ခေတ်သုံးခေတ် ကားဆရာ

ဗင်ကားလေးက အငှားကားထဲမှာတော့ အတော်သန့်တယ် လို့ ပြောရမယ်။ ကားအတွင်း ပိုင်း က သန့်ရှင်းသလို ကားသမားနေရာကိုလည်း ကိုဗစ်ကာကွယ်ရေးအတွက် ပလတ်စတစ်နဲ့ ကာ ထားတယ်။ ခုံနောက်မှီမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လက်ဆေးဖို့ ၊ နှာခေါင်းစည်း တပ်ဖို့ သတိပေးတဲ့ စတစ်ကာ ကပ်ထားတယ်။ ရှေ့ထိုင်ခုံနှစ်ခုကြားမှာ လက်သန့်ဆေးရည် ဘူး လေး ရှိတယ်။ ခရီးသည်တွေ လိုအပ်ရင် ဖုန်းအားသွင်းနိုင်ဖို့ အားသွင်းကြိုးလေးတစ်ချောင်း ရှိ တယ်။

ကားဆရာက ရှပ်အကျီ ၤအဖြူ လည်ကတုံး လက်တို၊ ဆံပင်တိုတိုနဲ့ဆိုတော့ သူ့ပုံက အငှားယာဉ်မောင်း ထက် ရုံးဝန်ထမ်း တစ်ယောက်နဲ့ ပိုတူတယ်။ စကားပြောကြည့်တော့ နိုင်ငံ့ဝန်ထမ်းဟောင်း ဆိုတာ သိလိုက်ရတယ်။ကျွန်တော့်ကို ဘယ်သူမှန်းမသိပါဘူး။ ဒါပေမယ့် ကျွန်တော်လည်းဝန်ထမ်းဟောင်း ဆိုတာ ပြောပြ လိုက်တော့ စကားပြောလို့ပိုကောင်းသွားတယ်။

သူကအငှားယာဉ်မောင်းဘဝကို ရောက်တာ မကြာသေးဘူး။ ရှစ်လ ကိုးလလောက်ပဲရှိသေးတယ်။ ဒီကားက ဂက်စ်ကား။ တစ်နေ့ အုံနာခ တစ်သောင်းရှစ်ထောင် ပြင်ငြိမ်း နဲ့ ယူပြီးမောင်းနေတာ။ ပြင်ငြိမ်း ဆိုတာက အုံနာက အကုန်ပြင်ပေးတယ်။ ကားဆရာက ဘာမှ စိုက်ဖို့မလိုဘူး။ ဒီကားကို သူစယူ တော့ အုံနာကြေးက တစ်သောင်းနှစ်ထောင်။ အခု ဆီဈေးတွေတက်တော့ ဂက်စ်ကား အုံနာခတွေ လည်း လိုက်တက်လာတယ်။ ဒါပေမယ့် အုံနာကို ဈေးမဆစ်ရဲဘူး။ ကိုယ်မယူရင် လည်း ဂက်စ် ကားဆိုရင် မောင်းချင်တဲ့သူတွေက တန်းစီနေတာဆိုပဲ။

အခု ဆီဈေးတွေပြန်ကျနေပေမယ့် အုံနာခက မကျသေးဘူးတဲ့။ “ဆီဈေးကျတယ်ဆိုတာ လည်း နှစ်ထောင်အောက်ရောက်တာကို ပြောတာပါဗျာ၊ လူ့စိတ်ကလည်း အတော်ထူးဆန်းတယ်။ တစ်လီတာ နှစ်ထောင်ကျော်နဲ့ ဒုက္ခရောက်နေတော့ နှစ်ထောင်အောက်ရောက်တာကို ဝမ်းသာ နေပြန်ရော၊ အရင်က နိုင်တီတူး တစ်လီတာ ငါးရာကျော် ခြောက်ရာ နဲ့ရခဲ့ဖူးတာတောင်မေ့သွား ကြပြီ” လို့ ကားဆရာက သုံးသပ်တယ်။

ခင်ဗျားက ဂက်စ်ကားဆိုတော့ ပြောအားရှိတာပေါ့ဗျာ လို့ ဆိုတော့ ကျွန်တော်တို့လည်း တန်းစီရတဲ့ ဒုက္ခ၊ ပေါင်မပြည့်တဲ့ ဒုက္ခတွေရှိပါတယ်၊ ဆီသမားကလည်း ဆီဖိုးက ရှာလို့ရတာ ရဲ့ တစ်ဝက်၊ ဂက်စ်သမားကလည်း အုံနာခ က တစ်ဝက်ပါပဲ လို့ ပြောတယ်။ ဒါ့ကြောင့် ကားခ တွေ လည်းဈေးတက်တာပေါ့ ဆိုတော့ ရယ်တယ်။ တကယ်လည်း အရင်က သုံးထောင့်ငါးရာ လေးထောင် ပေးရတဲ့ ခရီးကို ခြောက်ထောင်ပေးပြီး စီးနေရတာကိုး။ Grab မဝင်ဘူးလား လို့ မေးတော့ ၂၀% ပေးရတာ မကိုက်ဘူး။ ကိုယ့်ကားနဲ့ ကိုယ်ဆိုရင်တော့ မဆိုးပါဘူးလို့ ဆိုတယ်။

ကားဆရာက ဝန်ထမ်းဘဝမှာ ပဲခူးတိုင်းထဲက ခရိုင်မြို့တစ်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ရန်ကုန်ဇာတိဆိုပေမယ့် သူ့ဝန်ထမ်းဘ၀ နှစ်နှစ်ဆယ်ကျော်က ပဲခူးတိုင်းထဲမှာပဲ ကျင်လည်ခဲ့တာ။ မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ သားသမီး နှစ်ယောက် ရှိတယ်။ သမီးကြီးက သူ့အိမ်ထောင်နဲ့ သူ၊ သားအငယ်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်က နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ထွက်သွားတယ်။ “ ကိုယ်ကတော့ ငွေဘယ်တတ် နိုင်မလဲ၊ ဟိုရောက်မှ လစာနဲ့ ပြန်ဆပ်ရမှာ၊ ခြောက်လလောက်တော့ ချွေချွေတာတာနဲ့ နေရ မှာ ပေါ့။ နောက်ဆိုရင်တော့ အဖေ၊ အမေကို ပြန်ထောက်နိုင်မှာပါ” လို့ မေ ျှာ်လင့်ချက်အပြည့်နဲ့ ပြော တယ်။

စကားခဏပြတ်သွားပြီးတော့မှ “ ပတ်စပို့ရုံးမှာ ၊ သံရုံးတွေမှာ တန်းစီနေတဲ့ ကလေးတွေ အများ ကြီးပဲ၊ နောင်ဆိုရင် လူကြီးတွေပဲ ကျန်ခဲ့တော့မယ်ထင်တယ်” လို့ ပြောတယ်။ ဒီတစ်ခါ တော့ သူ့လေသံ က စိတ်ပျက်အားလျော့တဲ့ အသံဖြစ်သွားတယ်။

ကားဆရာရဲ့ အရွယ်က ပင်စင်ယူရမယ့်အရွယ်တော့မဟုတ်သေးဘူး။ တိုက်ရိုက်မေးရမှာလည်း အားနာတော့ ကျန်းမာရေးကြောင့် နားလိုက်တာလား လို့ မေးကြည့်လိုက်တဲ့အခါ မဟုတ်ဘူး၊ လုပ်ရတာမပျော်လို့ ထွက်လိုက်တာလို့ ဆိုတယ်။

သူက CDM ဖြစ်လို့ ထွက်တာမဟုတ်ဘူးလို့လည်း ပွင့် ပွင့်လင်းလင်းပဲ ပြောတယ်။ ဒါပေမယ့် ဝန်ထမ်းဆိုတာက လူတွေနဲ့ ဆက်ဆံရတာဆိုတော့ လူ တွေ အမြင်မကြည်ရင် လုပ်ရတာ အဆင် မပြေဘူးပေါ့ဗျာ လို့ ဆိုတယ်။ ဒီလိုနဲ့ တာဝန်ကျ တဲ့မြို့ မှာနေတဲ့ ခြံကွက်ကို ရောင်း၊ ရန်ကုန်ကို ပြောင်းလာပြီး အငှားကား မောင်းတော့တာပဲ။

လုပ်သက် နှစ်ဆယ်ကျော်သူ့ဝန်ထမ်းဘဝကို လူတွေက မကြိုက်ပေမယ့် အလိုက်သင့် နေ တဲ့ခေတ်၊ နည်းနည်းအမြင်ကောင်းလာတဲ့ခေတ်၊ ဝိုင်းကူတဲ့ခေတ်၊ ခေတ် သုံးခေတ် ကို ဖြတ်ခဲ့ တယ် ဆိုပြီး ဆစ်ပိုင်းပြတယ်။

သူတို့ဌာနက ရုံးပေါ်ကနေ စာနဲ့လုပ်ရတဲ့ ဌာန မ ဟုတ်ဘူး၊ လူကြားထဲဆင်းပြီး လုပ်ရတဲ့ ဌာနဆိုတော့ လူတွေက ငါတို့ အစိုးရ ဆိုပြီး စိတ်ပါလက်ပါ ဝိုင်းကူ ရင် ပိုအောင်မြင် တာပေါ့ ဆိုပြီး သူ့အတွေ့အကြုံကို ပြောတယ်။ ပြီးတော့မှ ခေတ်မျိုးစုံ ကြုံပြီး မှတော့ မကြိုက်ရုံတင်မဟုတ်တော့ဘူး မုန်းတဲ့ အဖြစ်ကို မခံနိုင်တော့ဘူးလို့ပြောပြီး စကားရပ် သွားတယ်။

ခဏနေတော့မှ “ ကျွန်တော့်မှာ ရွေးချယ်နိုင်တဲ့အခြေအနေရှိတာ ကံကောင်းတာပဲ” လို့ဆိုတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ ငြိမ်သွား တယ်။ ဘေးမှန်တွေချပြီး ကားမောင်းနေပေမယ့် ကားထဲမှာ မွန်းကျပ်လှောင်ပိတ်နေတာပဲ။

ခရီးဆုံးကိုရောက်တော့ ကားဆရာကို ရှစ်ထောင်ပေးလိုက်တယ်။ သူက နှစ်ထောင်ပိုနေတယ် လို့ ပြောတော့ ခင်ဗျားစကားတွေအတွက် ကျေးဇူးတင်လို့ ပိုပေးတာပါဗျာလို့ပြန်ပြောလိုက်တယ်။ ကားဆရာက နားမလည် သလို ပြန်ကြည့်ရင်း ဒါဆိုကျေးဇူးတင်တယ်ဗျာ လို့ ပြောပြီးထွက် သွားလေရဲ့။

တစ်ချိန်က “ရထားကြီးထွက်ပြီ” လို့ပြောတဲ့ သူငယ်ချင်းကို “ရထားထွက်ပေမယ့် ဘယ်ဘူတာ ရောက်ရောက် လက်မှတ်မဲ့ က လက်မှတ်မဲ့ ပဲ” လို့ ပြန်ပြောခဲ့ဖူးတယ်။

ဒီတစ်ခါ သူနဲ့ပြန် ဆုံရင်တော့ “ လူရာမဝင်တဲ့ လက်မှတ်မဲ့လည်း စီးခဲ့ဖူးတဲ့၊ လက်မှတ်ဝယ်ပြီး ထိုင်ခုံ နဲ့ ဟန်ကျ ပန်ကျလည်း စီးခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ နောက်တစ်ကြိမ် လက်မှတ်မဲ့ စီးဖို့ မသင့်တော့ဘူး” ဆိုတဲ့ အယူအဆကို ဆွေးနွေးရမယ်။

One thought on “ခေတ်သုံးခေတ် ကားဆရာ

  1. Love your story, same time very saddened for those people who are going through hard life because of their conscience. People with morals shouldn’t be punished . Where is justice?

    Like

Leave a Reply to Melody Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: