သူငယ်ချင်း- ဂျီနီဗာ ကွန်ဗင်းရှင်းတွေ၊ စစ်ရာဇဝတ်မှု တွေဆိုတာ အမေရိကန် နဲ့ မဆိုင်ဘူးလား။ ဘယ်သူကမှ အရေးမယူဘူးလား။
ကျွန်တော်- ဒီလို စဉ်းစားကြည့်ကွာ။ မင်းက တရားသူကြီးဆိုပါတော့၊ တရားခံက ကျွန်တော့်ကို တော့ အရေးယူတယ်၊ ဦးဖြူ ကိုတော့ အရေးမယူဘူးလို့ လေ ျှာက်လဲရင် အဲဒီ တရားခံ ကို လွှတ်ပေးမှာလား။
သူငယ်ချင်း- ဘယ်ရမလဲ၊ သူ့အမှုနဲ့ ဆိုင်တဲ့ သက်သေအထောက်အထားနဲ့ပဲ ဆုံးဖြတ်ရမှာ ပေါ့။
ကျွန်တော်- အဲဒါပဲလေ။ သူများ တရားစွဲမခံရတာက အရေးမကြီးဘူး။ ကိုယ်တရားရုံးရှေ့ မရောက်ဖို့ပဲ စဉ်းစား။ နောက်ပြီး ရပ်ထဲ ရွာထဲမှာ ကိုယ့်ကို အမြင်ကပ် တဲ့ သူများနေရင် ပိုပြီး အနေ အထိုင်ဆင်ခြင်ရတယ်ဆိုတဲ့ သဘောတရားကိုလည်း မမေ့နဲ့။ ကမ္ဘာကြီးက ရွာကြီး ဖြစ်နေပြီ။
ဤတွင် တစ်ခန်းရပ်။