မရေရာတဲ့ ဗြိတိန်လမ်းခွဲ

ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဇူလိုင် ၂၄ ရက် နေ့ ဝန်ကြီးချုပ်ဖြစ်လာပြီးချိန်က စလို့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ လမ်းခွဲမှာပဲလို့ ကတိပေးခဲ့တယ်။ အစိုးရအဖွဲ့အနေနဲ့ သဘောတူညီချက်မရဘဲ လမ်း ခွဲရင် ဖြစ်လာမယ့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။

ဒါပေမယ့် ပါလီမန်ထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ မဖြစ်မနေ လမ်းခွဲမယ် ဆိုတဲ့ မူဝါဒကို ကွန် ဆားဗေးတစ်ပါတီဝင်အမတ်တစ်ချို့ကတောင် လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပြီး ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ်အနေနဲ့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်မရရင် လမ်းခွဲကိစ္စဆွေးနွေးမှုကို ၂၀၂၀ ဇန်နဝါရီ ၃၁ အထိ သက်တမ်းသုံးလ တိုးဖို့ ၊ တကယ်လို့ သဘောတူညီချက် ရ ရင် အောက်တိုဘာ ၁၉ နေ့မှာ ပါလီမန်က အတည်ပြုနိုင်အောင်တင်ပြဖို့ ဥပဒေပြဋ္ဌာန်းခဲ့တယ်။

ဂျွန်ဆင် က အဲဒီဥပဒေကြမ်းကို အပြင်းအထန်ကန့်ကွက်ခဲ့တယ်။ ဒါပေမယ့် သူ့ပါတီက အမတ် တစ်ချို့က အတိုက်အခံလေဘာပါတီနဲ့ပူးပေါင်းပြီး ထောက်ခံမဲပေးခဲ့တဲ့အတွက် ဥပဒေကြမ်းက အတည်ဖြစ်သွားတယ်။ ဒါ့ကြောင့် ဂျွန်ဆင်ဟာ ဥရောပသမဂ္ဂခေါင်းဆောင်တွေ နဲ့လည်း ဆွေးနွေး ပွဲတွေ ဆက်တိုက်လုပ်ခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး အောက်တိုဘာ ၁၇ ရက်နေ့မှာ သဘောတူညီ ချက်ရတယ်။ အရင်ဝန်ကြီးချုပ် မေ လက်ထက်က ညှိလို့မရတဲ့ မြောက်အိုင်ယာလန် နယ်ခြား ကိစ္စ အပါအဝင် အရေးကြီးတဲ့ကိစ္စတွေမှာ သဘောတူညီချက်ရတယ်။ နှစ်ဘက်လုံးက ဒီသဘောတူညီ ချက်ကို သမိုင်းဝင်အောင်မြင်မှုအဖြစ်ပြောတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ စနေနေ့ မှာ ဝန်ကြီးချုပ် ဂျွန်ဆင်က သဘောတူညီချက်ကို ပါလီမန်က အတည်ပြုပေးဖို့တင်ပြတယ်။ ဗြိတိသ ျှ ပါလီမန်ဟာ စနေနေ့မှာ အစည်းအဝေးလုပ် တာ အလွန်ရှားတယ်။ အင်မတန်အရေးကြီးတဲ့ကိစ္စမျိုးနဲ့ ကြုံလာမှသာ အစည်းအဝေးလုပ်သင့် မသင့်မဲခွဲဆုံးဖြတ်ပြီးလုပ်တယ်။ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်ထဲ သဘောနဲ့ အစည်းအဝေးခေါ် လို့ မရဘူး။

၂၀ ရာစုထဲမှာ ၁၉ ၃၉ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ ဒုတိယကမ္ဘာစစ်စတဲ့အချိန်၊ ၁၉ ၄၉ ခုနှစ် ဇူလိုင် ၃၀ ရက် နွေရာသီအစည်းအဝေး လုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ အချိန်၊ ၁၉ ၅၆ ခုနှစ် နိုဝင်ဘာ ၃ ရက်၊ ၁၉ ၈၂ ခုနှစ် ဧပြီ ၃ ရက် ဖောက်ကလန်စစ်ပွဲဖြစ်တဲ့အချိန် စုစုပေါင်း လေးကြိမ်ပဲ စနေနေ့အစည်းအဝေးလုပ်ခဲ့ဖူးတယ်။ အခုအစည်းအဝေးကတော့ ၂၁ ရာစု မှာ ပထမဆုံး စနေအစည်းအဝေးပေါ့။

အဲဒီ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က သဘောတူညီချက်ကို အတည်ပြုပေးဖို့ တင်ပြတဲ့ အပေါ် အမတ်အများစုက စာမျက်နှာ ၁၁၀ ရှိတဲ့ သဘောတူညီချက်ကို လေ့လာဖို့ အချိန်လိုတယ်လို့ ယူဆခဲ့ကြတယ်။ နောက်ဆုံးတော့ ဝန်ကြီးချုပ်နဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင်တွေက ဖိအား ပေးနေတဲ့ကြားက ကွန်ဆာဗေးတစ်အမတ်တစ်ချို့ကပါ ကန့်ကွက်ခဲ့တဲ့အတွက် ဆွေးနွေးမယ့် ကိစ္စက ၃၂၂ မဲ၊ ၃၀၈ မဲ နဲ့ အရေးနိမ့်သွားတယ်။ ဒီတော့ လမ်းခွဲမယ့်ရက် အောက်တိုဘာ ၃၁ ရက်မတိုင်ခင် လမ်းခွဲ သဘောတူညီချက်ကို အတည်ပြုဖို့ဆိုတာအတော်ခက်သွားပြီ။

ဒါကြောင့် ဝန်ကြီးချုပ် ဂျွန်ဆင်က ဥရောပသမဂ္ဂခေါင်းဆောင်တွေဆီကို လမ်းခွဲကိစ္စကို သက်တမ်း တိုးပေးဖို့ စာရေးခဲ့ရတယ်။ ဥရောပသမဂ္ဂဘက်ကတော့ သက်တမ်းတိုးပေးမယ်လို့ သဘောတူ တယ်။ ဒါပေမယ့် ထပ်ဆွေးနွေးဖို့အတွက် သက်တမ်းတိုးတာမျိုးမဟုတ်ဘူး။ အခုနောက်ဆုံးရထား တဲ့ သဘောတူညီချက်ကို ဗြိတိသ ျှ ပါလီမန်မှာ မဲခွဲတာကို စောင့်ကြည့်ဦးမယ့် သဘောရှိတယ်။ အဲဒီ ရလဒ်ပေါ်မူတည်ပြီးမှ သက်တမ်းသုံးလ တိုးပေးမပေးဆုံးဖြတ်မှာဖြစ်တယ်။ ဥရောပသမဂ္ဂဘက်မှာ လည်း ပြင်သစ်ကတော့ သက်တမ်းတိုးဖို့ ကိစ္စကို သဘောမတူချင်ဘူး။

ဗြိတိန်ဘက်မှာတော့ ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့နောက်ဆုံးဖဲချပ်ကို သုံးဖို့လုပ်နေတယ်။ ဂျွန်ဆင်က ပါလီမန်အနေနဲ့ ဗြိတိန်လမ်းခွဲကိစ္စကို အဆုံးအဖြတ်မပေးနိုင်ရင် ပြည်သူ့အဆုံး အဖြတ် ခံယူမယ်။ ဒါ့ကြောင့် ပါလီမန်ကို ဖျက်သိမ်းပြီး လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲကျင်းပသင့်တယ်လို့ပြောခဲ့တယ်။

ဒါပေမယ့် ခက်တာက ဝန်ကြီးချုပ်သဘောတစ်ခုထဲနဲ့ ရွေးကောက်ပွဲခေါ်လို့ မရဘူး။ ၂၀၁၁ ပါလီမန်သက်တမ်းဆိုင်ရာ ဥပဒေအရ ဝန်ကြီးချုပ်အနေနဲ့ အယုံအကြည်မရှိ အဆိုကို အရေး နိမ့်တဲ့အခါ ၊ ဒါမှမဟုတ် ဘတ်ဂျက်ဥပဒေကို အတည်မပြုနိုင်တဲ့အခါပဲ လွှတ်တော်သက်တမ်းမကုန် မီ ပါလီမန်ကို ဖျက်သိမ်းပြီးရွေးကောက်ပွဲခေါ်လို့ရတယ်။ ကျန်တဲ့အချိန်မှာ ပါလီမန်ကို ဖျက်သိမ်း ပြီး ရွေးကောက်ပွဲလုပ်ဖို့အတွက်ဆိုရင် ပါလီမန်မှာ မဲခွဲအတည်ပြုရမယ်။ လွှတ်တော်အမတ် သုံး ပုံ နှစ်ပုံက သဘောတူမှ ရွေးကောက်ပွဲကျင်းပလို့ရမယ်။

အခု အချိန်ထိတော့ အတိုက်အခံလေဘာပါတီနဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့အတွက် ညှိလို့ မရသေးဘူး။ အမတ်တွေထဲမှာလည်း ဗြိတိန်လမ်းခွဲကိစ္စ လိပ်ခဲတင်းလင်းဖြစ်နေတဲ့အပေါ် မဲဆန္ဒ ရှင် တွေ့ရဲ့ဒေါသကိုကြောက်လို့ ရွေးကောက်ပွဲစောလုပ်မယ့် ကိစ္စကို မလုပ်ချင်တဲ့သူတွေရှိနေ တယ်။ လေဘာပါတီကတော့ လမ်းခွဲကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲလုပ် သင့်တယ်လို့ဆိုတယ်။ ဒါပေမယ့် ကွန်ဆာဗေးတစ်ပါတီဘက်က ဒါကို သဘောမတူ ပြန်ဘူး။

လက်ရှိ ပါလီမန်အမတ်နေရာ ၆၅၀ မှာ ကွန် ဆာဗေးတစ်ပါတီက ၂၈၈ နေရာ၊ လေဘာပါတီက ၂၄၅ နေရာ ရှိတယ်။ ဘယ်ပါတီကမှ အများစုမရတဲ့အတွက် ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ ကွန်ဆာ ဗေး တစ်ပါတီက အမတ်နေရာ ၁၀ နေရာရှိတဲ့ အတိုက်အခံပါတီတစ်ခုဖြစ် DUP နဲ့ပေါင်းပြီး လူနည်းစု အစိုးရ (minority government) ဖွဲ့ ထားရတယ်။ဒါကြောင့် ဝန်ကြီးချုပ် ဂျွန်ဆင်အနေနဲ့ နိုင်ငံရေး ကစားရတာ အတော်ခက်ခဲတဲ့အခြေအနေမှာရှိနေတယ်။ အဲဒီအခြေအနေကနေ သူဘယ်လို ဖောက်ထွက်မလဲဆိုတာကတော့ လာမယ့် ရက်သတ္တပတ်ထဲမှာ အဖြေပေါ်လိမ့်မယ်ထင်ပါတယ်။

နိုင်ငံပြုခေါင်းဆောင်

နှစ် ၇၀ ကြာဖြစ်လာတဲ့ ပြဿနာကို သုံးနှစ်နဲ့ ဖြေရှင်းလို့မရဘူးလို့ပြောနေကြ၊ ကြားနေကြ စကားနဲ့ပတ်သက်ပြီး

NyoTun က “ ရာစုနှစ်စုကြား တည်မြဲခဲ့တဲ့ ကျွန်စနစ်ကို လင်ကွန်းကတော့ လေးနှစ်အတွင်း အပြီးရှင်းသွားခဲ့တယ်” လို့ ထောက်ပြခဲ့တယ်။

ဒီစကားကို ကြားတော့ မန်ဒဲလားကို သတိရမိတယ်။ တောင်အာဖရိကမှာ အသားအရောင် ခွဲခြား တဲ့ စနစ်ကို Native Location Act of 1879 နဲ့စတင်ခဲ့တယ်။ ၁၉ ၄၈ ခုနှစ် အမျိုးသားပါတီ အာဏာရလာချိန်မှာတော့ ပိုပြီးပြင်းထန်တဲ့အသားအရောင်ခွဲခြားတဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ မန်ဒဲလား နဲ့ ANC ပါတီက ဒီစနစ်တိုက်ဖျက်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်ခဲ့ တယ်။ လူဖြူအစိုးရက ၁၉ ၆၀ ပြည့်နှစ်မှာ ANC ကို မတရားအသင်း ကြေညာတယ်။ ၁၉ ၆၂ ခုနှစ်မှာ မန်ဒဲလားကို ဖမ်းဆီးပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ပေးခဲ့တယ်။

၁၉ ၉ ၀ ခုနှစ်မှာတော့ လူဖြူအစိုးရက ၂၇ နှစ် ကြာထောင်သွင်းအကျဉ်းချထားတဲ့ မန်ဒဲလားကို ပြန် လွှတ်ပေးခဲ့တယ်။ ANC ပါတီကို တရားဝင်ရပ်တည်ခွင့်ပေးတယ်။ အမျိုးသား ပါတီ ခေါင်းဆောင် ဒီကလတ်ခ် နဲ့ မန်ဒဲလားကြားဆွေးနွေးပွဲတွေလုပ်ပြီး အသားအရောင်ခွဲခြား တဲ့ စနစ်ကို ဖျက်သိမ်းဖို့ သဘောတူတယ်။ ၁၉ ၉ ၄ ခုနှစ်မှာရွေးကောက်ပွဲကျင်းပပြီး မန်ဒဲလားနဲ့ ANC ပါတီ အာဏာရလာခဲ့တာ အခု အချိန်ထိပဲ။

လင်ကွန်းက သမ္မတဖြစ်လာချိန်မှာ လေးနှစ်အတွင်း ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တယ်။ မန်ဒဲလားက အာဏာမရခင် လေးနှစ်အတွင်းမှာ အသားအရောင်ခွဲခြားအုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းနိုင်အောင် စေ့စပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့တယ်။

ဒါ့ကြောင့်လည်း သူတို့ကို နိုင်ငံပြုခေါင်းဆောင်လို့ခေါ်ကြတာပဲ။

အတုတွေလာပြန်ပြီ

အတုတွေလာပြန်ပြီ
ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက သင်ကြားရေး ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုး ပြောင်းမှုအတွက် တင်ပြထားတဲ့ သုတေသနစာတမ်းတွေကို စစ်ဆေးခဲ့တာ ကိုယ်တိုင်မရေးဘဲ နိုင်ငံခြား ဝက်ဘ်ဆိုက်တွေက ဝယ်ထားတဲ့ စာတမ်း အတု တစ်ထောင်ကျော် တွေ့တယ်လို့ အလဲဗင်းသတင်းမှာ ဖော်ပြထားတယ်။
“ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲ”
( စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စ)

“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD”

“ ရွေးကောက်ပွဲကတိပျက်တဲ့ NLD” ဆိုတော့ RFA ရဲ့ သတင်းခေါင်းစဉ်က နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။
ဒါပေမယ့် ဆွေးနွေးချက်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။
အောက်ပါလင့်ခ်မှာ အပြည့်အစုံနားထောင်နိုင်ပါတယ်။
https://www.rfa.org/…/nld-broke-promise-elections-102420190…

ပန်းဆိုးတန်း

ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။

အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။

တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။ ကိုယ်က ခြေသည်းတစ်ခုပဲ ညှပ် ချင်တာ၊ ခြေသည်းကျန်းမာရေးတို့၊ ခြေထောက်ကျန်းမာရေးတို့က အရေးမပါဘူး။ ဒီထက်ဆိုး တာ က ကိုယ်ခြေထောက်ကလည်း နှစ်ပေါင်းများစွာ ရွံ့ထဲ ၊ ဗွက်ထဲ သွားလာခဲ့၊ ပစ်စလက်ခတ်ထားခဲ့ တာဆိုတော့ စာရေးဆရာမတွေရဲ့ ဝတ္ထုတွေထဲက ဇာတ်လိုက်လို ခြေဖမိုးဖြူဖြူ ပေါ်မှာ ကတ္တီပါ ဖိနပ်သဲကြိုးလေးထင်းနေတဲ့ခြေထောက်မျိုးမဟုတ်တဲ့အခါ ဆိုင်က ကလေးမလေးတွေ မြင်မှာ ရှက် တာလည်းပါတာပေါ့လေ။

ဒီလိုနဲ့ ငါ့ခြေသည်းကို ဘယ်သူမှ မြင်တာမဟုတ်ဘူးဆိုပြီး ဇရာကို အံ့တုလာရင်း ကြွက်ကိုက် ခြေသည်းနဲ့နေခဲ့တာအတော်ကြာခဲ့ပေါ့။ တစ်နေ့က ပန်းဆိုးတန်းမှာ စာအုပ်ဆိုင်တွေ လိုက် မွှေတော့ ကားရပ်စရာနေရာရှာရင်း ကုန်းတံတားအောက်ကိုရောက်သွားတယ်။ ကုန်းတံတား အောက်မှာ ထိုင်ခုံလေးတွေနဲ့ ခြေသည်း၊ လက်သည်းညှပ်၊ နားကလော်တဲ့သူတွေရှိနေတာ နှစ် ပေါင်းမနည်းတော့ဘူး။ ပြည်တွင်းဂျာနယ်တစ်စောင်မှာတောင် အဲဒီလုပ်ငန်းလုပ်နေတဲ့ အမျိုး သမီးကြီးတစ်ယောက်အကြောင်းပါဖူးသေးတယ်။

တစ်ခါတစ်လေ အဲဒီဆိုင်တွေမှာခြေသည်းညှပ်ရင်ကောင်းမလားလို့ စဉ်းစားဖူးတယ်။ ဒါပေမယ့် ဓားထိရင်ဘယ်လိုလုပ်မလဲ၊ သန့်ရဲ့လားဆိုတဲ့အတွေးတွေဝင်လာတာနဲ့ မညှပ်ဖြစ်ခဲ့ဖူး။ ဒီတစ်ခါ တော့ အရိပ်ထဲမှာ စကားတပြောပြောနဲ့အေးအေးလူလူ ခြေသည်းလက်သည်း ညှပ်နေတဲ့သူ တွေ၊ ခေါင်းလေးစောင်းပြီး နားဖာကလော်တာကို ဇိမ်ခံနေတဲ့သူတွေကို ကြည့်ပြီး အားကျသွား တယ်။

ကျွန်တော်က ဆံပင်ညှပ်ရင်တောင် အေးအေးဆေးဆေး စကားလေးတပြောပြော ညှပ်တဲ့ ဆံပင် ညှပ်ဆရာမျိုးနဲ့ ညှပ်ချင်တာ။ ဟိုးတစ်ချိန်ကတော့ ဆံပင်ညှပ်ဆိုင်မှာ ဆံသဆရာနဲ့ လေပစ်ရတာ၊ ဆိုင်မှာ ဇယ်တောက်၊ ကျားထိုးလုပ်ရတာကိုက စည်းစိမ်တစ်ခုပဲလေ။ အခုတော့ ဆံသဆိုင်အများစု ကလည်း တစ်ယောက်ဆင်း၊ တစ်ယောက်တက်၊ လူတွေကလည်း စားသုတ်သုတ်၊ သွားသုတ်သုတ် နဲ့ ဆံသဆိုင်မှာ စည်းစိမ်ခံဖို့ အခွင့်အရေး အတော်နည်းသွားပြီ။

ဒီလိုနဲ့ အသားညိုညို၊ လူကောင်သေးသေး၊ မျက်မှန်နဲ့ လူတစ်ယောက်ဆီရောက်သွားတယ်။ သူ ညှပ်တာကောင်းမကောင်းမသိပါဘူး။ ကိုယ့်ကားရပ်ထားတဲ့ နေရာအနားမှာ ဖောက်သည်မရှိသေး တာ သူတစ်ယောက်ပဲရှိလို့ ရွေးလိုက်တာ။ လက်သည်းကောညှပ်မလားလို့မေးတော့ မညှပ်ဘူး လို့ဖြေလိုက်တယ်။ နား ရောဆိုတော့ ဟင့်အင်းပေါ့။ ဆံပင်ညှပ်တဲ့သူကိုတော့ ဆံသဆရာ၊ ဒီလူ ကို ဘယ်လိုခေါ်ရမလဲ။ လက်သည်းခြေသည်းညှပ်၊ နားလည်းကလော်ဆိုတော့ ညှပ်ကလော်ဆရာ လို့ ခေါ်ရမယ်ထင်တယ်။

ကျွန်တော့်ကို တစ်ချိန်က ပလတ်စတစ်ထိုင်ခုံအဖြူဖြစ်ခဲ့တဲ့ ခုံပေါ်မှာထိုင်ခိုင်းတယ်။ သူက ပလတ် စတစ်ခွေးခြေအပုမှာထိုင်တယ်။ ပြောက်ကျားရောင် ဘေးလွယ်အိတ်ကို ဖွင့်တယ်။ အဲဒီထဲက ပလတ်စတစ်ဘူးတစ်ခုထုတ်တယ်။ ဘူးကို ဖွင့်လိုက်တော့ ဓားနှစ်ချောင်း၊ စက္ကူဖြတ်တဲ့ ဓားအရွယ် လောက်ပဲ ။ ရောင်းတမ်းမဟုတ်ဘူး။ သံဖြတ်လွှနဲ့ ကိုယ်တိုင်လုပ်ထားတာ၊ လက်ကိုင်နေရာမှာ ပလတ်စတစ် ပတ်ထားတယ်။ ဓားသွားနေရာက မြင်လိုက်တာနဲ့ အလွန်ထက်မယ်ဆိုတာ သိသာ တယ်။ ကိုယ့် ဘာသာကိုယ်သွေးတာလားဆိုတော့ အရင်ကတော့ ဓားသွေး၊ ကပ်ကြေးသွေးတဲ့ ကုလားတွေဆီ မှာသွေးတယ်၊အခုတော့ဒီလူတွေရှားသွားလို့ တွင်ခုံမှာသွားသရတယ်။ နေ့စဉ် ကျောက်သင်ပုန်း နဲ့ သွေးရတယ်လို့ရှင်းပြတယ်။

ခွေးခြေပေါ်မှာထိုင်တယ်။ ဘေးလွယ်အိတ်ထဲက အရက်ပြန်ပုလင်းပုလေးကို ထုတ်ပြီး ခြေချောင်း တွေကို ပွတ်တယ်။ သူ့ဓားကိုလည်း ပွတ်တယ်။ ညာဘက် လက်ညှိုး၊ လက်မနဲ့ ဓားကို ထိန်းပြီးကိုင်တယ်။ ဘယ်ဘက် လက်က ကျွန်တော်ခြေထောက်ကိုထိန်းပြီး ခြေသည်းကို ဓားနဲ့ ဝိုက်ပြီးလှီးလိုက်တယ်။ သာသာ ယာယာပဲ။ ညီညီညာညာ လေးပြတ်သွားတယ်။ တံစဉ်း တောင် တိုက်စရာမလိုဘူး။ ကိုယ့်ဘာသာ ကိုယ်ညှပ်တဲ့အခါ ခြေမခြေသည်းထောင့် လေးတွေက အင်မတန်ညှပ်ရခက်တာ သူ့ကျတော့ ဘာ မှ မဟုတ်သလိုပဲ။ အဲဒီခြေသည်းထောင့် လေးတွေကို သေသေချာချာ မညှပ်လို့ ခြေစွယ်ငုတ်တာ လို့ ရှင်းပြတယ်။ ပြောနေရင်း နဲ့ ခြေသည်း ထောင့် ထဲက ချေး(ဂျီး)တွေကို ရှင်းထုတ်လိုက်တယ်။ အသားမာလို့ဖြစ်နေတာတွေကို ဖြတ်လိုက်တယ်။

ခြေမကို ညှပ်တာနဲ့တင် အတော်သဘောတွေ့သွားတယ်။ ကျွန်တော်က ဓားထိမှာစိုးရိမ်လို့ အရင် က ဒီလို မညှပ်ခဲ့ဘူးဆိုတော့ သူက ဒီလိုညှပ်မယ်ဆိုရင် လူကို ကြည့်လိုက်။ ပထမ ဓားကိုင်ထားတာ ငြိမ်နေရမယ်၊ ပြီးရင် ဖောက်သည် ခြေထောက်ကို ကိုင်တာ ငြိမ်နေရမယ်။ ငြိမ် နှစ် ငြိမ် နဲ့ ဆိုရင် စိတ်ချလိုက်။ ဘာမှမဖြစ်ဘူးတဲ့။

ဒီအလုပ်လုပ်တာ နှစ်သုံးဆယ်ကျော်ပြီ။ သူ့ကို ယောက်ဖက သင်ပေးတာ။ သင်ပေးတဲ့ ယောက်ဖ ကတော့ ရှပ်ကီနဲ့ပဲဆုံးသွားပြီတဲ့။ ခုခေတ် ကလေးတွေက ညှပ်ရင်းနဲ့ သင်တာ၊ သူတို့ခေတ်က ဓာတ်မှန်ကော်ပြားအဟောင်းနဲ့ နှစ်ပတ်လောက် သင်ပြီးမှ ခြေထောက်ကိုင်ရတာတဲ့။ ခြေ၊ လက် ကျွမ်းပြီဆိုမှ နားကို သင်ပေးတာဆိုပဲ။ ဒီအလုပ်ကလည်း ပရောက်ဖက်ရှင်နယ်ကျကျ သင်ခဲ့ရတာ ကိုး။

သူက ဒီမှာ ထိုင်ပြီး ညှပ်သလို အိမ်တွေကိုလည်း လိုက်ညှပ်ပေးတယ်။ ရေကျော် မြောင်းကြီးလမ်း၊ ၄၉ လမ်း၊ လမ်း ၅၀ ဘက်မှာ သူ့ဖောက်သည်တွေရှိတယ်။ ရန်ကုန်တိုင်းလွှတ်တော်ထဲရောက် ဖူး လားတဲ့။ ဟင့်အင်းဆိုတော့ ညံ့ပါပေ့ဆိုတဲ့ အကြည့်နဲ့မော့ကြည့်တယ်။ လွှတ်တော်ထဲကလည်း သူ့ ကို ခေါ်တယ်တဲ့။ ကွီးဖြိုးလားဆိုတော့ မဟုတ်ဘူး ။ ရဲမှူးနှစ်ယောက် နာမည်ရွတ်ပြတယ်။ ပါးစပ် က အဆက်မပြတ်ပြောသလို လက်ကလည်း ခြေချောင်းလေးတွေကို ကိုင်ပြီး ဓားနဲ့ လှီးနေတယ်။ သူ့ စကားထဲမှာ စီးမျောနေတာနဲ့ ဓားထိမှာတောင် မတွေးမိတော့ဘူး။ သူလုပ်ကိုင်နေပုံကလည်း စိုးရိမ် စရာမရှိဘူး။

နောက်က ဟွန်းတီးသံပေါ်လာတယ်။ ရပ်ထားတဲ့ ကားက ထွက်တော့မယ်တဲ့။ နှစ်ယောက်သား နေရာရွှေ့တယ်။ တံတားအောက်မှာရှိတဲ့ ကားစောင့်တွေက ဟိုတယ်ကလား၊ ဈေးဝယ်စင်တာက လားမသိဘူး။ ကားထွက်ဖို့ လမ်းပြတယ်။ နောက်တစ်စီးကိုနေရာပေးတယ်။ ကျွန်တော်တို့ နှစ် ယောက်နေရာပြန်ချပြီး လုပ်ငန်းဆက်လုပ်တယ်။

သုဝဏ္ဏဘက်မှာလည်း သူ့ဖောက်သည် လူကြီးတွေရှိတယ်တဲ့။ နာမည်တစ်ခု ရွတ်ပြတယ်။ အဲဒီ ပုဂ္ဂိုလ် အဲဒီမှာနေတာတော့ အမှန်ပဲ။ ဖောက်သည်ဟုတ် မဟုတ်တော့ မသိဘူး။ တစ်ချို့အိမ်တွေက တစ်ခါသွားရင် သုံးလေးယောက်လုပ်ရတယ်။ အဲဒီလိုဆိုရင်တော့ ပန်းဆိုးတန်းကို သူပြန်မလာ တော့ဘူး။ အိမ်ပြန်ပြီ။

ကျွန်တော့်ကိုလည်း ဖုန်းနံပါတ်ပေးတယ်။ ၂၅ နဲ့ စတဲ့ဖုန်း။ ဂျီ တဲ့။ တယ်လီနော၊ အော်ရီဒူးမပေါ်ခင် က ရပ်ကွက်ထဲမှာမဲဖောက်ပေးတာတဲ့။ ကိုယ်တောင် တောထဲရောက်နေလို့ မဲဖောက်တဲ့ ဖုန်း အကြောင်းမကြားဖူးဘူး။

သူ့ဝင်ငွေကလည်း တက္ကစီကားသမားတစ်ယောက်ရဲ့ ဝင်ငွေလောက်တော့ ရှိတာပဲ။ အုံနာခမပေး ရ တော့ သူကတောင် ပိုကောင်းဦးမယ်ထင်တယ်။ ဒါပေမယ့် နေ့တိုင်းပုံသေတွက်လို့တော့မရ ဘူး ပေါ့။ မိုးသည်းတဲ့နေ့တွေဆိုရင်တော့ လူပါးတာပဲ။

ဒီလိုနဲ့ ခြေသည်းတွေညှပ်ပြီးသွားတယ်။ ကြွက်ကိုက်တာတွေမရှိတော့ဘူး။ သဘောကျသွားတာ နဲ့ လက်သည်း ဆက်ညှပ်တယ်။ ဒီလိုပဲ ဓားလေးနဲ့ ဝိုက်ပြီး သာသာယာယာလေးပြီးသွားတယ်။ လွယ်တယ်မထင်နဲ့လေ။ ကိုယ့်ဘာသာကိုယ်လက်သည်းညှပ်နဲ့ညှပ်ရင်တောင် အသားထိတတ် တယ်မဟုတ်လား။ သူ့စကားကြားတော့ စက်ပြင် တာက ဘယ်လောက်မှ မကျဘူး။ ဘယ်နေရာ ပြင်ရမလဲဆိုတာကို သိတဲ့ပညာက ဈေးပိုကြီး တယ်လို့ပြောတဲ့ စက်ဆရာအဖိုးကြီး ပုံပြင်ကို သတိရမိတယ်။

ဒါပေမယ့် သူ့ပညာကို ဆက်ခံမယ့်သူတော့မရှိဘူး။ သားနဲ့သမီးက ဒီအလုပ်ကို ရှက်စရာကောင်း တယ်လို့ မြင်တယ်။ မလုပ်ဘူး။ တစ်ခြားအလုပ်တွေလုပ်တယ်။ တူမနှစ်ယောက်ကတော့ သူ့လို ပဲ တံတားအောက်မှာ ညှပ်တယ်လို့ လှမ်းပြတယ်။ သက်လတ်အရွယ်အမျိုးသမီးနှစ်ယောက် တစ် ယောက်က ခြေသည်းညှပ်နေတယ်။ တစ်ယောက်က နားဖာကလော်နေတယ်။

သူ့လက်ရာကို သဘောကျသွားတာမြင်တော့ နား လုပ်ဦးမလားတဲ့။ ဒါကိုတော့ မစမ်းရဲဘူးဗျာ လို့ တူးတူးခါးခါးငြင်းလိုက်တယ်။ ဘေးလွယ်အိတ်ထဲက နောက်ထပ် ဘူးလေးတစ်ဘူးဖွင့်ပြတယ်။ သံ ၊ ဝါး၊ သစ်သား နဲ့လုပ်ထားတဲ့ ကရိယာ ခုနှစ်ခုလောက်ထွက်လာတယ်။ ဆူဆေး လို့ ဆိုတဲ့ ပုလင်း ပုလေးတစ်လုံးလည်း တွေ့တယ်။ ထိပ်က အကောက်လေးနဲ့ ဟာက နားဖာချေးတွေ ခဲနေရင် ကလော်ထုတ်တဲ့ဟာတဲ့။ လက်နက်ပုန်းတွေမြင်တော့ ပိုကြောက်သွားတယ်။ သူကတော့ နှစ်သုံး ဆယ်ရှိပြီ။ ဘာမှမဖြစ်ခဲ့ဘူးလို့အာမခံတယ်။

ငယ်ငယ်ကတော့ အမေ့ပေါင်ကို ခေါင်းအုံး၊ အမေက ဆံညှပ်လေးနဲ့ နားဖာချေးကလော်ပေးတယ်။ စည်းစိမ်ရှိပုံကတော့ ပါးစပ်က သွားရည်တွေကျပြီး မှိန်းသွားတဲ့အထိပဲ။ ကြီးလာတော့ အဲဒီလို ကလော်တာကို လန့်လာတယ်။ စက္ကူလိပ်လေးနဲ့။ နောင်တော့ ဂွမ်းတံ လေးနဲ့ ပဲ ကလိဖြစ်တော့ တယ်။ ဒါတောင် ဆယ်ခါ တစ်ခါပါလေ။ ညှပ်ကလော်ဆရာကတော့ ဂွမ်းလိပ်တွေမသုံးနဲ့၊ ကျွတ် ကျန်ခဲ့ ရင် ဒုက္ခဖြစ်မယ်။ နားယားတယ် ၊ ကိုက်တယ်ဆိုရင် ဒီကိုလာခဲ့လို့ ခေါ်တယ်။

ပြန်ထွက်လာတော့ ညှပ်ကလော်ဆရာက ထိုင်ခုံပေါ်မှာ ထိုင်ပြီး နောက်ထပ်ဧည့်သည်မေ ျှာ် နေ တယ်။ ကျန်တဲ့သူတွေကလည်း မေ ျှာ်သူမေ ျှာ်၊ ညှပ်သူညှပ်၊ ကလော်သူကလော်ပေါ့။ ကားစောင့် တဲ့ လုံခြုံရေးတွေကလည်း သူ့အလုပ်သူလုပ်၊ ခရီးသွားတွေကလည်း တံတားအောက်က ဥဒဟို ဖြတ်သွားလို့။ ပန်းဆိုးတန်းတံတားဟာ နေ့ဘက်မှာ သူမဟုတ်သလိုပဲ။

ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ


ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉ ၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သားအဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။
အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of Rhode Island ကနေလည်း ဘွဲ့ရခဲ့တယ်။ အဲဒီနောက် ဒုရေယာဉ်မှူးတာဝန်ထမ်းဆောင်ရင်းနဲ့ ၁၉ ၇၂ ခုနှစ် ဖေဖော်ဝါရီလ မှာ ဗီယက်နမ်စစ်မြေပြင်ကို ဒုတိယ အကြိမ်ပြန်ရောက်တယ်။ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှု အတွက် ဂုဏ်ပြုလက်မှတ်ရတယ်။
၁၉ ၇၅ ခုနှစ်မှာတော့ စစ်ရေယာဉ်မှူးတာဝန်ထမ်းဆောင်ရ တယ်။ အဲဒီနောက် ကွပ်ကဲမှုတာဝန်အဆင့်ဆင့်ကို ပြောင်းလဲထမ်းဆောင်ပြီး ၁၉ ၈၈ ခုနှစ် မှာ ဒုတိယရေတပ်ဦးစီးချုပ် ဖြစ်တယ်။ ၁၉ ၉ ၁ မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဖြစ်လာပြီး ဥရော ပ တောင်ပိုင်း မဟာမိတ်တပ်ဖွဲ့ စစ်ဦးစီးချုပ်တာဝန်(CINCSOUTH – Naples, Italy) ကို ထမ်းဆောင်ရတယ်။ အဲဒီကာလမှာပဲ ယူဂိုဆလားဗီးယား စစ်ပွဲမှာ ပါဝင်နေတဲ့ နေတိုးတပ်ဖွဲ့တွေ အားလုံးရဲ့ စစ်ဦးစီးချုပ်တာဝန်ကို လည်း ထမ်းဆောင်ခဲ့ရတယ်။
၁၉ ၉ ၃ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ ရေတပ် ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရ ပြီး အမေရိကန် ရေတပ်သမိုင်းမှာ ရေတပ် စစ်တက္ကသိုလ်ဆင်းမဟုတ်ဘဲ အခြားအဆင့်ကနေ ရေတပ်ဦးစီးချုပ်ဖြစ်လာတဲ့ပထမဆုံး အရာရှိကြီး အဖြစ် မှတ်တမ်းဝင်ခဲ့ တယ်။
၁၉ ၉ ၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ နယူးစ်ဝိခ် သတင်းမဂ္ဂဇင်းသတင်းထောက်တစ်ယောက်က ဘော်ဒါ တပ်ဆင်ထားတဲ့ ဗီယက်နမ်စစ်မြေပြင်ဆိုင်ရာဆုတံဆိပ်နှစ်ခုဟာ အမှန် တကယ် ချီးမြှင့်ခံရတာမဟုတ်ဘဲနဲ့ တပ်ဆင်ထားတာဖြစ်တယ် လို့ ဖွင့်ချခဲ့တယ်။ ဘော်လ်ဒါဟာ ဗီယက် နမ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှုအတွက် အမှုထမ်းကောင်းတံဆိပ်နှစ်ခုရတာတော့မှန် တယ်။ ဒါပေမယ့် အဲဒီတံဆိပ်ပေါ်မှာ သတ္တိပြောင်မြောက်စွာထမ်းဆောင်ခဲ့ခြင်း လို့ဖော်ပြ တဲ့ V အမှတ်အသားကို တပ်ဆင်ခွင့်မရှိဘူး။ အခု ဗိုလ်ချုပ်ကြီးဘော်လ်ဒါက သူ့တံဆိပ်ပေါ်မှာ V အမှတ် အသားတပ်ဆင်ထားတာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သတင်းထောက်က စွပ်စွဲခဲ့တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဖြေရှင်းမှုတွေလုပ်တဲ့အခါ ဘော်ဒါကို ဗီယက်နမ်ဆိုင်ရာ ဆု တံဆိပ်ချီးမြှင့်တဲ့အချိန်မှာ အထက်အရာရှိ ဗိုလ်ချုပ်ကြီး Zumwalt က V အမှတ်တံဆိပ်တတ်ဆင် နိုင်တယ်လို့ပြောခဲ့ပေမယ့် အဲဒီလို ချီးမြှင့်တဲ့အကြောင်းတရားဝင်အမိန့်ထုတ်ပြန်ထားခဲ့တာမရှိ ဘူး ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ ဒါ့အပြင် နယူးစ်ဝိခ်သတင်းထောက်သတင်းမရေးခင် တစ်နှစ် လောက်ထဲက ရေတပ်စစ်ရာထူးခန့်ရုံးရဲ့ တင်ပြချက်အရ V အမှတ်အသားတပ်ဆင်ခွင့်မရှိ ကြောင်း သိတဲ့အတွက် တပ်ဆင်ခြင်းမပြုတော့ဘူးဆိုတာလည်း ပေါ်ပေါက်လာခဲ့ တယ်။
ဒါပေမယ့် အဆင့်မြင့်ရာထူးအဆင့်ဆင့်ကို ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးတစ်ယောက်ဟာ အရင်ထဲက ဒီတံဆိပ်တပ်ခွင့်ရှိ/ မရှိ မစိစစ်ခဲ့ဘူးလား၊ ရေတပ်ထဲမှာနောက်ထပ် ဒီလိုဖြစ်စဉ်တွေ ရှိသေးလားဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။ ကျန်တဲ့ သတင်းမီဒီယာတွေမှာပါ ဒီကိစ္စနဲ့ပတ်သက် ပြီး အကျယ်တဝင့်ရေးသားမှုတွေဖြစ်လာတယ်။
၁၉ ၉ ၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးဘော်ဒါ ဟာ နယူးစ်ဝိခ် သတင်း ထောက်နှစ်ယောက်ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေဖြေကြားဖို့ သဘောတူခဲ့ တယ်။ ဒါပေမယ့် သတင်းထောက်နှစ်ယောက် ရောက်မလာခင်လေးမှာပဲ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ သူနေအိမ်မှာ သူ့ကိုသူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တယ်။
ဗိုလ်ချုပ်ကြီးက သူ့မိသားစု အတွက်နဲ့ ရေတပ်အတွက် နှုတ်ဆက်စာနှစ်စောင်ရေးထားခဲ့တယ်။
ရေတပ်အတွက်ရေးတဲ့စာမှာတော့
“ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်”
လို့ရေးထားခဲ့တယ်။
ဒီလို ကြေကွဲဖွယ်ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဘော်ဒါရဲ့ လုပ်ရပ်က မှန်ရဲ့လား၊ သတင်းထောက်ကရော ဒီသတင်းကို ရေးသင့် လား ဆိုတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ အများကြီး ပေါ်ခဲ့တယ်။
ဗိုလ်ချုပ်ကြီး ဘော်လ်ဒါရဲ့ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့
“ ဘော်ဒါဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ ရေတပ်သားပါ။ သူ့အမှားဟာ ရေတပ်ရဲ့ ဂုဏ်သိက္ခာ ကိုရော၊ သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက်အတွက် အခုလို ပြင်း ထန် အစွန်းရောက်တဲ့ တုန့်ပြန်မှုကို လုပ်လိုက်တာဖြစ်တယ်။” လို့ ပြောခဲ့တယ်။
တကယ်တော့ ဗိုလ်ချုပ်ကြီးဘော်လ်ဒါဟာ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကို အသက်နဲ့ လဲ ပြီး ပေးဆပ်ခဲ့တာ၊ သူ၊ သူ့မိသားစု နဲ့ သူချစ်တဲ့ရေတပ် ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခဲ့တာပါ ပဲ။ ဒါ့ကြောင့် သူ့လုပ်ဆောင်ချက်က ပြင်းထန်တယ်၊ အစွန်းရောက်တယ်လို့ ပြောလို့ရပေမယ့် မှားတယ်လို့တော့ မဆိုနိုင်ဘူး။
ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ရှိတ်စပီးယားက ဒုတိယမြောက် ရစ်ချတ်ဘုရင်အကြောင်း ပြဇာတ်မှာ
“ ငါ့ဂုဏ်သိက္ခာဟာ ငါ့ အသက်၊ ခွဲလို့မရ အတူတကွ
ဂုဏ်သိက္ခာမရှိတော့တဲ့အခါ အသက်ရှင်ဖို့လည်း မဖြစ်နိုင်ပါ”
လို့ရေးခဲ့တယ်။
ရင်ပတ်က တံဆိပ်တန်းလေးသေးပေမယ့် ဂုဏ်သိက္ခာက ကြီးမားလွန်းတယ်ဆိုတာ ဗိုလ်ချုပ်ကြီး ဘော်ဒါက သက်သေပြလိုက်တာပါပဲ

လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်


သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။
ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။
သိမ်ကြီးဈေး စီရုံကိုရောက်တော့ ကားရပ်စရာနေရာရှာတယ်။ ရွှေတိဂုံဘုရားလမ်းမှာ ခြေချစရာနေရာ တောင်မရှိဘူး။ အနော်ရထာလမ်း အတူတူပဲ။ နောက်ဆုံး လသာလမ်းထဲ မှာ ရှားရှားပါးပါးတစ်နေရာတွေ့တယ်။ ကားရပ်လိုက်တာနဲ့ လူတစ်ယောက်ရောက်လာတယ်။ ကားရပ်ခ နှစ်ရာတောင်းတယ်။ မြို့ထဲမှာ ကားရပ်ခပေးစရာလိုလား၊မလိုဘူးလား၊ မေး မနေ တော့ ဘူး။ ကိုယ်က ကားထားခဲ့ရမယ့်သူဆိုတော့ နှစ်ရာထုတ်ပေးလိုက်တယ်။ စိတ်ချဆရာ၊ သေသေ ချာချာကြည့်ထားလိုက်မယ်တဲ့။
လသာကနေ သိမ်ကြီးဈေးကို လမ်းပြန်လေ ျှာက်ရတယ်။ ဒီနေရာတစ်ဝိုက်မှာ လ ျှပ်စစ်ပစ္စည်း ဆိုင်တွေ၊ ဝက်အူကနေ မော်တာတွေအထိ အသစ်၊ အဟောင်းအမျိုးမျိုးရောင်းတဲ့ဆိုင်တွေ မပြောင်းလဲသေးဘူး။ သိမ်ကြီးဈေးရောက်တော့ လူကူးတံတားပေါ်တက်တယ်။ တံတားပေါ်မှာ ဦးထုပ်ဆိုင်နဲ့ ခါးပတ်၊ ပိုက်ဆံအိတ်တွေရောင်းတဲ့ဆိုင် နှစ်ဆိုင်ရှိတယ်။ ဦးထုပ်ရောင်းသူဟာ နေပူ လွန်းတော့ ဦးထုပ်မဆောင်းနိုင်ဘဲ ထီးဆောင်းပြီး ဈေးရောင်းနေရတယ်။
တံတားပေါ်ကနေ ပထမထပ်ကို ဝင်တယ်။ ဝရန်တာမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ကတော့ လူမရှိသလောက်ပဲ။ ညနေဆိုရင်တော့ ဘီယာနဲ့ လူစည်မယ်ထင်တယ်။ စီရုံပေါ် က စားသောက်ဆိုင်တွေ၊ ကေတီဗီတွေ စည်ကားခဲ့တဲ့အချိန်တွေကို သတိရတယ်။ ပထမ ထပ်က ပူ လောင် မွန်းကျပ် မှောင်မည်းနေတယ်။ သိမ်ကြီးဈေးရဲ့ ရွှေခေတ် ကုန်ခဲ့ပြီထင်တယ်။ ဆိုင်ခန်း ရောင်းမယ်ဆိုတဲ့ ဆိုင်းဘုတ်တွေလည်းတွေ့တယ်။ ခန်းမ အလယ်မှာ ကတ္ထူပုံးတွေ ပုံထားတာ လူတစ်ရပ်လောက်ရှိတယ်။ အမှိုက်ပုံလား၊ ပစ္စည်းပုံလား မသဲကွဲဘူး။ လွန်ခဲ့တဲ့ သုံး နှစ် ကတော့ (စီ)ရုံက ဈေးအင်္ဂါနဲ့မညီတဲ့ဆိုင်ခန်းတွေ၊ ဂိုဒေါင်လုပ်ထားတဲ့ဆိုင်ခန်းတွေကို တစ်လ အတွင်း ရှင်းမယ်ဆိုတဲ့ သတင်းတွေတက်လာဖူးတာသတိရမိတယ်။
ပထမထပ်က စာအုပ်အဟောင်းဆိုင်မှာ ကျွန်တော်မှာထားတဲ့ စာအုပ်ကို ယူတယ်။ လျူရှောက်ချီရဲ့ “ ပါတီ ( On the Party)” ဆိုတဲ့စာအုပ်။ ဒီစာအုပ်အကြောင်းကို နှုတ်ပြောသမိုင်းမေးခဲ့တဲ့ နိုင်ငံ ရေးသမားဟောင်းကြီးတွေဆီကနေ ကြားဖူးထဲက လိုချင်နေတာ။ လမ်းစဉ်ပါတီထူထောင်တော့ ဒီစာအုပ်ထဲက အယူအဆတွေ အတော်များများ ပါတယ်လို့ဆိုတယ်။ အခု စာအုပ်က ၁၉ ၆၅ ခုနှစ်က ထုတ်တဲ့စာအုပ်။အတွင်းစာမျက်နှာမှာ မောင်မောင်တင် မြန်မာပြန်သည်၊ ဝင်းမော်ဦးစာစဉ် ၁၅ လို့ ရေးထားတယ်။
ဒီစာအုပ်အဟောင်းဆိုင်လေးမှာ စာအုပ်အဟောင်း၊ အကောင်းတွေအများကြီးပဲ၊ အိမ်မှာလည်း အခန်းတစ်ခန်းအပြည့် အဟောင်းတွေရှိသေးတယ်တဲ့။ အသစ်၊ အဆန်းတွေခေတ်စားနေတဲ့ခေတ် မှာ ဟောင်းလို့ တန်ဖိုးတက်တာ ဝီစကီနဲ့ စာအုပ်ပဲရှိတော့မယ်ထင်တယ်။
စာအုပ်ကိစ္စပြီးတော့ ပင်စင်ကိစ္စအတွက် ပန်းဆိုးတန်း ဘဏ်ကို သွားရမယ်။ သိမ်ကြီးဈေးကနေ လသာအထိ လမ်းပြန်လေ ျှာက်မယ့်အစား ပန်းဆိုးတန်းကို တက္ကစီငှားသွားဖို့ဆုံးဖြတ်လိုက် တယ်။ စီရုံပလက်ဖောင်းအတိုင်း မဟာဗန္ဓုလလမ်းဘက်ကိုလေ ျှာက်တယ်။ စီရုံ မြေညီ ထပ် ဆိုင်ခန်းတွေက လ ျှပ်စစ်ပစ္စည်းတွေ၊ အဝတ်အထည်တွေနဲ့အပြည့်၊ ဈေးဝယ်သူနည်းတော့ ပလက်ဖောင်းတစ်လေ ျှာက်လူရှင်းနေတယ်။ အထည်ဆိုင်တွေရှေ့မှာရပ်နေတဲ့ကလေးမ လေး တွေက ဘာရှာလဲ၊ ကြည့်လို့ရတယ်လို့ ဆိုင်ရှေ့က ရှားရှားပါးပါးဖြတ်သွားတဲ့သူတွေ ကို မေးနေကြတယ်။
ကလေးကစားကွင်းကလည်း ရုံးဖွင့်ရက်ဖြစ်လို့လား၊ စောသေးလို့ လား မသိဘူး။ လူရှင်းနေတယ်။ တစ်ချိန်က မြေညီထပ်မှာ ခရိုနီလား၊ လူကြီးသားသမီးလားမသိဘူး ပိုင် တဲ့ ကုန်တိုက်တစ်ခုရှိခဲ့ဖူးတယ်။ နယ်ကနေ ရန်ကုန်ရောက်တိုင်း ငေးခဲ့ရတဲ့နေရာပေါ့။ ဒီဈေး အပေါ်ထပ်မှာပဲ အစိုးရငွေစုဘဏ် နဲ့ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုလည်း ရှိခဲ့ဖူးတယ်။ ငွေစုဘဏ်မှာ ရန်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်မှာ ငွေစုစာအုပ်ပြောင်းဖွင့်ခဲ့တဲ့အချိန်က ပုဂ္ဂလိကဘဏ်တွေ အခုလို ခေတ်မစားသေးဘူး။
မဟာဗန္ဓုလလမ်းဘက်အခြမ်းရောက်တော့ ဈေးနောက်ဘက်လမ်းကြားမှာ ကျွဲ အကနဲ့ အလှုခံနေ တာကိုတွေ့တယ်။ ကျွဲက မူးနေသလား၊ မြူးနေတာလားမသိဘူး၊ ဈေးဗန်းတွေနဲ့ လမ်းကျဉ်းကျဉ်း မှာ ခုန်ပေါက်ကနေတယ်။ ဒါဟာ မကြာခင် လော်သံ ဆူဆူညံတော့မယ့် အလှုခံမဏ္ဍပ်တွေရဲ့ အစပဲ ထင်ပါရဲ့။
အဲဒီလမ်းထိပ်မှာပဲ တက္ကစီတစ်စီးရပ်ထားတယ်။ ခေါင်းဖြူဖြူ၊ မျက်မှန်သေးသေး၊ အသားအရောင် မှောင်မှောင်နဲ့ လူတစ်ယောက်ကားဘေးမှာရပ်နေတယ်။ ကျွန်တော့်ကို မြင်တော့ လက်ညှိုးထောင်ပြတယ်။ ကားငှားမလားဆိုတဲ့ သဘောပေါ့။ ပန်းဆိုးတန်းကို ဈေးညှိပြီး ငှား လိုက် တယ်။
ကားဆရာက ဒီနားမှာ အမြဲထိုးတယ်၊ မြို့တွင်းပဲလိုက်တယ်တဲ့။ သူပုံသဏ္ဍန်ကို ကြည့်ပြီး အစ္စလမ် ဘာသာဝင်လားဆိုတော့၊ ဟုတ်တယ်။ ကန်တော်လေးမှာနေတယ်လို့ဖြေတယ်။ ပွင့်ပွင့် လင်းလင်းပဲ မောင်တောကိစ္စတွေအပြီး သူ့အခြေအနေကို မေးလိုက်တယ်။ ကားတားပြီး လူကို တွေ့မှ မငှားတော့တာတွေ၊ ကားထိုးပြီး လူခေါ်ပေမယ့် လူပုံကြည့်ပြီးရှောင်ထွက်သွားတာ တွေနဲ့ ကြုံရတဲ့အကြောင်း ပြောပြတယ်။
ဒီမှာမွေး၊ ဒီမှာကြီးတာပါဗျာ၊ ဆရာတော်တွေ ကားငှား စီးရင်တောင်ကားခလှုဖူးပါတယ်၊ ဆရာတော်တွေနဲ့ ဘယ်လိုစကားပြောရမလဲဆိုတာလည်း သိပါ တယ်လို့ဆိုတယ်။ ဟိုက လူတွေနဲ့ ဒီကလူတွေ ဘာမှ မဆိုင်ပါဘူးတဲ့။ ကြေကွဲနေတဲ့ သူ့အသံကို နားထောင်ရင် ဒီအက်ကြောင်း ဟာ ဘယ်လောက်အထိ နက်ရှိုင်းနေပြီလဲဆိုတာစဉ်းစားမိတယ်။
ဘဏ်ရှေ့ရောက်တော့ ကားဆရာကို ခင်ဗျား စောင့်နိုင်ရင်စောင့်လေ၊ သိမ်ကြီးဈေးကို ခါလီ ပြန် မယ့်အတူတူ ကျွန်တော့်ကို လသာလမ်းပြန်ပို့ပေါ့လို့ ညှိတယ်။ အစိုးရဘဏ်မှာ အချိန်မကြာဘူး ဆိုတာ ကားဆရာက ယုံကြည်ပုံမရဘူး။
ဒီရက်တွေက ပင်စင်လစာထုတ်တဲ့အချိန်မဟုတ်တော့ လူရှင်းနေတယ်။ အမှန်ကတော့ ပင်စင် ကို ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်လို့ရတယ်။ ဒါပေမယ့် ခြောက်လတစ်ခါ ကိုယ်တိုင်လာရတယ်။ သူတို့ အခေါ် အသက်ရှင်နေသေးကြောင်းသက်သေပြရတာပေ့ါ။
ဒီတစ်ခေါက်တော့ လူရှင်းနေတာနဲ့ ပင်စင်ကို ATM ကဒ်နဲ့ထုတ်တာ၊ မိုဘိုင်းဘဏ်စနစ်နဲ့ထုတ် တာ၊ ကိုယ့်ဘဏ်စာရင်း ( စာရင်းရှင်) ကိုလွှဲတာတွေအကြောင်းမေးကြည့်တယ်။ ငွေထုတ် ကောင် တာက လူငယ်လေးက ပင်စင်ဌာနစိတ်က အမျိုးသမီးဝန်ထမ်းတစ်ယောက်ဆီကို ခေါ်သွားတယ်။
အမျိုးသမီးက လုပ်ထုံးလုပ်နည်းတွေအကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ကျွန်တော့် ကို သိလို့ ရှင်းပြတာမဟုတ်ဘူး။ သာမန်ပင်စင်စားတစ်ယောက်အနေနဲ့ပဲ ရှင်းပြတာပါ။ ဘေးမှာလည်း အမျိုး သမီးကြီးတစ်ယောက်ကို နောက်ဝန်ထမ်းတစ်ယောက်က ရှင်းပြနေတာတွေ့တယ်။ သူ့ရှင်းပြချက် အရတော့ ATM တို့ဘာတို့ အားလုံးလုပ်လို့ရ တယ်။ ဒါပေမယ့် ခြောက်လ တစ်ခါတော့ လူကိုယ်တိုင် ဘဏ်ကိုလာရမယ်။ ကျန်းမာရေး အခြေ အနေကြောင့်မလာနိုင် ရင် လေ ျှာက်လွှာတင်လို့ရတယ်။ ဘဏ်က အိမ်ကို လိုက်စစ်ပေးတယ်။
အတော်အလုပ်ရှုပ်တဲ့ကိစ္စပဲ။ ဒါပေမယ့် ပင်စင်စားကွယ်လွန်သွားတာကို အကြောင်းမကြားပဲ ပင်စင် ဆက်ထုတ်နေတဲ့ ကိစ္စတွေ၊ ပင်စင်စာအုပ်ကို ပေါင်ထားတဲ့ကိစ္စတွေလည်း ရှိနေတော့ ဒီလို မစစ်ရင်လည်း မဖြစ်ပြန်ဘူး။ ဘဏ်က အိမ်အထိလိုက်ကြည့် ရ တယ်ဆိုတာကလည်း အချိန်ကုန်၊လူပန်း၊ရပ်ကွက်ထောက်ခံစာဆိုတော့လည်း အတု၊အစစ် နဲ့ ခိုင်မာမှု ပြဿနာ ကရှိပြန်ရော။ လူကိုယ်တိုင်လာမယ့်အစား ဒီနေ့ထုတ်သတင်းစာကို ကိုင်ပြီး ဓာတ်ပုံ၊ဗီဒီယိုရိုက်၊ အွန်လိုင်းကနေ ပို့လို့ရတဲ့ စနစ်မျိုးလုပ်နိုင်ရင်တော့ ပိုအဆင်ပြေမလားမသိဘူး။
မေးချင်တာတွေမေးလို့အားရတော့ ငွေသွားထုတ်တယ်။ ပင်စင်လစာထုတ်တဲ့ကဒ်လေးပြ၊ လေ ဆိပ်မှာလိုပဲ ကင်မရာရှေ့ရပ်ပြီး ဓာတ်ပုံအရိုက်ခံ။ အဲဒီမှာပဲ ချက်ခြင်း ငွေထုတ်ပေးလိုက်တယ်။ ပင်စင်လစာ ကဒ်ပြားလေးတွေလုပ်ပြီးထဲက ဘဏ်ရဲ့ ဝန်ဆောင်မှုကတော့ အတော် တိုးတက်လာတော့အမှန်ပဲ။ ဒီတော့ ATM တွေဘာတွေ ဘာလို့လုပ်နေမှာလဲ။ ခြောက်လတစ်ခါ ဘဏ်လာနေ ရမယ့်အတူတူ ၊ ဒီကဒ်လေးနဲ့ပဲ ပင်စင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဘဏ်ထဲက ထွက်တော့ အပေါက်ဝတည့်တည့်မှာ ခုန ငှားလာတဲ့ တက္ကစီဆရာကိုပြန်တွေ့တယ်။ ခါလီပြန်ရမယ့်အတူတူ နာရီဝက်လောက်စောင့်ကြည့်ဦးမယ်ဆိုပြီးစောင့်နေတာတဲ့။ အစိုးရဘဏ် တွေ ဝန်ဆောင်မှုတိုးတက်လာတဲ့အကြောင်း ကားဆရာ သိသွားတာပေါ့။
လသာလမ်းရောက်တော့ ကားရပ်ခ တောင်းသွားတဲ့ပုဂ္ဂိိုလ် နောက်တစ်စီးရပ်ဖို့အတွက် နေရာ ပြ နေတာတွေ့တယ်။ ရပ်နေရာကနေ မောင်းထွက်သွားတဲ့ ကျွန်တော့်ကို သူမမြင်တော့ဘူး။ လောက ဟာ ဒီလိုပါပဲ။

ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး

ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ (ကို) နေယံဦး #NayYanOo က သူ့ဖေ့ဘွစ် စာမျက် နှာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံရယူထားတဲ့ ဆုအတုတစ်ခု အကြောင်း ကို ဓာတ်ပုံအထောက်အထားတွေနဲ့ တကွ ဖော်ထုတ်ရေး သားထားပါတယ်။

နေယံဦးက အင်န်အယ်လ်ဒီအစိုးရအဖွဲ့မှာ တက္ကသိုလ် ပါမောက္ခချုပ်တွေကို ပြည်ထောင်စု ဝန်ကြီး ခန့်အပ်တာဝန်ပေးမှုတွေအပေါ် ဆက်စပ်လေ့လာရင်းတွေ့ ရှိလာတဲ့အတွက် ဖော်ထုတ် ရေးသား တာဖြစ်တယ်လို့ဆိုပါတယ်။ သူရေးသားထားတဲ့အထဲက အရေးကြီးတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ဒေါက်တာဝင်းမြတ်အေးရဲ့ မြန်မာ/ အင်္ဂလိပ်ဘာသာနဲ့တင်ထားတဲ့ ကိုယ်ရေးအချက်အလ က် တွေမှာ အင်္ဂလန်နိုင်ငံ Oxford တွင် ကျင်းပသော Oxford Summit of Leader မှာ “ဆေးတက္ကသိုလ် (မကွေး) တွင် အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဆေးတက္ကသိုလ် (မကွေး)ကို The Best University in the Region ဆုနှင့် မိမိ အား The Best Manager Award ချီးမြှင့်ခြင်း ခံရသည်” လို့ ဖော်ပြထားတယ်။

၂။ အဲဒီဆုကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ဒေါက်တာဝင်းမြတ်အေး ကိုယ်တိုင် သွားရောက်လက်ခံ ယူခဲ့တယ်။

၃။ ဒီဆုရတာနဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပါမောက္ခချုပ်လုပ်နေတဲ့ ဒေါက်တာဝင်းမြတ်အေးကို “မြို့ပြနှင့်အလှမ်းကွာဝေးသော်လည်း နိုင်ငံတကာတက္ကသိုလ်များ နှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်သည့်အပြင် Oxford Summit of Leader 2013 ဆုရရှိသည့်အတွက် ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြု ပါသည်” လို့ ချီးကျူးစကားပြောခဲ့ တယ်။

၄။ ဒါပေမယ့် အဲဒီဆုကို ချီးမြှင့်တာက ကမ္ဘာကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်မဟုတ် ဘူး။ Europe Business Assembly (EBA) လို့ခေါ်တဲ့ အောက်စ်ဖိုဒ့်အခြေစိုက် အဖွဲ့တစ်ခုက ပေးတာ။ အဲ့ဒီအဖွဲ့က ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အပြင်၊ နာမည်ပေါင်းစုံနဲ့ ဆုတံဆိပ်ပေါင်းစုံကို ပိုက်ဆံယူပြီး ပေးတဲ့ အဖွဲ့ဖြစ်နေတယ်။

၅။ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ သူရတဲ့ဆုကို အောက်စ်ဖိုဒ့်တက္ကသိုလ် University of Oxford ကပေးတာလား၊ Europe Business Assembly (EBA) ကပေးတာလားဆိုတာ ကိုယ် ရေးအချက်အလက်တွေမှာ ရှင်းရှင်းလင်းလင်းရေးမထားတဲ့အတွက် အောက်စ်ဖိုဒ့် တက္ကသိုလ်က ရတယ်လို့ ထင်စရာဖြစ်နေတယ်။ နေယံဦး ကိုယ်တိုင် အစပိုင်းမှာ အဲဒီလို ထင်ခဲ့ တယ်။

ဒီနေရာမှာ နေယံဦးဆောင်းပါးမှာ ထောက်ပြဖို့ကျန်တဲ့အချက်တစ်ချက်ရှိတယ်။ ဒါက ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ဆုသွားရောက်လက်ခံတဲ့ကိစ္စဖြစ်ပါတယ်။ ဆုကိုလက်ခံတဲ့ ၂၀၁၃ ခုနှစ် မှာ ဒေါက်တာဝင်းမြတ်အေးဟာ အစိုးရဝန်ထမ်းဖြစ်ပါတယ်။ ဒီတော့ အစိုးရ ဝန်ထမ်းတွေ ပြည်ပ ခရီးသွားတဲ့အခါ နည်းလမ်းနှစ်ခုရှိတယ်။

၁။ တစ်ခုက တစ်ဖက်အဖွဲ့အစည်းက ဖိတ်ကြားလို့ သွားတာ။ အဲဒီလို ဖိတ်ကြားလို့ သွား မယ် ဆိုရင် ဝန်ကြီးဌာနကို တင်ရတယ်။ ကုန်ကျစရိတ်ကို နိုင်ငံတော်က ကျခံရမှာလား၊ ဖိတ်ကြား သူဘက်က ကျခံမှာလားဖော်ပြရတယ်။ ဝန်ကြီးက သဘောတူရင် အစိုးရအဖွဲ့ကို တင်ပြရတယ်။ ခွင်ြ့ပုချက်ရမှ သွားရတယ်။ အဲဒီလိုသွားရင် အစိုးရအရာရှိများအတွက် သီးသန့်ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်နဲ့ သွားရတယ်။ သတ်မှတ်ထားတဲ့ နေ့တွက်စရိတ်၊ ဝတ်စုံစရိတ် စတာတွေကို ခံစား ခွင့်ရှိတယ်။

၂။ နောက်တစ်မျိုးက ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတာ။ ဥပမာ ဆေးကုဖို့၊ ဘုရားဖူးဖို့။ အဲဒါ ဆိုရင် ဝန်ကြီးဌာနကို ပြည်ပခရီးသွားခွင့်တင်ပြရတယ်။ ရာထူးအဆင့်အ တန်း နဲ့ တာဝန်အပေါ် မူတည်ပြီး ဝန်ကြီးက ခွင့်ပြုတာရှိသလို အစိုးရအဖွဲ့ရုံးကို တင်ပြ တာ လည်းရှိတယ်။ ခွင့်ပြုချက်ရရင် ကိုယ့် အစီအစဉ်နဲ့ ကိုယ်သွားရတယ်။ နိုင်ငံ ကူူးလက်မှတ်က သာမန်နိုင်ငံကူးလက်မှတ်နဲ့ သွားရတယ်။ တစ်ချိန်ကဆိုရင် ပြည်ပခရီးသွားခွင့် ရပြီးမှ သာမန် နိုင်ငံကူးလက်မှတ်လုပ်ပေးတာတောင်ရှိခဲ့တယ်။

ဒါ့ကြောင့် ဒေါက်တာဝင်းမြတ်အေး EBA ကပေးတဲ့ ဆုကို သွားယူတဲ့အချိန်က ဘယ်လို သွားခဲ့ သလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

ကျွန်တော်က ဒေါက်တာဝင်းမြတ်အေးကို စင်္ကာပူမှာ လုပ်တဲ့ နာဂစ် ဆယ်နှစ်မြောက် စကားဝိုင်း မှာဆုံဖူးပါတယ်။ သူ့လုပ်ဆောင်ချက်တွေကို လူမှုကွန်ယက်ကနေ လေ့လာဖူးတယ်။ သူတော် တယ်၊ အလုပ်လုပ်တယ်ဆိုတယ်ဆိုတာ လူထုကရော၊ မီဒီယာကရော၊ တွဲလုပ်ဖူးတဲ့ ပြည် တွင်း၊ပြည်ပအဖွဲ့အစည်းတွေကရော အသိအမှတ်ပြုတယ်။

ဒေါက်တာ ဝင်းမြတ်အေးဟာ အင်န် အယ်လ်ဒီ အစိုးရစတင်ဖွဲ့စည်းချိန်က ဒေါက်တာအတုပြဿနာ တက်ခဲ့ တဲ့ပုဂ္ဂိုလ်တွေထက်ရော၊ နေယံဦးထောက်ပြခဲ့တဲ့ ဒေါက်တာ အတု၊ ဆုအတု ပြဿနာတက်သူ တွေထက်သမိုင်းကြောင်းအရရော၊ လက်ရှိတာဝန် ထမ်းဆောင်မှုအရရော အဖက်ဖက်က သာတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

ဒါ့ကြောင့် EBA ကပေးတဲ့ဆု ကို သူယူမိတာနဲ့ပတ်သက်ပြီး အမြန်ဆုံးရှင်းလင်းစေချ င်တယ်။ အရင် ပုဂ္ဂိုလ်တွေလို မသိကျိုးကျွန်ပြုပြီး ဒေါက်တာဘွဲ့မသုံးတော့တာမျိုး၊ဆုမယူတော့တာ မျိုးနဲ့ မဖြေရှင်းသင့်ဘူး။ ဆုယူမိတဲ့အကြောင်းကို သင်ခန်းစာဖော်ထုတ်သင့်တယ်။ မှားရင်လည်း အမှားကို ဝန်ခံသင့်တယ်။

သူ့သမိုင်းကို သူလုပ်ဆောင်ချက်တွေ နဲ့ ပြခဲ့ပြီးဖြစ်တဲ့အတွက် ဒီဆုရထားတာက အရေး မပါပါဘူး။ တန်ဖိုးမရှိတဲ့ ဆုဖြစ်ကြောင်း ပေါ်ပေါက်လာတာကို မသိချင် ယောင် ဆောင်နေရင်သာ ဂုဏ်သိက္ခာထိခိုက်ဖို့ရှိတယ်။

လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး

အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲက သူတို့နှစ်နိုင်ငံသာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ တုတ်ဆက်ပြီး ဒုက္ခရောက်နေတာကြာပြီ။ ကာယကံရှင်နိုင်ငံတွေမှာလည်း ဒီစစ်ပွဲကို အမြန် အဆုံးသတ်ဖို့အတွက် ဖိအားတွေရှိနေတယ်။

တရုတ်နိုင်ငံဆိုရင် ပြည်ပပို့ကုန်ရော၊ ပြည်တွင်းဝယ်လိုအားရောကျတယ်။ စီးပွားရေးတိုးတက် မှု နှုန်းကလည်းကျလာတယ်။ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအပေါ် ဖိအားတွေတိုးလာတယ်။
အမေရိကန်အတွက်ဆိုရင်လည်း လယ်ယာပို့ကုန်တွေ ကို တရုတ် ဘက်က အခွန်တိုးကောက်လို့ ရီပတ်ဘလီကင်ကို ထောက်ခံသူလယ်သမားတွေ ဒုက္ခရောက်နေတယ်။ လွှတ်တော်ရဲ့ စုံစမ်းစစ် ဆေးမှုကို ခံနေရတဲ့ ထရမ့်အတွက်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရလဒ်တစ်ခု ခု ပြဖို့လိုနေတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်နေ့ကတော့ အမေရိကန် – တရုတ် ကြားမှာ ကုန်သွယ်ရေး ဆိုင်ရာ ပဏာမသဘောတူညီချက်တစ်ခုရခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်မှာ ကြေညာခဲ့တယ်။ ထရမ့် ဘက်ကတော့ ဒါဟာ အဆင့်တစ်သဘောတူညီချက်လို့ ပြောသလို လာမယ့် လေးငါးပတ် အတွင်း မှာ တရားဝင်လက်မှတ်ရေးထိုးနိုင်မယ်လို့ ပြောခဲ့တယ်။

ပဏာမ သဘောတူညီချက်နဲ့ပတ်သက်ပြီး အခုအချိန်အထိ သိရတဲ့သတင်းအချက်အလက်တွေ က အောက်ပါအတိုင်းဖြစ်ပါတယ်-

၁။ တရုတ်ဘက်က အမေရိကန်လယ်ယာထွက်ကုန် ဒေါ်လာ ၄၀ ကနေ ၅၀ ဘီလျံ ကို တစ်နှစ် အတွင်းဝယ်ယူမယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်လယ်ယာထွက်ကုန် ၁၉ .၅ ဘီလျံဖိုး တရုတ် ကို တင်ပို့ခဲ့တယ်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်တော့ ၂၀၁၈ ခုနှစ်မှာ ၉ ဘီလျံဖိုးပဲတင်ပို့နိုင်တော့တယ်။

၂။ ယွမ်ငွေတန်ဖိုးကို ဈေးကစားတာ၊ အမေရိကန်ငွေကြေးလုပ်ငန်းတွေကို တရုတ်နိုင်ငံဈေးကွက် ကို ဝင်ခွင့်ပြုတာတွေနဲ့ပတ်သက်ပြီး သဘောတူညီချက်ရတယ်လို့ ဆိုတယ်။ အသေးစိတ် ထုတ် မပြောသေးဘူး။

၃။ အမေရိကန်ကုမ္ဗဏီတွေထံကနေ နည်းပညာလွှဲပြောင်းပေးရေးတောင်းခံတဲ့ ကိစ္စ နဲ့ တရုတ် ဈေးကွက်ကို ဖွင့်ပေးရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်ရတယ်လို့ဆိုတယ်။ ဒါလည်း အသေးစိတ်မသိရဘူး။ မူပိုင်ခွင့်ကိစ္စလည်း ဒီအတိုင်းပဲ။

၄။ နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီ အငြင်းပွားရင်လိုက်နာရမယ့် လုပ်ထုံး လုပ်နည်းတွေကိုလည်း သဘောတူခဲ့တယ်လို့ဆိုတယ်။ ဒီအချက်ကလည်း အမေရိကန်က အစဉ် တစိုက်တောင်းဆိုနေတဲ့ကိစ္စပဲ။

အခုလို ပဏာမသဘောတူညီချက်ရတဲ့အတွက် နောက်ထပ်အပြန်အလှန် အခွန်တိုးကောက်တာ တွေကို နှစ်ဘက်လုံးက ယာယီဆိုင်းငံ့ထားလိုက်တယ်။ ဒါ့ကြောင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအဝန်းကတော့ နည်းနည်းလေး စိတ်အေးသွားကြတယ်။

ဒါပေမယ့် ဒီသဘောတူညီချက်ဟာ ဘာမှ အနှစ်သာရမရှိဘူးလို့ဝေဖန်သူတွေလည်း ရှိတယ်။ သူတို့က အခုအချိန်ထိ စာနဲ့ရေးထားတဲ့သဘောတူညီချက် မူကြမ်းဆိုတာ မရှိသေးဘူး၊ ပြင်ဆင် နေတုန်းပဲလို့ အမေရိကန်အစိုးရအရာရှိတွေက ပြောတာကို ထောက်ပြ ပြီး အခုသဘောတူညီချက်က ပြည်တွင်း၊ ပြည်ပ စိုးရိမ်မှုတွေကို အချိုသပ်လိုက်တာပဲလို့ဆို တယ်။

ဒါ့အပြင် တရုတ်ဘက်က ပြည်တွင်းလုပ်ငန်းတွေကို အစိုးရက ကူညီထောက်ပံ့မှုပေးတဲ့ ကိစ္စ နဲ့ တရုတ်အစိုးရရဲ့ စက်မှုဆိုင်ရာမူဝါဒတွေဟာ ကုန်သွယ်ရေးသဘောတူညီချက်နဲ့ မဆိုင်ဘူးလို့ ပြောထားပေမယ့်အမေရိကန်ကတော့ဆိုင်တယ်လို့ ပြောတယ်။ အလားတူပဲ အမေရိကန်ဘက်က ဟွာဝေး နဲ့အခြားတရုတ် နည်းပညာလုပ်ငန်းတွေ ကို ဒဏ်ခတ်အရေးယူထားတာဟာ ကုန်သွယ်ရေးသဘောတူညီချက်နဲ့မဆိုင်ဘူးလို့ ပြောနေပေမယ့် တရုတ်ကတော့ ဆိုင်တယ်လို့ ဆိုပြန်တယ်။ ဒါ့ကြောင့် ဒီအချက်တွေအပေါ်မှာ သဘောတူညီချက်မရရင် ကုန်သွယ်ရေးစစ်ပွဲပြီးမှာမဟုတ်ဘူး လို့ ဝေဖန်သူတွေက ထောက်ပြထားတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ကုန်သွယ်ရေးသဘောတူညီချက် နဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းဥပဒေအတော်များများကို ပြင်ဆင်ဖို့အတွက် အမေရိကန် က တောင်းဆိုခဲ့တဲ့အတွက် နှစ်ဘက်ကြားမှာ သဘောတူညီမှုရဖို့အတော်နီးစပ်ခဲ့ပြီးမှ ပျက်သွားခဲ့ တော့ အခုသဘောတူညီချက်ကလည်း အပစ်အခတ်ရပ်စဲရေးအဆင့်ပဲ ရှိသေး တယ်။ ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ဖို့အတွက်ကတော့ အချိန်ယူရဦးမယ်လို့ပြောရမှာပဲ။

ကိုးကား
Foreign Policy 14-10-2019
Straits Times 12 Oct 201

နိုင်လွတ်လုံ နဲ့ ကျွန်တော်

ကျွန်တော်၊ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဦးလှဆွေတို့ ရဲ့ သူရဦးရွှေမန်းနိုင်ငံရေးပါတီထူထောင်တဲ့အပေါ် သုံးသပ်ချက်အင်တာဗျူးတွေကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့တိုင်ချက်ဖွင့်ခံထားရတယ်။
အခုတော့ အမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ဥပဒေအကြံတောင်းတဲ့အခါ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ ပြစ်မှု မမြောက်တဲ့အတွက် တရားစွဲတင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ပြောတဲ့ အကြောင်းသတင်းတွေတက်လာပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တရားဝင်အသိပေးတာမရှိဘူး။ တရားမဝင်ကြားတာလည်း မရှိဘူး။ အခု သတင်းတက်လာမှ သိတာပါ။
အဲဒီသတင်းအပေါ် ကျွန်တော့်သဘောထားကို မီဒီယာတစ်ခုက မေးတဲ့အတွက် အခုလို ဖြေခဲ့ပါတယ်။
၁။ မူလထဲက ကိုယ့်စကားကို ကိုယ်တာဝန်ယူပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဦးရွှေမန်းနဲ့ မိသားစုဝင်တွေကို သက်သေအဖြစ်ခေါ်ပြီး သူ့လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေ းဆုံးရှုံးသွားတယ်လို့ပဲ မြင်ပါတယ်။
၂။ ဦးရွှေမန်းဟာ သာမန်ပြည်သူမဟုတ်ဘူး။နိင်ငံရေးပါတီတစ်ခုရဲ့ခေါင်း ဆောင် ဖြစ်တဲ့အပြင် ပြည်သူက တာဝန်ပေးရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတာဝန်တွေ ကို ထမ်းဆောင်မယ်လို့ အတိအလင်းပြောထားတဲ့ သူဖြစ်တဲ့အတွက် နောင်မှာလည်း နိုင်ငံသားတစ်ဦး ၊ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဆက်လက်စောင့်ကြည့်ဝေဖန်နေဦးမှာပါ။
ကျွန်တော့်သဘောထားကို အားလုံး သိနိုင်အောင် မ ျှေ၀ လိုက်ပါတယ်။