ဒီဆောင်းပါးက ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ရေးတင်ခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့ စင်္ကာပူ ကို အလုပ်သဘောခရီးစဉ် (Working Visit ) လာတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ကျွန်တော် ပညာဆည်းပူးနေတဲ့ ISEAS Yusof Ishak Institute ကစီစဉ်တဲ့ အခမ်းအနားမှာ “Myanmar’s Democratic Transition: Challenges and Way Forward” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြော ပို့ချတော့ ကျွန်တော်လည်း တက်ရောက်နားထောင်ခွင့် ရတယ်။
အဲဒီဟောပြောပွဲမှာ စင်္ကာပူရောက်မြန်မာနိုင်ငံသား များနဲ့ စကားပြောရင်းနဲ့ရခဲ့တဲ့အတွေးကို “ တံဆိပ်ကပ်နိုင်ငံရေး” ဆိုပြီး ရေး ထားတာဖြစ်ပါတယ်။ မဖတ်ရသေးသူများဖတ်နိုင်ဖို့မ ျှဝေပါတယ်။
xxxx အဲဒီမှာ “တံဆိပ်ကပ်နိုင်ငံရေး” စတော့တာပဲ။ အခြားနိုင်ငံတွေကို မကြည့်နဲ့။ မြန်မာ့နိုင်ငံရေးမှာ တောင် “လက်ဝဲ၊ လက်ယာ၊ ကွန်မြူနစ်၊ တန်ပြန်တော်လှန်ရေးသမား၊ ဖောက်ပြန်ရေးသမား၊ ဝိ သမ လောဘသား၊ အရင်းရှင်၊ xx အုပ်စု၊ xx ပါတီ၊ ခွဲထွက်ရေး၊ စီအိုင်အေ၊ အာဏာရှင်၊ xx အဖွဲ့၊ xx ဘာသာ” စသည် စသည်ဖြင့် တံဆိပ်တွေ ကပ်နေကြတာ၊ စွတ်စွဲနေတာတွေ ကြားခဲ့ရ၊ ကြား နေဆဲ ပဲ။xxx
xxxxx “တံဆိပ်ကပ် နိုင်ငံရေး” အားကောင်းလာရင် အဓိက နစ်နာဆုံးရှုံးတာကတော့ အဲဒီပါတီ/ အဖွဲ့ အစည်းရဲ့ခေါင်းဆောင်ပဲ။သူ့အနားကလူတွေ၊သူတာဝန်ပေးထားတဲ့သူတွေက သူတို့လုပ်ဆောင် ချက် အမှားတွေ၊ မူဝါဒတွေအမှားတွေ ကို ဝေဖန်ထောက်ပြမှုတွေနဲ့ ကြုံတဲ့ အခါ “ အဲဒါတွေက xx အဖွဲ့က သက်သက် ဝါဒဖြန့်တာပါ။” “ ဒီလူတွေကို xx ကဝယ်ထားလိုက် ပြီ။” “ ဒီအဖွဲ့က xx နဲ့ ပေါင်းသွားပြီ။” ဆိုတဲ့ ဆင်ခြေတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားလာကြတယ်။ အဲဒီလို စကားတွေကို ခေါင်းဆောင်လုပ်သူက ယုံကြည်သွားမယ်ဆိုရင် ဒုက္ခရောက်မယ့် လမ်းပေါ် ကိုရောက်သွားမှာ သေ ချာတယ်။
( ဆောင်းပါးကောက်နှုတ်ချက်)
တံဆိပ်ကပ်နိုင်ငံရေး
မနေ့က ( သြ ၂၁ ) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပို့ချချက်ပွဲမှာ စင်္ကာပူရောက် မြန်မာနိုင်ငံ သားလေးငါးယောက်နဲ့ စကားပြောခွင့်ရခဲ့တယ်။ အဲဒီအထဲက နှစ်ယောက်ကတော့ ကျွန်တော့်ကို အကြံပေးသွားတယ်။ ပြီးတော့ မေးခွန်းတစ်ခုမေးသွားတယ်။
အကြံပေးတာကတော့ ကျွန်တော့်စာတွေကို သူတို့စောင့်ဖတ်တယ်။ ဗဟုသုတရတာလည်းရှိ တယ်။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆန်ဆန် ထိကပါး ရိကပါးရေးတာကိုတော့ မကြိုက်ဘူးလို့ အစချီပြီး သူတို့ အမြင်ကိုရှင်းပြတယ်။ ပြောတာက နှစ်ယောက်ပါ။ တစ်ယောက်ချင်းလာပြောတာဖြစ်ပေ မယ့် သဘောတရားကတော့ အတူတူပါပဲ။ သူတို့ပြောတဲ့အချက်တွေထဲမှာ စဉ်းစားသင့်တဲ့ ဆင် ခြင်သင့်တဲ့အချက်တွေပါတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဟာသတွေ၊ ထေ့လုံးတွေ နည်း အောင်ဆင်ခြင်ပါ့မယ်လို့ပြောခဲ့တယ်။
နောက်မေးခွန်းတစ်ခုကတော့ “ကျွန်တော်ပို့စ်တွေရေးနေတာ ပိုက်ဆံရလို့လား”တဲ့။ အဲဒီ သဘော မျိုးကို ကျွန်တော့ ဖဘ မိတ်ဆွေ ပညာရှင်တစ်ယောက်ကလည်း သူ့ဝေါ်လ်မှာရေးဖူးတယ်။ သူက တိုက်ရိုက်မေးတာမဟုတ်၊ စောင်းပါးရိပ်ခြေရေးထားတာဆိုတော့ ပြန်ရှင်းမပြခဲ့ပါဘူး။ အခု ပုဂ္ဂိုလ်က တော့ သူသိချင်တာကို တိုက်ရိုက်လာမေးတဲ့အတွက် သူ့စိတ်ဓာတ်ကိုလည်းလေးစားတယ်။ ဒါ့ ကြောင့် အခုလို ပြန်ရှင်းပြခဲ့တယ်-
“သမ္မတ ဦးသိန်းစိန်အစိုးရမှာ ၂၀၁၂ – ၂၀၁၆ အထိ ဒုဝန်ကြီး၊ ဝန်ကြီးတာဝန်ထမ်းဆောင်ခွင့်ရခဲ့ တယ်။ သမ္မတရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေရဲ့ ၈၀% ကို အဲဒီကာလ၊ အဲဒီအခြေအနေအရ လုပ်သင့်လုပ်ထိုက်လို့လုပ်ခဲ့ရတယ်လို့ယုံကြည် လက်ခံတယ်။ ၂၀% နဲ့ပတ်သက်ရင်တော့ အခြား နည်း လမ်းနဲ့ လုပ်ရင်ပိုကောင်းမလားလို့ စဉ်းစားမိ၊ ဆွေးနွေးမိပေမယ့် သမ္မတနဲ့ အစိုးရ အဖွဲ့ရဲ့ အဆုံးအဖြတ် ဖြစ်တဲ့အတွက် လက်ခံခဲ့တယ်။ ဒ့ါကြောင့် ကိုယ်တာဝန်ထမ်းဆောင်စဉ် ကာလမှာ ဒီမူဝါဒတွေ အကောင် အထည်ဖော်နိုင်ဖို့အတွက် စိတ်ရော ကိုယ်ပါ အားထုတ်လုပ် ခဲ့တယ်။”
“အစိုးရအဖွဲ့တာဝန်ကနေ အနားယူပြီးတဲ့ အချိန်မှာ ကိုယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီး လူတွေသိအောင်မ ျှဝေတယ်။ မှားယွင်း ပြောနေတာရှိရင် ပြင်ဆင်ထောက်ပြတယ်၊ ကိုယ်မှားခဲ့တဲ့ အမှားမျိုးကို နောက်လူက လိုက်လုပ် နေတယ်၊ လိုက်လုပ်တော့မယ့် အရိပ်အခြေ မြင် နေတယ်ဆိုရင် ကိုယ့်အတွေ့ အကြုံနဲ့ယှဉ်ပြီး ထောက်ပြမယ်။ ဒီ့အတွက် စာတွေရေးနေတာပါ။ငွေရလို့ရေး တာမဟုတ်ဘူး။ငွေလည်းမရဘူး”
အဲဒီပုဂ္ဂိုလ်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် သူ့မေးခွန်းကနေတဆင့် တံဆိပ်ကပ်နိုင်ငံရေးအကြောင်း ဆက် တွေးမိတယ်။
တံဆိပ်တွေ၊ ဆိုင်းဘုတ်တွေ
လူတစ်ယောက်က ကိုယ့်လုပ်ရပ်ကို ကိုယ်ကာကွယ်ချင်တဲ့အခါ အလွယ်ဆုံးသုံးလေ့ရှိတဲ့ စကားက “ မနာလိုလို့ပြောတာပါ ” ဆိုတဲ့စကားပဲ။ ဒီသဘောတရားက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့ အစည်းတွေရဲ့ ခေါင်းဆောင်တွေအထိ သက်ရောက်တယ်။
ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အခါ ခေါင်းဆောင်တွေရဲ့စိတ်မှာ သံသယတွေဖြစ်တယ်။ စိုးရိမ်မှုတွေ ဖြစ်တယ်။ အစွန်းရောက်သွားတဲ့အခါ ကိုယ့်ပြိုင်ဘက်ကို မုန်းလာတယ်။ ဒီစိတ်ထားက တစ်ခါ တစ် လေ ခေါင်းဆောင်ဆီကနေ အောက်ခြေကို ဆင်းသွားတယ်။ တစ်ခါတစ်ခါကျ တော့လည်း အောက် ခြေကနေ ခေါင်းဆောင်ရဲ့ အတွေးအမြင်ကို လွှမ်းမိုးသွားတယ်။ အဲဒီအခါမှာ ကိုယ့်ကို ဝေဖန်တာ၊ မှန်သမ ျှကို ရန်/ငါ ရှုထောင့်ကပဲကြည့်တော့တယ်။ ကြားအမြင်၊ လွတ်လပ် တဲ့ အမြင်တွေရှိနိုင်တယ် ဆိုတာကို မေ့သွားတယ်။ ကိုယ့်ပြိုင်ဘက်မှာလည်း မှန်တဲ့အချက်၊ ကောင်းတဲ့အချက်ရှိနိုင်တယ် ဆိုတာကို မတွေးတော့ဘူး။
အဲဒီမှာ “တံဆိပ်ကပ်နိုင်ငံရေး” စတော့တာပဲ။ အခြားနိုင်ငံတွေကို မကြည့်နဲ့။ မြန်မာ့နိုင်ငံရေးမှာ တောင် “လက်ဝဲ၊ လက်ယာ၊ ကွန်မြူနစ်၊ တန်ပြန်တော်လှန်ရေးသမား၊ ဖောက်ပြန်ရေးသမား၊ ဝိ သမ လောဘသား၊ အရင်းရှင်၊ xx အုပ်စု၊ xx ပါတီ၊ ခွဲထွက်ရေး၊ စီအိုင်အေ၊ အာဏာရှင်၊ xx အဖွဲ့၊ xx ဘာသာ” စသည် စသည်ဖြင့် တံဆိပ်တွေ ကပ်နေကြတာ၊ စွတ်စွဲနေတာတွေ ကြားခဲ့ရ၊ ကြား နေဆဲ ပဲ။
ဒီနေရာမှာ အဲဒီ အဖွဲ့တွေ၊ အုပ်စုတွေက လုပ်တာမရှိဘူးလားလို့ မေးစရာရှိပါတယ်။ ရှိနိုင်တာ ပေါ့။ ရှိမှာပေါ့။ အရေးကြီးတာက –
၁။ ဝေဖန်ထောက်ပြနေသူတွေထဲမှာ ကိုယ့်ပြိုင်ဘက်က ၊ ကိုယ့်အကျိုးကိုမလိုလားတဲ့ အုပ်စုက တိုက်ရိုက်လုပ်ဆောင်တာ၊ သွယ်ဝိုက်အားပေးတာတွေပါနိုင်တယ်။
၂။ ဒါပေမယ့် ဝေဖန်ထောက်ပြနေသူအားလုံးဟာ ကိုယ့်ပြိုင်ဘက်က မြှောက်ပေးနေသူတွေမဟုတ် ဘူး။
ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။
“တံဆိပ်ကပ် နိုင်ငံရေး” အားကောင်းလာရင် အဓိက နစ်နာဆုံးရှုံးတာကတော့ အဲဒီပါတီ/ အဖွဲ့ အစည်းရဲ့ခေါင်းဆောင်ပဲ။သူ့အနားကလူတွေ၊သူတာဝန်ပေးထားတဲ့သူတွေက သူတို့လုပ်ဆောင် ချက် အမှားတွေ၊ မူဝါဒတွေအမှားတွေ ကို ဝေဖန်ထောက်ပြမှုတွေနဲ့ ကြုံတဲ့ အခါ “ အဲဒါတွေက xx အဖွဲ့က သက်သက် ဝါဒဖြန့်တာပါ။” “ ဒီလူတွေကို xx ကဝယ်ထားလိုက် ပြီ။” “ ဒီအဖွဲ့က xx နဲ့ ပေါင်းသွားပြီ။” ဆိုတဲ့ ဆင်ခြေတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားလာကြတယ်။ အဲဒီလို စကားတွေကို ခေါင်းဆောင်လုပ်သူက ယုံကြည်သွားမယ်ဆိုရင် ဒုက္ခရောက်မယ့်လမ်းပေါ်ကိုရောက်သွားမှာ သေ ချာတယ်။
ဒုတိယ နစ်နာဆုံးရှုံးတာကတော့ လူထုပဲ။ “တံဆိပ်ကပ်နိုင်ငံရေး” အားကောင်းနေမယ်၊ အာဏာရှိ တဲ့ သူတွေကလည်း “တံဆိပ်ကပ်နိုင်ငံရေး” ကို လက်ခံကျင့်သုံးနေမယ်ဆိုရင် လူ့အဖွဲ့အစည်းထဲ မှာ မီဒီယာအပါအဝင် လွတ်လပ်တဲ့အသံတွေ နည်းသွားမှာပေါ့။ လွတ်လပ်တဲ့အသံတွေနည်းသွား ရင် လူထုရဲ့ နိုင်ငံရေးရေချိန်ကျသွားမယ်၊ နိုင်ငံရေး ရေချိန်ကျသွားရင် အစွန်းရောက်အယူအဆတွေ ပိုအားကောင်းဖို့ အခြေအနေဖြစ်လာမှာပဲ။
မမုန်းနဲ့
ပြီးခဲ့တဲ့ ဇွန်လက ရန်ကုန်မှာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပါဝင် ဆွေးနွေးခဲ့တယ်။ အဲဒီမှာ နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် ကိုယ့်ပြိုင်ဘက် ဒါမှမဟုတ် တစ် ဘက် အဖွဲ့အစည်းကို မမုန်းမိစေနဲ့။ အဲဒီလို မုန်းတဲ့စိတ်ဝင်သွားတာနဲ့ ကိုယ့် ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေကို ခံစားချက်က ဦးဆောင်သွားပြီ၊ ဆင်ခြင်တုံတရား အတွက်နေရာ မရှိတော့ဘူး။ အဲဒီအခါမှာ
၁။ ပြိုင်ဘက်ရဲ့ ကောင်းတဲ့အချက်တွေကို မမြင်နိုင်တော့တဲ့အတွက် ဘုံသဘောတူညီချက်၊ ဘုံ အကျိုးစီးပွားရှာဖို့ခက်သွားပြီ။
၂။ ငါ ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေဘဲလို့ သဘောထားလာတဲ့အတွက် လူပေါင်းမှားတတ် တယ်။
၃။ ပြိုင်ဘက်ကို မှန်ကန်စွာအကဲမဖြတ်နိုင်တဲ့အတွက် သူ့ထောင်ချောက်ထဲကို ကျတတ် တယ်။
လို့ရှင်းပြခဲ့တယ်။
အခု ကျွန်တော်တို့ ဘယ်အခြေအနေမှာရောက်နေလဲ။ တံဆိပ်တွေ၊ ဆိုင်းဘုတ်တွေများနေလား။ ပြိုင်ဘက်တွေ၊ တစ်ဘက်အဖွဲ့အစည်းတွေကို မုန်းနေသလား။ အဲဒါဟာ ဒီမိုကရေစီခရီး နီးသလား၊ ဝေးသလား ဆိုတာရဲ့ အဖြေပါပဲ။

Thanks for sharing your article. Many happy returns to DASSK.
LikeLike