ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီ ဒုတိယအကြိမ် စစ်ဆေးကြားနာမှု လုပ်တယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကြားနာမှုတွေမှာ အမေရိကန်ရှေ့နေချုပ်ဟောင်း ဝီလျံဘားရ် အပါအဝင် ထရမ့်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက တာဝန်ရှိသူတွေ ရဲ့ ထွက်ဆို ချက် တွေကို တင်ပြခဲ့တယ်။ ထရမ့်ရဲ့ သမီးနဲ့ သားမက်ရဲ့ ထွက်ဆိုချက်တွေကိုလည်း တင်ပြခဲ့တယ်။
အခုကြားနာမှုတွေမှာ ရှေ့နေချုပ်ဟောင်း ဘားရ်ရဲ့ ပြောဆိုချက်တွေက နိုင်ငံရေးအကဲခတ် လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုအများဆုံးရခဲ့တယ်။ ထရမ့်ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေကြား အငြင်းအခုန်ဖြစ်စရာအများဆုံးဖြစ်ခဲ့တယ်။
ဝီလျံဘားရ်ရဲ့ ထွက်ဆိုချက်တွေအကြောင်းဆက်မပြောခင် အမေရိကန်ရှေ့နေချုပ်ရဲ့ အရေး ကြီးမှု ကို သိဖို့လိုပါတယ်။ အမေရိကန်ရှေ့နေချုပ်ဟာ သမ္မတရဲ့ ဥပဒေဆိုင်ရာအကြံပေးအရာရှိ ဖြစ် သလို ပြည်ထောင်စုအဆင့် ဥပဒေရေးရာကိစ္စအ၀၀မှာ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြု ဆောင်ရွက်ရတယ်။ အမေရိကန်အခြေခံဥပဒေအရ ရှေ့နေချုပ်ကို သမ္မတ က အမည်စာရင်း တင်သွင်းပြီး အထက်လွှတ်တော် ( ဆီးနိတ်) ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ရပါတယ်။
ရှေ့နေချုပ်ဟာ တရားရေးဌာန (United States Department of Justice) ကို ဦးဆောင် ရသူ ဖြစ်ပါတယ်။ တရားရေးဌာနရဲ့အောက်မှာ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့ အစည်း တွေ ရှိတယ်။ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့ အက်ဖ်ဘီအိုင် ဟာ လည်း တရားရေးဌာနအောက်မှာရှိတယ်။
ရှေ့နေချုပ်ဟာ ဝန်ကြီးအဆင့်ဖြစ်ပြီး အမေရိကန်သမ္မတရဲ့ ဝန်ကြီးအဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ ရှေ့နေချုပ်တို့ကို အဓိက ဝန်ကြီးဌာနလေးခု အဖြစ် သတ်မှတ်ထားတယ်။
ဝီလျံဘားရ်က အဲဒီလို အရေးကြီးတဲ့ ရှေ့နေချုပ်တာဝန်ကို သမ္မတ ဘုရ်ှ ( အကြီး) အောက်မှာ ၁၉ ၉ ၁ ခုနှစ်ကနေ ၁၉ ၉ ၃ ခုနှစ်အထိ တစ်ကြိမ် နဲ့ သမ္မတ ထရမ့်အောက်မှာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ တစ်ကြိမ် နှစ်ကြိမ်ထမ်းဆောင်ဖူးတယ်။ ၁၈၅၀ ပြည့်နှစ်နောက်ပိုင်းမှာ မတူ ညီတဲ့ သမ္မတ နှစ်ယောက်အောက်မှာ အချိန်ခြားပြီးတာဝန်ထမ်းဆောင်ခွင့်ရတဲ့ တစ်ဦးတည်းသော ရှေ့နေချုပ်လည်းဖြစ်တယ်။
ဝီလျံဘားရ်က ရီပတ်ဘလီကင်ပါတီထောက်ခံသူ၊ ရီပတ်ဘလီကင်အမတ်တွေရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီတွေကို အလှုငွေထည့်ဝင်လေ့ရှိသူ၊ သမ္မတ ဘုရှ်လက်ထက် ရှေ့ နေ ချုပ် တာဝန်ယူချိန်က သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို အခိုင်အမာကာကွယ်ခဲ့သူဖြစ်တယ်၊ သမ္မတ ထရမ့် ၂၀၀၆ ရွေးကောက်ပွဲအနိုင်ရမှုမှာ ရုရှားနိုင်ငံပါဝင်ပတ်သက်မှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေး မှုတွေရဲ့ လုပ်ထုံးလုပ်နည်းအမှားတွေကို ဝေဖန်ထောက်ပြခဲ့သူလည်းဖြစ်တယ် ဆိုတော့ ထရမ့်က မျက်စိကျ ပြီး ရှေ့နေချုပ်အဖြစ်တာဝန်ပေးခဲ့တယ်။
သမ္မဘုရှ်လက်ထက်မှာ ဘားရ်ကို ရှေ့နေချုပ် ခန့်တော့ အထက်လွှတ်တော်ကြားနာမှုမှာ ရီပတ် ဘလီကင် အမတ်တွေရော၊ ဒီမိုကရက်အမတ်တွေပါ ဘားရ်ကို ထောက်ခံခဲ့ကြတယ်။ ထရမ့် လက်ထက်မှာ အမည်စာရင်းတင် တော့ ထရမ့်ဘက်က ကာကွယ်ပြောဆိုထားမှုတွေကြောင့် ဒီမိုကရက်အမတ်တွေက ဝိုင်းဆော် ကြ တယ်။ ဒါပေမယ့် အဲဒီအချိန်က အထက်လွှတ်တော်မှာ ရီပတ်ဘလီကင်ပါတီက အများစု နေရာ ရထားတော့ ထောက်ခံမဲ ၅၄ မဲ ၊ ကန့်ကွက်မဲ ၄၅ မဲ နဲ့ အတည်ပြုနိုင်ခဲ့တယ်။
ထရမ့်မေ ျှာ်လင့်တဲ့အတိုင်း ဘားရ်ကလည်း ဥပဒေဆိုင်ရာကိစ္စတွေမှာ ထရမ့်အစိုးရအတွက် ခိုင် ခိုင်မာမာရပ်တည်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ ဘားရ်နဲ့ ထရမ့် ကြား သဘောထားကွဲလာခဲ့တယ်။ ဘားရ်က ရွေးကောက်ပွဲရလဒ်ကို လက်ခံတာက အမေရိကန် ဒီမိုကရေစီအတွက် အကောင်း ဆုံးလို့ မြင်တယ်။ ထရမ့်က သူပြောနေတဲ့ ရွေးကောက်ပွဲ မသမာမှု ရှိတယ်ဆိုတာကို ဘားရ်က ထောက်ခံပြောစေချင်တယ်။ ရွေးကောက်ပွဲ မသမာမှုတွေကို အက်ဖ်ဘီအိုင်က စုံစမ်း စစ်ဆေးတာမျိုး လုပ်စေချင်တယ်။
ဘားရ်က အဲဒီလို စုံစမ်းစစ်ဆေးဖို့အတွက် လုံလောက်တဲ့ အထောက်အထားမရှိဘူးဆိုပြီး ငြင်း တယ်။ သမ္မတ ထရမ့်ကို “ တရားရေးဌာနဟာ ရွေးကောက်ပွဲမှာ ဘက်လိုက်လို့ မရဘူး။ တရား ရေးဌာနဟာ သမ္မတ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီရဲ့ ရှေ့နေအဖွဲ့မဟုတ်ဘူး။” လို့ ပြန် ပြောခဲ့တယ်။
၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၁ ရက်နေ့ အေပီသတင်းထောက်နဲ့တွေ့ဆုံ ဖြေကြားခဲ့ ချိန်မှာ ထရမ့် ပြောနေတဲ့ ရွေးကောက်ပွဲ မသမာမှုဆိုတာတွေနဲ့ပတ်သက်ပြီး ဘားရ်က ထရမ့် ပြောလို အုံနဲ့ ကျင်းနဲ့ စနစ်တကျ မဲခိုးခဲ့တယ်ဆိုတာကို သက်သေပြနိုင်တဲ့ ခိုင်လုံ တဲ့အထောက် အထား မရှိ ဘူး လို့ပြောခဲ့တယ်။
အဲဒီပြောကြားချက်သတင်းထဲမှာပါလာတော့ ထရမ့်က ဘားရ် ကို ခေါ်တွေ့တယ်။ “ ခင်ဗျား တကယ်ပြောခဲ့သလားလို့မေးတယ်”။ ဘားရ်က “ ဟုတ်တယ်” လို့ ဖြေလိုက်တော့ ထရမ့် က “ဘာ့ကြောင့် အဲဒီလိုပြောရလဲလို့” မေးတယ်။ ဘားရ်က “ ဒါ အမှန်တရားပဲ။ တရားရေး ဌာန ရဲ့ တွေ့ရှိချက်အတိုင်းပဲ ဖြေခဲ့တာပါ” လို့ ပြန်ပြောခဲ့တယ်။ နောက်ပြီး ထရမ့်ကို “သမ္မတ ကြီးရဲ့ လူတွေ အခုထွက်ပြောနေတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ စုံစမ်းကြည့်ပြီးပြီ၊ အားလုံး ေ -ာက်တလွဲတွေပဲ ( Bullshit )” လို့ ခပ်ကြမ်းကြမ်း ပြော ခဲ့တယ်။
နောက်ဆုံးမှာတော့ ဘားရ်က သူ့ရပ်တည်ချက် ပြည်သူတွေရှင်းရှင်းလင်းသိနိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတ ထရမ့်ဆီကို နုတ်ထွက်ခွင့်တောင်းခံတဲ့စာ တင်ပြ ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တရားဝင်နုတ်ထွက်ခဲ့တယ်။
အခုကျင်းပနေတဲ့ လွှတ်တော်ကြားနာမှုတွေမှာ ဝီလျံဘားရ်က ရွေးကောက်ပွဲနောက်ပိုင်း သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ထရမ့် ရဲ့ ပြုမှုလုပ်ဆောင်ပုံတွေကို ခရေစေ့တွင်းကျ ပြောပြခဲ့တယ်။ သူ က ထရမ့်ဟာ ရွေးကောက်ပွဲနေ့မှာထဲက သူသာရှုံးရင် မဲခိုးခံရတယ်လို့ ပြောဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ၊ သူအပါအဝင် အခြေအနေမှန်ကို သိတဲ့သူတွေက ရွေးကောက်ပွဲ အရှုံးကိုလက်ခံဖို့ ပြော တာမှန်သမ ျှကို ပယ်ချခဲ့တယ်။ နောက်ဆုံး ဘယ်လိုမှ ရှင်းပြလို့မရတဲ့အတွက် ရာထူးက နုတ် ထွက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့တယ်။
ဘားရ် ရဲ့ ပြောကြားချက်တွေက ထရမ့် နဲ့ထရမ့် အမာခံတွေအတွက် အမျက်ဒေါသ ချောင်း ချောင်းထွက်စရာဖြစ်ခဲ့တယ်။ ထရမ့်က “ဘားရ်ဟာ ရွေးကောက်ပွဲမသမာမှုတွေကို စုံစမ်း ဖို့ သတ္တိ မရှိတဲ့သူ” လို့ မှတ်ချက်ပေးတယ်။ ဘားရ်ကတော့ ဒီလို ဝေဖန်တိုက်ခိုက်မှုတွေကို မေ ျှာ်လင့်ပြီး သားပါ။ သူ့ရပ် တည်ချက်ကို ပြောင်းဖို့ အကြောင်းမရှိဘူးလို့ နယူးဝိခ် သတင်းထောက်ကို ပြောတယ်။
ထရမ့် နဲ့ သူ့အမာခံတွေကတော့ ဘားရ် ကို သစ္စာဖောက်ဆိုပြီး ဝေဖန်တိုက်ခိုက်မှာ ပဲ။ ဒါပေမယ့် နိုင်ငံတော်မျက်နှာတစ်ခုတည်းကိုပဲ ကြည့်၊ နိုင်ငံတော်အပေါ်မှာပဲ သစ္စာရှိတဲ့သူ တွေ ကြောင့် အမေရိကန်ဒီမိုကရေစီစနစ်တည်မြဲနေတယ်ဆိုတာကိုတော့ မေ့မထားသင့်ဘူး။ဝီလျံ ဘားရ်ရဲ့ အဖြစ်အပျက်က အရေးကြုံလာတဲ့အခါ နိုင်ငံရေးသံယောဇဉ်ထက် နိုင်ငံတော်အကျိုးကို ဦးစားပေးရမယ်ဆိုတဲ့ အချက်ကို သတိပေးလိုက်လည်းဖြစ်ပါတယ်။
