ထင်းရှူးမြိုင် (၅)

မိုင်တိုင် ၃၅ က စခဲ့တဲ့အဆင်းခရီးဟာ မိုင်တိုင် ၃၉ ကျော်တော့ ပေါင်းလောင်းမြို့သစ်ကိုရောက် ပြီး အဆင်းခရီးဆုံးသွားတယ်။ ပေါင်းလောင်းမြို့သစ် မဖြစ်ခင်က ဒီနေရာမှာ ဖိုကုန်း ၊ လိန်းလီ ဆိုတဲ့ရွာကြီးနှစ်ရွာရှိတယ်။ နနွင်း၊ ပျားရည် နာမည်ကြီးတယ်။

အထက်ပေါင်းလောင်းရေအားလ ျှပ်စစ်စီမံကိန်းအတွက် ဆည်ပိတ်လိုက်တော့ ရေဝပ်ဧရိယာထဲမှာ ရှိတဲ့ ရွာ ၂၂ ရွာကို ဖိုကုန်း ကျေးရွာနဲ့ဆက်စပ်ပြီး ပေါင်းလောင်းမြို့သစ် အဖြစ် တည် ဆောက်ပေးခဲ့တယ်။ အဲဒီလိုရွှေ့ပြောင်းရတဲ့အတွက် လေ ျှာ်ကြေးငွေပေးတယ်၊ ပေါင်းလောင်း မြို့ သစ်ပတ်ဝန်းကျင်မှာ စိုက်ပျိုးမြေသစ်တွေ ဖော်ထုတ်ပေးတယ်ဆိုပေမယ့် သူတို့ရွှေ့ပြောင်းခဲ့ရတဲ့ နေရာမှာ နှစ်ရှည်သီးနှံခြံတွေကျန်ခဲ့တာဆိုတော့ ဒေသသစ်မှာ အဆင်မပြေလှဘူး။

နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့ အတူ ပေါင်းလောင်းချောင်းတစ်လေ ျှာက်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေတော့ပေါ်လာပါတယ်။ ပေါင်းလောင်းမြို့သစ်နဲ့ပတ်သက် ပြီး ထူးထူးခြားခြားမှတ်မိတာကတော့ အုပ်ချုပ်ရေးမှူး ဦးသက်ထွန်း အောင်ပဲ။ ပေါင်းလောင်းမြို့သစ်တည်ပြီးတော့ အဲဒီဘက်ကလူတွေနဲ့တွေ့ရင် သူ့သတင်းကောင်းတွေကြားရတယ်။ ၂၀၁၈ ခုနှစ်လောက်မှာ သူ့ကို ပြောင်းရွှေ့မိန့်ထုတ် တော့ ဒေသခံတွေက ဆက်ပြီးထားဖို့ စာရေးတင်ပြကြတယ်လို့ သတင်းတွေမှာဖတ်ရတယ် ။ ဒေသခံတွေတောင်းဆိုချက်အောင်မြင်လား၊မအောင်မြင်ဘူးလားဆိုတာတော့မသိရဘူး။

ပေါင်းလောင်းမြို့သစ် လမ်းဘေးဝဲယာမှာတော့ နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်ကို စီစဉ်ပေးတဲ့ ခရီးသွးလုပ်ငန်းဆိုင်းဘုတ်တွေ၊ စားသောက်ဆိုင်တွေ နဲ့ အပြည့်ပဲ။ လောလောဆယ်ဆယ် တော့ ကိုဗစ် ကိုက်နေတဲ့အတွက် အားလုံးရပ်တန့်နေတဲ့ပုံပါပဲ။

လိန်းလီတံတားကိုဖြတ်ပြီးတော့ ကားရပ်ပြီးဓာတ်ပုံရိုက်တယ်။ တစ်ချိန်က ဒီနေရာမှာ ရိုးရိုး တံတား ပဲ ရှိတယ်။ ပေါင်းလောင်းချောင်းရေကလည်း တသွင်သွင်စီးလို့ ၊ အခုတော့ ရေသေအိုင်ကြီကို ပဲ မြင်ရတယ်။ ရေနည်းတဲ့အချိန်ဖြစ်လို့ထင်ပါရဲ့ အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်၊ ဝါးပင်တွေ ရေထဲက ထိုး ထွက်နေတယ်။ တစ်နေရာမှာ စေတီငယ်လေးတစ်ခု ပေါ်နေတယ်။ ဒီမြင်ကွင်းက ဆင်သေဆည် ခရီးစဉ်ကို သတိရသွားစေတယ်။

၂၀၀၀ ပြည့်နှစ်ထဲမှာ နေပြည်တော်- တောင်တွင်းကြီးလမ်းမှာ ရှိတဲ့တောင်ညိုကနေ ပဲခူးရိုးမ အတိုင်းရမည်းသင်းနဲ့ တည့်တည့်နေရာအထိ ခရီးသွားတဲ့အခါ ၁၉ ၄၈ ခုနှစ် မတ်လ ၂၈ ရက် နေ့ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေးအစပိုင်းမှာ သခင်သန်းထွန်းတို့ ဗဟို ဌာနချုပ်အခြေစိုက်ခဲ့တဲ့ ဘုရားတောင်၊ ပိုတက် ဆိုတဲ့ရွာတွေဖြတ်သွားရတယ်။

အဲဒီရွာတွေမှာ ဗကပ လူကြီးတွေကို တွေ့ဖူးမြင်ဖူး၊ သိဖူးတဲ့ အဖိုးကြီးတွေရှိသေးတယ်။ ဗကပ ဌာနချုပ်ကို ရွှေဝါစခန်း၊ အင်ကြင်းစခန်းဆိုပြီး ခွဲထားတယ်။ သခင်သန်းထွန်းတို့က တစ်နေရာ၊ ဗိုလ်ဇေယျတို့က တစ်နေရာနေကြတယ်လို့ပြောတယ်။ ပဲခူူးရိုးမ ဖြုတ်၊ထုတ်၊ သတ်မှာ အသတ်ခံ လိုက်ရတဲ့ ရဲဘော်ဂိုရှယ်ကိုလည်း သိကြတယ်။ အဲဒီအချိန်က ဂိုရှယ်က လူကြီးမဟုတ်ဘူး၊ ရာထူးကျ နေတာ၊တပ်ကုန်းဘက်မှာ နေရင်း တပ်ကုန်းသူနဲ့ အိမ်ထောင်ကျတယ်လို့ ပြောကြတယ်။ ဒါ ပေမယ့် သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်မှာတော့ ဂိုရှယ်ရဲ့ မိသားစုအကြောင်း မတွေ့မိဘူး။

အဲဒီခရီးစဉ်မှာ တပ်ကုန်းအနောက်ဘက်မှာ ရှိတဲ့ ဆင်သေဆည်ကို စက်လှေနဲ့ဖြတ်ရတယ်။ ဆည် ရေပြင်ကို ဖြတ်ရင်း အောက်ကို ငုံ့ကြည့်လိုက်ရင် ဆင်သေဆည် ရေဝပ်ဧရိယာထဲရောက် လို့ရွှေပြောင်းပေးရတဲ့ ရွာတွေက ကျန်ခဲ့တဲ့အိမ်တိုင်တွေ၊ အပင်ကြီးတွေကို မြင်ရတယ်၊ စေတီ တစ်ဆူလည်း ဖူးမေ ျှာ်ခဲ့ရတယ်။ ရေပြင်ကျယ်ကြီး၊ ရေပေါ်က တိမ်အရိပ်တွေ၊ ရေအောက်က တိတ်ဆိတ်နေတဲ့ ရွာပျက်။ မြင်ရသူကို လွမ်းသလိုလို၊ ငိုချင်သလိုလို ဖြစ်စေတဲ့မြင်ကွင်းပဲ။

အဲဒီရွာတွေကို ဆည်နဲ့ တပ်ကုန်းကြားထဲမှာပြန်နေရာချထားပေးထားတယ်။ ဒါပေမယ့် တစ်ချို့က လည်း ဆည်ဖျားမှာ ရှိတဲ့ ရွာတွေကိုပြောင်းပြီး နေတယ်။ တစ်ချို့က ပြန့်မှာနေပေမယ့် ဆည် ပတ်ဝန်းကျင်မှာ ပြန်လာပြီး လုပ်ကိုင်စားသောက်တယ်။ အဲဒီရွာသားတွေ စက်လှေနဲ့ ခရီးသွားတဲ့ အခါ၊ဒါမှမဟုတ် ကမ်းနားကနေ ရွာဟောင်းရှိခဲ့တဲ့နေရာကို မေ ျှာ်ကြည့်တဲ့အခါ ဘယ်လိုခံစားရ မလဲလို့ တွေးမိခဲ့တယ် ။

ဆည်ဆောက်၊ လမ်းဖောက်၊ စက်ရုံဆောက် ၊ ဘယ်လိုဖွံ့ဖြိုးရေးလုပ်ငန်းလုပ်လုပ် နစ်နာသူက တော့ရှိမှာပဲ။ ရှောင်လို့မရဘူး။ အရေးကြီးတာက အဲဒီ နစ်နာသွားသူတွေအတွက် ဘယ်လို ပြန်လည်ကုစား မလဲဆိုတဲ့အချက်ပဲ။

အစိုးရဘက်ကလည်း ငွေပေးလိုက်ရင်၊ မြေပေး လိုက်ရင်၊ အပင်ဖိုးပေးလိုက်ရင် ပြီးပြီလို့ ထင်တယ်။ ဒါပေမယ့် Sentimental Value လို့ဆိုရမယ့် ဇာတိမြေအပေါ် တွယ်တာမှုသံယောဇဉ် ကို ထည့်တွက်ဖို့မေ့နေတတ်တယ်။ နှစ်ရှည် ပင်တစ်ပင်ကနေ ဝင်ငွေရဖို့ စောင့်ရမယ့်အချိန်၊ ခြံတစ်ခြံကို ပြန်လည်ပျိုးထောင်နိုင်ဖို့ လုပ်ရတဲ့ အချိန်၊ ငွေ၊ လုပ်အားတွေကို ထည့်သွင်းစဉ်းစားဖို့လည်း ပျက်ကွက်နေတတ်တယ်။ တစ်ခါတစ်ခါကျတော့လည်း “ဖြတ်သာ သွား တယ်မနားတယ်” ဆိုသ လိုပဲ မဟာဓာတ်အားလိုင်းအောက်မှာ မီးမရတဲ့ဒေသခံတွေရဲ့ ခံစား ချက်ကို မသိချင်ယောင် ဆောင်နေတတ်တယ်။

တစ်ချို့နေရာတွေကျတော့လည်း ဒေသခံများဘက် က လိုအပ်တာထက် ပိုတဲ့ တောင်းဆို မှုတွေ၊ လေ ျှာ်ကြေးပေးတော့မယ်ဆိုမှ အပင်ပေါက်တွေ တိုး စိုက်တာ၊ တဲတွေထပ်ဆောက် တာမျိုးတွေ လည်း ရှိပြန်တယ်။ ဒီလိုနဲ့ ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့အတွေ့အကြုံအရတော့ ကျွန်တော်တို့ မှာ အဲဒီ ပြဿနာ ကို ကုစားနိုင်မယ့် နည်းလမ်းမတွေ့သေးဘူး။

အခု အထက်ပေါင်းလောင်းဆည်ဆိုရင်လည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တယ်။ အဲဒီအခမ်းအနားမှာ လ ျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနကတော့ ရွှေ့ပြောင်းပေးရတဲ့ရွာသားတွေ အတွက် ကျပ်ငွေ ၃၁ ဘီလျံကျော်ပေးခဲ့တယ်။ စိုက် ပျိုးမြေ ဧက ၈၀၀၀ကျော်ဖော်ထုတ်ပေးခဲ့ တယ်လို့ ရှင်းပြခဲ့တယ်။

အခု ငါးနှစ်ကြာသွားတဲ့အချိန်မှာ ရွှေ့ပြောင်းရွာသားတွေ ဘာလုပ်ငန်း လုပ်နေကြလဲ၊ စိုက်ပျိုးမြေ ရှစ်ထောင်ကျော်အနက် ဘယ်လောက်စိုက်ပျိုးထားသလဲ၊ ဘာတွေ စိုက်ပျိုးနေလဲ၊ ဝင်ငွေဘယ်လောက်ရလဲ၊ နေရာဟောင်းနဲ့ နေရာသစ် ဝင်ငွေရရှိမှုအခြေအနေ ဘယ်လိုရှိလဲ၊ ကျန်းမာရေး၊ ပညာရေး ဘယ်လောက်ပြောင်းလဲလာသလဲ စသည်ဖြင့် စစ်တမ်းလုပ်ကြည့်ရင် ကောင်းမှာပဲ။ နိုင်ငံတော်စီမံကိန်းတိုင်းကိုသာ အဲဒီလို လုပ်နိုင်ရင် ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ဒေသခံတွေရဲ့ အကျိုးစီးပွားအကြားမ ျှခြေတစ်ခု ရှာ နိုင်မယ့် နည်းလမ်းတွေ့နိုင်မယ်ထင်ပါတယ်။

လှပတဲ့ လိန်းလီတံတားမှာ ဓာတ်ပုံမရိုက်နိုင်ပဲ အတွေးတွေပဲ ပိုခဲ့တယ်။

နှစ်သက်မိသော သတင်းများ၊ သီချင်းများ

၁။ ဘယ်သူတွေကပဲ ချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲနေသလဲ။ ကျွန်မတို့ အဂတိတရား ကင်းတဲ့ အစိုးရ တစ်ခု တည်ထောင်မယ်။ ( ပုံ ၁)

၂။ အစိုးရဖြစ်လာမှ ချမ်းသာလာမယ်၊ xx ပြည်သူတွေက ဆင်းရဲနေပြီးတော့ ကျွန်မတို့ အဖွဲ့ချုပ် က ချမ်းသာနေလို့ရှိရင် ကျွန်မတို့ဟာ အလွန်မှ သိက္ခာမဲ့တဲ့ အဖွဲ့တစ်ခုဖြစ်သွားလိမ့်မယ်။ ( ပုံ ၂)

၃။ NLD က မြေကွက် နဲ့ ကားပါမစ် ယူမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား။ ( ပုံ ၃)

၄။ သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ မြေကွက်မယူ။ ( ပုံ ၄ )

၅။ စည်ပင်လူကြီးများကို Frontier က လိုက်လံမေးမြန်းရာ “ ဝန်ကြီးများအတွက် မြေကွက်လား” ဟူသော မေးခွန်းကို ယတိပြတ်မငြင်းသလို အဖြေလည်းမပေးပေ။ ( ပုံ ၅)

၆။ ပြည်ထောင်စု ဝန်ကြီး၊ ဒုဝန်ကြီး နှင့် အရေးကြီးပုဂ္ဂိုလ်များအတွက် နေပြည်တော်တွင် အိမ်ရာ များ ချထားပေးရန် အစီအစဉ်များရှိနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် မသိရှိကြောင်း။ ( ပုံ ၆)

၇။ ဝန်ကြီးအဆင့်ဆိုရင် ပေ ၃၀၀ ပတ်လည်ရှိမယ်၊ ဒုဝန်ကြီးအဆင့်ဆိုရင် ၂၅၀ ပတ်လည်ရှိတယ်။ xx သမ္မတ တို့၊ အဲဒီအဆင့်တို့ဆိုရင် ၄၀၀ ပတ်လည်ရှိတယ်။ xxx Political Appointment တွေကို ပေးတာဖြစ်တယ်။ ( ပုံ ၇ )

၈။ ပြည်ထောင်စုအကြီးအကဲများအတွက် လျာထားဖော်ဆောင်နေသည်ဆိုသော ဥတ္တရသီရိ မြို့နယ်ရှိ မြေကွက်များ။ ( ပုံ ၈)

၉ ။ မြန်မာ့မြေကွက်ခွဲဝေမှုစံချိန်ချိုးလိုက်ပြီ။ ဒီမိုကရေစီအစိုးရဟာ စစ်တစ်ပိုင်းအစိုးရထက် လက်သံပြောင်တယ်။ ( ပုံ ၉ )

၁၀။ ကျွန်တော့်လိုပဲ အခြားသော လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများမှ ဆင်းရဲသား ပြည်သူများရဲ့ နေ အိမ် ဓာတ်ပုံများ ကို ဖော်ထုတ်တင်ပြပြီး နေပြည်တော်မှ လုပ်ပိုင်ခွင့်ကို အသုံးချ မြေကွက်ယူ တဲ့ ဝန်ကြီး တွေကို ရှက်တတ်အောင် ပြောပေးကြပါ။ ( ပုံ ၁၀ )

၁၁။ အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိကြောင်း၊ ဝေဖန်မခံချင်ပါက နိုင်ငံရေး မလုပ်ရန်သာရှိ ကြောင်း။ ( ပုံ ၁၁)
၁၂။ တစ်ချို့က ခု ဒီမှာ တစ်မျိုးပြော၊ ဟိုမှာ တစ်မျိုးပြော xxx စိတ်တွေက ပြောင်းလိုက်၊ အပြော တွေက ပြောင်းလိုက်။ ( ပုံ ၁၂)

၁၃။ ခုတော့ ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်ခဲ့ပြီ။ နိုင်မြန်မာ ( ပုံ ၁၃)

၁၄။ သံသရာအဆက်ဆက် နေရာလိုက်၍ ပုံသဏ္ဍန်ပြောင်းနိုင်သော ရေသူမလေး။ ကိုနေဝင်း ( ပုံ ၁၄)

ထင်းရှူးမြိုင် (၄)

ပေါင်းလောင်းချိုင့်ဝှမ်းထဲကို အဆင်းက ၃၅ မိုင်က စတယ်။ သုံးမိုင်လောက် အဆင်းသက်သက် ပဲ။ အဆင်းတွေကလည်း တစ်ဆစ်ချိုးကွေ့တွေများတယ်။ အကွေ့ကြီး ၁၅ ကွေ့ရှိပြီး နံပါတ်တွေ တပ် ထားတယ်။ ဒီအဆင်းကတော့ ဘရိတ်ကောင်းမှ၊ ဂီယာကြီးနဲ့ဆင်းမှ အန္တရာယ် ကင်းတယ်။ ဒီနေရာမှာတော့ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုက ကန်ထရိုက်စနစ်နဲ့ လမ်းတွေချဲ့နေတာတွေ့တယ်။ မြေထိန်းနံရံတွေကို စနစ် တကျလုပ်နေတယ်။ ကင်းသာ – ပင်းလောင်းလမ်းကို NH 20 ၊ AH 14 လို့သတ်မှတ်ထားတဲ့ ဆိုင်းဘုတ်တွေလည်း တွေ့တယ်။

၃၆/၇ မိုင်တိုင်နားမှာ ဈေးဆိုင်တဲလေးနှစ်ခုရှိတယ်။ နားနေဖို့ အဆောင်နှစ်ခုဆောက်ထားတယ်။ ဒီနေရာက ကြည့်ရင် ပေါင်းလောင်းချိုင့်ဝှမ်းကို ရှုခင်းကောင်းတယ်။ ဆိုင်နှစ်ဆိုင်မှာ တစ်ဆိုင်က တော့ ပိတ်ထားတယ်။ တစ်ဆိုင်က လူရှိပေမယ့် ဆိုင်မဖွင့်ဘူး။ နားနေဆောင်မှာပဲ နားလို့ရတယ်။ ဒီနေရာက ကြည့်ရင် ဖိုကုန်း ရွာကို မြင်ရတယ်။ ပေါင်းလောင်းဆည်ရဲ့ ရေဝပ် ဧရိယာတွေ ကို မြင်ရတယ်။ တောင်ကြောလေးနဲ့ ကွယ်နေလို့ လိန်းလီတံတားကိုတော့ မမြင်ရဘူး။

လိန်းလီ ဆိုတာက ပေါင်းလောင်းချောင်းဘေးက ရွာလေးကို ခေါ်တာပါ။ လိန်းလီ ရွာဟောင်း လက်ရှိ ကြိုးတံတားအောက်ခြေပတ်ဝန်းကျင်မှာရှိပြီး အထက်ပေါင်းလောင်းရေအားလ ျှပ်စစ် စီမံကိန်းအတွက် ဆည်ပိတ်ချိန်မှာ ရေမြုတ်သွားတဲ့အတွက် ပေါင်းလောင်းမြို့သစ်မှာ နေရာ ရွှေ့ ပြီးတည်ထားပါတယ်။

အထက်ပေါင်းလောင်း ရေအားလ ျှပ်စစ်စီမံကိန်း ကို ၂၀၀၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ပေါင်းလောင်းချောင်းပေါ်မှာ ပထမ ဆုံး တည်ဆောက်ပြီးစီးတဲ့ရေအားလ ျှပ်စစ်စီမံကိန်းက နေပြည်တော်နားက ပေါင်းလောင်းရေအား လ ျှပ်စစ်စီမံကိန်း၊ ၂၀၀၅ ခုနှစ် မတ်လ ထဲမှာ ပြီးတယ်။ ကျွန်တော်တို့ နေပြည်တော်ကို ရွှေ့တဲ့ အချိန်မှာ ပေါင်းလောင်းရေအားလ ျှပ်စစ်က နေပြည်တော်ကို အဓိက လ ျှပ်စစ်ဓာတ်အားပေးတဲ့ နေရာဖြစ်နေပြီ။ အထက်ပေါင်းလောင်းစီမံကိန်း အပြင် အလယ်ပေါင်းလောင်းရေအားလ ျှပ်စစ် စီမံကိန်းဆိုတာလည်းရှိသေးတယ်။ ဒီစီမံကိန်းက မပြီးသေးဘူး။ နောက်တစ်ခါ ပေါင်းလောင်း ထဲကို စီးဝင်တဲ့နန်ချိုချောင်းပေါ်မှာ နန်ချိုရေအားလ ျှပ်စစ်စီမံကိန်းဆိုတာလည်း ရှိသေး တယ်။ သူကတော့ ၂၀၀၆ ခုနှစ်မှာ တည်ဆောက်ပြီး ၂၀၁၃မှာပြီးတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ဖို့ ဆုံးဖြတ်ပြီးချိန်မှာ နေပြည်တော် အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ကြိုတင်ပြင်ဆင်ခဲ့တယ်။ တစ်ချို့ စီမံကိန်း တွေဆိုရင် အကောင်အထည်ဖော်ရတဲ့ ဝန်ကြီးဌာနကတောင် ဘာရည်ရွယ်ချက် နဲ့ ဆောက်သလဲဆိုတာမသိဘူးလို့ဆိုတယ်။

နယက အစိုးရလက်ထက်မှာ လည်/ဆည်ဝန်ကြီးအဖြစ်နဲ့တာဝန်ယူခဲ့တဲ့ ဦးဌေးဦးကို နှုတ် ပြော သမိုင်း မှတ်တမ်းအတွက်တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးက အခု နေပြည်တော် ဖြစ်လာမယ့် ပတ်ဝန်းကျင်မှာ ငလိုက်ဆည်၊ ချောင်းမကြီးဆည် ( မြို့တော်ဂေါက်ကွင်းနားက ) တို့ ကို ဆောက်ဖို့အတွက်ညွှန်ကြားတယ်။ ဒါပေမယ့် ပဏာမလေ့လာမှုတွေလုပ်တော့ ဆည် ကုန်ကျစရိတ်နဲ့ အဲဒီအချိန်မှာ ရှိနေတဲ့ စိုက်ပျိုးမြေနဲ့ဆိုရင် စီးပွားရေးအရ တွက်ချေမကိုက်ဘူး။
အဲဒီအခြေအနေကို ပြန်တင်ပြတဲ့အခါ ဗိုလ်ချုပ်မှူးကြီးက ဆောက်သာဆောက်ပါ။ နောင်တော့ သိပါလိမ့်မယ်လို့ ပြောတဲ့အကြောင်းရှင်းပြခဲ့တယ်။ အခုတော့ အဲဒီဆည်တွေဟာ နေပြည်တော် စိုက်ပျိုးရေးအတွက်ရော၊ သောက်သုံးရေ ရေပေးဝေရေးအတွက်ပါ အဓိကနေရာတွေဖြစ်နေပါပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ဖို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့သလို ဆို တာကို စာရွက်စာတမ်းအထောက်အထားတွေ၊ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်း မှု တွေကနေ ခြေရာကောက်ကြည့်ဖူးတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ကျွန်တော့်စာအုပ် အတွက် တွေ့ဆုံမေးမြန်းချိန်မှာတော့ ၁၉ ၉ ၆ ခုနှစ်အထိတော့ ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှာ အစိုးရ ရုံး တွေကို ရွှေ့ပြောင်းဖို့ ဆိုတဲ့အစီအစဉ်ပဲရှိတယ်။ အဲဒီနောက်မှာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က မြို့တော်သစ် တည်ဆောက်ရေးဆိုပြီး အယူအဆပြောင်းသွားခဲ့တယ်လို့ပြောတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်က ၂၀၀၃ ခုနှစ် ဇွန်လဆန်းထဲ မှာ နယကရုံးကနေ အဲဒီအချိန်က နယ်စပ်/စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် (နောင် နေပြည် တော်ကောင်စီဥက္ကဋ္ဌ နဲ့ မြို့တော်ဝန်) ကို ဥက္ကဋ္ဌ တာဝန်ပေးတဲ့ နေပြည်တော် စီမံကိန်းကော်မတီကို ဖွဲ့စည်းပေးခဲ့တယ်။
ဒါပေမယ့်အဲဒီအချိန်မှာ နေပြည်တော် ဆိုတဲ့ စကားကို မသုံးဘူး။ “ ပျဉ်းမနားဖွံ့ဖြိုးရေးစီမံကိန်း” လို့ပဲသုံးတယ်။ ၂၀၀၄ ခုနှစ်မေလရောက်တော့ “ အထူးဖွံ့ဖြိုးရေးစီမံကိန်း” လို့ သုံးတယ်။ နေပြည်တော် နေရာရွေးတာ၊ စီစဉ်တာတွေ အားလုံးက ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်၊ သူ ( ဦးခင်ညွန့်) ကတော့ သွားရောက်စစ်ဆေး ကြီးကြပ်ပေး ရတယ်လို့ ရှင်း ပြတယ်။

၁၉ ၉ ၆ ခုနှစ်အထိ မြို့တော်သစ်တည်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူးဆိုတာ မှန်ပါတယ်။ ၁၉ ၉ ၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကနေ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပတဲ့အမျိုးသားညီလာခံ အစည်းအဝေးမှာ ပြည်ထောင်စုနယ်မြေများသတ်မှတ်ရေးနဲ့ပတ်သက်တဲ့ အခြေခံမူတွေကို အတည်ပြုတဲ့အခါ

“ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။”

“ ထူးခြားသောအခြေအနေရှိသည့် ကိုးကိုးကျွန်းမြို့နယ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။”

လို့ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘာ့ကြောင့်မြို့တော်သစ်တစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်တာလဲ။ ပျဉ်းမနားဒေသကို နေပြည်တော်အဖြစ်ဘာ့ကြောင့်ရွေးရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ( ကွယ်လွန်)ရဲ့ “မမေ ျှာ်လင့်သောခရီးရှည်” စာအုပ်မှာ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခြေခံဥပဒေအရ နောင်ဖြစ်ပေါ်လာမယ့် ပြည်ထေင်စုပုံစံမှာ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဆက်သွယ်ဆက်ဆံ မှု ကောင်းရမယ်၊ ဒါပေမယ့် အဲဒီဒေသအုပ်ချုပ်ရေးတွေနဲ့ ရောထွေးနေတာမျိုးလည်း မဖြစ်တဲ့ မြို့တော်သစ်တစ်ခုတည်ဆောက်ဖို့ လိုအပ်တယ်၊ ရန်ကုန်ဟာ အင်္ဂလိပ် တွေ ရွေးချယ်တည်ဆောက်ခဲ့တဲ့မြို့တော်ဖြစ်တယ်။ အင်္ဂလိပ်က ရေကြောင်း အင်အား နိုင်ငံဖြစ်တဲ့အတွက် ရေကြောင်းဆက်သွယ်ရေးကောင်းတဲ့နေရာကိုရွေးခဲ့တာဖြစ်တယ်။

မြန်မာ နိုင်ငံအတွက်ဆိုရင် မြို့တော်ဟာ ကုန်းတွင်းဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်တဲ့ Heartland နေရာမှာ မြို့တော်ရှိရမယ်။ အနာဂတ်နေပြည်တော်အတွက် တောင်ငူ။ ပျဉ်းမနား၊ မိတ္ထီလာနဲ့မန္တလေးတို့ကို ပဏာမစဉ်းစားပြီးနောက်ဆုံးမှာ ပျဉ်းမနားကို ရွေးချယ်ခဲ့တယ်၊ ပျဉ်းမနားဟာ လမ်းပန်းဆက်သွယ်ရေးအရ အချက်အခြာကျတယ်၊ စိုက်ပျိုးရေးအရ ပတ်ဝန်းကျင်မှာ လုံလောက်တဲ့ စိုက်ပျိုးမြေ၊ရိက္ခာထုတ်လုပ်နိုင်မှုရှိတယ်။ အနာဂတ် မြို့ပြချဲ့ထွင် ဖို့လိုအပ်ရင်လည်း လုံလောက်တယ်မြေလွတ်မြေရိုင်းတွေရှိတယ်၊ လုံခြုံရေးအရ အနေအထား ကောင်းတယ် လို့ တပ်မတော်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ရှင်းပြခဲ့တဲ့ အကြောင်း ရေးသားထားတယ်။

နေပြည်တော်ကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မဟာဗျူဟာဆုံးဖြတ်ချက် အဆင့် မဟုတ်ဘူး။ အဂ္ဂမဟာဗျူဟာ Grand Strategy အဆင့်ဆုံးဖြတ်ချက်ပဲ။ ဒီဆုံးဖြတ်ချက် ကို အကောင်အထည်ဖော်တဲ့နေရာမှာ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေ ရှိကောင်း ရှိနိုင် ပေမယ့် မူဝါဒ အရ မမှားဘူးဆိုတာ ဆယ်ငါးနှစ်နီးပါးရှိလာတဲ့အချိန်မှာ လက်တွေ့မြင်လာရပြီပဲ။

နေပြည်တော်စီမံကိန်းက ဝန်ကြီးဌာနတွေ ပြောင်းမယ်ဆိုမှ ဘွားကနဲပေါ်လာသလိုဖြစ်တော့ မှန်း ဆချက်တွေအမျိုးမျိုးပေါ်ခဲ့တယ်။ ဝန်ကြီးဌာနတွေရဲ့ ပထမဆုံးအသုတ်က ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ ရွှေ့တယ်။ အဲဒီအချိန်က နေပြည်တော်မှာ အဆောက်အဦးတွေက မပြည့်စုံသေးပဲ ရွှေ့တာဆိုတော့ ယကြာကိန်းခန်းအရ ချက်ခြင်းရွှေ့တယ်ဆိုပြီး ပြောကြတာလဲရှိတယ်။

အမှန်ကတော့ ၂၀၀၆ ခုနှစ်ထဲမှာ ပြန်စတင်မယ့် အမျိုးသားညီလာခံမှာ “ နိင်ငံတော်အလံ၊ အထိမ်း အမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်” အခန်းအတွက်ဆွေးနွေးဆုံးဖြတ်ရတော့မှာဖြစ်တယ်။ ဒီတော့ အရင် ၁၉ ၉ ၄ အမျိုးသားညီလာခံမှာ သတ်မှတ်ထားတဲ့ မြို့တော်ဟာ ရန်ကုန် ဆိုတဲ့အချက်ကို ပြင်တဲ့အခါ ကန့်ကွက်လို့မရအောင် နေပြည်တော်ကို မဖြစ်မနေရွှေ့ပြောင်းလိုက်တာပါ။ နေ ပြည်တော်ကို တရားဝင်ရုံးစိုက်တယ်လို့သတ်မှတ်တဲ့နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အစိုးရ အဖွဲ့ခေါင်းဆောင်များရွှေ့ပြောင်းရောက်ရှိတဲ့ ၂၀၀၆ ခုနှစ်ဖေဖော်ဝါရီ ၁၇ ရက် ဖြစ်ပါတယ်။

နေပြည်တော်ကိုပြောင်းမယ့်ယာဉ်တန်းတွေ စထွက်တော့ ဘာဝတ်စုံ ဝတ်ရတယ်၊ ဘယ်လို အော်ရ တယ်ဆိုပြီးပြောကြတာလဲရှိတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ ထွက်တဲ့အချိန်နဲ့ ရက်ကို အခါကောင်းရွေးတာတော့ ဖြစ်နိုင်ပါတယ်။ ဝတ်စုံတွေ၊ ကြွေးကြော်သံတွေနဲ့ပတ်သက်လို့ကတော့ အခြားဝန်ကြီးဌာနတွေတော့မသိဘူး။ ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်တန်း သိမ်ဖြူလမ်းက စထွက် ချိန်မှာတော့ ဘာအော်ရမယ်လို့လည်း မညွှန်ကြားဘူး။ ဝန်ထမ်းတွေမှာ အော်ဖို့နေသာသာ စိတ်ပျက်လက်ပျက်နဲ့ လိုက်ပို့တဲ့သူတွေကိုတောင် နှုတ်မဆက်နိုင်ဘဲ ဇတ်ကျိုးနေတာပဲတွေ့ မိ ပါတယ်။

ပေါင်းလောင်းချိုင့်ဝှမ်းထဲကို ငေးကြည့်ရင်း အတွေးတွေထဲမှာ နစ်မျောနေတာ ဘယ်လောက်ကြာ သွားလဲမသိဘူး။ နောက်ထပ်ကားနှစ်စီးရောက်လာပြီး ဆူဆူညံညံနဲ့ ခရီးသွားတွေဆင်းလာမှ ခရီး ဆက်ဖို့ သတိရတယ်။ ဖြေးဖြေးမောင်းရင်း သတိနဲ့ ခရီးဆက်ခဲ့တယ်။ ကားက အနိမ့်ပိုင်း ကိုရောက်လာလေ မြင်ကွင်းက ကျဉ်းလာလေပဲ။ အပေါ်ကနေသာ မကြည့်ခဲ့ဖူးဆိုရင် ကားလမ်း ဘယ်၊ ညာ တောအုပ်လေးကိုပဲ မြင်ပြီး ပေါင်းလောင်းရေပြင်ကျယ်ကြီးရှိတယ်ဆိုတာကို တောင် သိမှာမဟုတ်ဘူး။ ရောက်နေတဲ့နေရာအပေါ် မူတည်ပြီး မြင်ကွင်း အကျဉ်း၊ အကျယ်မတူနိုင်ဘူး ဆိုတာ သဘာဝကျပါတယ်။

ထင်ရှူးမြိုင် (၃)

တောင်ကျရွာက ထွက်တော့ မိုးဖွဲဖွဲ ရွာလာတယ်။ မိုးနှင်းတွေကြောင့် ပတ်ဝန်းကျင်ရှုခင်းကို ကောင်းကောင်း မမြင်ရဘူး။ ကားမောင်းရတာလွမ်းစရာကောင်းတယ်။ မိုးနှင်းတွေဝေနေတဲ့ တောင်ပေါ် ခရီးကို သွားရတဲ့အခါ မဲခေါင်ခရီးသွားချိန်က လာအိုနိုင်ငံတောင်ထိပ်၊ မိုးနှင်းတွေကြားမှာ White Lion အဖွဲ့ရဲ့ “ Till Death Do Us Part” သီချင်းလေးကြားခဲ့ရတာကို သတိရတယ်။

ကားက ရှေ့ကို ခရီးနှင်နေပေမယ့် ကျွန်တော့်စိတ်တွေက အတိတ်ကို ပြန်သွားနေတယ်။ လွှဲကြီး မှာ၊ ကိုးကွေ့မှာ၊ တောင်ကျ မှာ တစ်ချိန်က လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ ရှိနိုင်သေး တယ်။ ဒါပေမယ့် ကားရပ်ပြီး မရှာတော့ဘူး။ သူတို့နဲ့ အတူနေချိန်က အကောင်းဆုံး လက်တွဲ ဆက်ဆံခဲ့တယ်၊ ဖြည့်ဆည်းခဲ့တယ်။ တူတာတွေရှိ၊ မတူတာတွေရှိပေမယ့် အတတ်နိုင်ဆုံး ညှိ နှိုင်းခဲ့တယ်။ အားလုံးကို လိပ်ပြာသန့်သန့်နဲ့ဆက်ဆံခဲ့တယ်။

သူတို့နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာတွေကို ထာဝရသိမ်းထားမယ်။ စိတ်အခန့်မသင့် တာ၊ ဝမ်းနည်းစရာ၊ ဒေါသဖြစ်စရာတွေရှိခဲ့ရင်တောင် ပြီးခဲ့ပြီလေလို့မေ့ထားလိုက်မယ်။ အဲဒါဟာ အကောင်းဆုံး အမှတ်တရပဲ။ တစ်ချိန်မှာတော့ သူတို့နဲ့တွေ့ဖို့ ပြန်လာကောင်း ၊ပြန်လာဦးမှာပါ။ အခုအချိန်မှာတော့ ရည်မှန်းချက် ကလောကို အရောက်သွားဖို့ပဲ စိတ်မှာ ရှိ တော့တယ်။

ရေပူစမ်းလမ်းခွဲကိုကျော်တော့ ညာဘက်မှာ “ ကသောင်း” သို့ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ တယ်။ ကသောင်း ရွာသား တွေက ကယားပြည်နယ်ဘက်ကရွှေ့လာတာ။ ၁၉ ၉ ၂/၉ ၃ လောက်က လို့ပြောတယ်။ ဒေသခံ ကရင်တွေနဲ့ စကားမတူ၊ လူမျိုးမတူဘူး။ ဘာသာအရလည်း နတ် ကိုးကွယ်တဲ့သူတွေ။ သူတို့ ခြံထွက်သီးနှ ံ တွေရောင်းတာ၊ လိုချင်တာ ဝယ်တာကလွဲရင် ပတ်ဝန်းကျင်ရွာတွေနဲ့ လူမှုရေးအရ အဆက်အဆံမရှိဘူး။ ကလေးတွေလည်း ကျောင်းမထား ဘူး။

ကသောင်းက ရှမ်းပြည်နယ်ထဲမှာဆိုတော့ ကျွန်တော်တို့နဲ့ အုပ်ချုပ်ရေးအရ မပတ်သက်ပါဘူး။ ဒါ ပေမယ့် လုံခြုံရေးအရ ဆက်စပ်နေတော့ ၁၉ ၉ ၉ ခုနှစ် လွှဲကြီးကို ပြောင်းရွှေ့လာပြီးတဲ့အခါ ကသောင်းရွာကို သွားခဲ့ရတယ်။ အဲဒီအချိန် က ရွာက အိမ်ခြေသုံးဆယ်လောက်ပဲရှိတယ်။ အိမ်တွေကလည်း ခြေတံရှည် ဝါးတဲတွေပါပဲ။ ရေချောင်းနဲ့လည်းဝေးတော့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အားနည်းပါတယ်။

ရွာလူကြီးနှစ်ယောက်ပဲ ဗမာစကားပြောတတ်တယ်။ ဟိုဘက်၊ ဒီဘက် ပဋိပက္ခဖြစ်နေတဲ့နေရာက နေ ရှောင်ပြေးလာလို့ထင်တယ်။ သူတို့ရွာကို အခြားဧည့်သည့်တွေလာတာ နှစ်သက် ပုံမရဘူး။ ရွာတည်တာတောင် ကားလမ်းဘေးမှာ မတည်ဘူး။ လမ်းမကနေ အထဲကို တစ်မိုင်ကျော်ကျော် လောက်ဝင်ရတဲ့နေရာမှာတည်ထားတယ်။ လူကြီးတွေက မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပဲ။ ရွာသားတွေကတော့ လူစိမ်းလာတာနဲ့ တဲပေါ်တက်ပြီးတံခါးပိတ်နေ ကြတာပဲ။ တောင်ကျ၊ ကိုးကွေ့ရွာသားတွေလည်း ကသောင်းကို သွားလေ့မရှိဘူး။

ကျွန်တော်တို့လည်း တစ်ခြားရွာကို ဆယ်ခါသွားမှ ၊ ကသောင်းကို တစ်ခေါက်ရောက်ဖြစ်တယ်။ အကူအညီလိုရင်ပြောလို့တော့မှာထားတာပေါ့။ ၂၀၀၀ ပြည့်နှစ်ထဲမှာတော့ တစ်ရွာလုံး ဖျားနေ လို့ လာကြည့်ပေးပါဆိုပြီး တောင်ကျရွာကတဆင့် အကြောင်းကြားလို့ သွားရတယ်။
ဟိုရောက်တော့ တစ်ရွာလုံး တုပ်ကွေးဖြစ်နေကြတယ်။ ဆေးကုမယ်ဆိုတော့ တစ်ချို့က လက်မခံဘူး။ ရိုးရာနည်းနဲ့ပဲ ကုမယ်ဆိုလို့ ရွာလူကြီးနဲ့ မနည်းရှင်းပြပြီး ကုသရတယ်။

ဘာပဲဖြစ်ဖြစ် ဆေးကုပေးတာကို အကြောင်းပြုပြီး နည်းနည်းတော့ ရင်းနှီးသွားတာပေါ့။ ဒါ ပေမယ့် ရွာသန့်ရှင်းရေး၊ ကျန်းမာရေး၊ပညာရေးတို့နဲ့ပတ်သက်ပြီး ဘာလုပ်ပါ။ ဘာလုပ်သင့်တယ်လို့ ပြောရင်တော့ ပြန်မပြော နားမထောင်ဘဲ။ ကျွန်တော်တို့ကလည်း သူတို့ အကြောင်းသိနေတော့ အတင်းအဓမ္မလည်း မခိုင်းပါဘူး။

တစ်နေ့တော့ လွိုင်ကော်ဘက်မှာ အခြေစိုက်တဲ့ ခရစ်ယန်အသင်းတော်တစ်ခုက လူငယ် လေးနှစ်ယောက် ကသောင်းရွာကို ရောက်လာတယ်။ ကသောင်း ရွာသားတွေက ဖိတ်ခေါ် တာမဟုတ်ဘူး။ သူ တို့ အစီအစဉ်နဲ့ သူတို့ရောက်လာတာ။ သူတို့ရောက်လာတယ်ဆိုတာ သိတော့ လူစိမ်းတွေနဲ့ အဆက်အဆံမလုပ်တဲ့ ကသောင်းရွာသားတွေနဲ့ လူငယ်လေးတွေ ဘယ်လို လုပ်ကြမလဲဆိုတာ စောင့်ကြည့်မိတယ်။

လူငယ်လေးတွေက ရွာအဝင် လမ်းဘေးမှာ သူတို့ အစီအစဉ်နဲ့သူတို့တဲလေးတစ်လုံး ဆောက်ပြီး နေတယ်။ ရွာသားတွေက သူတို့ကို အဆက်အဆံမလုပ်ဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ လူငယ်လေး နှစ်ယောက်က သူတို့လုပ်အားနဲ့ ရွာအဝင်လမ်းလေးကို စပြီး ပြင်တယ်။ သုံးလေး ရက် လောက်နေတော့ လူကြီးတွေမလာပေမယ့် ကလေးတွေက သူတို့ အလုပ်လုပ်တာကို လာကြည့်တယ်။ စပ်စုကြတာပေါ့။

အဲဒီမှာ မုန့်လေးတွေကျွေး၊ ဂစ်တာလေးတီးပြနဲ့ ကလေးတွေနဲ့ လူငယ်လေးနှစ်ယောက် ရင်းနှီးသွားကြတယ်။ မကြာခင်မှာပဲ လူငယ်လေးနှစ်ယောက်က လွိုင်ကော်က သူငယ်ချင်း တွေ နဲ့ အတူ ရေထွက်ကနေ ရေပိုက်သွယ်ပေးလိုက်တယ်။ ရွာလမ်းလေးလည်း ကားဝင် လို့ ရတဲ့ လမ်းလေးဖြစ်သွားတယ်။

ခြောက်လလောက်နေတော့ လူငယ်လေးနှစ်ယောက်ဟာ ရွာသားတစ်ပိုင်းဖြစ်နေပြီ။ ရွာလေးရဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေးသန့်ရှင်းရေး လည်းကောင်းလာပြီ။ ၂၀၀၃ ခုနှစ် ကျွန်တော်ပြောင်းလာတော့ ကသောင်းဟာ အတော်ပြောင်းလဲနေပြီ။ ရွာသားတွေက သီးသီးသန့်သန့်နေတယ်ဆိုပေမယ့် အရင်လို တံခါးပိတ် နေတာမဟုတ်တော့ဘူး။ ခရစ်ယန်ဘာသာဝင်တွေလည်းရှိလာတယ်။ ဘာသာရေးအခမ်းအနား တွေဘာတွေလုပ်လာပြီ။

ဆယ်နှစ်နီးပါးရှိမှ ကသောင်းရွာနားက ဖြတ်သွားရတဲ့အခါ လူငယ်လေးနှစ်ယောက် ဘယ်ရောက် နေပြီလဲ၊ ကသောင်းရွာရော ဘယ်လိုအခြေအနေရှိလဲဆိုတာ စဉ်းစားမိတယ်။ လူထု စည်းရုံးရေးဆိုတာ လူထုကြားမှာနေ၊ လူထုလိုအပ်ချက်ကို အခြေခံကနေ ဖြည့်ဆည်း၊ စံနမူနာပြဦးဆောင်၊ အမိန့်ပေးစနစ် မကျင့်သုံးနဲ့ ဆိုတဲ့ သဘောတရားကို လက်တွေ့ ပြသွားတဲ့ လူငယ်လေးနှစ်ယောက်ဟာ မြင်ဆရာပါပဲ။

မိုင်တိုင် ၃၃ ရောက်တော့ မိုးနည်းနည်းစဲသွားတယ်။ ရှုခင်းလည်းကောင်းတော့ ဓာတ်ပုံရိုက်လို့ ရအောင် ခဏနားတယ်။ တဲပိုင်ရှင်က လက်ဆွဲဘက်က လာတာ။ ဒီနေရာမှာ နေတာ ၁၁ နှစ် လောက်ရှိပြီတဲ့ ။ လ ျှိုစောင်းက ခြံထဲမှာ သရက်၊ ပိန္နဲ၊ ထောပတ်၊ ကော်ဖီပင်တွေစိုက် ထားတယ်။ နှစ်ရှည်သီးနှံတွေက ငွေမဝင်သေးဘူး။ ကြားထဲမှာ တောင်ယာခုတ်၊ တံမြက်စည်း ပင်ချိုးပြီး ငွေရှာရတာပေါ့။

လမ်းကို မေးတင်ဆောက်ထားတဲ့ တဲက နှစ်ပိုင်း။ မီးဖိုချောင်လုပ်ထားတဲ့နေရာက ဟင်းလင်းဖွင့်၊ အကာတင်မရှိတာမဟုတ်ဘူး။ တောင်ထန်းအမိုးကလည်း ကျိုးတိုးကျဲတဲ။ ဒီနေရာက မီးဖိုဖြစ်သလို ဧည့်သည်တွေဘာတွေ နားလို့ရတယ်။ မီးဖိုနေရာမှာ ကတ္တရာပုံးအပိုင်းပြတ်တစ်ခု ကို လေကာလုပ် ထားတယ်။ စင်ပေါ်မှာ မည်းညစ်နေတဲ့ ဒန်အိုးနှစ်လုံး၊ ဒယ်အိုး တစ်လုံးရှိတယ်။ ပလိုင်းအဟောင်းတွေရှိတယ်။ ကြမ်းပြင်ပေါ်မှာ ထမင်းအိုးတစ်လုံးရှိတယ်။ စက္ကူပုံးပေါ်မှာ ပလတ်စတစ်ဆန်ခါကုံးတစ်ခုကို ပက်လက်လှန်ပြီး အိုး အသစ်နှစ်လုံးတင်ထားတယ်။ ပလတ်စတစ် ပုံးခွံတွေရှိတယ်။ ထောင့်တစ်နေရာမှာ မီးသွေးအိတ်တွေဆင့်ထားတယ်။ တပ်ကုန်းဘက် ဆင်းပြီးရောင်းမယ့်ပစ္စည်းတွေပေါ့။ ဒီဒေသမှာ မီး သွေးမဖုတ်ရ၊ တောမခုတ်ရဆိုတဲ့ ဆိုင်းဘုတ်ဟာ ဆိုင်းဘုတ်သက်သက်ပဲ။

အိပ်ခန်းလုပ်ထားတဲ့ အပိုင်းက ရှေ့ဘက်မှာ ကော်ဖီမစ် တွေ၊ မုန့်ထုပ်တွေ တွဲလောင်းချိတ်ထားတယ်။ နောက်ဘက် မှာ အိပ်ခန်း။ အိပ်ခန်း ဆိုတာလည်း ကန့်ထားတာမဟုတ်ပါဘူး။ မိသားစုအားလုံး စုအိပ်တဲ့ နိုင်လွန်ခြင်ထောင်တစ်လုံး ထောင်ထားတယ်။ အဲဒါ အိပ်ခန်းပဲ။ ကျွန်တော်တို့ရောက်တော့ ခြင်ထောင်မသိမ်းရသေးဘူး ။ ခြင်ထောင်ထဲမှာ ကလေးတစ်ယောက်အိပ်လို့၊ ခြင်ထောင်အပြင်မှာ ဇနီးဖြစ်သူထိုင်နေတယ်။ ဘက်ဘက်လက်က ကျောက်ပတ်တီးကိုင်ထားရတယ်။ ချော်လဲတာလို့ပြောတယ်။

သားနှစ်ယောက်ကတော့ ဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးကို တက်ခွနေတယ်။ တောင်ကျ ဘက်က ဈေးဆိုင်ကယ်နှစ်စီးတက်လာတယ်။ ဆိုင်ရှင်ကို လှမ်းနှုတ်ဆက်တယ်။ ဆိုင်ရှင်က လက် ခါ ပြတော့ ဆက်မောင်းသွားတယ်။ ဆိုင်ကယ်တစီးမှာက အသားငါးတွေ၊ ဟင်းသီးဟင်းရွက် အထုတ်လေးတွေချိတ်ထားတယ်။ တစ်စီးကတော့ ဘယ်၊ညာခြင်းတောင်းထဲမှာ ဝက်သား ပေါက် လေးတစ်ကောင်စီထည့်ထားတယ်။ လိန်းလီဘက်က ဆိုင်ကယ်တစ်စီးရောက်လာတယ်။ ဆိုင် ကယ် ကအသစ် ၊ လူက အဝတ်အစားအဟောင်းတွေနဲ့၊ တောင်ယာသွားမလို့တဲ့။ ဟို အရင် ကလို ပလိုင်းလွယ်ပြီး တောင်ယာအရောက်ခြေတိုအောင်လေ ျှာက်ရတဲ့ခေတ်မဟုတ်တော့ဘူး။

ဆိုင်ရှင်ကို နှုတ်ဆက်ပြီး ပြန်ထွက်လာတောင် မိုးဖွဲဖွဲကျလာတယ်။ ရှေ့မှာ လိန်းလီတံတားကို ဆင်းရတော့မယ်။ ခရီးသွားတွေ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်၊ ခရီးသွားခွင့်မရှိသူတွေ၊ မရောက် ဖူး သူတွေ အားကျအောင် ပုံအမျိုးမျိုးတင်ကြတဲ့နေရာပေါ့။

ထင်ရှူးမြိုင် (၂)

နေပြည်တော်ဘူတာကြီးေ ရှ့လမ်းအတိုင်း သိုက်ချောင်းလမ်းဆုံကို သွားတယ်။ သိုက်ချောင်းရောက်တော့ ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်း ပေါ်ကိုတက်တယ်။ ၂၀၀၅-၂၀၀၆ ခုနှစ် ဝန်ကြီးဋ္ဌာနတွေ ရန် ကုန် ကနေ နေပြည်တော်ကို ရွှေ့တဲ့အချိန်မှာ ရန်ကုန် – နေပြည်တော် အမြန်လမ်းမသစ်ကြီး စဖောက် နေသလို လမ်းဟောင်းကိုလည်း ပုဂ္ဂလိက ကုမ္ပဏီ တွေကို BOT စနစ်နဲ့ လုပ်ပိုင်ခွင့်ပေးခဲ့ တယ်။ ရန်ကုန်ကနေ ရုံးပစ္စည်းတွေတင်ပြီး ယာဉ်တန်းနဲ့လာတော့ တစ်ချို့နေရာတွေမှာ လမ်းပခုံးတွေချဲ့နေလို့ အသွား/အပြန် တစ်လှည့် စီစောင့်ပြီးမောင်းရတာမှတ်မိသေးတယ်။

အခုတော့ လမ်းဟောင်းကလည်း အတော်ကောင်းနေပါပြီ။ မြို့တွေကို ဖြတ်တဲ့အချိန် နဲ့ မျက်နှာချင်းဆိုင်က လာတဲ့ ကုန်ကားတွေ၊ ဆိုင်ကယ်တွေကြောင့် သတိထားမောင်းရတာတစ်ခုပဲ။ ကားရှင်းရင် အမြန်လမ်းမကြီးထက် တောင်မောင်းလို့ကောင်းသေးတယ်။

ကင်းသာ- ပင်လောင်းလမ်းခွဲကို မရောက်ခင် ဂျမ်းတုံးကို ဖြတ်ရတယ်။ ရွာနာမည်တော့ ရှိပေမယ့် အဲဒီနေရာမှာ ကုန်ကားတွေအတွက် ဂျမ်းတုံးတွေရောင်းတာကြောင့် ဂျမ်းတုံး လို့ပဲ ခေါ် ကြတယ်။ ဂျမ်းတုံးကျော်တော့ နဂါးရုံဘုရားနားက ငွေတောင်တန်း ထမင်းဆိုင်ကိုရောက်တယ်။ ဒီဆိုင် ကြက်ကာလသားချက်က ကြက်သားကို ချက်တာမဟုတ်ဘူး။ ကြက်အူကို ချက်တာ၊ ဆိတ် ပုဆိုးကြမ်းကို ကာလသားဟင်းချက်တာလည်း ရတတ်တယ်။ ဒီဆိုင်က ဆိတ်သားခြောက်ကြော် ဟာ ဘီယာနဲ့ အလိုက်ဖက်ဆုံးပေါ့။ ဒီဆိုင်အကြောင်း ပို့စ်ရေးခဲ့ဖူးတယ်။ ဒီတစ်ခါတော့ ငွေတောင် တန်းမှာ ဝင်မနားနိုင်တော့ဘူး။

ကင်းသာ လမ်းခွဲကနေ ပင်လောင်းအထိ ၆၈/၇ မိုင်ရှိတယ်။ လမ်းခွဲနေ ကိုးကွေ့ရွာအထိ ၁၈ မိုင်ကျော်မောင်းရတယ်။ ကိုးကွေ့ဆိုတာက ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှဲကြီးရွာနဲ့ နှစ်မိုင်လောက်ဝေးတယ်။ ကင်းသာ နဲ့ ကိုးကွေ့ကြားမှာ လက်ဆွဲ၊ အေဒင်ဆိုတဲ့ရွာတွေရှိတယ်။ အရင်က ကားလမ်းမပေါက်ဘူး။ အခုတော့ အဓိက လမ်းမ ကြီးပေါ်က ရွာတွေဖြစ်ပြီး စည်ကားနေပြီ။ ကင်းသာ နဲ့ ကိုးကွေ့ ကြားကားလမ်းက ကျဉ်းပေမယ့် အရင်လမ်းဟောင်း ထက်စာရင် အတက် အဆင်းပြေပါတယ်။

အရင် လမ်းဟောင်းအတိုင်းလာရင် ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းဆုံကနေ လွှဲကြီးအထိ ၂၄ မိုင်ဝေးတယ်။ လမ်းခွဲကနေ ရေပြောင်းပြန်ရွာအထိက ၁၂ မိုင်က အတက်သက်သက်၊ ။ ရေပြောင်းပြန်ကနေ လွှဲကြီး ၁၂ မိုင်က တောက်လေ ျှာက် အဆင်း။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်ချိန်ကတော့ ဒီလမ်းတစ်လေ ျှာက်မှာ လွှဲကြီး (မန်း ) ၊ကျောက်သံပါတ်၊ ရေ ပြောင်းပြန် ဆိုတဲ့ ရွာတွေရှိတယ်။

ဒီဒေသရွာတွေ မှာ အများစုက ကရင်တိုင်းရင်းသားတွေပါ။ ဒါပေမယ့် စကောကရင်၊ပိုးကရင် တို့ နဲ့မတူဘူး။ သူတို့ကို သူတို့ ဘန်း( ဗန်း) လုံးကြီး၊ ဘန်းလုံးငယ် လို့ခေါ်တယ်။ စကောတို့၊ ပိုးတို့နဲ့ စကားလည်း ကွဲ တယ်။ ခရစ်ယန်ကိုးကွယ်သူအများစုဖြစ်ပြီး ဗုဒ္ဓဘာသာ ဝင်တွေ လည်းရှိတယ်။ နနွင်း၊ တောင်ယာ စပါး၊ ရွှေနီငှက်ပျော၊ ဖာလာ၊ ဒညင်း ၊ နာနတ် စတဲ့ သီးနှံ စိုက်ပျိုးရေးနဲ့အသက်မွေးကြတယ်။

ဒီဒေသခံတွေနဲ့ ကျွန်တော်တို့က ရပ်ဆွေရပ်မျိုးတွေလို နေခဲ့ကြတယ်။ ပြောစရာရှိရင် ကျွန်တော့် ကိုလည်း ဗိုလ်မှူးလို့ခေါ်ပြီး အားမနာတမ်းပြောတာပဲ။ သူတို့ထောက်ပြလိုက်လို့ ကျွန်တော် အရှိုက်ထိခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းဘူး။

တစ်ခါက ရွှေနီငှက်ပျောဈေးကောင်းတော့ ကျွန်တော်က တစ်ဖီးကို ဘယ်လောက်။ တစ်ခိုင်မှာ ဘယ်နှစ်ဖီး၊ ခြံတစ်ခြံမှာ ငှက်ပျောပင် ဘယ်နှစ်ပင် ဆိုပြီး သူတို့ဝင်ငွေကို တွက်ပြတယ်။ အဲဒီ အခါ ဖထီးတစ်ယောက်က “ ဗိုလ်မှူး။ စိုက်တိုင်းရှင်။ ရှင်တိုင်းသီး၊ သီးတိုင်း အဖတ်တင်မယ်ဆိုရင် ၊ ငါ ဒီရွာမှာမရှိတော့ဘူး။ ပျဉ်းမနားရောက်နေပြီ” လို့ ပြန်ပြောခဲ့တယ်။ ကျွန်တော်က လေဖျက်၊ ပိုးဖျက်၊ မိုးဖျက်၊ ကြွက်၊ ရှဉ့်ဖျက်တာတွေ ထည့်မစဉ်းစားပဲ ထန်းပင်ပေါ်က တွက်နည်းနဲ့ ပြောနေတာကိုး။

ဒီလိုပဲ ၊ တစ်ခါမှာ ကားကြုံလိုက်လာတဲ့ အမိုးတစ်ယောက်ကို “ အမိုး၊ ဒီလမ်းဖောက်တာ ကောင်း တယ်မဟုတ်လား။ အရင်က ဆိုရင် အမိုးတို့ ပလိုင်းလွယ်ပြီးလမ်းလေ ျှာက်နေရတာ” ဆိုပြီး အခု ခေတ်စကားနဲ့ဆို အစိုးရအတွက် လော် လိုက်တဲ့အခါ အမိုးက “ အဲဒါ အစိုးရ အလုပ် ပဲလေ” လို့ လေအေးလေးနဲ့ပြန်ပြောလိုက်တဲ့အတွက် ငုတ်တုတ်မေ့ခဲ့ရဖူးတယ်။

ကျောက်သံပါတ်ရွာနားမှာ ဒညင်း၊ ပိန္နဲ၊ နာနတ် တွေစိုက်ပြီးနေတဲ့ အမိုးတစ်ယောက်ခြံ ကို တော့ ပျဉ်းမနား၊ အသွား/အပြန် အမြဲတမ်းဝင်နားဖြစ်တယ်။ သူတို့ဇနီးမောင်နှံက ခရစ်ယန် သာသနာ ပြု တာဝန်နဲ့ ဒီဒေသကို ရောက်လာကြတယ်။ နောက်ခင်ပွန်းဖြစ်သူက ဒီလမ်းပေါ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ အမိုးက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာ ခြံစိုက်ပြီးနေတယ်။ ရွာထဲမှာ မနေဘူး။

ခြံတစ်ခြံလုံးက သစ်ရိပ်ဝါးရိပ်တွေနဲ့ ခြံအဝင် ညာဘက်ဘေးမှာ တောင်ပေါ်က နေ ရေသွယ်ထားတဲ့ ရေတိုင်လေးရှိတယ်။ ခြံအလယ်မရှိတရှိမှာ အမိုး၊ ဖိုးခွားနဲ့ ဖိုးမူတို့ရဲ့ ခြေတံရှည် အိမ်လေး။ အမိုးက ဖြူဖြူ ၊ ပိန်ပိန် ပါးပါး၊ စကားပြောရင် အေးအေးလေး။ ဘယ်ကိစ္စဖြစ်ဖြစ် စိတ်တိုတယ်၊ စိတ်ညစ်တယ်ဆိုတာမရှိဘူး။ ဘုရားသခင်ကို တိုင်တည်ပြီး ဆုတောင်းမယ်၊ တရား နဲ့ဖြေတယ်။ အမိုးပြောဆိုနေထိုင်ပုံကို ကြည့်ရတာ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အခြေခံကောင်း တဲ့မိသားစုက မွေးဖွားကြီးပြင်းခဲ့တယ်ဆိုတာသိသာတယ်။ ဒါပေမယ့် အမိုးက သူ့အကြောင်းကို ပြောလေ့မရှိဘူး။ ခြံစိုက်မယ်၊ တနင်္ဂနွေနေ့ဆိုရင် ကားလမ်းအတိုင်း လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကျောက်သံပတ်ဘုရားရှိခိုးကျောင်းကို သွားမယ်။ ရပ်ရေး၊ရွာရေး၊ သာသနာရေး လုပ်မယ်။ ဒါပဲ။

ပြဿနာပေါင်းစုံနဲ့ ပူလောင်နေတဲ့ ကျွန်တော်ဟာ အေးချမ်းလှတဲ့ အမိုးရဲ့ အရိပ်မှာ မဖြစ်မနေ ဝင်နားလေ့ရှိတယ်။ တစ်ခါတစ်လေ အမိုးကို ရင်ဖွင့်တယ်။ တစ်ခါတစ်လေတော့လည်း အမိုး ပြောတဲ့ ဒေသအကြောင်းတွေနားထောင်တယ်။ အမိုးကြိုက်တတ်တဲ့ ငါးပိရည် ကောင်းကောင်းကို ရန်ကုန်ကနေ မှာ ပြီး ပေးသလို အမိုးခြံထွက် အသီးအနှံတွေကိုလည်း အားရပါးရ စားခဲ့ဖူးတယ်။

၂၀၀၇ နောက်ပိုင်းမှာတော့ လွှဲကြီး၊ ကျောက်သံပါတ်၊ ရေပြောင်းပြန် စတဲ့ရွာတွေကို နေပြည်တော် သိုက်ချောင်း လမ်းခွဲအလွန်က ပြည်စံအောင် ရပ်ကွက်မှာ ရွှေ့ပြောင်းနေရာချပေးလိုက်တယ်။ သူတို့တွေ မြေကွက်ပြန်ရတယ်၊ လျော်ကြေး ရတယ် ဆိုပေမယ့် အဲဒီအချိန်က အဆင်မပြေကြဘူး။ လုပ်မစားတတ်ကြဘူး။ တစ်ချို့လည်း တောင်ပေါ်ပြန်တက်ပြီး တောင်ယာပြန်ခုတ်ကြတယ်။ တစ်ချို့လည်း လက်ဆွဲ၊ တောင်ကျ ဆိုတဲ့ ရွာတွေကို ပြန်ပြောင်းသွားကြတယ်။

အရင်က အိမ်လေးငါးဆယ်လုံးပဲရှိတဲ့ကိုးကွေ့ဟာ ထမင်းဆိုင်တွေ ဘာတွေနဲ့ ဖြစ်နေပြီ။ရဲစခန်းရှိတယ်။ တပ် မတော်စခန်းရှိတယ်။ ကိုးကွေ့ရေတံခွန်ကတော့ ရေမရှိဘူး။ အရင်ကတော့ တပေါင်း၊ တန်ခူးပဲရေခန်းပြီး ဒီအချိန် ဆိုရင် ရေဆင်းနေပြီ။ အခု ရေတံခွန်အခြေအနေက ချောင်း ဖျားမှာ တောပြုန်းနေပြီဆိုတာကို ပြောနေသလိုပဲ။ လွှဲကြီးရွာကို သွားတဲ့လမ်းကတော့ မောင်းတံနဲ့ ပိတ် ထားတယ်။

ကိုးကွေ့ကဆက်ထွက်တော့ တောင်ကျရွာ မိုင်တိုင် ၂၂/၇ ကိုရောက်တယ်။ တောင်ကျရွာကတော့ တကယ် ကို အဝေးပြေးလမ်းပေါ်က ထမင်းဆိုင်ရွာဖြစ်နေပြီ။ တောင်ကျရွာအကျော်မှာ ရေပူစမ်း ရှိ တယ်။ ကျွန်တော်တို့ နေတဲ့အချိန်က ရေပူစမ်းဆိုတာ ရွာက လုပ်ထားတဲ့ မြောင်းန ဲ့ မြေသားရေကန်ပဲ ရှိ တယ်။ ကားဝင်လို့မရဘူး။ လမ်းလေ ျှာက်ဝင်ရတယ်။ ပျဉ်းမနားက အပန်းဖြေဖို့လာတယ် ဆိုတာ မရှိသလောက်ပါပဲ။ ကျွန်တော်တို့တွေသာ ရွာကမိတ်ဆေ ွတွေနဲ့ ရေပူစမ်းသွား၊အရက်သောက် ၊ တောင်ကျမှာ ထမင်းချက်စား လုပ်ခဲ့ကြတာပါ။

နေပြည်တော်စည်ကားလာပြီးနောက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီက တာဝန်ယူပြီး ရေပူ စမ်းကို အပန်းဖြေစခန်းလုပ်လိုက်တယ်။ ကင်းသာ လမ်းကောင်းလာတော့ နေပြည်တော်ကနေ အပန်းဖြေလာတဲ့သူတွေများလာတယ်။ အခုတော့ ကိုဗစ်ကြောင့် ရေပူစမ်း လည်းပိတ်ထားရ တယ်။

တကယ်တော့ ရေပူစမ်းရှိတဲ့နေရာက ရှမ်းပြည်နယ်၊ ( အခုဆိုရင် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ) ထဲမှာ ရှိ ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က နေပြည်တော်နဲ့ ပိုပြီး ဆက်သွယ်ရေးကောင်း တော့ နေပြည်တော်ကောင်စီက တာဝန်ယူပြီး တည်ဆောက်ခဲ့တာပါ။ အခု အချိန်မှာတော့ ရှမ်းပြည်နယ်အစိုးရက ရေပူစမ်းစီမံခန့်ခွဲခွင့်ကို ပြန်တောင်းနေပြီလို့ ဒေသခံတစ် ယောက်က ရှင်းပြတယ်။

နေပြည်တော်က လာတယ်ဆိုရင်တော့ တောင်ကျရွာက ဆိုင်တွေမှာ လူရော၊ ကားပါ ခဏ နားသင့်တယ်။ တောင်ကျလွန်ရင် အတက်လမ်းကြမ်းသလို လိန်းလီတံတားကို ဆင်းတဲ့ အဆင်းကလည်း ကြီးမှာဖြစ်တဲ့အတွက် ကားကိုလည်း ပြန်စစ်သင့်တယ်။

အသုပ်စုံ နဲ့ ကိုဗစ်

မုံရွာ၊ဘုတလင်နယ်ဘက်ကနေ ရန်ကုန်မှာ အသုပ်စုံလာရောင်းတဲ့ လူငယ်လေးတွေ အကြောင်းကို “KBZ နဲ့ အသုပ်စုံ” ဆိုပြီး ရေးခဲ့ဖူးတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းမှာတော့ ကိုဗစ် မုန်တိုင်းထဲမှာ အဲဒီဆိုင်လေးလည်း လွင့်ပါသွားခဲ့တယ်။ ကိုဗစ် တားဆီးကာကွယ်ရေး စည်းကမ်းတွေလေ ျှာ့ပေးတာနဲ့အတူ သူတို့များ ပြန်လာပြီလားလို့ ရှာပေ မယ့် မတွေ့ဘူး။

ဒီနေ့မနက်တော့ ဘော်ဒါတွေရဲ့ အသုပ်စုံဆိုင်လေးပြန်ထွက်လာပြီ။ ဧပြီလ ဆန်းမှာ ရွာပြန်သွား တယ်၊ ရွာရောက်တော့ ၂၁ ရက် ကွာရင်တိုင်း ဝင်ခဲ့ရတယ်။ ရန်ကုန်မှာ အခြေအနေ မကောင်း သေးဘူး။ ကားလိုင်းတွေလည်း မဖွင့်သေးဘူး ဆိုတော့ ရွာမှာသောင်တင်နေခဲ့တယ်။

ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန်ပြန်ရောက်တယ်။ အရင် ငှားခဲ့တဲ့ အခန်းက ငှားလို့မရတော့ဘူး။ အခန်းသစ်တွေငှားဖို့ကလည်း တစ်ချို့ရပ်ကွက်တွေက လူစိမ်းအဝင်မခံသေးတော့ အခန်းရှာရ တာ အတော်ကြာတယ်။ အခုတော့ ဒေါပုံ ၊ ဝါဆိုရပ်ကွက်မှာ အခန်း ရလို့ ဒီနေ့မှ ဆိုင်ပြန် ထွက် နိုင်တယ်တဲ့။

သူနဲ့ အတူလုပ်တဲ့ ညီအကိုဝမ်းကွဲကတော့ ကိုဗစ်ကာလမှာ ဖူးစာရှင်တွေ့ပြီး ရွာမှာ ကျန်ခဲ့တယ်။ သူတို့က အထမ်းအပိုင်ရှိလို့ပြန်လာနိုင်ပေမယ့် သူများဆိုင်မှာ အလုပ်လုပ်ရသူတွေကတော့ ပိုင်ရှင်တွေက ပြန်မခေါ်သေးလို့ ရွာမှာသောင်တင်နေတုန်းပဲလို့ပြောတယ်။

သူ့ဆိုင်လေးပြန်ဖွင့်တော့ ဖောက်သည် ဝန်ထမ်းတွေ၊ အရောင်းစာရေးမလေး တွေ ပြန်ရောက်လာကြတယ်။ ဒါပေမယ့် ထိုင်စားထက် ပါဆယ်ဝယ်သူက ပိုများပါတယ်။ ကျွန်တော်တို့လို ထိုင်စားတဲ့သူတွေ ကတော့ ခွေးခြေလေးကို ဆွဲပြီး အဆင်ပြေတဲ့နေရာ ကို ရွှေ့ပြီးစားကြတယ်။

အသုပ်စုံကတော့ တစ်ပွဲငါးရာပဲ ၊ဈေးမတက်သေးဘူး။ အရင်လိုရောင်းရပါ့မလားလို့မေးကြည့် တော့ သူ့အမာခံဖောက်သည်တွေရှိပြီးသား၊ လာစားကြမှာပါလို့ပြောတယ်။ သူအကြောက်ဆုံး က စည်ပင်သာယာပဲ၊ နှစ်လလောက် နားထားရတော့ ငွေမရှိရတဲ့အထဲ စည်ပင်ဖမ်းလို့ အထမ်း တွေ ၊ ထိုင်ခုံတွေပါသွားရင် ဘဝဆုံးပြီပေါ့။

ကိုဗစ် ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးတွေ နလံထူအောင် ကြိုးစားနေချိန်မှာ အသေးစား ၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီသလို လမ်းဘေးဈေးသည်လေးတွေကိုလည်း မေ့ မထားသင့်ဘူး။

ပြီးခဲ့တဲ့ အပတ်ထဲမှာ တရုတ်ဝန်ကြီးချုပ် လီခချန်းက ကိုဗစ် ၁၉ လွန်ကာလ စီးပွားရေး နလံ ပြန်ထူဖို့ဆောင်ရွက်တဲ့အခါ လမ်းဘေးဈေးသည်တွေဟာ အလုပ်လက်မဲ့လေ ျှာ့ချရေးကို အထောက်အကူဖြစ်စေတယ်၊ “လမ်းဘေးစီးပွားရေး (street stall economy)” ဟာ စီးပွားရေး နလံပြန်ထူရေးမှာ အရေးပါတဲ့ကဏ္ဍပဲလို့ပြောခဲ့တယ်။

ဒါ့ကြောင့် အရင်က လမ်းဘေးဈေးသည်တွေကို နှိပ်ကွပ် ခဲ့တဲ့ ဘေးဂျင်းအပါအဝင် မြို့ကြီးတွေမှာ လမ်းဘေးဈေးသည်လေးတွေကို အကန့်အသတ်နဲ့ ပြန်ပြီးခွင့်ပြုလာရတယ်။ ဒါဟာ ၁၉ ၇၈ တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေစတင်ခဲ့ချိန်က လယ်သမားတွေ၊ မြို့နေလူတန်းစားတွေ ကို တစ်ပိုင်တစ်နိုင် ရောင်းချခွင့်ပေးခဲ့တဲ့ အချိန်ကာလမျိုးကို ပြန်ရောက်သွားတာပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ပြည်ပရောက်အလုပ်သမားတွေ အလုံးအရင်း နဲ့ ပြန်လာရ ချိန်၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်မလည်ပတ်နိုင်သေးခင်မှာ လမ်းဘေး ဈေး သည်လို တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေအတွက် စဉ်းစားပေးနိုင်ရင်ကောင်းမှာပဲ။

တရုတ်နိုင်ငံအကြောင်းစဉ်းစားမိတော့ အသုပ်စုံဆရာလေးကို မင်းတို့ လမ်းဘေးဈေးသည် တွေကို အခုလိုအချိန်မျိုးမှာ ဖမ်းတာ၊ ဆီးတာ မလုပ်ဖို့ ငါဆောင်းပါးရေးဦးမယ်ကွာလို့ပြော လိုက်တယ်။

အဲဒီစကားကို ကြားတော့ အသုပ်စုံဆရာလေးက ရီကျဲကျဲ နဲ့ “ ဟိုတစ်ခါ ဦးလေးရေး တုန်းကတော့ ရောင်းကောင်းပါရဲ့။ ဒါပေမယ့်သိပ်မကြာဘူး စည်ပင်က ကျွန်တော့်ဆိုင် လာဖမ်းလို့ ထိုင်ခုံတွေ ပါသွားတယ်” လို့ပြောတယ်။

ဒီတစ်ခါတော့ ကိုဗစ်လွန်ကာလ အရာရာရှားပါး၊လူတိုင်း ရုန်းကန်နေရတဲ့အချိန်မှာ စည်ပင်အနေနဲ့ “လမ်းဘေးစီးပွားရေး (street stall economy)” ရဲ့ အရေးပါမှုကို နားလည်ပေးနိုင် မယ်ထင်ပါ တယ်။

ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား


ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းပြီးေ တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား ဆိုတာကို ဝေဖန်သုံးသပ်ထားတဲ့ နေယံဦးရဲ့ ဆောင်းပါး

———————————————————————————————–

ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား။


တနည်းပြောရရင် ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းသလား။
ဖေ့စ်ဘွတ်ခ်က တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား။
ကျွန်တော့်ကိုယ်တွေ့ကို အခြေခံပြီး ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်က ဘက်လိုက်ပါတယ်။ အာဏာရပါတီဖက်ကို ပင်းပါတယ်။ အစိုးရကို ဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားပါတယ်။
ကျွန်တော် အကျဉ်းချုံး ရှင်းပြပါမယ်။ အရင်ကလည်း ဒီအကြောင်းတွေ ပိုစ့်ရေးပြီးသားပါ။
▪️ကျွန်တော် NLD အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ရေးပြီးတိုင်း ကျွန်တော့်ဖေ့စ်ဘွတ်ခ်အကောင့်က ခိုးယူဖို့ကြိုးစားခြင်း အမြဲခံရပါတယ်။ ဒါက ဖေ့စ်ဘွတ်ခ်က လုပ်တာ မဖြစ်နိုင်ပါ။ ကျွန်တော် ဒီလို ဝေဖန်စာတွေ ရေးနေတာ မကြိုက်တဲ့သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။
▪️ဒါပေမယ့် FB က ကျွန်တော့်အကောင့်ကို ဝင်မရအောင်တော့ လုပ်ပါတယ်။ နာမည်အရင်းနဲ့ ဖွင့်ထားတဲ့အကောင့်ကို ပြန်ဝင်တာ ပေးမဝင်ပါ။ password လည်း မမှားပါ။ ဓါတ်ပုံတွေ ရိုက်ပို့၊ မှတ်ပုံတင်တွေပို့၊ SMS ကနေ code တွေ ပြန်တောင်းနဲ့ အမြဲ အလုပ်ရှုပ်ပါတယ်။
ပုံမှန်ဆို အဲဒီလို မဖြစ်ပါ။ အစိုးရကို ဝေဖန်ပြီဆိုရင် ဒီကိစ္စက ဖြစ်လာပါပြီ။ နာရီပေါင်းများစွာ ကျွန်တော့်အကောင့်ကို ဝင်မရ ဖြစ်ပါတယ်။
https://www.facebook.com/nayyanoo.nayyan/posts/417286215890777
▪️ပိုဆိုးတာက FB က ကျွန်တော့်လက်ရှိအကောင့်က ဓါတ်ပုံတွေ အကုန်လုံးကို ဖျက်ပစ်လိုက်တာပါပဲ။ မှတ်မှတ်ရရ ဒါက Ministry of Social Welfare, Relief and Resettlement Myanmar လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဆုအတုအကြောင်းကို ရေးပြီးတဲ့နောက်ပါ။
https://www.facebook.com/nayyanoo.nayyan/posts/418185659134166
ကျွန်တော် FB Myanmar Team ကို အသေအချာလေးပြောတော့မှ သူတို့ဖျက်လိုက်တဲ့ ဓါတ်ပုံတွေ (ပုံပေါင်းရာချီရှိပါတယ်) ကျွန်တော့်အကောင့်မှာ ပြန်တင်ပေးပါတယ်။ ဒါတောင် နှစ်ပတ်လောက် စောင့်ရပါတယ်။ အဲဒီကာလအတွင်း ကျွန်တော့်အကောင့်မှာ စာပဲရေးလို့ရပြီး ပုံတင်မရပါ။
▪️ကျွန်တော့် FB အကောင့်က မလုံခြုံတော့လို့ Page တစ်ခုဖွင့်ပြီး ပြောင်းသုံးပါတယ်။ နိုင်ငံရေးပင်တိုင်ရေးတဲ့ Page ဖြစ်လို့ ဖတ်သူများပါတယ်။ လူစည်ပါတယ်။ ဒါက Page လိပ်စာပါ။
https://www.facebook.com/nayyanoo13/
ဒါပေမယ့် NLD အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ပါးကို တရားစွဲမယ်လို့ ကျွန်တော့် Page မှာ ရေးလည်း ရေးရော အဲဒီရေးထားတဲ့ပိုစ့်ကို Community Standard နဲ့မညီလို့ဆိုပြီး ဖျက်ပစ်လိုက်ပါတယ်။
နည်းနည်း အသေးစိတ်ပြောရရင် တက္ကသိုလ်အတု၊ ဒေါက်တာဘွဲ့အတုနဲ့ နိုင်ငံတော်ဘဏ္ဍာ သိန်း ၁၉၀၀ကျော် လေ့လွှင့်အောင်လုပ်ခဲ့တဲ့ Union Civil Service Board Myanmar ပြည်ထောင်စုရာထူးဝန်ဥက္ကဋ္ဌ ဦးဝင်းသိမ်းကို တရားစွဲဖို့ ကျွန်တော် ပြည်သူတွေဆီက လက်မှတ်ကောက်ပါတယ်။
ကျွန်တော့်ပိုစ့်တင်ပြီး ၇ နာရီအတွင်း လက်မှတ်ထိုးသူ ရာကျော်လာပါတယ်။ လူတွေက ဘယ်လောက်တောင် အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုကို မသတီလည်းဆိုတာ ဒီမှာ သိနိုင်ပါတယ်။
လူတွေအများကြီးက ကျွန်တော့်ပိုစ့်ကို ခပ်စိတ်စိတ် share လာတဲ့အခါမှာတော့ FB က ကျွန်တော့်ပိုစ့်ကို ဖြုတ်ချလိုက်ပါတယ်။
ဘာကြောင့် FB က ဒီလို လုပ်တာလဲ။ အွန်လိုင်းပေါ်ကနေ ပြည်သူတွေဆီက လက်မှတ်ကောက်တာ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ကျွန်တော့်ရှေ့မှာ လူတွေ များစွာ လုပ်ပြီးခဲ့ပါပြီ။
ဘာကြောင့် NLD ဝန်ကြီးတစ်ပါးကို တရားစွဲမယ်ဆိုတော့မှ FB က ကျွန်တော့်ပိုစ့်ကို ဖြတ်ချရတာလဲ။
▪️ပိုဆိုးတာက (အခု အချက်ကို ကျွန်တော် ရင်းနှီးတဲ့သူတွေမှ လွဲ၍ တခြားဘယ်သူကိုမှ မပြောရသေးပါ) FB က ကျွန်တော့်ပိုစ့်ကို ဖြုတ်ချလိုက်ယုံသာမက ကျွန်တော့် Page ကို လူတွေဆီ ပေးမပြတော့တာပါပဲ။
ကျွန်တော် Page မှာ ရေးတဲ့စာတွေက အရင်ကဆို လူပေါင်း သိန်းနဲ့ချီ သောင်းနဲ့ချီဆီ ရောက်ပါတယ်။ ဒါတောင် boost လုပ်တာတို့ ပိုက်ဆံပေးပြီး ကြေငြာတာတို့ မဟုတ်ပါ။ Organic reach ပါ။
နိုင်ငံရေးရေးတဲ့ Page ဖြစ်လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေအကြား ကျွန်တော့် ဆောင်းပါးတွေက ပေါက်ပါတယ်။ လူဖတ်များပါတယ်။
နဂိုဆို ကျွန်တော့်ပိုစ့်တွေက လူပေါင်း သိန်းနဲ့ချီ သောင်းနဲ့ချီ ရောက်ပေမယ့် အခုတော့ ထောင်ဂဏန်းမပြောနဲ့ ရာဂဏန်းတောင် မကျော်ချင်ပါ။
ဒီလို ပိုစ့်တွေက လူတွေဆီ မရောက်တော့တာကလည်း ဗြုန်းစားကြီး ဖြစ်သွားတာပါ။ ဦးဝင်းသိမ်းကို တရားစွဲမယ်ဆိုတဲ့ ပိုစ့်တင်ပြီး၊ အဲဒီပိုစ့်ကို FB က ဖြုတ်ချလိုက်ပြီးနောက်ပိုင်းမှ ဖြစ်လာတာပါ။
ကျွန်တော့်စာကို ပုံမှန်ဖတ်နေသူတွေတောင်မှ ကျွန်တော်ရေးတာတွေ သူတို့ရဲ့news feed ထဲ မပေါ်တော့တဲ့အကြောင်း ကောမန့်တွေမှာ လာလာပြောပါတယ်။ အမှန်တော့ ကျွန်တော်က ပုံမှန်ပိုစ့်တင်ပါတယ်။ FB က ကျွန်တော့် ပိုစ့်ကို လူတွေအများကြီးဆီ အရင်လို ရောက်အောင် မပြတော့တာပါ။
(FB က ပိုက်ဆံလိုချင်လို့ boost စေချင်တဲ့အတွက် လူတွေဆီ ပေးမပြတော့တာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့် Page က ဗြုန်းစားကြီး ဘာဖြစ်လို့ လူတွေဆီ မရောက်တော့တာလဲ။ ဖြစ်တာကလည်း ဦးဝင်းသိမ်းကို တရားဆွဲမယ်ဆိုတဲ့ ပိုစ့်ရေးပြီးမှ ဖြစ်လာတာပါ။ အချိန်ကိုက်ဖြစ်မှု timing ကို ကြည့်စေချင်ပါတယ်။
ကျွန်တော့် Page က Community Standard ကို ချိုးဖောက်ထားလို့ လူတွေဆီမရောက်အောင် သူတို့က ကန့်သတ်ထားတာလို့ FB က အကြောင်းပြချက် ပေးနိုင်ပါတယ်။
ဒါဆိုရင်လည်း ကျွန်တော်က FB ကို ပြန်မေးရပါမယ်။ NLD အစိုးရရဲ့ အမှားကို ထောက်ပြပြီး အကျင့်ပျက်ခြစားမှု သံသယရှိနေတဲ့ ဝန်ကြီးဖြစ်သူကို တရားဆွဲဖို့လုပ်တာ Community Standard ကို ချိုးဖောက်တာလားဆိုပြီးတော့။)
▪️FB ရဲ့ တရားမဲ့ပြုကျင့်မှုကြောင့် အခုတော့ ကျွန်တော့် Page က သေနေပါပြီ။ အရင်လို လူတွေ အများကြီးဆီ ကျွန်တော့် စာတွေက မရောက်တော့တာပါ။
ကျွန်တော် ရှေ့ဆက်ပြီး ဘယ်လို စာရေးမလဲ။ အစိုးရကို ဘယ်လို ဝေဖန်ထောက်ပြမလဲ။
ဒါကြောင့် လုံခြုံရေးစိတ်မချရလို့ ကျွန်တော် မသုံးဘဲ ပြစ်ထားရတဲ့ FB အကောင့်ကို ပြန်သုံးနေရပါတယ်။
ရွေးကောက်ပွဲဝင်မယ့်သူတစ်ယောက်အနေနဲ့ FB ရဲ့ အခုလို ဘက်လိုက်မှု၊ NLD အစိုးရကိုဝေဖန်တဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားနေမှုကို ကျွန်တော် အလွန်စိုးရိမ်ပါတယ်။
အားလုံးသိတဲ့အတိုင်း အခုက ကိုဗစ်ကာလကြီးပါ။ အပြင်ထွက်ပြီး မဲဆွယ်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်တဲ့ကာလပါ။ ကိုယ်စားလှယ်တိုင်း၊ နိုင်ငံရေးပါတီတိုင်း FB ပေါ်ကနေ မဲဆွယ်ရပါလိမ့်မယ်။ FB က ရွေးကောက်ပွဲကာလာမှာ နိုင်ငံရေးသမားတိုင်း အဓိကထားသုံးမယ့် ပလက်ဖောင်း ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့် အခုလိုသာ FB က အာဏာရပါတီဖက်ကို ပင်းမယ်၊ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ အကောင့်ကို ဖျက်မယ်၊ သုံးမရအောင် လုပ်မယ်၊ လူတွေဆီ ပေးမပြဘူးဆိုရင် ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ ဒီလိုဆို တရားမျှတဲ့ရွေးကောက်ပွဲကော ဖြစ်တော့မှာလား။
ကျွန်တော် တကယ်စိုးရိမ်ပါတယ်။
မြန်မာ့နိုင်ငံရေးကို (အထူးသဖြင့် ရွေးကောက်ပွဲအခင်းအကျင်းကို) နိုင်ငံခြားကုမ္ပဏီတစ်ခုက ဝင်ရောက် ချယ်လှယ်နိုင်တယ်ဆိုတာ တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စပါ။
အမေရိကန် ၂၀၁၆ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နိုင်အောင် ရုရှဖက်က ကူညီခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိပါတယ်။ ဒါသည် foreign interference in elections ရွေးကောက်ပွဲတွင် နိုင်ငံခြားမှ ပါဝင်စွက်ဖက်မှုဖြစ်တယ်ဆိုပြီး အမေရိကန်နိုင်ငံရေးမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။ ဒီမိုကရေစီကို အခြေကနေ ကိုင်လှုပ်လိုက်တဲ့ ဖြစ်စဉ်ပါ။
အခု ဖေ့စ်ဘွတ်ခ်က မြန်မာပြည်မှာ ဘက်လိုက်သူအဖြစ် ဝင်ပါနေတာကလည်း ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှက ပါဝင်စွက်ဖက်တာနဲ့ ဘာများ ကွာတော့မှာလဲ။
မြန်မာပြည်ရွေးကောက်ပွဲဆိုတာ မြန်မာနိုင်ငံသားတွေနဲ့သာ ဆိုင်သင့်ပြီး အကျိုးအမြတ်ရှာ ပြည်ပကုမ္ပဏီတစ်ခုက ဘယ်ပါတီကတော့ နိုင်ရမယ်၊ ဘယ်အဖွဲ့ကတော့ ရှုံးရမယ်ဆိုပြီး ရွေးကောက်ပွဲအဆုံးအဖြတ်ပေးနိုင်သူအဖြစ် ရှိနေခြင်းက တိုင်းပြည်အတွက် အလွန်ကို အန္တရာယ်များပါတယ်။
ကျွန်တော်အပေါ်မှာ တင်ပြခဲ့သလို FB က အတိုက်အခံနိုင်ငံရေးသမားတွေရဲ့ပိုစ့်တွေကို လူတွေဆီ မပြဘူး၊ ကန့်သတ်တယ်ဆိုတာကလည်း တောရမ်းမယ်ဘွဲ့ လျှောက်ပြောနေတာ မဟုတ်ပါ။
မြန်မာပြည်မှာဆိုရင် ကျွန်တော့် ကိုယ်တွေ့ပါ။
အမေရိကန်မှာဆိုရင်လည်း ဖေ့စ်ဘွတ်ခ်က လစ်ဘရယ်သမားတွေရဲ့ ပိုစ့်တွေကိုသာ ဦးစားပေး ဖော်ပြပြီး ရှေးရိုးစွဲအစဉ်အလာကြီးတဲ့ ကွန်ဆာဗေးတစ်တွေရဲ့ ပိုစ့်တွေကိုတော့ ကန့်သတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိပါတယ်။ ဒါကြောင့်လည်း မာ့ခ်ဇက်ကာဘာ့ဂ်ကြီး အမေရိကန်ကွန်ကရက်မှာ အစစ်ဆေးခံရတော့ ရီဘတ်ပလီကန်အမတ်တွေက သူ့ကို ဒီအကြောင်း မေးခွန်းထုတ်ခဲ့တာပါ။
အခုဆောင်းပါးကို နိဂုံးချုပ်ရရင် ဖေ့စ်ဘွတ်ခ်က မြန်မာပြည်မှာ ဘက်လိုက်သလားဆိုရင် ဘက်လိုက်နေပါသည်လို့ပဲ ကျွန်တော့်အတွေ့အကြုံကို အခြေခံပြီး ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
(အစိုးရနဲ့ အမြင်ချင်းဆန့်ကျင်တဲ့ တခြားသူတွေအပေါ် ဖေ့စ်ဘွတ်ခ်က မမျှမတ ဆက်ဆံတဲ့အကြောင်းလည်း သတင်းစာတွေမှာ ပါပြီးသားဖြစ်နေလို့ အကျယ်မရေးတော့ပါ။)
ဖေ့စ်ဘွတ်ခ်နဲ့ NLD အစိုးရတို့ အဆက်အဆံရှိတယ်၊ အစိုးရကလည်း ဆိုရှယ်မီဒီယာစောင့်ကြည့်လေ့လာရေးအတွက် ပိုက်ဆံတွေ သုံးနေတယ်၊ ဖေ့စ်ဘွတ်ခ်ကလည်း ပိုက်ဆံအဓိကရှာတဲ့ အကျိုးအမြတ်ကုမ္ပဏီဖြစ်တယ်ဆို ကျွန်တော်တို့လည်း သိနေတာပဲ မဟုတ်လား။
ဒါကြောင့် ဖေ့စ်ဘွတ်ခ်သည် မြန်မာပြည်တွင် ဘက်လိုက်ပါသည်။
ဒီမှာ မေးခွန်းထုတ်ဖို့လိုတာက ဒီလို ဘက်လိုက်နေတာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကြီးတစ်ခုလုံးရဲ့ ပေါ်လစီလား။ သို့မဟုတ် ဖေ့စ်ဘွတ်ခ်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေရဲ့ချယ်လှယ်မှုလား။ မြန်မာစာ မတတ်တဲ့ နိုင်ငံခြားသားတွေအပေါ် ကတုံးပေါ်ထိပ်ကွက်ပြီး အနီဖက်ယိမ်းတဲ့ အနီယိမ်းတွေလားပေါ့။ ဒီကိစ္စကို လေ့လာဖော်ထုတ်ဖို့တော့ လိုပါတယ်။
အခု ပိုစ့်ကိုလည်း ဖေ့စ်ဘွတ်ခ်က တခုခုလုပ်မှာစိုးလို့ ဇော်ဂျီနဲ့ ရေးတင်လိုက်ရပါတယ်။ ပုံမှန်က ယူနီကုတ်နဲ့ ရေးနေကြပါ။ ယူနီကုတ်ဆိုရင် သူတို့ AI က အလိုလိုဖတ်တတ်နေတော့ ဇော်ဂျီနဲ့ဆို အနည်းငယ် လွတ်လိုလွတ်ငြား မှန်းဆပြီး တင်လိုက်ရတာပါ။
စာပေကင်ပေတိုင်ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာပြည်ကလူတွေအတွက် ဖေ့စ်ဘွတ်ခ်ကင်ပေတိုင်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်နေခြင်းအား ပြန်တော်လှန်ဖို့ အချိန်ရောက်ပါပြီ။
နေယံဦး

nayyanoo

ဘောနီ

ရွှေဝါပြည်မှာ

စိမ်းရင် “ဘောမ ”

နီရင် “နီပေါ”

စိမ်းရာက နီသွားတော့ “ဘောနီ”

ဒါပေမယ့် “ဘောနီ” က ရှေ့က မျိုးစိတ်နှစ်ခုထက် ပိုပြီးထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိတယ်

၁။ “မ” တဲ့အချိန်တုန်းကလည်း ကတ္တီပါလက်အိတ်နဲ့ ခံရတဲ့သူ အားနာအောင်မခဲ့တယ်။

၂။ “နီ” ပြီဆိုတော့လည်း မူလလက်ဟောင်း အနီတွေ ထက် ပို နီတယ်။ ရဲရဲတောက်အောင် နီတယ်။ အသေအလဲနီတယ်။

၃။ အရင်က “မ” ခဲ့တာ ကြောက်လို့ပါ။ အဂတိတရားမကင်းပါဘူး။ အခု “နီ“တာကတော့ တကယ်ချစ်တာ ၊ အဂတိမပါဘဲ ချစ်တာ၊ သွေးထဲ သားထဲက ချစ်တာပါ လို့ လေပြေထိုးတတ် တယ်။

၄။ “ဘောနီ” ဟာ ဗိုင်းရပ်စ်လိုပဲ ကိုယ်ခံအားစနစ်ကို လှည့်စားပြီး ထိုးဖောက်ဝင်ရောက်နိုင်တယ်။

“ ဘောနီ” ဟာ လေဘယ်ဘက်က တိုက်မယ်၊ ရွက်ဘယ်လို လွှင့်ရမယ် ဆိုတာကို ကြိုတွက်တတ်တော့ “ဘောမ”တွေ၊ “နီပေါ”မျိုးတုန်းသွားရင်တောင် ဘောနီ ဟာ “ဘော ဝါ”၊ “ဘောပြာ” စသည်ဖြင့် အရောင်ပြောင်းပြီး ရှင်သန်နေဦးမှာသေချာတယ်။

မေ့သဘော


နေပြည်တော်ကောင်စီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဧက ကို ကျပ်သိန်း တစ်ထောင် ကျော် ပေါက်ဈေးရှိတဲ့နေရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော စီမံကိန်း ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဧက ၂၀ကျော် ဂရန်ချပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြဲတမ်း အတွင်း ဝန် ဦးမျိုးအောင် က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဓာတုကင်းလွတ်စိုက်ခင်း၊ ပြခန်း၊ အရောင်းဆိုင်၊ ကော်ဖီ ဆိုင် တွေ လုပ်ဖို့ အတွက်လေ ျှာက်ထားခဲ့တယ်။

ဒ့ါကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဆုံးဖြတ်ချက်နဲ့ ၂၃ ဧကကျော်ကို တစ်ဧက သိန်းငါးဆယ်နဲ့ ဂရန်ချပေးခဲ့တယ်။ တစ်ဧက သိန်းငါးဆယ်ဆိုတာ အင်န်ဂျီအိုတွေ အတွက် သတ်မှတ်ထားတဲ့ဈေးဖြစ်တယ် လို့ဖြေကြားခဲ့တယ်။

မေးတဲ့ သတင်းထောက် က ဒီလို တစ်ဧက သိန်းတစ်ထောင်လောက်ဈေးရှိတယ်ဆိုတဲ့နေရာကို အခြားအင်န်ဂျီအိုတွေက လေ ျှာက်ထားရင်ရော ခွင့်ပြုမှာလားလို့ မေးတဲ့အခါမှာတော့

“ အဲဒါကတော့ ကော်မတီရဲ့ အဆုံးအဖြတ်ပါပဲ” လို့ ဖြေသွားခဲ့တယ်။ ဘယ်လိုစည်းကမ်းနဲ့ ချပေးတယ်ဆိုတာကို ရှင်းမပြခဲ့ဘူး။ လေ ျှာက်တဲ့နေရာ၊ ပေးနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်တယ်လို့ ယျေဘုယျပဲပြောခဲ့တယ်။

နောက်သတင်းထောက်တစ်ယောက်က အဲဒီစီမံကိန်းဘယ်လောက်အထိ ပြီးနေပြီလဲ လို့မေးတော့ “ အထဲမှာဘာတွေလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး” လို့ဖြေခဲ့တယ်။

တကယ်တော့ နေပြည်တော်ကောင်စီအနေနဲ့ အခြေအနေပေါ်မူတည်ပြီး ကော်မတီက ဆုံးဖြတ်တယ်လို့ ဖြေမယ့်အစား အင်န်ဂျီအိုတွေအတွက် သတ်မှတ်ထားတဲ့ မြေ ကွက်တွေဟာ ဘယ်နေရာတွေဖြစ်တယ်၊ အင်န်ဂျီအိုတစ်ခုကို မြေဧကဘယ်လောက်ပဲ အများဆုံး လေ ျှာက်ထားခွင့်ရှိတယ်၊ ဘယ်လိုစည်းကမ်းချက်တွေနဲ့ ကိုက်ညီရမယ် စသည် ဖြင့် ရှင်းရှင်းလင်းလင်းရှင်းပြရင် ပိုကောင်းပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နားထောင်ပြီးတဲ့အခါ

ဇနီးဖြစ်သူကို အလွန်ကြောက်ရတဲ့ ခင်ပွန်းဖြစ်သူက “ အိမ်မှာ ဘာပဲလုပ်လုပ် လင်မယားနှစ်ယောက် တိုင်ပင်ပြီး မိန်းမဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးလိုက်တာပါပဲ၊ မေ့ သဘောပါပဲ” ဆိုတဲ့ ပုံပြင်လေးကို သတိရမိတယ်။

ဖြေကြားချက်အပြည့်အစုံကို အောက်က လင့်ခ်မှာ နားထောင်နိုင်ပါတယ်။

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ နဲ့ တာဝန်ခံမှု

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန် အစိုးရ လက်ထက် က အသုံးပြုခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ များနဲ့ပတ်သက်ပြီး ပေးဆပ်ရန်ကျန်နေတဲ့ တိုင်း ဒေသ ကြီး၊ ပြည်နယ် လေးခုက ကျပ်သန်း သုံးထောင်ကို ဇွန် ၈ ရက်နေ့မှာ အပြီးပေးသွင်း ဖို့ ညွှန်ကြားထားတဲ့ အကြောင်း ရှင်းလင်းပြောကြားသွားခဲ့တယ်။ (ပုံ ၁)

တကယ်တော့ သတင်းမှာပါတဲ့ ရှမ်း၊ ကရင်၊ မန္တလေးနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ ပြည်နယ်လေးခု တင် မဟုတ်ဘူး။ ငွေပြန်သွင်းလိုက်တဲ့ မကွေးနဲ့ ဧရာ ဝတီပါ ပေါင်းလိုက်ရင် အားလုံးပေါင်း ခြောက်ခုဖြစ်ပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်လောက်က စလို့ သတင်းတွေတက်လာခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရ နာမည်နဲ့ပဲ သတင်းတင်ကြ၊ ဝေဖန်ပြောဆိုကြတဲ့အတွက် Comment ရေး ပြီး ရှင်းပြတာတာမျိုးပဲလုပ်ခဲ့တယ်။ သီးခြားဆောင်းပါးရေး ရှင်းပြတာမျိုး မလုပ်ခဲ့ ဘူး။

အခုတော့ “ ဦးသိန်းစိန်အစိုးရ လက်ထက်က အသုံးပြုခဲ့သည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့် ပတ်သက်၍” လို့ခေါင်းစဉ်တပ်လာတဲ့အတွက် ဒါဟာ သမ္မတ ဦးသိန်းစိန် နဲ့ရော ၊ ပြည်ထောင် စု အစိုးရ အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော်အပါအဝင် ကျန်တဲ့ ဝန်ကြီးတွေပါ ခေါင်းစဉ် တပ်ခံရတဲ့ သဘောဖြစ်လာပါပြီ။ ဒါ့ကြောင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ပတ်သက်ပြီး ကိုယ်သိ သလောက် ရှင်းပြဖို့ တာဝန်ရှိလာပါပြီ။

၂၀၁၁-၂၀၁၆ ကာလ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်များအဖြစ်တာဝန်ထမ်းဆောင် ခဲ့သူ တွေအများစုဟာ ကျွန်တော့ထက် သဘာရော၊ ဝါ ပါ ကြီးမားသူတွေဖြစ်တဲ့အတွက် အား နာနာနဲ့ပဲ ရှင်းရမှာ ဖြစ်ပါတယ်။ မရှင်းရင်လည်း ဒီငွေတွေကို သမ္မတနဲ့ ပြည်ထောင်စု အစိုးရ က ကိုင်ပြီးသုံးတယ်လို့ အထင်မှားခံရတော့မယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေ

အခုပြဿနာဖြစ်နေတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စတွေမှာ စစ်ဆေးချက် အစီရင်ခံစာတွေ အပြည့်အစုံ မဖတ်ရလို့ ကိစ္စတစ်ခုခြင်းကို အသေးစိတ်မသိဘူး။ သို့သော် ဖတ်ရတဲ့ သတင်းတွေ အရ ယေဘုယျအားဖြင့် အောက်ပါ နှစ်ချက်မှာ တစ်ခု မဟုတ် တစ်ခုနဲ့ ငြိစွန်းနေတာဖြစ်ပါတယ် –

၁။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရပိုင်ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပုဂ္ဂလိကဖောင်ဒေးရှင်းရဲ့ ငွေ စာရင်းကို လွှဲပြောင်းပေးခြင်း။

၂။ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သုံးစွဲရာမှ စနစ်တကျမရှိတဲ့အတွက် ဆုံးရှုံး နစ်နာမှုများ ပေါ်ပေါက် ခဲ့ခြင်း။
ဒီတော့ ပထမဆုံး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုတာဟာ ၁၉ ၈၈ ခုနှစ်ပိုင်းမှာ တယက၊ ပယက တွေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ် ဖို့ အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ရှာဖွေစုဆောင်းထားတဲ့ ရန်ပုံငွေပါပဲ။ အဲဒါကလည်း တပ် မတော်အစိုးရကာလမှာ တည်ဆောက်ရေး၊ ပြုပြင်ရေး လုပ်ငန်းတွေအများကြီးလုပ်ချင်တယ်၊ အစိုးရ ဘတ်ဂျက်ကလည်းမတတ်နိုင်ဘူး။

ဒါ့ကြောင့် ကိုယ့်နယ်မြေဖွံ့ဖြိုးရေးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ်ရှာသုံးဆိုပြီး တာဝန်ပေးရာကနေ စလာခဲ့တာပါပဲ။ အဲဒီအစဉ်အလာ က အခြေခံဥပဒေအရပေါ်ပေါက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်အထိ ဆက်ပါလာခဲ့တယ်။

ဒီငွေတွေက အစိုးရ ဘတ်ဂျက်က လာတဲ့ငွေမဟုတ်ဘူး။ တယက ၊ ပယက ဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ် တွေ ရဲ့ အစီ အစဉ်နဲ့ ရှာတယ်။ သူူ့အစီအစဉ်နဲ့ သူ သုံးတယ်။ ဘယ်လုပ်ငန်းတွေအတွက်ပဲသုံးရမယ်ဆို တာ မျိုးကန့်သတ်တာလည်း မရှိသလောက်ပဲ။ အများအားဖြင့် အဆောက်အဦဆောက်တာ၊ လမ်းဖောက်တာ၊ ဆေးရုံ၊ကျောင်း၊ ဘာသာရေးအတွက်လှုဒါန်းတာမျိုးတွေမှာသုံးတာပဲ။ တယက ၊ ပယက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် နယ်ဆင်းတဲ့အခါ ဒေသခံလူထုကတောင်းဆိုတဲ့ ကိစ္စ တွေအတွက် ငွေထုတ်ပေးတဲ့အခါမျိုးမှာလည်း ဒီရန်ပုံငွေက သုံးတာများပါတယ်။

အစိုးရဘတ်ဂျက်မဟုတ်တဲ့အတွက် စာရင်း စစ် ချုပ်ရုံးက တရားဝင်စစ်ဆေးတာမျိုးမရှိဘူး။ ကိုယ့် အစီအစဉ်နဲ့ ကိုယ် စာရင်းစစ်အဖွဲ့ ဖွဲ့စစ် တယ်။ ဥက္ကဋ္ဌတွေ၊ဝန်ကြီးချုပ်တွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှာတယ်၊ သုံးတယ်။ ဒီတော့ရှာရ၊ သုံးရလွယ်တယ်။ မြန်မြန် အလုပ်ဖြစ်တယ်။ ဒါပေမယ့် တာဝန်ခံသုံးတဲ့ပုဂ္ဂိုလ်အပေါ်မူတည်ပြီး အကောင်း၊ အဆိုး ဖြစ် တာပဲ။ တစ်ဦးတည်းသဘောနဲ့ သုံးသလိုဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု အလွဲတွေဖြစ်ဖို့၊ အဂတိ လိုက်စားမှု တွေဖြစ်ဖို့ အခွင့်အလမ်းလည်းပိုများတယ်။

အဲဒီ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကို ဘယ်လိုရှာသလဲ။ ယျေဘုယျအားဖြင့် အောက်ပါနည်းလမ်း တွေ ကိုသုံးတယ်-
၁။ စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ အလှုခံတယ်။
၂။ မြေကွက်တွေ ရောင်းတယ်။
၃။ လုပ်ပိုင်ခွင့်ပါမစ်တွေချပေးပြီး ရန်ပုံငွေထည့်ခိုင်းတယ်။

အဲဒီနည်းလမ်းသုံးခုကို ကြည့်လိုက်ရင်လည်း ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေ ပါဝင်ပတ်သက်လာဖို့ အတွက် အခွင့်အရေးပေးထားသလိုဖြစ်နေတယ်ဆိုတာကို တွေ့ရမှာပါ။ ဒါပေမယ့် အလုပ်ဖြစ်ရေး က အဓိက ဖြစ်နေတော့ ဒီလိုပဲ လုပ်ခဲ့ကြတာပါပဲ။

အလွှဲအပြောင်း

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရပြီးတဲ့အခါ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ဒီဇင်ဘာလ ၂ ရက်နေ့ သမ္မတအိမ်တော်မှာတွေ့တယ်။ အဲဒီတွေ့ဆုံမှုမှာ သမ္မတဦးသိန်းစိန် နဲ့ အတူ ကျွန်တော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အခု သမ္မတ ဦးဝင်းမြင့်ပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါ နှစ်ယောက်လုံးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေတဲ့ ကာလမှာ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခု ထားခဲ့ဖို့ ဆိုတဲ့အချက်ကို သဘောတူခဲ့ကြတယ်။

နောက်တော့ တာဝန်လွှဲပြောင်းရေးကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအစိုးရဘက်က
ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဌ၊ ကျွန်တော်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေး ( အခု ညွှန်ချုပ်) တို့ ကို အဖွဲ့ဝင်အဖြစ်တာဝန်ပေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူ ( အခု စိုက်ပျိုးရေးဝန်ကြီး) တို့ကို တာဝန်ပေးတယ်။

ကျွန်တော်တို့အဖွဲ့နှစ်ဖွဲ့က အဓိက အားဖြင့် နိုင်ငံတော်သမ္မတ တာဝန်လွှဲပြောင်းတဲ့ အခမ်း အနား ကျင်းပရေးနဲ့ ဝန်ကြီးဌာနများတာဝန်လွှဲပြောင်းရေးဆိုင်ရာကိစ္စတွေကို ညှိပါတယ်။ အဲဒီအချိန်မှာပဲ သမ္မတရုံးကနေ ဝန်ကြီးဋ္ဌာနတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေ တာဝန်လွှဲပြောင်း ရာမှာလိုက်နာရမယ့်အချက်တွေ၊ အလွှဲအပြောင်း အစီရင်ခံစာမှာ ပါဝင်ရမယ့်အချက်တွေကို ညွှန်ကြားချက်ထုတ်ပြန်ပါတယ်။ နေပြည်တော်မှာ သမ္မတရုံးက အမြဲတမ်းအတွင်းဝန်တွေ နဲ့ အစည်းအဝေးလုပ်ပြီး အလွှဲအပြောင်းစနစ်တကျဖြစ်ရေးညွှန်ကြားတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် တွေနဲ့ အစည်းအဝေးလုပ်၊မလုပ်တော့ မသိဘူး။ အစိုးရအဖွဲ့ရုံး နဲ့ သမ္မတရုံးမှာ အဲဒီအချိန်က မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ သိမှာပါ။

သမ္မတရုံးက ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လျာထားချက်များ ၊ စာရင်းစစ်ကန့်ကွက်ချက်၊ ပိုင်ဆိုင်မှု၊ ဝန်ထမ်းသက်သာ ကိစ္စ စသည်ဖြင့် ငွေကြေးနဲ့ပတ်သက်တဲ့အချက်ကို စနစ်တကျလွှဲပြောင်း ပေး ဖို့ ပါဝင်ပါတယ်။ တာဝန်လွှဲပြောင်းမှုနမူနာပုံစံအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလွှဲအပြောင်း ပုံစံကို လေ့လာနိုင်ပါတယ်။( ပုံ ၂၊ ၃ နဲ့ ၄ ) လွှဲပြောင်းတဲ့အချက်တွေက ဝန်ကြီး ဌာနတစ်ခုနဲ့ တစ်ခု လုပ်ငန်းသဘောအရ အနည်းငယ်ကွာခြားမှုရှိနိုင်ပေမယ့် အခြေခံအချက်တွေကတော့ အတူတူပါပဲ။

ဦးသိန်းစိန်ကလည်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို တာဝန်လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ပြောတဲ့ အချိန်တိုင်းမှာ ငွေကြေးကိစ္စတွေ စနစ်တကျလွှဲဖို့၊ အရှုပ်အရှင်းကင်းဖို့ ညွှန်ကြားခဲ့တယ်။

ဒါပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပေါ်ထွက်လာတဲ့သတင်းအချက်အလက်တွေအရ တိုင်းဒေသကြီး နဲ့ ပြည်နယ် ဝန်ကြီးချုပ် အချို့ဟာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေကို “ ငါတို့ ရှာထားတဲ့ငွေတွေ ၊ ငါတို့ကြိုက်သလိုသုံးမယ်” ဆိုတဲ့ စဉ်းစားတွေးခေါ်ပုံမျိုးနဲ့ လုပ်ဆောင်ခဲ့ တဲ့ အတွက် အခုလို အရှက်ရစရာအဖြစ်အပျက်တွေနဲ့ ကြုံလာရတာပဲဖြစ်ပါတယ်။

တကယ်တော့ ရိုးရိုးလေးစဉ်းစားရင်တောင် အလှုငွေပေးတယ်ဆိုတာ သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရကို ပေးတာလေ။ ဝန်ကြီးချုပ် ဦးဖြူ လိုရာသုံးပါလို့ပေးတာမှမဟုတ်ဘဲ။ ဦးဖြူတာ ဝန်မယူတော့ရင် နောက်ဝန်ကြီးချုပ်က ဆက်တာဝန်ယူဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲဒါကို မမြင် နိုင်အောင် အတ္တမာနတွေ ဖုံးနေတဲ့အတွက် အခုလို အရှက်ကွဲရတာပါပဲ။

သမ္မတ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီး ၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်တာဖြစ်တဲ့အတွက် ကိုယ်ခန့်ထားတဲ့ ဝန်ကြီးချုပ်တွေရဲ့ လုပ်ဆောင်ချက်တွေ အတွက် သမ္မတ က တာဝန်ခံရမှာပဲ။ ဦးသိန်းစိန်အနေနဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေ လွှဲပြောင်းမှုနဲ့ ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် လုပ်ခဲ့ရင် အခုလို “ ဦးသိန်းစိန်အစိုးရလက်ထက်” ကလို့ နာမည်တပ်ပြီးအပြောခံရတဲ့ အဖြစ်ကို ရှောင်လွှဲနိုင်မှာပါ။

ဒါပေမယ့် ကျွန်တော့်စာအုပ် Myanmar’s Political Transition and Lost Opportunities (2010–2016) စာမျက်နှာ ၂၂၀ မှာ ဝန်ကြီးချုပ်တွေ၊ဝန်ကြီးတွေက သမ္မတ ဦးသိန်းစိန် အပေါ် ဘယ်လို သဘောထားလဲဆိုတာကို အခုလိုရေးပြခဲ့တယ် –

“သူ၏ နှိမ့်ချသော စိတ်ရှည်သော အများသဘောတူညီချက်ကို တည်ဆောက်တတ်သော ခေါင်းဆောင်မှုပုံစံသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ရာတွင် အားသာချက်ဖြစ် သည်။ သို့သော် သူ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ဆက်ဆံရာတွင်မူ အားနည်းချက်ဖြစ်သွားခဲ့သည်ကို တွေ့ရသည်။”

“ဦးသန်းရွှေ ၏ ခေါင်းဆောင်မှု ပုံစံနှင့် နေသားကျလာသော ဝန်ကြီးများသည် ဦးသိန်းစိန်ကို ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် လေးစားကြသော်လည်း မကြောက်ကြချေ။ သူတို့ အမိန့်မနာခံသော်လည်း ဦးသိန်းစိန်က သူတို့ကို ပစ်ပစ်ခါခါ အရေးယူမှု လုပ်လိမ့်မည် မဟုတ်ဆိုတာ သိပြီးဖြစ်သည်။ ”

နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်ဟာ သဘောကောင်းလွန်းတဲ့အတွက် အခုလို အပြစ် တင်ခံရ တဲ့ အဖြစ်ကိုရောက်ရတာပါပဲ။ သူ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပုံရိပ်ကောင်းဟာ အခုလို အရှုပ် တော်ပုံတွေကြောင့် ထိခိုက်သွားရတာကတော့ စိတ်မကောင်းစရာပဲ။

ပါတီ

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အချို့ရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်အရှင်းတွေဟာ ပြည်ခိုင်ဖြိုး ပါတီ ပုံရိပ်ကို အများကြီးထိခိုက်စေတယ်။ ဒီကိစ္စတွေအတွက်တာဝန်ရှိသူ တစ်ချို့ဟာ အခုအချိန်ထိ ပါတီတာဝန်တွေထမ်းဆောင်နေဆဲဖြစ်တယ်။ တစ်ချို့က လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ် ပြိုင်ကောင်း ယှဉ်ပြိုင်လိမ့်မယ်ထင်တယ်။ ဒီပုဂ္ဂိုလ်တွေကို ပြည်ခိုင်ဖြိုး ပါတီက ဘယ်လို စိစစ်မလဲ၊ ဘယ်လို သုံးသပ်မလဲ၊ ဘာတွေဆုံးဖြတ်မလဲ ၊ ကာယကံရှင်တွေကရော ဘယ်လို တာဝန်ယူမလဲ၊ တာဝန်ခံမလဲ ဆိုတာ မဲဆန္ဒရှင်တွေက စောင့်ကြည့်နေမှာပဲ။

ဘာမှမလုပ်ဘူး ဆိုရင်တော့ မဲဆန္ဒရှင်တွေက ပြည်ခိုင်ဖြိုးပါတီကိုပါ အလိုတူ အလိုပါလို ထင်မှာပဲ။ ဒါဆိုရင် ပါတီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး မကြာခဏဝေဖန်တိုက်ခိုက်ခံနေရတဲ့ ပြည်ခိုင်ဖြိုးပါတီ အတွက် အလားအလာမကောင်းဘူး။

သင်ခန်းစာ

အခုဖြစ်စဉ်တွေကနေ နောက်သင်ခန်းစာယူနိုင်တာကတော့

၁။ ငွေကြေးသုံးစွဲရမယ့်လုပ်ငန်းတွေမှာ အစိုးရ ဘတ်ဂျက်က တရားဝင်သုံးတာကိုပဲ အားပေး ပါ။ အလှုခံတာ၊ အခြားနည်းလမ်းနဲ့ ရှာပြီး အလုပ်ဖြစ်ရင် ပြီးရောလုပ်တာမျိုးကို အားမပေးပါနဲ့။

၂။ အင်စတီကျုးရှင်းတွေ၊ စည်းမျဉ်းတွေကို ခိုင်မာအောင်လုပ်ပါ။ ပုဂ္ဂိုလ်တစ်ဦးတည်းက ဆုံးဖြတ် လုပ်ဆောင်တာမျိုးမဖြစ်အောင် ကာကွယ်ပါ။

အခု အစိုးရလက်ထက်တော့ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရတွေမှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ထားတာ မရှိတော့ဘူးလို့ထင်ပါတယ်။ ရှိရင်လည်း ရှေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာ ယူပြီး အမြန်ဆုံးဖျက်သိမ်းသင့်ပါပြီ။