စစ် နှင့် လူသားချင်းစာနာမှု

စစ်ပွဲဆိုတာက နှစ်ဖွဲ့ ဒါမှမဟုတ် နှစ်ဖွဲ့ထက်ပိုတဲ့ လက်နက်ကိုင်အင်အားစုတွေ အနိုင်ရဖို့ အတွက် သူသေ ကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ စစ်ပွဲဆိုတာက လက်ဝှေ့ပွဲလို သီးခြား ကြိုးဝိုင်းထဲမှာထိုးတာမဟုတ်ဘဲ မြို့တွေ၊ရွာတွေပတ်ဝန်းကျင်မှာ စစ်ခင်းတာဆိုတော့ စစ်ပွဲနဲ့ မဆိုင် တဲ့ ပြည် သူ တွေ လည်း မြေစာပင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရ၊ သေဆုံးရ တာ ပဲ။

ဒါပေမဲ့ လူ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလာတာနဲ့ အမ ျှ စစ်ပွဲနဲ့ မသက် ဆိုင် တဲ့ ပြည် သူ တွေ ထိခိုက်သေဆုံးမှု နည်းနိုင်သမ ျှ နည်းအောင် ကြိုးစားလာခဲ့ကြတယ်။ အမေရိကန် ပြည်တွင်းစစ်(၁၈၆၁-၁၈၆၅) အတွင်းက သမ္မတ လင်ကွန်းလက်မှတ်ရေးထိုးထုတ် ပြန်ခဲ့တဲ့ အထွေထွေညွှန်ကြားချက် အမှတ်စဉ် ၁၀၀ ၊(၂၄ ဧပြီ ၁၈၆၃) ကို စစ်အတွင်းမှာ အရပ်သား ပြည်သူ တွေ ကို ဥပဒေအရ အကာအကွယ်ပေးဖို့အတွက် ပထမဆုံးဆောင်ရွက်ချက် အဖြစ် သတ်မှတ် ထားကြတယ်။ ဒီညွှန်ကြားချက်က ရေးဆွဲပြုစုတဲ့ ဥပဒေပါမောက္ခ Franz Lieber ကို အစွဲပြုပြီး Lieber Code လို့ လူသိများတယ်။ နောင်ပေါ်ပေါက်ခဲ့တဲ့ စိန့်ပီတာ စဘာဂ် ကြေညာချက် ၁၈၆၈ (St. Petersburg Declarationof 1868, ) ၊ ဟိဂ်ကွန် ဗင်းရှင်း ၁၈၉ ၉ ၊ ၁၉ ၀၇( Hague Conventions of 1899 and 1907 ) တို့က Lieber Code ကို အခြေခံပြီး ရေးဆွဲခဲ့တာလို့ ဆိုကြ တယ်။

စစ်အတွင်းမှာ စစ်နဲ့မပတ်သက်တဲ့ ပြည်သူတွေ ( အရပ်သားတွေ) ထိခိုက်သေဆုံးမှု ကာကွယ်ရေး နဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ ကွန်ဗင်းရှင်းများ၊စာချုပ်များ၊ သဘောတူညီချက်များ၊ ထုံးတမ်း စဉ်လာများကိုစုပေါင်းပြီးအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ(International Humanitarian Law, IHL)လို့ခေါ်ပါတယ်။ ဒီဥပဒေများဟာ စစ်ဆင်နွဲမှု နဲ့ပတ်သက် နေတဲ့ ဥပဒေ များဖြစ်တဲ့အတွက် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ ( Law of Armed Conflict , Law of War ) လို့လည်းခေါ်ကြပါတယ်။ဒါ့အပြင် ဒီဥပဒေနဲ့ သက်ဆိုင်တဲ့ ကွန်ဗင်းရှင်းတွေကို လက်မှတ်ရေးထိုး မထားဘူးဆိုရင်တောင် လူသား ချင်း စာနာမှုအခြေခံနဲ့ မဖြစ်မနေလိုက်နာရ မယ် ဆိုတဲ့ သဘောနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ကို ဓလေ့ထုံးတမ်းဥပဒေ (Customary Law ) အဖြစ် လည်း သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်ကာလမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေဟာ ၁၉ ၄၉ ခုှနှစ်မှာ ပြဋ္ဌာန်း ခဲ့တဲ့ ဂျီနီဗာ ကွန်ဗင်းရှင်းလေးခု နဲ့ ၁၉၇၇ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ နောက်ဆက် တွဲ သဘောတူညီ ချက်နှစ်ခုကိုအခြေခံထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံလည်းအဲဒီဂျီနီဗာကွန်ဗင်းရှင်းလေးခုနဲ့ နောက်ဆက်တွဲ သဘောတူညီမှုများကို လက်မှတ်ရေးထိုးထားပါတယ်။

အဲဒါတွေအပြင်ဓာတုလက်နက်၊ဇီဝလက်နက်၊လူသတ်မိုင်းအသုံးပြုမှုစတဲ့လက်နက်ခဲယမ်း အသုံး ပြုမှုဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း များ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေများ ဟာ လည်း အပြည်ပြည်ဆိုင်ရာ လူသား ချင်းစာနာမှုဥပဒေထဲမှာအကျုံးဝင်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု ဥပဒေက စစ်ပွဲတွေကို နိုင်ငံနှစ်နိုင်ငံ သို့မဟုတ် နိုင်ငံအများ ပါဝင် တဲ့လက်နက်ကိုင်ပဋိပက္ခ ( International Armed Conflict ) နဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ( Non- International Armed Conflict ) ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ပြည်တွင်း လက်နက် ကိုင်ပဋိပက္ခများအတွင်း အရပ်သားများကို အကာအကွယ် ပေးခြင်း နဲ့ပတ်သက်ပြီး အဓိက သက်ဆိုင်တဲ့ပြဋ္ဌာန်းချက်တွေက ဂျီနီဗာ ကွန်ဗင်းရှင်း အပိုဒ် ၃ နဲ့ နောက်ဆက် တွဲ သဘောတူညီ ချက် အမှတ်၂ ( ၁၉ ၇၇) ( Article 3 common to the four Geneva Conventions and Additional Protocol II, 1977) ဖြစ်ပါတယ်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကို နိုင်ငံတစ်နိုင်ငံရဲ့ နယ်နမိတ်အတွင်းမှာ အစိုးရတပ်ဖွဲ့ နဲ့ အစိုးရ မဟုတ်သော လက်နက်ကိုင်အဖွဲ့များ (Armed Non-State Actors ,ANSAs) အကြား တိုက်ခိုက်မှု၊ ဒါမှမဟုတ်အစိုးရမဟုတ်သောလက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းကြားတိုက်ခိုက်မှုများလို့ အနက် ဖွင့်ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေဆိုတာ ကမ္ဘာစစ် ကြီး ဖြစ်မှ နိုင်ငံအစိုးရတွေ လိုက်နာရတဲ့ ဥပဒေမဟုတ်ပါဘူး။ နိုင်ငံ တစ်ခုအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ၊ အများအခေါ် ပြည်တွင်းစစ်မှာ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတိုင်းလိုက်နာရတဲ့ ဥပဒေလည်း ဖြစ် ပါ တယ်။

ဥပဒေအကြောင်း သိပြီးရင် ဒီဥပဒေက ဘယ်သူတွေကို အကာအကွယ်ပေးတာလဲဆိုတာ သိဖို့ လို ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေက စစ်ပွဲကာလအတွင်းမှာ အရပ်သားများကို သာ အကာအကွယ်ပေးတာမဟုတ်ပါဘူး။တိုက်ပွဲဝင်ခြင်းမပြုတဲ့ဆေးတပ်ဖွဲ့ဝင်များ၊ဘာသာရေးဝန်ထမ်း များ (အနောက်နိုင်ငံတပ်မတော်တစ်ချို့မှာတရားဟောဆရာများကို တပ်ဖွဲ့များမှာ တွဲဖက် ပေးထား လေ့ရှိတဲ့အတွက် အဲဒီလို ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာပါ။)၊ဒဏ်ရာရ တပ်ဖွဲ့ဝင်များ၊ စစ်သုံ့ပန်း များ ကိုလည်း အကာ အကွယ် ပေးထားပါတယ်။

နောက်ပြီးအကာအကွယ်ပေးထားတယ်ဆိုတာကအသက်အန္တရာယ်ကိုပဲ အကာအကွယ်ပေး တာ မဟုတ်ပါဘူး။ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ လူသားဆန်စွာပြုမူဆက်ဆံမှု၊ တရားဥပဒေနဲ့ အညီ ဆက်ဆံမှု စတာတွေအတွက်ပါအကာအကွယ်ပေးထားတာဖြစ်ပါတယ်။

ဒါ့ကြောင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေအရ စစ်ပွဲအတွင်းမှာ လက်နက်ကိုင် နဲ့ အရပ်သားကိုခွဲခြားမှုမပြုဘဲ တိုက်ခိုက်ခြင်း၊ ဒဏ်ခတ် အပြစ် ပေးတဲ့အနေနဲ့ အရပ်သား များရဲ့ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ရေရှည်ဒုက္ခ ခံစားရအောင် ရည်ရွယ်လုပ်ဆောင် ခြင်း စတာတွေကို တားမြစ်ထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူူတွေကို စားနပ်ရိက္ခာပြတ်တောက်အောင်ဆောင်ရွက်ခြင်း၊ အသက် ရှင် သန်ရေးအတွက်လိုအပ်တဲ့အရာများ ( ဥပမာ။ သောက်သုံးရေ) ကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ အသုံး ပြု၍ မရအောင်လုပ်ဆောင်ခြင်း တို့ကိုလည်း တားမြစ်ထားပါတယ်။

ဒီနေရာမှာ “အရပ်သား ( Civilians) ” ဆိုတာကို ဘယ်လို သတ်မှတ်မလဲလို့ မေးစရာရှိပါတယ်။ ဂျီနီဗာ ကွန်ဗင်း ရှင်း အပိုဒ် ၅၀ (၁) (article 50(1) of the Additional Protocol 1 of the Geneva Conventions, 1949) အရတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု (သို့) ပြည်သူ့စစ် ( သို့) အပျော်တမ်း တပ်ဖွဲ့ တစ်ခုခုရဲ့ တပ်ဖွဲ့ဝင်မဟုတ်သူ၊ လက်နက်စွဲကိုင်တိုက်ခိုက်ရာမှာ ပါဝင်ခြင်း မရှိ သူကို “အရပ်သား” လို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ တရားရုံးရဲ့ Prosecutor v. Tihomir Blaskic အမှု၊ (၂၉ ဇူလိုင်၂၀၀၄)ဆုံးဖြတ်ချက်အရ အရပ်သား လား၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်လားလို့ သံသယရှိရင် အရပ်သား အဖြစ်ပဲ သတ်မှတ် ဆောင်ရွက်ရ မှာဖြစ်ပါတယ်။ အလားတူပဲ ဂျီနီဗာ ကွန်ဗင်းရှင်း ( ၁၉ ၄၉ ) အပိုဒ် ၅၀ (၃) အရ အရပ်သား တွေ ကြားမှာ လက်နက်ကိုင်တချို့ရောနှောနေရင်လည်း အဲဒီ လူစုလူဝေးကို အရပ်သားများအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း ဂျီနီဗာ ကွန် ဗင်းရှင်း အပိုဒ် ၅၁ မှာ အရပ်သား များ ကို လူသားဒိုင်း အဖြစ် အသုံးမပြုဖို့လည်း ပြဋ္ဌာန်း ထားပါ တယ်။

ဒါတွေကတော့ စစ်ပွဲအတွင်းမှာ ပြည်သူများ ထိခိုက်နစ်နာသေဆုံးမှုကနေ အကာအကွယ်ပေးနိုင် ဖို့ အတွက်တပ်ဖွဲ့အားလုံးကလိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေ ဟာ စစ်ပွဲ အတွင်းလိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေဖြစ်တဲ့အတွက် ဒါတွေကို ချိုးဖောက်ရင် “စစ်ရာဇဝတ်မှု War Crime” ကျူးလွန်ရာရောက်ပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးကို ဖွဲ့စည်းတည်ထောင်တဲ့ ရောမ ပြဋ္ဌာန်းဥပဒေ စာချုပ် (၁၉ ၉ ၈) (Rome Statute of the International Criminal Court) အရတရားရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ရာဇဝတ်မှုလေးမျိုးထဲမှာ စစ်ရာဇဝတ်မှု ပါဝင် ပြီး “တိုက်ပွဲများတွင် ပါဝင်ခြင်း မရှိသည့် အရပ်သား တစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ အရပ်သား များကို ဖြစ်စေ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ရင် စစ်ရာဇဝတ် မှုမြောက်တယ်လို့ ” သတ်မှတ်ထား ပါတယ်။

ဒီနေရာမှာ သတိပြုရမှာက အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေ နဲ့ပတ်သက်ရင် “ အပြည် ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို အလေးထားလေးစားလိုက်နာရမည့် တာဝန် သည်တစ်ဖက်မှ လေးစားလိုက်နာမှ အခြားတစ်ဖက်က လေးစားလိုက်နာမည်ဆိုသည့် သဘောမျိုး ပေါ်တွင် တည်မှီခြင်း မရှိစေရ” လို့ သတ်မှတ်ထားတဲ့အချက်နဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ကာလ စည်းကမ်းသတ်ဥပဒေများသည် စစ်ရာဇဝတ်မှုများနဲ့ သက်ဆိုင်ခြင်း မရှိစေရလို့ သတ်မှတ်ထား တဲ့အချက်များဖြစ်ပါတယ်။

ဒီလိုချိုးဖောက်မှုတွေ ရှိလာရင် ဘယ်လိုလုပ်မလဲ၊ အတိုချုပ်ပြောရရင် သက်ဆိုင်ရာနိုင်ငံအစိုးရတွေ၊ သက်ဆိုင်ရာ တပ်ဖွဲ့ကို ကွပ်ကဲသူတွေက လက်အောက်တပ်ဖွဲ့တွေကို လူသားချင်းစာနာမှု ဥပဒေ ကို သိအောင် သင်ကြား ပေးထားရမယ်၊ ချိုးဖောက်သူတွေကို တရားဥပဒေနဲ့ အညီအရေးယူ ရမယ်။ စစ်ရာဇဝတ်မှုကို ကျူးလွန်ရင် ကျူးလွန်သူတစ်ဦးချင်း တာဝန်ရှိသလို ဒီလို ကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့၊ ဒီလိုကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်တားဆီးဖို့ ပျက်ကွက်တဲ့၊ ဒီလို ပြစ်မှု တွေကို ဖုံးဖိအကာအကွယ်ပေးတဲ့ အထက်အဆင့်ဆင့်က တပ်မှူးများ၊ ခေါင်းဆောင်များမှာလည်း တာဝန်ရှိတဲ့အတွက် တရားဥပဒေနဲ့ အညီ အရေးယူရမယ်။

သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ရင်တော့ နိုင်ငံတကာ က ပါဝင်လာမှာပေါ့။ ရဝမ်ဒါအရေးအခင်း၊ ယူဂိုဆလားဗီယား စစ်ပွဲတွေမှာတော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အရ တရားရုံးတွေဖွဲ့စည်းစစ်ဆေးအပြစ်ပေးခဲ့တယ်။ ၂၀၀၂ ခုနှစ် နောက် ပိုင်းမှာတော့ နိုင်ငံတကာရာဇဝတ်တရားရုံး ( International Criminal Court , ICC) က စစ် ဆေး အရေးယူပါတယ်။ ဒါပေမဲ့ အဲဒီအဆင့်ရောက်ဖို့ ဆိုတာ အချိန်ကြာတဲ့အပြင် ဥပဒေကြောင်း ဆိုင်ရာ ကန့်သတ်ချက်အမျိုးမျိုးကိုလည်းကျော်ဖြတ်ရပါသေးတယ်။

ပြန်ချုပ်လိုက်ရင်တော့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေက

၁။ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်ပါဝင်ခြင်း မရှိတဲ့ အရပ်သား ( ပြည်သူ)တွေကို အကာအကွယ် ပေးတယ်။
၂။ ဒီဥပဒေကို စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တိုင်းက လိုက်နာရမယ်။
၃။ ဒီဥပဒေကို တစ်ဖက်က လုပ်လို့ ဒီဖက်ကလည်း လုပ်ရတယ်လို့ ဆင်ခြေပေးပြီး ချိုးဖောက် လို့မရဘူး။
၄။ စစ်ရာဇဝတ်မှုများဟာ ကာလစည်းကမ်းသတ်ဥပဒေနဲ့ အကျုံးမဝင်ဘူး။ ဒါ့ကြောင့် ကျူးလွန် ပြီး နှစ်ဘယ်လောက်ကြာကြာ အရေးယူခံရမှာပဲ။

လက်တွေ့မှာတော့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှု ဥပဒေ က အခြေအနေအားလုံးအတွက် ခြုံငုံ ရေး ဆွဲထားရတဲ့အတွက် အချို့ ဝေါဟာရတွေ၊ ဖွင့်ဆိုချက်တွေကို လိုသလို အနက်ကောက်ပြီး ဥပဒေ ချိုးဖောက်တာမျိုးတွေလည်း ရှိတယ်။ အင်အားကြီးနိုင်ငံတွေက သူတို့ နိုင်ငံအကျိုးစီးပွားနဲ့ ပထဝီ နိုင်ငံရေးအကျိုးအမြတ် အတွက် ဥပဒေကို မျက်ကွယ်ပြုနေတာလည်းရှိတယ်။ သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေ၊ အဖွဲ့အစည်းတွေက ဘူးတစ်လုံးဆောင်ပြီး လုပ်ချင်တာလုပ်နေတာလည်း ရှိ တယ်။ ဒါ့ကြောင့် စစ်ရာဇဝတ်မှုကျူးလွန်သူတိုင်းကို အပြစ်ပေးနိုင်ခြင်း မရှိသေးဘူး။ ဒါပေမဲ့ စစ်ရာဇဝတ်မှုတွေဟာကာလစည်းကမ်းသတ်မှတ်ချက်မရှိဘူးဆိုတော့စစ်ရာဇဝတ်မှုကျူးလွန်သူ တွေဟာ ဘယ် နေ့ ငါတို့ တရားစွဲခံရမလဲဆိုပြီးအမြဲတမ်း စိုးရိမ်နေရမှာသေချာပါတယ်။ အဲဒါကိုက အပြစ်ဒဏ် ပေးခြင်း တစ် မျိုးလို့ ဆိုရင် မှားမယ်မထင်ဘူး။

မှတ်ချက်။ ဥပဒေဆိုင်ရာ ဝေါဟာရများကို ဘာသာပြန်ရာမှာ အမှားပါရင် ထောက်ပြပြင်ဆင်ပေး စေချင်ပါတယ်။

မှီငြမ်းပြုစာစောင်များ
၁။ Can Killing of Innocent Civilians at War be Justified? Pace Law School, 2015 ။
၂။ What is International Humanitarian Law? International Committee of the Red Cross , ICRC ။
၃။ Customary International Humanitarian Law , Volume 1 Rules , ICRC ။
၄။ International Humanitarian Law by Judge Kevin Riordan, Codification Division of the United Nations Office of Legal Affairs, 2017။
၅။ သတင်းသမားများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအား မည်သို့ မှတ်တမ်းတင် ပုံ လမ်းညွှန်ချက်၊ Centre for Law and Democracy , July 2022 ။ https://www.law-democracy.org/live/wp-content/uploads/2022/07/Guide-Journalists-Doc-Crimes.final_.Burmese.pdf

One thought on “စစ် နှင့် လူသားချင်းစာနာမှု

  1. Well explicated. Do you think Putiin is worrying about the charges for his atrocities and his evil acts? I doubted. He will be counselled by his Rusputins to make donations (stolen goods) to his churches. By doing so he believes he will obtain pardon for his sins like most dictators. History is full of examples of leaders whose ambition for power was unbridled and who abused it and use religion as a tool. Religious power is by far the most dangerous of all power. This is because it can hide behind the god. The victims of such power, in their desire to please God, will do anything they are asked. Leaders wielded priests to strengthening their power , vice versa priests manipulated leaders to advance their status.
    There will be no peace under a leader who does not believe in human rights which are the fundamental freedoms and protections that each and everyone is entitled to.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: