ဝါးလုံးတန်းမှာ ပလတ်စတစ်အိတ်လေးတွေ တွဲလောင်းဆွဲထားတယ်။ မြေကြီးပေါ်မှာ ရေသန့် ဘူး လေးတွေထောင်ထားတယ်။ ပလတ်စတစ်အိတ်တွေထဲမှာ မ ျှစ်စိုတွေ ၊ မ ျှစ်ပြုတ်တွေ၊ မ ျှစ်ချဉ် တွေ ရှိတယ်။ ရေသန့် ဘူးထဲမှာ ပါးပါးလှီးထားတဲ့မ ျှစ်တွေရှိတယ်။ အဲဒီလို ရာသီထွက်ကုန် မ ျှစ် ရောင်းတဲ့ လမ်းဘေးဈေးဆိုင်တွေကို နေပြည်တော်- မန္တလေး ကြား အမြန် လမ်းမကြီးဘေး မိုင် ၂၁၀ ကျော်တာနဲ့ စတွေ့ရပြီ။
တစ်ချို့နေရာမှာ လေးငါးခြောက်ဆိုင် တန်းစီလို့၊ တစ်ချို့နေရာတွေမှာတော့ တစ်ဆိုင် တည်း။ ဆိုင်တွေအများကြီးရှိတဲ့နေရာမှာဆိုရင် ဒီဆိုင်ဝယ်ရင် ဟိုဆိုင်ကို မျက်နှာပူရတာကြောင့် တစ်ဆိုင် တည်းရှိတဲ့နေရာမှာ ရပ်လိုက်တယ်။
သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ ဝါးကွပ်ပျစ်လေးတစ်ခုရှိတယ်။ အဲဒီပေါ်မှာ ကလေး တစ်ယောက် နဲ့အထုပ်အပိုးတွေရှိတယ်။ ဘေးမှာ ဆိုင်ကယ်လို့ ပြောလို့ရရုံ ဆိုင်ကယ် တစ်စီး၊ အမျိုးသားတစ်ယောက်က မြေကြီးပေါ်မှာ ထိုင်ပြီး မ ျှစ်တွေ အခွံခွာနေတယ်။ အရိပ်ထဲမှာ မတ်တတ်ရပ်နေတဲ့ အမျိုးသမီး တစ်ယောက်က ကားရပ်တာမြင်လို့ ပြေးထွက် လာတယ်။ အမျိုးသားကလည်း သူ့အလုပ်ကို ရပ်ပြီး နောက်က လိုက်လာတယ်။
အမျိုးသားက အရပ်ပုပု၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲ၊ ညာဘက် မျက်လုံး အောက်ဘက် ပါးပြင်မှာ ဒဏ်ရာနဲ့၊ ( ဝါးကိုင်းရိုက်ထားတာလို့ပြောတယ်။ ) တီရှပ်အဖြူ၊ ညာ ဘက်ရင်ဘတ်နေရာမှာ ကို xxx နှင့် မ xxx ရွှေဆိုင်နှင့် ရွှေထည်၊ ဖုန်း။ xxxxxx ၂၄၁ လို့ ရေး ထားတယ်။ အရောင်လွင့်နေပြီဖြစ်တဲ့ ချည်လုံချည် မီးခိုးရောင် ကွက်စိတ်ကို ဝတ်ထားတယ်။
အမျိုးသမီးက အရပ်မြင့်မြင့်၊ ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ ခင်ပွန်းဖြစ်သူထက်တောင် အရပ်မြင့် တယ်။ ခေါင်းမှာ ပုဆိုးတစ်ထည်ကိုပေါင်းထားတယ်။ အဖြူပေါ်မှာ ပန်းရောင် ပန်းပွင့်လေးတွေ ပါတဲ့ အကျီ ၤ ပေါ်ကနေ အမျိုးသားဝတ် အဖြူနဲ့ အညိုကွက် အကျီ ၤလက်ရှည် ကို ထပ်ဝတ် ထားတယ်။ အိတ် အမည်းတစ်လုံးကို စလွယ်သိုင်းလွယ်ထားတယ်။ ပုံသဏ္ဍန်ရော ၊ စကားသံက တကယ့် အညာသူ လေသံပဲ။ သူ့ကို မြင်တော့ ကျွန်တော့်ကို ငယ်ငယ်က ထိန်းခဲ့တဲ့ ရေစကြို မြို့နယ် ဂွေးဂုံ ရွာက ဒေါ်ငြိမ်း ကို သတိရမိတယ်။
သူတို့က တောင်ညိုနယ်ထဲကနေ ဈေးလာရောင်းတဲ့သူတွေ၊ တောင်ညိုကနေ ဘုရား တောင်၊ ပိုတက် ရွာတွေဆီ သွားတဲ့ဘက်မှာ သူတို့ရွာရှိတယ်။။ အရင်ကတော့ အတော် ခေါင်တဲ့အရပ်တွေ၊ အမြန်လမ်းမကြီးပေါ်လာတော့ သူတို့ရွာတွေလည်း ထွေလာဂျီနဲ့ ဆိုင် ကယ် နဲ့ သွားလို့ လာလို့ရလာပြီ။
သူတို့ရွာက အိမ်ခြေနှစ်ရာကျော်ရှိတယ်။ မြေပိုင် ယာပိုင်ရှိတဲ့သူတွေကတော့ ပဲ ၊နှမ်း၊ ကြံစိုက် တယ်။ သူတို့ကတော့ လက်လုပ်လက်စား၊ အောက်ခြေအကျဆုံး လူတွေပေါ့။ အလုပ်ရှိရင် တစ်နေ့ လေးထောင်နဲ့ နေ့စားလိုက်လုပ်တယ်။ အခုအချိန်ကတော့ ရာသီစာ မ ျှစ်ချိုးပြီး ရောင်းတယ်။
မ ျှစ်ကတော့ နေပြည်တော်-တောင်တွင်းကြီးလမ်းအတိုင်း သွားပြီးတောထဲ ဝင်ရှာရ တာပေါ့။ အရင်းကတော့ ဆိုင်ကယ် ဆီဖိုးပဲ။ မနက်အစောကြီးတောထဲ ဝင်၊ ရလာတဲ့မ ျှစ်ကို ရောင်း၊ ရောင်းလို့ မကုန်ရင် မ ျှစ်ချဉ်သိပ်၊ ဒါမှမဟုတ် မ ျှစ်ပြုတ်လုပ်၊ ဒါမှမဟုတ် ဆန်ဆေးရည် အကြည်နဲ့ ပုလင်းထဲမှာထည့်ပြီးရောင်းတယ်။
အမျိုးသမီးကြီးက မ ျှစ်အစို နဲ့ မ ျှစ်ပြုတ်တွေက တစ်ထုတ်ကို ၅၀၀၊ ရေသန့်ဘူးနဲ့စိမ်ထားတဲ့ မ ျှစ်တွေက တစ်ဘူး တစ်ထောင်၊ မ ျှစ်ချဉ်က တစ်ထုတ်ကို တစ်ထောင် ဆိုပြီး ဈေးပြောတယ်။ သူ့ ထွက်ကုန်တွေနဲ့ပတ်သက်ပြီး မ ျှစ်ပြုတ်တွေက အဝါရောင် ရှိသလို၊ အနီ ရောင်လည်း ရှိတယ်၊ မ ျှင်ဝါးမ ျှစ်ကို ပြုတ်ရင် သူ့သဘာဝအတိုင်း အနီရောင်ဖြစ်သွားတယ်။ ကြသောင်းဝါး မ ျှစ်ကို ပြုတ်ရင် အဝါရောင်ထွက်တယ်။
အနီရောင်၊ အဝါရောင်ဆိုပေမယ့် သဘာ၀ အရောင် ဖျော့ဖျော့လေးဖြစ်တာပါ။ မြို့ဈေးတွေမှာတော့ ရောင်းပန်းလှအောင်ဆိုပြီး ဆေးထပ်ဆိုး တာရှိတယ်။ ဒါပေမယ့် ကြည့်လိုက်ရင် သိသာပါတယ်ဆိုပြီး ရှင်းပြတယ်။ ရေသန့်ဘူးထဲမှာ ထည့်ထားတာ မ ျှစ်ချဉ် မဟုတ်ဘူး။ မ ျှစ်ရိုးရိုးပဲ၊ ရေခဲသေတ္တာထဲမှာ ထားရင် အကြာကြီး ထားစားလို့ရတယ်လို့ ထပ်ပြောတယ်။
အရောင်းအဝယ်အခြေအနေမေးတော့ တစ်ခါ တစ်လေ တစ်သောင်းဖိုးလောက် ရောင်း ရတဲ့ နေ့ ရှိသလို ဆိုင်ကယ်ဆီဖိုးတောင် ပြန်မရတဲ့နေ့လည်း ရှိသတဲ့။ လူကြီးလမ်းကြောင်းရှိတဲ့နေ့ဆို ရောင်းလို့မရပြန်ဘူူး၊ ရောင်းမရတဲ့အပြင် ဝါးတန်းတွေပါဖြုတ်သိမ်းပေးရတယ်၊ ဒီအတိုင်း ထား လို့ ကတော့ တစ်ချို့ လှည့်ကင်းအဖွဲ့တွေက ရိုက်ချိုးပြီး လွှင့်ပစ်ခဲ့တာ လို့ ဆိုတယ်။
ခင်ဗျားတို့လည်း ရန်ကုန်က လမ်းဘေးဈေးသည် စည်ပင်ကို ကြောက်သလို ကြောက်နေရတာ ပေါ့လို့ ပြောလိုက်တော့ ၊ အမျိုးသားက “ ဆရာရေ ရွာမှာနေလည်း ကြောက်ရ၊ တောထဲမ ျှစ်ချိုး သွားလည်း ကြောက်ရ၊ ဈေးရောင်းလည်းကြောက်ရ၊ အကုန်ကြောက်ရတဲ့ ကြောက်ခေတ်ပါ” လို့ ညည်းရှာတယ်။
လက်လုပ်လက်စား နင်းပြားဘဝဆိုတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝတွေပဲ။ ဒါ့ကြောင့် မရောင်းရတဲ့နေ့၊ အလုပ်မရှိတဲ့နေ့ဆိုဘယ်လိုလုပ်ကြလဲ လို့ မေးတော့ ဘဏ္ဍာရေး တာဝန် ယူထားပုံရတဲ့ အမျိုးသမီးက “ ဒီလိုပဲ အကြွေး ယူ စား ရတာပေါ့၊ အခုတော့ ဆန်ကြမ်းတစ်ပြည် ၁၄၅၀၊ စားအုန်းဆီက တစ်ဆယ်သား တစ်ထောင်၊ ငါးဆယ်သားရေသန့်ဘူးနဲ့ ယူရင် လေးထောင့်ငါးရာဖြစ်နေပြီ၊ အသုံးကျပ်တယ် ဆရာ” လို့ ဖြေတယ်။
အလုပ်အကိုင်ရှာဖွေရေးတာဝန်ယူထားပုံရတဲ့ အမျိုးသားက “ရရာတော့လုပ်တာပဲ။ ဒါပေမယ့် မလှုပ်သာဘူး” လို့ ဆိုတယ်။ အလုပ်အကိုင်ရှားတဲ့ သဘောပေါ့။ အင်း “ အသုံးကျပ်ပြီး မလှုပ်သာ တာကတော့” လမ်းဘေးဈေးသည်ကနေ တံခါးတွေကို ဖွင့်နိုင်အောင် တန်ခိုးမရှိတဲ့ လုပ်ငန်းရှင် တိုင်း ကြုံနေရတဲ့ စီးပွားရေးအခြေ အနေပဲ။
အလုပ်ကတော့ လင်မယား နှစ်ယောက်လုံး လုပ်တဲ့အပြင် သားအကြီးကလည်း နေ့စားလိုက်လုပ်နေသတဲ့။ သားအကြီးက ငါးတန်း၊ တစ်နှစ်ကျော်လောက် ကျောင်းနဲ့ ဝေးနေတော့ ကလေးကလည်း ကျောင်းပြန် မတက် ချင်တော့ဘူး။ ဒါ့ကြောင့် နေ့စား လုပ်ခိုင်းထားတယ်။ ကလေးဆိုတော့ တစ်နေ့ သုံးထောင်ပဲ ရတဲ့။ အခု ပါလာတဲ့ကလေးကတော့ နှစ်တန်းတက်နေတယ်၊ ကျောင်းပိတ်ရက်ဖြစ်လို့ လိုက်လာတာ တဲ့။
သူတို့ကို မသင်မနေရ ပညာရေးစနစ်အကြောင်းတွေဘာတွေ ပြောမနေတော့ပါဘူး။ သူတို့ အတွက် တစ်နေ့ သုံးထောင်ဆိုတာလည်း နည်းတဲ့ ဝင်ငွေမှမဟုတ်တာ။ ပညာရေးနဲ့ ပတ်သက် ရင် ကိန်းဂဏန်းတွေပဲ ရွတ်ရွတ်ပြတတ်တဲ့ ပညာရှိတွေသာ ဆင်းရဲခြင်းဟာ ကလေးတွေကို ကျောင်းနဲ့ဝေးစေတယ်ဆိုတဲ့ အခြေခံအကျဆုံးအချက်ကိုပဲ ရှင်းပြချင်တော့တယ်။
သူတို့ဆိုင်က မ ျှစ်အစိုအထုတ်တော်တော်များများ ဝယ်တဲ့အပြင် အမြန်လမ်းမှာ လိုအပ်ရင် လှုဖို့ ယူလာတဲ့ အစားအသောက်နဲ့ မုန့်တွေကို သူတို့အတွက် လက်ဆောင်ပေးလိုက်တယ်။ အမျိုး သမီးကြီးက ဘာမှလည်း ပြန်ကျွေးစရာမရှိဘူး။ ထမင်းစားသွားပါလားလို့ ဖိတ်တယ်။ ဘာတွေ ချက်တုန်းဗျ လို့ မေးလိုက်တော့ ထမင်းချိုင့်ကို ဖွင့်ပြတယ်။ ဆန်ကြမ်း နှစ်ချိုင့်၊ ကြက်ဥ ၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်နဲ့ ငရုတ်သီးတွေရောပြီး ကြော်ထားတဲ့ ဟင်းတစ်ခွက်။
အသုံးကျပ်ပြီး မလှုပ်သာတဲ့ ကြောက်ခေတ် မ ျှစ်ရောင်းသူရဲ့ ထမင်းချိုင့်မှာ မ ျှစ်ကြော် လေး တောင် မပါရှာဘူး။


