာယာပဲ သိတယ်” လို့ ပြောတဲ့အကြောင်း စာဖွဲ့ခဲ့ဖူးတဲ့ ပန်းခြံထဲက ဈေးသည်အမျိုးသမီးကတော့ ဆိုင်ကယ်ကယ်ရီခတွေဈေးတက်လာလို့ စက်ဘီးအဟောင်းလေး တစ်စီးကို နှစ်သောင်းငါးထောင်၊ အရစ်ကျပေးစနစ်နဲ့ ဝယ်လိုက်တယ်။ မနက်ဆိုရင် စက်ဘီး နဲ့ လမ်းမကြီးပေါ်က ဘတ်စကားဂိတ်ကို သွားတယ်။ ဘတ်စကားဂိတ်နားမှာ စက်ဘီးကို နှစ်ရာနဲ့ အပ် ပြီးမြို့ထဲလာတယ်။ သူတို့ရပ်ကွက်ထဲမှာ စက်ဘီးနဲ့ ကားဂိတ်အထိ လာတဲ့သူတွေ များ လာလို့ စက်ဘီးအပ်တဲ့လုပ်ငန်းလေးတွေတောင် အတော်အလုပ်ဖြစ်နေတယ်ဆိုပဲ။ စားသုံးသူ လို အပ်ချက်ကြောင့် ပေါ်လာတဲ့ ဈေးကွက်ပေါ့လေ။
စက်သုံးဆီဈေးတက်တာကတော့ ပလက်ဖောင်းဈေးသည်ကနေ အထပ်မြင့်တိုက်ကြီးပေါ်က ခေတ်မီ ရုံးခန်းတွေထဲအထိ ဂယက်ရိုက်နေတာပဲ။စက်သုံးဆီကို ချွေတာကြပါဆိုတဲ့ တိုက်တွန်း ချက်တွေက လည်း အပျော်ခရီးထွက်သူတွေ၊ ကိုယ်ပိုင် ကားနဲ့ မြို့ထဲကို ခေါင်းစဉ် အမျိုးမျိုးနဲ့ သွားနေသူ တွေအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် မသွား မဖြစ် သွားနေရသူတွေ၊ မပို့ မဖြစ်ပို့ ဆောင်နေရတဲ့ ကုန်စည်တွေအတွက်တော့ လက်တွေ့မကျ လှဘူး။ တစ်ဖက်မှာလည်း ကမ္ဘာ့ ရေနံဈေးကတက်၊ မြန်မာငွေတန်ဖိုးကလည်း ကျ၊ ကျပ်ငွေ တန်ဖိုးတက်အောင် အတင်းဆွဲ တင်တော့လည်း လည်ပင်းအစ်တာပဲ အဖတ်တင် ဖြစ်နေတော့ စက်သုံးဆီဈေးတွေကျဖို့ ကလည်း မလွယ်လှဘူး။
ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ အဖြေကတော့ လ ျှပ်စစ်ကားတွေ၊ လ ျှပ်စစ်ရထားတွေ၊ ဘက်ထရီ စက်ဘီးတွေ နဲ့ အစားထိုးရမှာပဲ။ အဲဒါဆိုရင် အခု ကမ္ဘာမှာ ခေတ်စားနေတဲ့ ရေနံ သုံးစွဲမှုလေ ျှာ့ ချရေး၊ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိ်မ်းရေးဆိုတာတွေနဲ့ လည်း အကိုက်ပဲ။ ဓာတ်ဆီ၊ဒီဇယ်သုံးစွဲမှုနည်းသွားတာနဲ့အမ ျှ ရန်ကုန်မြို့ကြီးရဲ့ ကောင်းကင် လည်း ပိုကြည်လင် လာမှပေါ့၊ လေထုလည်း သန့်ရှင်းလတ်ဆတ်လာပြီး ပင်လယ်ကမ်းခြေသွား လေကောင်း လေသန့်ရှုဖို့တောင်လိုမှာ မဟုတ်တော့ဘူး။ လ ျှပ်စစ်ဘတ်စကား၊ လ ျှပ်စစ် ထရပ်ကား၊ လ ျှပ်စစ်မော်တာသုံးစက်လှေ တွေအထိသာ ထုတ်လုပ်လိုက်လို့ကတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဆိုတာ ရေနံဆီလိုပဲ အရုပ်ရေးပြရတဲ့ဘ၀ ရောက်သွားနိုင်တယ်။
လ ျှပ်စစ်ကားတွေ၊ လ ျှပ်စစ်ရထားတွေအကြောင်းစဉ်းစားရင် ခြေလှမ်းတွေပို သွက်လာတယ်။ ကိုယ့် အတွေးနဲ့ ကိုယ်ကြည်နူး၊ တယ်စိတ်ကူးကောင်းတဲ့ ငါပါလားလို့ ကိုယ့်ကိုကိုယ် ချီးမွမ်းနေ မိတယ်။ လမ်းလေ ျှာက်ရတာ ပေါ့ပါးလွန်းတော့ ခြေထောက်နဲ့ မြေကြီးထိတယ်တောင် မထင် တော့ဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် လေထဲ လွင့်မျောနေတုန်း “ ဦးရဲ ၊ ဘာတွေ ဝယ်လာတာလဲ ” ဆိုတဲ့ စကားသံကြောင့် ကြည့် လိုက်တော့ ဒီနားမှာဖြတ်လေ ျှာက်ရင်း မျက်မှန်းတန်းမိ၊ နှုတ်ဆက်နေကြ သူ တစ်ယောက်။ သူနဲ့ သူ့ဇနီးက တိုက်ခန်းရှေ့ ပလက်ဖောင်း ပေါ်မှာ ပလတ်စတစ်ခုံပု လေးတွေနဲ့ ထိုင်နေတယ်။ ဝယ်လာတာတွေကို ပြန်ဖြေရင်း “ ခင်ဗျားတို့က ဘာလုပ် နေတာလဲ” လို့ မေးလိုက်တော့ “ ၅ ပျက် ၉ လာ လေဗျာ။ အိုက်လို့ အပြင်ထွက်ထိုင်နေတာ” တဲ့။ မီးစက် မနှိုးဘူးလားလို့မေးလိုက်တော့ “ ဟာဗျာ၊ ဒီဈေးနဲ့ နေ့ဘက် မီးစက်မသုံးနိုင် တော့ဘူး၊ ညဘက် ပဲ သုံးတော့တယ်” လို့ မျက်နှာအိုအိုနဲ့ ပြောရှာတယ်။
သူတို့နဲ့ စကားနည်းနည်းဆက်ပြောပြီးတော့ နှုတ်ဆက်ထွက်ခဲ့တယ်။ အတော်ဆိုးတဲ့ သူပဲ။ သူနဲ့ တွေ့မှ မီးကို အလှည့်ကျပေးနေတဲ့အကြောင်း သတိရသွားပြီး လ ျှပ်စစ်ကား အိပ်မက်လေး တောင် ဘယ်ရောက် သွားမှန်းမသိတော့ဘူး။

Same old thing. Do you think using less plastic bags may help ?
LikeLike
You should answer “I bought electric train” by shock!
LikeLike