ကျွန်တော်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးတဲ့အခါ စိတ်ပါဝင်စားသူတွေ ဖတ်နိုင် အောင်၊ နှစ်သက်သူတွေကလည်း တစ်ဆင့်မ ျှဝေနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာဆိုတော့ ကျွန်တော့်စာတွေ၊ ဓာတ်ပုံတွေကို အသုံးပြုချင်တယ်ဆိုရင် ခရက်ဒစ်ပေး သုံးရင် ရပြီလို့ပဲ အကြောင်း ပြန်လေ့ရှိ ပါတယ်။ ကျင့်ဝတ်အရ ခွင့်ပြုချက်တောင်းရင် ပိုကောင်းပေမယ့် ခွင့်ပြုချက်မတောင်းဘဲ သုံးရင်လည်း ကိုယ့်စာတွေကို လူတွေ ပိုသိအောင်လုပ်ပေးတယ် လို့ ပဲ သဘောထားလိုက်ပါတယ်။
ဒ့ါကြောင့်လည်း အခု လူပြောသူပြောများနေတဲ့ စာအုပ်ကိစ္စ မှာ ကျွန်တော့် ဆောင်းပါးလည်း သုံးထားတယ်လို့ မိတ်ဆွေတွေက အသိပေးလာတဲ့အခါ ကျန်တဲ့စာရေးသူများကျေနပ်အောင် တောင်းပန်ရင်ကောင်းတာပေါ့။ ကျွန်တော့်အတွက်ကတော့ ပြဿနာမရှိပါဘူးလို့ပဲ ပြောခဲ့ တယ်။
ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေရေးတဲ့ ပို့စ်တွေအောက်က မှတ် ချက် တွေ ကို ဖတ်ကြည့်တဲ့အခါ မူပိုင်ခွင့်ရှုထောင့်၊ ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်ကနေ ရေးတဲ့ သူရှိ သလို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ရေးသားတာလည်း တွေ့တယ်။ စကားလုံး သုံးစွဲမှုကလည်း နားခံသာအောင် ရေးသူရှိသလို ရင့်ရင့်သီးသီးရေးတာလည်းတွေ့တယ်။ သတင်းသမားတစ်ယောက်ရဲ့ အင်တာဗျူး မှာ လည်း မေးတဲ့သူက ဖိဖိနှိပ်နှိပ်မေးသလို အောက်ကမှတ်ချက်တွေမှာလည်း ပြင်း ပြင်းထန်ထန် ရေးတာတွေတွေ့ရတယ်။
တကယ်တော့ စာအုပ် စီစဉ်သူဟာ ရဟန်းဘဝမှာတည်းက သူ့စာတွေကြောင့် ထင်ရှားခဲ့ သူဖြစ်ပါတယ်။ သူ ရဟန်းဘဝကို စွန့်လွှတ်လိုက်ချိန်ကလည်း လူမှုကွန်ယက်ပေါ်မှာ အပြန် အလှန် ဝေဖန် ဆွေးနွေးမှုတွေအတော်များခဲ့တယ်။ မြန်မာစာပေလောကမှာ ၊ သာမန် လူနေမှု ဘဝမှာ လူပြန်တော်တွေအများကြီးရှိပေမယ့် လူသိများထင်ရှားတဲ့ ရဟန်း တစ်ပါးလည်း ဖြစ်၊ ဘာသာရေး ၊လူမှုရေးနောက်ခံအခြေအနေတွေကလည်း ရှုပ်ထွေးနေချိန်ဆိုတော့ စိတ်ဝင်စား သူများခဲ့ တာပေါ့။
အခု သူ့ကို ရင့်သီးပြင်းထန်စွာဝေဖန် ရေးသားချက်တွေကို ဖတ်ရတဲ့အခါ တကယ်လို့ သူသာ ရဟန်းဘ၀ နဲ့ ရှိ နေဦးမယ်ဆိုရင် ဒီလို အမှားလုပ်မိရင်တောင် အခု လောက် ချိုးချိုးဖဲ့ဖဲ့ ပြောဆို ဆက်ဆံခံရမှာ မဟုတ်ဘူး ၊ ရဟန်း ဘ၀ က ရရှိထားတဲ့ တန်ဖိုးကို စွန့်လွှတ်ပြီး သာမန်လူဝတ် ကြောင်ဘဝကို ခံယူလိုက်တဲ့အတွက် အခုလို ပြောဆိုထိုးနှက်တာကို ခံရတာ ပဲလို့ တွေးမိပါ တယ်။ တန်ဖိုးမတူရင် လူတွေရဲ့ ဆက်ဆံမှုလည်း မတူတော့ဘူးပေါ့။
ဒီလိုပြောတာဟာ လူပြန်တော်ဖြစ်သွားခြင်းကို အပြစ်ပြောတာမဟုတ်ဘူး။ တန်ဖိုးပြောင်းလဲ သွားတဲ့ သဘာဝကို ထောက်ပြခြင်းသာဖြစ်ပါတယ်။ ပုဂ္ဂလိက သဘောထားအရတော့ မိမိ အနေနဲ့ ဆက် လက်နေထိုင်ရန်မသင့်ဘူးဆိုတာကို သိတဲ့အတွက် ဆုံးဖြတ် ဆောင်ရွက်သွား တာဟာ ဘာမှမဖြစ်သလို ဟန် ဆောင်နေတာထက် ကောင်းတယ်လို့ပဲ မြင်မိပါတယ်။
လူငယ်ဘဝတုန်းကတော့ တန်ဖိုး လို့ပြောလိုက်ရင် ပစ္စည်းတစ်ခုကို ရောင်းဝယ်ဖို့ သတ်မှတ်ထား တဲ့ ငွေကြေး၊ ကျသင့်တဲ့ အခကြေးငွေ လို့ပဲ နားလည်မိတယ်။ နောင်မှ ဈေးနှုန်း နဲ့ တန်ဖိုး ဆိုတာ ကို ခွဲခြားနားလည်လာတယ်။ ပစ္စည်းဈေးနှုန်း နဲ့ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ ဝါဒ တစ်ခု ရဲ့ တန်ဖိုး ကွဲပြားခြားနားမှုကို မြင်တတ်လာတယ်။ ကိုယ်တာဝန်ထမ်းဆောင်ရတဲ့ အဖွဲ့အစည်း ရဲ့ တန်ဖိုးကို အလေးထားဖို့လိုကြောင်း သိလာတယ်။
မြန်မာအဘိဓာန်မှာတော့ တန်ဖိုးကို “အဖိုးတန် မှု” လို့ အနက်ဖွင့်ထားတယ်။ အောက်စ်ဖို့ဒ် အဘိဓာန်မှာတော့ တန်ဖိုး ( Value) ကို “ principles or standards of behaviour; one’s judgement of what is important in life.” လို့ အနက်ဖွင့်ထားတယ်။
တန်ဖိုး ဆိုတဲ့ စကားလုံးဟာ ၂၀ ရာစု မှာ အရေးကြီးတဲ့ နိုင်ငံရေးဝေါဟာရတစ်ခုလည်း ဖြစ်လာ တာကိုတွေ့ရတယ်။ မိမိနိုင်ငံ၊ မိမိအဖွဲ့အစည်း ထားရှိတဲ့ တန်ဖိုးတွေနဲ့ ပြိုင်ဘက်နိုင်ငံ၊ အဖွဲ့ အစည်း ရဲ့ တန်ဖိုးတွေ နှိုင်းယှဉ်ပြီး ဆွဲဆောင်စည်းရုံးလာကြတော့ ဒုတိယကမ္ဘာစစ်အစ စစ်အေး တိုက်ပွဲအလယ် အခုဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲ အဆုံး အင်အားပြိုင်ဆိုင်မှုတွေမှာ မိမိတို့ အလေး အမြတ်ထားတဲ့ တန်ဖိုးတွေကို ကာကွယ်နိုင်ဖို့တိုက်ခိုက်ရတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကို ကြားရတယ်။ မိမိပါတီ၊ မိမိတို့ လက်ခံတဲ့ နိုင်ငံရေးယုံကြည်ချက်တွေနဲ့ပတ်သက်ပြီး ပြောဆို စည်းရုံးတဲ့အခါမှာလည်း တန်ဖိုး ချင်းယှဉ်ပြီး ပြောကြတာပါပဲ။ တနည်းအားဖြင့် “ တန်ဖိုး” ဟာ နိုင်ငံတစ်ခု ၊ အဖွဲ့အစည်းတစ်ခု ၊ အယူဝါဒ တစ်ခုရဲ့ “ စံ ” သတ်မှတ်ချက်လည်းဖြစ်လာတယ်။
ဒါ့ကြောင့် ဘယ်လို အဖွဲ့အစည်း ဖြစ်ဖြစ် လေးစားလိုက်နာ ရမယ့် တန်ဖိုးဆိုတာရှိတယ်။ အဲဒီတန်ဖိုးတွေကို စာနဲ့ပေနဲ့ ၊ဥပဒေနဲ့ ရေးသား သတ် မှတ်ထားတာရှိသလို အစဉ်အလာအရ၊ ကျင့်ဝတ်အရ၊ ဓလေ့ထုံးတမ်းစဉ်လာအရ လိုက်နာ ဖို့ သတ်မှတ်ထားတာလည်း ရှိတယ်။ ပြီးတော့ အဲဒီတန်ဖိုးတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် လိုက်နာကျင့်သုံးအပ်တဲ့ အချက်တွေလည်း ရှိတယ်။ အဲဒီတန်ဖိုးတွေကို မထိန်းသိမ်းနိုင်ဘူးဆိုရင် အဖွဲ့အစည်းပေါ် လေးစားတန်ဖိုးထားမှု ပျောက်ဆုံးသွားမှာပဲ။
နောက်တစ်ခါ အဖွဲ့အစည်းတန်ဖိုး ဆိုတာ ပြိုင်ဘက်၊ရန်ဘက်က ထိုးနှက် လို့ပျောက်ဆုံး သွားနိုင်တဲ့အရာမဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်ဖျက်ဆီးမှ ပျက်ဆီး ဆုံးရှုံး သွားတဲ့အရာဖြစ် ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးလို့ တန်ဖိုးမဲ့ ကျဆုံး သွားရတဲ့ အဖွဲ့ အစည်းတွေ အများကြီးရှိခဲ့တယ်။
စာအုပ်တစ်အုပ် အကြောင်းကနေ ဆက်တွေးလိုက်ရင်တော့ သင်ခန်းစာယူစရာတွေ အများကြီး ပါပဲ။
အဖွဲ့အစည်းတန်ဖိုး ဆိုတာ ပြိုင်ဘက်၊ရန်ဘက်က ထိုးနှက် လို့ပျောက်ဆုံး သွားနိုင်တဲ့အရာမဟုတ်ဘူး။ ကိုယ့်ဘာသာ ကိုယ်ဖျက်ဆီးမှ ပျက်ဆီး ဆုံးရှုံး သွားတဲ့အရာဖြစ် ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးလို့ တန်ဖိုးမဲ့ ကျဆုံး သွားရတဲ့ အဖွဲ့ အစည်းတွေ အများကြီးရှိခဲ့တယ်။၊👏👏👏
LikeLike