ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့အတွက် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲကမပြီးသေးဘူး။ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံ မှု ရဖို့ ယှဉ်ပြိုင်ရတဲ့အဆင့်ပြီးပေမယ့် ပါတီဝင်တွေမဲပေးဆုံးဖြတ်ရမယ့် အဆင့်အတွက် ပြင်ဆင်နေ ကြတယ်။ ပါတီဝင်တွေက စက်တင်ဘာလ ၂ ရက်နေ့မှာ မဲပေးပြီး ပါတီခေါင်းဆောင်သစ်ကို စက် တင်ဘာလ ၅ ရက်နေ့မှာ ကြေညာမယ်။
ဘောရစ်ဂျွန်ဆင်က ဇူလိုင်လ ၇ ရက်နေ့မှာ ရာထူးက နုတ်ထွက်တာဆိုတော့ ခေါင်းဆောင်သစ် ရွေးဖို့အတွက် နှစ်လလောက် အချိန်ယူရတဲ့သဘောပဲ။ ကြာလိုက်တာဆိုပြီး အပြစ်တင်လို့တော့ မရဘူး။ ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ချင်တယ်ဆိုရင်တော့ အောက်ခြေပါတီဝင်တွေရဲ့ထောက်ခံမှု နဲ့ ပါတီခေါင်းဆောင်နေရာကို ရယူရမှာပဲ။ ပါတီခေါင်းဆောင်ရာထူးကို အမွေပေးသလို လွှဲပေး လို့မရ သလို ဘိုးဘွားပိုင် ပစ္စည်းလို တစ်သက်လုံး ယူထားချင်လို့လည်းမရဘူး။
ကွန်ဆာဗေးတစ်ပါတီစည်းမျဉ်းအရ ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မယ်ဆိုရင် အနည်း ဆုံးလွှတ်တော်အမတ် နှစ်ဆယ်ရဲ့ ထောက်ခံမှုရဖို့လိုတယ်။ အဲဒီလို အမည်စာရင်းတင်သွင်းလာတဲ့ သူတွေကို ကွန်ဆာဗေးတစ်လွှတ်တော်အမတ်တွေ ( လက်ရှိ ၃၅၇ယောက်) က လျို့ဝှက်မဲ ပေးရ တယ်။ ပထမအကြိမ် မဲပေးမှုမှာ အနည်းဆုံးထောက်ခံမဲ ၃၀ မရတဲ့သူတွေ နောက်တစ်ဆင့် မဲပေးမှုမှာ မပါတော့ဘူး။ နောက် အဆင့်မဲပေးမှုတွေမှာ ထောက်ခံမဲ အနည်းဆုံးရတဲ့သူကို စာရင်း က ပယ်ဖျက်တယ်။ ဒီလိုနဲ့ နောက် ဆုံးမှာ မဲအများဆုံးရတဲ့နှစ်ယောက်ပဲ ကျန်တဲ့အထိ အကြိမ်ကြိမ် မဲပေးရတယ်။ နောက်ဆုံးအဆင့် ကျန်တဲ့ နှစ်ယောက်ကို ကွန်ဆာဗေးတစ်ပါတီဝင် အဖြစ် မှတ်ပုံ တင်ထားတဲ့ ပါတီဝင်တွေက မဲပေး ရွေးချယ်ရမယ်။
အခု ပါတီခေါင်းဆောင်ရွေးချယ်ပွဲမှာ ဝင်ပြိုင်တဲ့သူ ရှစ်ယောက်ရှိတယ်။ ကွန်ဆာဗေးတစ် အမတ် တွေ ငါးကြိမ်မဲပေးပြီးတဲ့နောက်မှာ ဘောရစ်ဂျွန်ဆင် အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Lizci Truss ( Elizabeth Truss) တို့ နှစ်ယောက်ဘဲ ဆန်ခါ တင်ကျန်ခဲ့တယ်။
အခုအချိန်မှာတော့ ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်သူ နှစ်ဦးဟာ ပါတီဝင်တွေကြားမှာ မဲဆွယ်စည်းရုံးနေသလို နှစ်ယောက်ယှဉ်ပြိုင် စကားစစ်ထိုးပွဲတွေလည်း လုပ်နေကြတယ်။ ဒါပေ မယ့် နှစ်ယောက်လုံးက ကွန်ဆာဗေးတစ်ပါတီဝင်တွေဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး မူဝါဒတွေမှာ သိသိသာသာ ကွဲပြားခြားနားမှုမရှိဘူး။
ဒီတော့ ပါတီဝင်တွေက ကိုယ်စားလှယ်လောင်းနှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးတွေ ကို ပိုပြီးအလေးထား သုံးသပ်လာကြတယ်။ ကိုယ်စားလှယ်လောင်းနှစ်ယောက်အနက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Rishi Sunak ရဲ့ ယောက္ခမက အိန္ဒိယ ဘီလျံနာသူဌေး N. R. Narayana Murthy ၊ Rishi Sunak နဲ့ သူ့ဇနီးက ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ နံပါတ် ၂၂၂ ချိတ်တယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း Liz Truss ရဲ့ မိဘတွေက သင်္ချာပါမောက္ခနဲ့ သူနာပြုဆရာမ၊ ခင်ပွန်း ဖြစ်သူက စာရင်းကိုင်။ လူလတ်တန်းစားမိသားစုပဲ။
မိသားစုနောက်ခံ မတူတော့ သူတို့နှစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံကလည်း မတူဘူး။ Rishi Sunak က မဲဆွယ်စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပေါင် ၄၅၀ တန်ဖိနပ်ကို ဝတ်သွား တယ်။ Liz Truss က လေးပေါင်ခွဲပဲပေးရတဲ့ နားဆွဲကို ဝတ် တယ်။ ဒီတော့ ကွန်ဆာဗေးတစ်ပါတီဝင်တွေက Rishi Sunak လို ခေါင်းဆောင်တစ်ယောက်ဟာ စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံနေရတဲ့ ပြည်သူတွေကို စာနာ နားလည်နိုင်ပါ့မလား ဆိုပြီး မေးခွန်း ထုတ်ကြတယ်။ စကားဝိုင်းတွေမှာ အဲဒီမေးခွန်းကို မေးကြတယ်။ ပေါင် ၄၅၀ ဆိုတာ အခြေခံလူတန်း စားတွေအတွက် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိပါသလား ဆိုပြီး ဝေဖန်ကြတယ်။
ဒီလို ပြောတော့ Rishi Sunak က ငွေကြေးချမ်းသာလို့ ဝတ်တာပဲ။ အပြစ်တင်စရာလားလို့ စောဒက တက်သူလည်းရှိနိုင်တယ်။ ဒီဖြစ်စဉ်မှာ အဓိက ပြဿနာက နိုင်ငံ့ခေါင်းဆောင်လုပ်မယ့် သူ မှာ လူထုခံစားနေရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို စာနာနားလည်နိုင်တဲ့ နှလုံးသား ရှိမရှိ ဆိုတဲ့ ပြဿနာပဲ။
ဒါ့ကြောင့် Rishi Sunak ဟာ သူကိုယ်တိုင်လည်း ငယ်စဉ်ဘဝက ရုန်းကန်ကြိုးစားခဲ့ရတယ်။ အခု ပြည်သူတွေ ငွေကြေးဖောင်းပွမှု၊ လူနေမှုစရိတ်ကြီးမြင့်မှု တွေနဲ့ ရင်ဆိုင်ရုန်းကန်နေရတာကို စာနာ ပါတယ်ဆိုတဲ့အကြောင်း အသည်းအသန်ရှင်းပြနေရတယ်။
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ရွေးချယ်ပွဲကတော့ အဖြေမထွက်သေးပါဘူး။ ဒါပေမယ့် လူထုသဘောထား၊ လူထု ဆန္ဒကို အလေးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ နဲ့ မိသားစုဝင်တွေ ဟာသူတို့ရဲ့ ပုဂ္ဂလိကဘ၀ နေထိုင်ပြုမူသွားလာမှု၊ဝတ်စားဆင်ယင်မှု တွေကို အထူး သတိပြု ဆောင် ရွက်ကြတယ်၊ အီမေလ်ဒါမားကို့စ်ရဲ့ ဖိနပ်များ၊ ဂရေ့စ် မူဂါဘီရဲ့ Gucci လက်ကိုင်အိတ်များ၊ ကင်မ်ဂျုံအန် ရဲ့ ပြင်သစ်ဝိုင်ပုလင်းများ ဆိုတဲ့ အမည်းစက်မျိုးတွေ စွန်းထင်းမှုမရှိအောင် ဂရုစိုက် ကြတယ် ဆိုတဲ့ သင်ခန်းစာကိုတော့ ကောင်းကောင်းတွေ့နေရပါပြီ။

Ne Win, Than Shwe, and MAL will never understand why they were not loved by the people. They lose touch with the people on the ground and their sufferings. From the people’s perspectives, they were just a bunch of dictators who made their families rich. USDP has that image problem, which they don’t seem to understand how to solve and making it worse these days.
NLD leaders, on the other hand, were loved because they were with the people. Daw ASSK and NLD leaders went to jail (some died) on behalf of all the people who want to oppose but are too afraid to do so.
LikeLike
The earth provides enough to satisfy every man’s need, but not enough for every man’s greed.
Gandhi
LikeLike