ညဈေး ကိုဗစ်ဝေဒနာ

ညနေရုံးဆင်းချိန်ဆိုရင် တိုးမပေါက်အောင် စည်ကားလေ့ရှိတဲ့ နေပြည်တော်မြို့မဈေး ညဈေးတန်း ဟာ အခုတော့လူနည်းနည်းပဲ။ ညဈေးတန်းအဝင်၀ မှာ Mask မတပ်ရင် ဈေးထဲမဝင်ရဘူးဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ စားနေကျယမ်ယမ်ဆိုင်က စားပွဲတစ်လုံးပဲ ထိုင်စားလို့ရတယ်။ ကျန်တာကပါဆယ်ဆွဲ။ ကိုဗစ် ကြောင့် အရင်ရောင်းအားရဲ့ သုံးပုံတစ်ပုံပဲရောင်းရတယ် တဲ့။

ကုန်ခြောက်၊ ကုန်စိမ်း၊ သားငါး ရောင်းသူတွေလည်း ထိုနည်းလည်းကောင်းပဲ။ အသင့်ချက်ပြီး ဟင်းရောင်းတဲ့သူတွေရှေ့မှာတော့ ဈေးဝယ်နည်းနည်းများတယ်။ လူတွေက ဟင်းချက်စားမယ့် အစား နှစ်ရာမျိုး ၊ သုံးရာမျိုး ဝယ်စားတာများလာတော့ ဈေးကွက်မပျက်ဘူးပေါ့။ ဒါပေမယ့် အခုလို အောက်ခြေလူတန်းစားတွေ၊ လစာ နည်းဝန်ထမ်းတွေရဲ့ နေထိုင်စားသောက်မှုပုံစံ တွေပြောင်းနေတာကို မသိသူတွေလည်းရှိသေး တယ်။

ညဈေးအပြင်ဘက်လမ်းမပေါ်မှာ လိုက်ထရပ်ပေါ်ကနေ ကြက်သားဒန်ပေါက် တစ်ပွဲငါးရာ ဆိုပြီး အော်ရောင်းနေတယ်။ ဒန်ပေါက် ငါး ရာ ဆိုတာက ကြက်သားလက်မလောက် နှစ်တုံး နဲ့ ထမင်းတစ်ခါပြင်စာပေါ့။ ထမင်းချက်ထားပုံကလည်း ဒန်ပေါက်ချက်ထားပုံနဲ့ သိတ်မတူဘူး။ ငါးရာတန် အာသာပြေဒန်ပေါက်ပေါ့လေ။

အဝတ်အထည်ဆိုင်တွေကတော့ အရောင်းအထိုင်းဆုံးထင်တယ်။ တစ်ချို့ဆိုင်တွေက ည ၇ နာရီလောက်နဲ့ ဆိုင်သိမ်းဖို့ပြင်နေပြီ။

ကားကွင်းထဲမှာ ထီကား ၁၅ စီး၊ ၁၆ စီးလောက် မီးထိန်ထိန်လင်းအောင်ထွန်းပြီး ရပ်ထားတယ်။ ထီထိုးသူတစ်ယောက်စ ၊ နှစ်ယောက်စပဲရှိတယ်။ လူတွေဟာ စိတ်ကူးယဉ်ဖို့အတွက်တောင် အင်အားမရှိတော့ဘူးထင်ပါရဲ့။

ကိုဗစ်လည်ပင်းညှစ်ခံထားရတဲ့ ညဈေးတန်းဟာ ကြေကွဲစရာပါပဲ။

လရောင်ဆမ်း တဲ့ ရှားပင်ကုန်း


၂၀၀၆ ခုနှစ်ဆန်းနေပြည်တော်ကို ပြောင်းလာတော့ လမ်းမကြီးတွေ ဖောက်လို့ မပြီးသေးဘူး။ လူနေအဆောက်အဦတွေမပြီးသေးဘူး။ ကျွန်တော်တို့ဆိုရင် ရုံးခန်းမှာပဲ အိပ်ရ တယ်။ ဈေးဝယ် မယ်၊ အစားအသောက်ကောင်းကောင်းစားမယ်ဆိုရင် ပျဉ်းမနားအထိသွားရတဲ့ ခေတ် ပေါ့။
အဲဒီအခိျန်က ရုံးပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဆင်းချိန် ညနေခင်းဖြစ်ဖြစ် ဘီယာဆိုင် မရှိသေးတော့ ထန်းရည်ဆိုင်သွားရတယ်။ ကျွန်တော်တို့ သွားလေ့ရှိတဲ့ ဆိုင်က ရုံးတွေဘက်ကလာရင် အခု ရာဇဌာနီ လမ်း နဲ့ ရာဇသင်္ဂဟ လမ်းဆုံ ၊ ကုမုဒြာကြာပန်းအဝိုင်း အကျော် ဘယ်ဘက်မြေနီလမ်း လေးအတိုင်း ဝင်သွားရတဲ့ ထန်းတော။ လယ်ကွင်းထဲက ထန်းတောစုလေး။ လေတဖြူးဖြူးနဲ့ သဘာ၀ ထန်းရည် ဆိုင်။
ကုမုဒြာကြာပန်းအဝိုင်းနေရာကလည်း ရာဇဝင်နဲ့၊ ဒီတစ်ဝိုက်က ရွာဟောင်းနေရာ၊ ရှားပင်ကုန်း လို့ ခေါ်တယ်။ ရာဇသင်္ဂဟ လမ်းမကြီးဖောက်တော့ ဒီရွာကို ဘောဂသီရိ ကားကွင်းဘက်ကို ရွှေ့ လိုက်တယ်။ ရွာရွှေ့သွားပေမယ့် သင်္ချီုင်းကုန်းက ကျန်ခဲ့တယ်။ အဝိုင်းကနေ အမျိုးသားပြတိုက် ဘက်ကို သွားရင် ရာဇသင်္ဂဟလမ်း ညာဘက်အခြမ်းက သင်္ချ ိုင်းနေရာပေါ့။ အခုအချိန်ထိ သံဃာ တော်တစ်ပါးရဲ့ အရိုးဂူလို့ပြောတဲ့ ဂူတစ်ခုကျန်သေးတယ်။ အခုလို လမ်းမီးတွေ ထိန်ထိန် မလင်းခင်အချိန်က ညဘက်ဆိုရင် ကားထွက်တားတယ်၊ ဆိုင်ကယ်တားတယ်၊ ပြီးရင် ပျောက်သွား တယ်ဆိုပြီး ပြောလေ့ရှိတယ်။
ရွာရွှေ့တော့ သင်္ခ ျိုင်းကို စနစ်တကျမရွှေ့ခဲ့လို့ မကျွတ်မလွတ်သူတွေရှိတယ်လို့ ဆိုကြတယ်။ ကုမု ဒြာအဝိုင်းဆောက်တော့လည်း ကြာပန်းပုံမမှန်လို့ဆိုပြီး နှစ်ခါ၊ သုံးခါ ဖျက်ပြီး ပြန်ဆောက်ရ တယ်။ ဒါကိုလည်း မြေမသန့် လို့ဆိုပြီးပြောကြတာပဲ။
၂၀၁၁ နောက်ပိုင်းရောက်တော့ သင်္ချ ိုင်းဟောင်းပတ်ဝန်းကျင်မှာ စည်ပင်က အော်ဂဲနစ်စိုက်ခင်းဆို ပြီး နဂါးမောက်ပင်တွေစိုက်တယ်၊ နောက်တော့ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အဲဒီနေရာ တစ်ဝိုက်မှာ အော်ဂဲနစ်စံပြစိုက်ခင်းဆိုပြီး တိုးချဲ့စိုက်တယ်။ ထန်းရည်ဆိုင်သွားတဲ့လမ်း ဘယ်ညာ မှာ စိုက်ခင်းတွေပေါ်လာတယ်။ ရာဇသင်္ဂဟလမ်းဘေးမှာ အော်ဂဲနစ် ဟင်းသီးဟင်းရွက် အရောင်း ဆိုင်ပေါ်လာတယ်။ ရာဇသင်္ဂဟ လမ်းညာဘက်လယ်ကွင်းထဲမှာ စိုက်ပျိုးရေးက အဆောက် အဦတွေ၊ ဂိုဒေါင် တွေ၊ ပျိုးခြံ တွေဆောက်တယ်။ စိုက်ပျိုးရေးက လူကြီးတွေကလည်း ကွင်းထဲမှာ လက်ညှိုး တစ်ထိုးထိုးနဲ့ အလုပ်တွေများကြတယ်။ အမှန်ကတော့သမ္မတဦးသိန်းစိန်က အော်ဂဲနစ် စိုက်ပျိုး ရေး ကို စိတ်ဝင် စား တယ်ဆိုလို့ ဌာနဆိုင်ရာတွေက အပြိုင်အဆိုင်လုပ်ပြချင်တာက ပိုများ တာပါ။ လယ်သမား တွေ ဆီနည်းပညာရောက်တာက နည်းနည်းပါပဲ။
၂၀၁၆ အစိုးရအပြောင်းအလဲဖြစ်ပြီးတဲ့အခါကျတော့ အော်ဂဲနစ်က ခေတ်မစားတော့ပြန်ဘူး။ ဒီလို နဲ့အော်ဂဲနစ်ဟင်းသီးဟင်းရွက်ဆိုင်နေရာကလက်ဖက်ရည်ဆိုင်ဖြစ်သွားတယ်။ အော်ဂဲနစ် စိုက်ခင်း ထဲမှာလည်း လက်ညှိုးထိုးနေတဲ့လူကြီးတွေမတွေ့ရတော့ဘူး။
ဟောအခု နေ ပြည်တော်တစ်ခေါက်ပြန်ရောက်တော့ အော်ဂဲနစ်စိုက်ခင်းနေရာမှာ သံဆူးကြိုးကာ ပြီး “ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ လရောင်တော ဥယျာဉ်စိုက်ပျိုး သက်မွေးပညာ သင်တန်း ကျောင်း၊ ဓာတုကင်းစင် လက်တွေ့စိုက်ခင်း” ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတယ်။ “ တာဝန်မှ အပ မည်သူမ ျှ ဖြတ်သန်းသွားလာခွင့်မပြု” ဆိုတဲ့ ဆိုင်းဘုတ်နီကြီးလည်းတွေ့တယ်။ စည်ပင်က စိုက် ထားတဲ့ နဂါးမောက်ပင်တွေကတော့ ရှိတုန်းပဲ၊ ဘုန်းကြီးအုတ်ဂူလို့ပြောတဲ့အဆောက်အဦလည်း ရှိနေ တုန်းပဲ။ အရင်က စိုက်ခင်းအဆောက်အဦတစ်ချို့ကတော့သံဘောင်တွေပဲကျန်တော့တယ်။ အော်ဂဲနစ် ဟင်းသီးဟင်းရွက်အရောင်းဆိုင် တစ်ဖြစ်လဲ လက်ဖက်ရည်ဆိုင်ကတော့ စည်ကားမြဲ။ လက်ဖက်ရည်ဆိုင်ကို စိုက်ပျိုးရေးဝန်ကြီးဌာနက ဘယ်သူကို ငှားလိုက်တာလဲဆိုတာလည်း စိတ်ဝင်စားစရာပဲ။
ပုံ ၁ မှ ၇ အထိ
ဒါဟာ နေပြည်တော်မှာဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ဒုတိယမြောက်မြေကွက်ရယူလုပ်ငန်း ဆောင်ရွက်တာပဲ။ ၂၀၁၈ ခုနှစ်အတွင်းကလည်း ဥတ္တရသီရိ ရာဇသင်္ဂဟ အိမ်ရာ (၂) နားမှာ မြေ ဧက(၉၀)ကျော်ကိုတစ်ဧက သိန်း ၅၀ နှုန်းနဲ့ သိန်း ၆၅၀၀ ကျော်အကုန်အကျခံ ဝယ်ယူပြီး သင်တန်းကျောင်းဆောက်ဖို့ ဆောင်ရွက်ခဲ့ တယ်။ ပုံ ၈
အဲဒီအချိန်က ရာဇသင်္ဂဟ အိမ်ရာ(၂) လို နေရာမှာ တစ်ဧက သိန်းငါးဆယ်ဆိုတာ နည်းလွန်းတယ် လို့ဝေဖန်သံတွေပေါ်ထွက်ခဲ့တဲ့အတွက် နေပြည်တော်စည်ပင်ကတော့ ဘယ်အဖွဲ့အစည်းမဆို လေ ျှာက်လို့ရပါတယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် ရာဇသင်္ဂဟာ အိမ်ရာ (၂) လို နေရာကောင်း တွေမှာ အခြားအဖွဲ့အစည်းတွေ ကို တစ်ဧက သိန်းငါးဆယ်နဲ့ ချပေးတဲ့သတင်း တော့မတွေ့မိ ဘူး။
အော်ဂဲနစ်စိုက်ခင်းကို သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက်မလုပ်နိုင်တော့တဲ့အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သင်တန်းစိုက်ခင်းအနေနဲ့ လုပ်မယ်ဆိုရင်လည်းကောင်းပါတယ်။ ဒါ ပေမယ့် ရာဇဌာနီ နဲ့ရာဇသင်္ဂဟ လမ်းထောင့်လို အချက်အခြာနေရာအတွက် မြေပြင်ပြီး၊ အဆောက် အဦတစ်ချို့ပါပြီး၊ စိုက်ခင်းပါပြီးနေရာကို ဘယ်ဈေးနှုန်းနဲ့ ရောင်းချ ဒါမှမဟုတ် ငှားရမ်းခဲ့သလဲ ဆို တာ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ပေးရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လုပ်ငန်းတွေအပေါ် ပြည်သူတွေ သံသယရှင်းမယ်လို့ ထင်ပါ တယ်။
တစ်ချိန်က နေပြည်တော်ကို ဧည့်သည်တွေလာအောင် နည်းမျိုးစုံနဲ့ ဆွဲဆောင်ခဲ့ရတယ်၊ တာဝန် ထမ်းဆောင်တဲ့ ဝန်ထမ်းတွေပျော်အောင် ဝန်ဆောင်မှုတွေအခမဲ့ပေးခဲ့ရတဲ့အချိန်တွေ ရှိတယ်။ အဲဒီအချိန်ကဆိုရင် အစိုးရကို ဆန့်ကျင်သူတွေက တောခေါင်ခေါင်ထဲက လူမရှိတဲ့မြို့တော် ကြီး ၊ ကြပ်ပြေးနေပြည်တော် ဆိုပြီး ကောင်းကောင်းဝေဖန်ခဲ့တယ်။
နှစ်တွေကြာလာတဲ့အခါ နေပြည်တော်ဟာ အပျိုဖော်ဝင် လှသွေးကြွယ်တဲ့ မိန်းမပျို လေး ဖြစ် လာတော့ပိုးပန်းသူတွေများလာတယ်။ မလှဘူးပြောခဲ့သူတွေ အလှအပကို ခံစားတတ်တဲ့ အချိန် ရောက်လာတယ်။ မယူဘူးလို့ဆိုခဲ့ပေမယ့် ယူတဲ့သူတွေရှိလာတယ်။ သူပိုးလို့ ငါလည်းပိုးတယ် ဆိုပြီး ဆင်ခြေပေးသူတွေလည်း ပေါ်လာတယ်။
ဒီလိုနဲ့ ရှားပင်ကုန်းဟာလည်း လရောင်ဆန်းလို့ လန်းတော့တာပါပဲ။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

ဇွန်လ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းအစိုးရမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို မြေ နှင့် အဆောက်အဦ တစ်လ ၁၅ သိန်းကျပ်ဖြင့် ဌားရမ်းထားမှု ကို ပြန်လည်စီစစ်ပေးဖို့ အခုလို ဆွေးနွေးခဲ့ပါတယ်။

“ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနဲ့ အဆောက်အဦးဌားရမ်းခတဲ့ တစ်နှစ်ကို ၁၈ သန်းလျာထားတယ်။ အခုနှစ်မှ စတင်တွေ့ရ တာပါ။ ၁၈ သန်းဆိုတော့ ဘယ်လိုအဆောက် အဦးလဲ၊ ဘယ်လိုမြေနေရာအကျယ်အဝန်းလဲ တစ်လမှ ၁၅ သိန်းပဲ ရပါတယ်” ( ပုံ ၁)

ဦးကျော်ဇေယျ ဆွေးနွေးထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ နဲ့ အဆောက်အဦ ငှားရမ်းတယ်ဆိုတာ တက္ကသိုလ်ရိပ်သာလမ်း ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အိမ် နားက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဆိုင်းဘုတ်တင်ထားတဲ့ အိမ်နဲ့ မြေကို ပြောတာများလား။ ( ပုံ ၂ နဲ့ ၃)

ကျွန်တော်မှတ်မိသလောက် အဲဒီ အိမ်က အရင် တပ်မတော်အစိုးရလက်ထက် ဒုတိယမြို့တော်ဝန် ဦးမောင်ပါ နေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။

၁၉ ၈၈ ခုနှစ်နောက်ပိုင်း အစိုးရအဆက်ဆက်မှာ နိုင်ငံပိုင် မြေ၊ အဆောက်အဦတွေ ကို ငှားရမ်းတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကို မျက်နှာ သာပေးပြီး အလွန်သက်သာတဲ့ဈေးနဲ့ ငှားရမ်းတာ၊ ရောင်းချတာတွေရှိလို့ ဝေဖန်ခံခဲ့ရတဲ့ဖြစ်စဉ် တွေ ၊ နိုင်ငံရေးအရ ထိုးနှက်ခံရတာတွေအများကြီး ရှိခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆိုတာလည်း ဘယ်လိုပြောပြော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်း၊ အခုအချိန်ထိလည်း ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အခမ်းအနားတွေမှာ ကိုယ်တိုင် တက်ရောက်အားပေးမှုတွေရှိနေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကျိုးအမြတ်မယူတဲ့ ဖောင်ဒေးရှင်းတွေ ၊ ပရဟိတအသင်းတွေ အများကြီး ရှိတဲ့ အနက် ဒီဖောင် ဒေးရှင်းတစ်ခုထဲကိုပဲ မျက်နှာသာပေးတယ်၊ ဘက်လိုက် တယ်လို့ အထင်ခံရရင် ဒေါ်အောင်ဆန်းစုကြည် အတွက်ရော၊ ဖောင်ဒေးရှင်း အတွက်ပါမကောင်းပါဘူး။

မကြာခင်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်တောင်းခံမှုမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လွှဲပြောင်းပေးတဲ့ ရွှေ့လျားစာကြည့်တိုက် ဝန်ထမ်းတွေ၊ ကားတွေ အတွက် နိုင်ငံတော်ဘဏ္ဍာက ကျခံဖို့ထည့်သွင်းတောင်းခံ ထားတယ် ဆိုတဲ့ အထောက်အထားတွေ ပေါ်ထွက်လာခဲ့သေးတယ်။ ( ပုံ ၄ နဲ့ ၅)

အဲဒီလို တောင်းခံသုံးစွဲမှုနဲ့ပတ်သက်ပြီး အခြားဖောင်ဒေးရှင်းတွေက သူတို့ပိုင် စာကြည့်တိုက်တွေ ၊ ဝန်ထမ်းတွေ၊ ကားတွေကို လွှဲပြောင်းပေးရင် ပြန်ကြားရေးဝန်ကြီးဌာနက လက်ခံမှာလား၊ လစာ နဲ့ အခြားအသုံးစရိတ်တွေကို နိုင်ငံတော်ဘဏ္ဍာက ကျခံပေးမှာလား၊ နိုင်ငံတော်ကို လွှဲပြောင်းပေး ပြီးရင် ဖောင်ဒေးရှင်းအမည်နဲ့ အဲဒီကားတွေ၊ ဝန်ထမ်းတွေကို အသုံးပြုလို့ရလား ဆိုတဲ့ ဆိုတဲ့ မေးခွန်းတွေပေါ်ထွက်လာခဲ့တယ်။ ဒါပေမယ့် အခုအချိန်ထိ ဝန်ကြီးဌာနဘက်က ဖြေရှင်းတာ တော့မတွေ့ရသေးဘူး။

ဒ့ါကြောင့် ရှေ့က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငှားရမ်းတယ်ဆိုတဲ့ အိမ် နဲ့ မြေ ဟာ ဘယ်နေရာမှာရှိသလဲ၊ ဘယ်စည်းကမ်းချက်တွေ နဲ့ ငှားရမ်းသလဲဆိုတာကို တိတိကျကျ ရှင်းလင်းပြောကြားသင့်တယ်လို့ထင်ပါတယ်။

အဲဒီလို မရှင်းလင်းရင် တက္ကသိုလ်ရိပ်သာလမ်းက ဆိုင်းဘုတ်တင်ထားတဲ့ နေရာကို တစ်လ ၁၅ သိန်းနဲ့ ငှားတယ်လို့ ပြည်သူတွေ အထင်မှားသွားပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ကောင်း မွန် တဲ့လုပ်ဆောင်ချက်တွေထိခိုက်သွားမှာကို စိုးရိမ်မိပါတယ်။

ဦးကျော်ဇေယျရဲ့ဆွေးနွေးချက်ကို အောက်ကလင့်ခ်မှာနားထောင်နိုင်ပါတယ်။

https://www.youtube.com/watch?v=zdKTxUG97bE&fbclid=IwAR1419eM-HicvHwB5OxxuOt0QQ-R7q2SxD0hxrRep8dcBYOFqBnCTfB3OzQ (ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအကြောင်း ဆွေးနွေးချက် ဗီဒီယိုဖိုင် ၄း၁၅ မိနစ်နေရာမှာ ဖြစ်ပါ တယ်။ )

၆ ဇွန် ၂၀၂၀

တကယ်တီး မယ့် မြို့တော်စည်ပင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သံစုံတီးဝိုင်း ဝယ်ယူဖို့အတွက် ကျပ် သိန်း ၁၃၇၀ ( ၁၃၇.၄၃၅သန်း) တောင်းခံထားတယ်လို့ မြန်မာတိုင်းမ်သတင်းမှာဖော်ပြထားတယ်။ ပုံ ၁

မြို့တော်စည်ပင်အနေနဲ့ တကယ်တီးမယ်၊ မှုတ်မယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် သံစုံ တီးဝိုင်း ပစ္စည်းတွေဝယ်၊ တီးဝိုင်းသမားတွေကို လစာပေးခန့်ထားတာနဲ့ လိုအပ်တဲ့အချိန်မှ အကောင်းဆုံး ဆိုတဲ့ တီးဝိုင်းကို ငှားသုံးတာ ဘယ်ဟာက ပိုကောင်းမလဲ၊ သံစုံ တီးဝိုင်းအသုံးပြုရမယ့် ဌာနဆိုင်ရာအခမ်းအနားတွေက တစ်နှစ်ကို ဘယ်နှစ်ကြိမ် လုပ်မလဲ
ဆိုတာလည်း စဉ်းစားသင့်ပါတယ်လို့ထင်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ပေတစ်ထောင်ကို ကျပ်သန်းပေါင်းငါးရာ ကုန်မယ်ဆိုတဲ့ လူကူးတံတားနဲ့ သန်း ၁၃၁၅ သန်းကုန်မယ်ဆိုတဲ့ လမ်းသစ်တစ်ခုကို လွှတ်တော်က ကန့်ကွက် ခဲ့တဲ့ မေ ၃၀ ၂၀၁၈ က သတင်းလေးလည်း ပြန်ဖတ်မိတယ်။ ပုံ ၂

သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု

မနေ့ ( ဇွန် ၁ ) ရက်နေ့က သြစတေးလျမီဒီယာလောကကို တုန်လှုပ်သွားစေတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့တယ်။ အဲဒါတော့ သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားတဲ့မှတ်ချက်တွေ အတွက် သက်ဆိုင်ရာသတင်းဌာနမှာ တာဝန်ရှိတယ်ဆိုတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ပါပဲ။

ဒီအမှုမှာ တရားလိုဖြစ်တဲ့ Dylan Voller က သြစတေးလျ သတင်းမီဒီယာသုံးခုဖြစ်တဲ့ Fairfax Media, Nationwide News နဲ့ Sky News တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ တင်ထားတဲ့ သူ့အကြောင်း သတင်းအောက်မှာ စာဖတ်သူတစ်ချို့က ဇူလိုင် ၂၀၁၆ ကနေ ဇွန် ၂၀၁၇ ခုနှစ်ကြား ရေးတဲ့ မှတ်ချက်ဆယ်ခုဟာ သူ့ကို အသရေဖျက်ရာရောက်တဲ့အတွက်ဆိုပြီး ဖေ့စ်ဘွတ်ပေ့ချ် ပိုင်ရှင်တွေ ဖြစ်တဲ့ သတင်းဌာနသုံးခုကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်။

သတင်းဌာနတွေက သူတို့က သတင်းပဲတင်တာ၊ မှတ်ချက်တွေအတွက် တာဝန်မရှိဘူး။ ဒါ့ကြောင့် တရားစွဲမခံထိုက်ဘူးလို့ ထုချေခဲ့တယ်။

၂၀၁၉ ခုနှစ်မှာ နယူးဆောက်ဝေးလ် ပြည်နယ်တရားရုံးချုပ်က မီဒီယာတွေဟာ ဖေ့စ်ဘွတ်ပေ့ချ် တွေကို ထုတ်ဝေသူဖြစ်တယ်၊ ဒါ့ကြောင့် တရားစွဲခံထိုက်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီဆုံးဖြတ်ချက်ကို မီဒီယာတွေက အယူခံဝင်တယ်။ ဒါပေမယ့် ဇွန် ၁ ရက်နေ့မှာ အယူခံတရားရုံးက မီဒီယာတွေရဲ့ အယူခံကို ပယ်ချခဲ့တယ်။ တရားရုံးက သတင်းမီဒီယာတွေဟာ သူတို့ရဲ့ပေ့ချ်တွေမှာ မှတ်ချက်တွေရေးအောင်ဖိတ်ခေါ်ခဲ့တယ်။ အသရေဖျက်ရာရောက်တဲ့ မှတ်ချက်တွေကို ဖယ်ရှားလို့ရပေမယ့် မလုပ်ခဲ့ဘူး။ဒါ့ကြောင့် အဲဒီရေးသားချက်တွေ အတွက်တာဝန်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။

သြစတေးလျမီဒီယာတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ ဒစ်ဂျစ်တယ်သတင်းမီဒီယာရဲ့ သဘော သဘာဝကို နားမလည်ဘဲနဲ့ ဆုံးဖြတ်တာဆိုပြီး ကန့်ကွက်ခဲ့ကြတယ်။

အခုတရားရုံးဆုံးဖြတ်ချက်က ရေးတဲ့မှတ်ချက်တွေက အသရေဖျက်မှု မြောက်၊ မမြောက် ဆုံးဖြတ် တာမဟုတ်သေးဘူး။ ပေ့ချ်ပိုင်ရှင် သတင်းဌာနတွေအနေနဲ့ တရားစွဲခံခွင့်ရှိ၊ မရှိကိုပဲဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းဌာနပေ့ချ်မှာ လာရေးတဲ့မှတ်ချက်တွေအတွက် တရားစွဲခံရနိုင်တယ် ဆိုတဲ့အချက်က သြစတေးလျသတင်းမီဒီယာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုမှာ အခက်အခဲတွေ အများကြီးတွေ့လာမှာတော့ သေချာတယ်။
ကိုးကား။ အေဘီစီသတင်းဌာန နှင့် ဂါဒီးယန်းသတင်းစာ ၁ ဇွန် ၂၀၂၀

မြို့ပြတေး

ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။

အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့ ဝန်ထမ်းတွေထိုင်တာများတာပေါ့။

ဒီဆိုင်က ဟင်း၊ထမင်းတွေ ထူးထူးခြားခြားကောင်းတဲ့ဆိုင်တော့မဟုတ်ပါဘူး။ သစ်ပင်ကြီးတွေနဲ့ အရိပ် ကောင်းတယ်၊ ပလက်ဖောင်းပေါ်ကလူတွေ၊ လမ်းပေါ်က ကားတွေကို အေးအေး ဆေးဆေး ထိုင်ကြည့်လိုရတယ် ဆိုတော့ ထိုင်ဖြစ်တဲ့သဘောပါပဲ။

ကျွန်တော်က ထမင်းကြော်ဆိုရင် စစ်သားဘဝမှာ မနက်တိုင်းစားခဲ့ရတဲ့ ဆီနည်းနည်း၊ နနွင်းများများ နဲ့ကြော်ထားတဲ့ ထမင်းကြော် ဝါဝါခြောက်ခြောက်၊ ဒါမှမဟုတ် ဆီလည်းနည်းနည်း၊ ကြာညို့နည်းနည်း နဲ့ ကြော်ထားတဲ့ ဖြူညို ကွက်ကျားထမင်းကြော် နဲ့ လက်ဖက်ရည်ကျကျ တစ်ခွက်ကိုပဲ စွဲလမ်းနေတယ်။ အိမ်ကထမင်းကြော်ကို ခံတွင်းမလိုက်ဘူး။ ဒါ့ကြောင့် ထမင်းကြော် ချဉ် ခြင်းတပ်တဲ့အခါ လမ်းဘေးထမင်းကြော် ဆိုင်ပဲ ရှာစားဖြစ်တယ်။ နေပြည်တော် မှနေ ချိန်ကတော့ ညဘက်ရန်ကုန်ဝင်ရင် ခရေပင်လမ်းထောင့်က မိုးအလင်းဆိုင်က ထမင်းကြော်နဲ့ အမဲသားကြော် က ပင်တိုင်ပေါ့။

ရှစ်နာရီခွဲဆိုတော့ ဝန်ထမ်းတွေရောက်မလာသေးဘူး။ လူရှင်းတယ်။ ကျွန်တော်ရယ်၊ နောက်ထပ် နှစ်ယောက်ထိုင်နေတဲ့ စားပွဲ နှစ်လုံးပဲလူရှိတယ်။ လမ်းဘေး ဆိုင်ဆိုတော့ အခုခေတ်စားနေတဲ့ ပလတ်စတစ်အကာတွေဘာတွေ မရှိဘူး။ လာထိုင်တဲ့ လူတွေ ကလည်း အတူလာကြတဲ့သူတွေဆိုတော့ ဆိုင်ရောက်မှ ခွဲခွဲခြားခြားထားလို့လည်း အကျိုးထူး မယ် မထင်ဘူး။

တစ်ဖက်စားပွဲက လူနှစ်ယောက်မှာ တစ်ယောက်က လီမွန်တီးသောက်တယ်။ တစ်ယောက်က ဘာမှမသောက်ဘူး။ ရေနွေးကြမ်းသောက်ပြီး အဖော်လုပ်တယ်။ လီမွန်တီးသောက်နေတဲ့လူက မနေ့ညက အရက်မူးနေတဲ့ လူသုံးယောက်အကြောင်းပြောပြနေတယ်။ သူ့စကားအရဆိုရင် မူးတဲ့ သုံးယောက်က ဌာနတစ်ခုခုက ဖြစ်မယ်ထင်တယ်။ သူ့မိတ်ဆွေကို မင်းလည်း မြင်တယ်၊ ကြားတယ် လုပ်မနေနဲ့၊ ကိုယ်ပါ အမှုတွဲခံရနေရမယ်ဆိုပြီး သတိပေးတယ်။

ခဏနေတော့ တူညီဝတ်စုံနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရောက်လာကြတယ်။ တစ်ချို့က ဖယ်ရီပေါ် က ဆင်းလာတယ်။ တစ်ချို့က ကမ်းနားဘက်က တက်လာကြတယ်။

အမျိုးသမီးငါးယောက်အုပ်စုက တစ်ဝိုင်း၊ အမျိုးသားသုံးယောက်က တစ်ဝိုင်း ထိုင်တယ်။ ကျွန်တော့်ဘေးက စားပွဲမှာလည်း အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်လာထိုင်တယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဒိုင်ခံပြောတယ်။ ဟိုတစ်ယောက်ကတော့ ဖုန်း ပွတ်ရင်း စကားထောက်ပေါ့။

အမျိုးသမီးက အတော်စကားပြောနိုင်တယ်။ အများစုကတော့ ဌာနက လူတွေအကြောင်း ပါပဲ။ ဝင်ငွေကောင်းပေမယ့် လင်မယားနှစ်ယောက်လုံး စုစု ဆောင်းဆောင်းမနေတတ်လို့ ဒုက္ခ ဖြစ်သွားတဲ့အကြောင်း၊ အမွေရလိုက်တဲ့သူအကြောင်း၊ ရုံးမှာ လပေးရောင်းတဲ့ ပစ္စည်းတွေ အကြောင်း၊ အလုပ် အကြောင်းနားလည်အောင်မလေ့လာဘဲ တစ်ခုခု ဆို လာလာမေးနေတဲ့ လုပ်ဖော်ကိုင်ဘက် တစ် ယောက်အကြောင်း၊ ညနေဈေးကနေ သံပုရာသီး၊ ဒညင်းသီးတွေ ဝယ် သွားပြီး ဆားရည်စိမ် ပြန်ရောင်းတဲ့သူအကြောင်း၊ လစာ နဲ့ ကလေးကျူရှင်လခအကြောင်း၊ စုံနဖာစီပဲ။

နောက်ထပ် ဝန်ထမ်းတွေ ဖြတ်လေ ျှာက်သွားကြတယ်။ တစ်ချို့က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူတွေကို လှမ်းနှုတ်ဆက်တယ်။ တစ်ယောက်၊ နှစ်ယောက် ဝင်ထိုင်တယ်။ ပါလာတဲ့ ထမင်းချိုင့် လေးဖွင့်ပြီး စားတယ်။ ရုံးကိစ္စလာတယ်လို့ထင်ရသူတစ်ယောက်က အမျိုးသမီးဝိုင်းကို လှမ်းနှုတ်ဆက်တယ်။ အမျိုးသမီးတစ်ယောက် အငယ်လေးတစ်ယောက်ကို ချီ၊ တစ်ယောက်ကို လက်ဆွဲပြီး လာတယ်။ သူလည်း ဝန်ထမ်းပဲ။ ကလေးအကြီးလက်ထဲမှာခြင်းတောင်းတစ်လုံး မနိုင် မနင်းဆွဲလာတယ်။ ထိုင်နေတဲ့သူတွေက ပေးပေး၊ သူတို့ယူခဲ့မယ်လို့ပြောတယ်။ ဟိုအမျိုးသမီး က ရပါတယ်၊ ရပါတယ်လို့ပြောတယ်။ တကယ်တော့ ထိုင်နေတဲ့သူတွေ ဘယ်သူမှ ထမယူဘူး။ ဒီလိုနဲ့ ဟိုအမျိုးသမီးလည်း မနိုင်မနင်း၊ ရပါတယ်ပြောရင်း ရုံးပေါ်ရောက်သွားတယ်။

လွတ်နေတဲ့စားပွဲဝိုင်းကို လူနှစ်ယောက်ရောက်လာတယ်။ နိုင်ငံခြားကို စာပို့ချင်တာ လေယာဉ်ခရီးစဉ် မရှိသေးလို့ ပုံမှန်လမ်းကြောင်းနဲ့ ပို့လို့ မရ သေးတဲ့အကြောင်း ပြောနေတယ်။ သီးခြားဝန်ဆောင်မှုနဲ့ ပို့ရင်လည်း စာရွက်လေး သုံးရွက်လောက်ပို့တာကို ရှစ်သောင်း နီးပါးလောက်ကျမှာဖြစ်လို့ မပို့တော့ဘူးတဲ့။ ကိုဗစ် ဂယက်က မသေးလှဘူး။

စည်ပင်ကားတစ်စီးရောက်လာတယ်။ အလုပ်သမားတွေ ဆင်းတယ်။ ပစ္စည်းတွေချတယ်။ ရေနှုတ် မြောင်းတွေချဲ့မယ့်အဖွဲ့တွေထင်တယ်။ လမ်းပေါ်မှာ၊ လမ်းဘေးမှာ ကားတွေပြည့်လာပြီ။ ရုံးချိန် ရောက်ပြီကိုး။ ငွေရှင်းပြီးထတယ်။ မနီးမဝေးမှာ ရှိတဲ့ အိုးလေးနဲ့ ဒိန်ချဉ်ဆိုင်မှာ ပါဆယ် ဆွဲ တယ်။ ဆိုင်ဖွင့်တာကြာပြီလားဆိုတော့ သင်္ကြန်ပြီးထဲက ဖွင့်တာပဲတဲ့။ လမ်းဘေးဆိုင်တွေ ပိတ်ရ တယ်မဟုတ်လားလို့မေးတော့ အဲဒီအချိန်ကပါဆယ်ပဲရောင်းတာလေလို့ပြောတယ်။ ဟုတ်သားပဲ။

ဒိန်ချဉ်ဆိုင်က ပြန်လာတော့ လက်ဖက်ရည်ဆိုင်မှာ ဝန်ထမ်းတစ်ချို့ရှိနေတုန်းပဲ၊ နာရီ ကြည့် လိုက် တော့ ကိုးနာရီခွဲနေပြီ။ အပြောင်းအလဲတွေများတဲ့ခေတ်မှာ မပြောင်းလဲတာတွေလည်း ရှိနေဆဲပဲ။

ဗိုင်းရပ်စ် နဲ့ သတင်းစာ

News Corp Australia ဆိုတာက မီဒီယာလုပ်ငန်းရှင်ကြီးမားဒေ့ါပိုင်တဲ့ News Corp ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။ News Corp Australia က သြစတေးလျနိုင်ငံမှာ လစဉ်၊ အပတ်စဉ်၊ နေ့ စဉ်ထုတ် သတင်းစာပေါင်း ၁၄၂ ခုရှိတယ်။ အများစုက ဒေသအလိုက် ထုတ်ဝေတဲ့ ဒေသန္တ ရ သတင်းစာတွေပါ။ သြစတေးလျနိုင်ငံမှာ ရှိတဲ့သတင်းစာ ၂၅% နီးပါးဟာ News Corp က ထုတ်ဝေတာဖြစ်ပြီး လစဉ် စာဖတ်ပရိသတ် ၁၆ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မီဒီယာအင်ပါယာကြီးလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ု မခံ နိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ News Corp ပိုင်တဲ့ ဒေသန္တရသတင်းစာ ၆၀ ခုကို ထုတ်ဝေမှု ဆိုင်းငံ့ထားလိုက်ရတယ်။ အဲဒီအထဲမှာ ၁၉ ၀၆ ခုနှစ်ကစပြီး ထုတ်ဝေခဲ့တဲ့ နယူးဆောက်ဝေးလ် ပြည်နယ်သတင်းစာ Manly Daily လည်းပါသွားတယ်။

အခုမေလ ၂၆ ရက်နေ့မှာ News Corp က သြစတေးလျနိုင်ငံမှာ ရှိတဲ့ ဒေသန္တသတင်းစာ တစ် ရာ နီးပါးကို ပုံနှိပ်ထုတ်ေ၀ တာမလုပ် တော့ဘူး၊ ဒစ်ဂျစ်တယ်မီဒီယာအဖြစ်ပဲ အွန်လိုင်း ကနေဖြန့်ချိတော့မယ်လို့ကြေညာခဲ့တယ်။

အခုပြောင်းလဲမှုအစီအစဉ်သစ်မှာ ဒစ်ဂျစ်တယ်မီဒီယာအသွင်ကူးပြောင်းတာအပြင် သတင်း ခန်းလူ အင်အားတွေကို လေ ျှာ့ချမယ်။ သတင်းတစ်ပုဒ်ကို News Corp မှာ ရှိတဲ့ သတင်း စာ တွေအားလုံးမ ျှဝေသုံးစွဲမယ်။ သတင်းစာအားလုံးအတွက် အရည်အသွေးပြည့်မီတဲ့ သတင်း တွေ ရေးသားပေးမယ့် specialist network teams ကို ဖွဲ့စည်းမယ်လို့ ဆိုတယ်။

အဲဒီလို အပြောင်းအလဲလုပ်တဲ့အတွက် ဝန်ထမ်း အင် အား သုံးပုံတစ်ပုံလောက် အလုပ်က ရပ်နားခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ News Corp ကတော့ ကိုဗစ်ကာလမှာ စာ ဖတ်ပရိသတ်တိုးလာပေမယ့် ကြော်ငြာဝင်ငွေတွေ ကျဆင်းလာတဲ့အတွက် ဆက်လက် ရပ်တည်နိုင်စွမ်းမရှိတော့ဘူး။ အပြောင်း အလဲ လုပ်ကိုလုပ်ရတော့မယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကြောင့် အခက်အခဲဖြစ်နေတာ News Corp တစ်ခုတည်းတော့မဟုတ်ဘူး။ ကျန်တဲ့ သြစတေးလျမီဒီယာတွေလည်း အခက်အခဲဖြစ်နေတာ အခုလိုတွေ့ရပါတယ် –

၁။ မေလဆန်းက အမေရိကန်အွန်လိုင်းသတင်းစာ BuzzFeed News ရဲ့ သြစတေးလျ ဌာနခွဲ နဲ့ သြစတေးလျ အခြေစိုက်အွန်လိုင်းသတင်းစာ 10 Daily ပိတ်လိုက်ရတယ်။

၂။ မတ်လ ၂၄ရက်နေ့မှာ Elliott သတင်းစာအုပ်စုက ပုံနှိပ်သတင်းစာထုတ်ဝေမှု တွေကို ယာယီ ရပ်နားထားကြောင်းနဲ့ ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထုတ်ဝေဖို့ ကြိုးစားမှ ာ ဖြစ် ကြောင်းကြေညာခဲ့တယ်။

၃။ မတ်လအတွင်းမှာ Australian Associated Press က သတင်းထောက် ၂၀၀ နဲ့ ဓာတ်ပုံ သတင်းထောက် ၁၀၀ ကို အလုပ်က ရပ်စဲခဲ့တယ်။
သြစတေးလျသတင်းလောကအခြေအနေကို လေ့လာနေတဲ့ Australian Newsroom Mapping Project ရဲ့ စာရင်းဇယားအရ သြစတေးလျ သတင်းလောကဟာ ကိုဗစ် မတိုင်ခင်ထဲက အခြေအန ဆိုးလာခဲ့တယ်၊ ပြီးခဲ့တဲ့၂၀၁၉ ဇန်နဝါရီလက စပြီး သတင်းစာ ၁၅၇ စောင် ဟာ ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်း ခဲ့ရတယ်လို့သိရပါတယ်။

ကိုးကား ။ ဂါဒီးယန်းသတင်းစာ ၂၇ မေ နှင့် ၁၈ မေ ၂၀၂၀

ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားတယ်။ စည်းကမ်းချိုးဖောက်တဲ့သူတွေ အရေးယူခံရတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ ခေါင်းဆောင်ရဲ့ လူရင်း၊ မျက်နှာသာအပေးခံရဆုံး ပုဂ္ဂိုလ်က စည်းကမ်းချိုး ဖောက် တယ်။ ပြည်သူတွေ၊ မီဒီယာတွေတောင်မကဘူး အာဏာရပါတီက လွှတ်တော် အမတ်တွေကတောင် ဒီလုပ်ရပ်ကို ရှုံ့ချကြတယ်။

ဒါပေမယ့် အခု ( ဆောင်းပါးရေးတဲ့အချိန်ထိ ) ခေါင်းဆောင်ကြီးက သူ့လူကို အရေးမယူသေး ဘူး။ စည်းကမ်းချိုးဖောက်တဲ့ ပုဂ္ဂိုလ်က လည်း သူ့လုပ် ရပ်အတွက် တာဝန်မယူဘူး။ သူမှန်တယ် လို့ပြောနေဆဲပဲ။

ဒါကတော့ ဒီနေ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။

ပြဿနာရဲ့ အစက ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အကြံပေးအရာရှိ Dominic Cummings ဖြစ်ပါတယ်။ ဒိုမိနစ်က ဥရောပသမဂ္ဂ ကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်ရေးလှုပ်ရှားမှုတွေကို အဓိက ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်တယ်။ လူထုဆန္ဒခံယူပွဲမှာ လမ်းခွဲမယ့်သူတွေအနိုင်ရခဲ့တာ ဟာ ဒိုမိနစ် ရဲ့ မဲဆွယ် စည်းရုံးရေးမဟာဗျူဟာတွေကြောင့်လို့ ဆိုကြတယ်။ လမ်းခွဲရေးဝါဒီ ဂျွန်ဆင် ဝန်ကြီး ချုပ်ဖြစ် လာတော့ဒိုမိနစ်ကဝန်ကြီးချုပ်ရဲ့အကြံပေးအရာရှိ ဖြစ်လာတယ်။ ၂၀၁၉ အထွေထွေ ရွေးကောက် ပွဲ မှာ ကွန်ဆာဗေးတစ်ပါတီအပြတ်အသတ်အနိုင်ရတဲ့ရအောင် အဓိက အခန်းက ပါဝင်ခဲ့တယ်။ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ သြဇာကြီးတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ခံရတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ဒိုမိနစ်ရဲ့ ဇနီးဖြစ်သူ ဖျားတယ်။ ရောဂါလက္ခဏာတွေက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လက္ခဏာတွေပဲ။ ဒါပေမယ့် ဒိုမိနစ်က ဆေးရုံကို သတင်းပို့ရမယ့်အစား ဇနီးမောင်နှံနှစ်ယောက် လေးနှစ်သားအရွယ်သားလေးကို မိုင် ၂၆၀ ကျော်ဝေးတဲ့ ဒိုမိနစ် မိဘတွေ နေထိုင်တဲ့ မြို့ကို သွားပို့တယ်။

အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံး Lockdown ချထားတဲ့အချိန်ဖြစ်ပြီး သတ်မှတ်စည်းကမ်း နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ခွင့်ရှိတယ်။ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ယူဆရတဲ့ လက္ခဏာ ရှိ သူတွေက လုံး၀ အပြင်ထွက်ခွင့်မရှိဘူး။

မတ်လ ၂၈ ကျတော့ ဒိုမိနစ်လည်းဖျားတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးက ဒိုမိနစ် လည်း ဗိုင်းရပ်စ်ကူးစက်တယ်လို့ယူဆရတဲ့အတွက် မိမိအစီအစဉ်နဲ့ သီးခြားကန့်သတ်ပြီးနေထိုင် တယ်လို့ကြေညာချက်ထုတ်တယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရုံးရဲ့ကြေညာချက်မှာ ဒိုမိနစ် မတ် ၂၇ ရက်နေ့မှာ ခရီးသွားခဲ့ပြီး အခု မိဘတွေရှိတဲ့မြို့ကို ရောက်နေတယ်ဆိုတာမပါဘူး။ ဒိုမိနစ်ဟာ သူမိဘတွေနဲ့အတူရှိနေချိန် ဧပြီလ ၁၂ ရက်နေ့မှာ မိုင်သုံးဆယ်လောက်ဝေးတဲ့ အပန်းဖြေစခန်း ရဲတိုက်တစ်ခုကို သွားခဲ့သေးတယ်။ ဧပြီ ၁၄ ရက်နေ့မှာတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။

အပြင်မထွက်ရကန့်သတ်ထားချိန်မှာ ဒိုမိနစ် ခရီးသွားခဲ့တဲ့ အဖြစ်အပျက်ကို မေလ ၂၂ ရက်နေ့မှာ ဂါဒီးယန်းသတင်းစာနဲ့ ဒေးလီးမေးလ် သတင်းစာနှစ်စောင်က ဖွင့်ချခဲ့တယ်။

ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာ လွှတ်တော်အတွင်းက အတိုက်အခံအမတ်တွေသာမက အာဏာရ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေကပါ ဒိုမိနစ် နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့တယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကလည်း သူ့သဘောနဲ့ သူ နှုတ်ထွက်ရင် နှုတ်ထွက်၊မထွက်ဘူးဆိုရင် ဝန်ကြီးချုပ်က ထုတ်ပစ်ဖို့တောင်းဆိုကြတယ်။

ဒီလိုတောင်းဆိုတာက အကြောင်းမဲ့မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ စကော့တလန် ပြည်နယ် အစိုးရရဲ့ ကျန်းမာရေးတာဝန်ခံ ကတ်သရင်းကယ်ဒါဝု ဟာ အပြင်မထွက်ရ စည်းကမ်းကို ချိုးဖောက်တဲ့အတွက်က ရာထူးက နုတ်ထွက်ပေးလိုက်ရပါတယ်။ အလားတူပဲ မေလ အတွင်းမှ ဗြိတိန်အစိုးရရဲ့ ကိုဗစ် ၁၉ တိုက်ဖျက်ရေးကော်မတီ ဝင်ပါမောက္ခနီးလ်ဖာဂူဆန်ဟာလည်း အခြားမြို့က လာရောက်လည်ပတ်တဲ့ ဧည့်သည်မိသားစုကို ခွင့်ပြုချက်မရှိဘဲ ညအိပ်ခွင့်ပြုခဲ့တဲ့အတွက် ရာထူး က နှုတ်ထွက်ပေးခဲ့ရတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်၏ အနီးကပ်အကြံပေးအရာရှိ ဒိုမိနစ်အနေနဲ့ လည်း မိမိလုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံပြီး နှုတ်ထွက်ဖို့တောင်းဆိုကြတာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဒိုမိနစ်က သူခရီးသွားခဲ့တာဟာ သူ့သား ကို အဖိုးအဖွားတွေဆီမှာထားဖို့သွားတာဖြစ်တဲ့အတွက် သတ်မှတ်စည်းကမ်းနဲ့ ညီညွတ်တယ်၊ ရဲတိုက်ကို သွားတာကလည်း အဖျားရောဂါကြောင့် အမြင်အာရုံတွေထိခိုက်ထားတဲ့အတွက် လန်ဒန် အထိ ကားမောင်းပြန်လို့ရမရ စမ်းသပ်တာပါလို့ ဆင်ခြေပေးတယ်။ နောက်ဆုံးမှာတော့
သူ့လုပ် ဆောင်ချက်အတွက် တောင်းပန်မှာမဟုတ်သလို၊ နှုတ်ထွက်မှာလည်း မဟုတ်ဘူးလို့ ပြော ခဲ့တယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း ဒိုမိနစ်ကို ထောက်ခံခဲ့တယ်။ လူတွေ ဒုက္ခခံစားနေရတဲ့အချိန်မှာ အခု လို အငြင်းပွားစရာဖြစ်အောင်လုပ်ခဲ့တာဟာ ဝမ်းနည်းစရာပဲ။ ဒါပေမယ့် ဒိုမိနစ်အနေနဲ့ မိသားစု လိုအပ်ချက်အတွက် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဆိုတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကလည်း ဒိုမိနစ် ကို ထောက်ခံအကာအကွယ် ပေးကြတယ်။

ဒါပေမယ့် လွှတ်တော်အတွင်းက အာဏာရပါတီလွှတ်တော်ကိုယ်စားလှယ် သုံးဆယ်ကျော်ကတော့ ဒိုမိနစ် ကို ထုတ်ပစ်ဖို့ ဝန်ကြီးချုပ်ကို တရားဝင်စာရေးတာင်းဆိုခဲ့တယ်။ ရဲတပ်ဖွဲ့လည်း ဒိုမိနစ်ရဲ့ လုပ်ရပ်ဟာ ဥပဒေကို ချိုးဖောက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးမယ်လို့ ကြေညာခဲ့တယ်။

ဂျွန်ဆင် အစိုးရအဖွဲ့ဝင် စကော့တလန်ရေးရာဝန်ကြီး ဒေါက်ကလပ် ရော့စ် လည်း မေလ ၂၆ ရက် နေ့မှာ အစိုးရအဖွဲ့ကနေ နှုတ်ထွက်ခဲ့တယ်။

သူက “ ကျွန်တော့်မဲဆန္ဒနယ်က ပြည်သူတွေထဲမှာ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာတဲ့ အတွက် ဆုံးပါးသွားတဲ့ မိဘ၊ ဇနီး၊ခင်ပွန်း၊ သားသမီးတွေကို နှုတ်ဆက်ခွင့်မရ လိုက်သူတွေရှိတယ်။ ဈာပန အခမ်းအနားလုပ်ခွင့်မရသူတွေရှိတယ်။ ဖျားနာနေတဲ့ မိဘ ဆွေမျိုး တွေကို သွားရောက်အားပေးခွင့် မရသူတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ စည်းကမ်း လိုက်နာ တာမှားတယ်၊ ဝန်ကြီးချုပ်တပည့် စည်းကမ်းချိုးဖောက်တာမှန်တယ်လို့ မပြောနိုင်ဘူး လို့ ဆိုခဲ့တယ်။

တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာ သူများတွေကို ပြောဖို့လွယ်ပေမယ့် ကိုယ့်လူရင်းဖြစ်လာရင် လုပ်ဖို့ ခက်တယ်၊ အာဏာရလာရင် ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဖြစ်လာတတ်တယ်ဆိုတာ အမှန်ပဲ။

ကိုးကား။
၁။ ဂါဒီးယန်းသတင်းစာ မေ ၂၅၊ ၂၆ ၂၀၂၀
၂။ ဒေးလီတယ်လီဂရပ် သတင်းစား ၆ မေ ၂၀၂၀
၃။ Euro News ၆ ဧပြီ ၂၀၂၀

အလုပ်နဲ့ အိမ်

နည်းပညာတွေတိုးတက်လာတာနဲ့ အမ ျှ အိမ်ကနေ အလုပ်လုပ်မယ်။ရုံးမှာလည်း မလိုအပ်ဘဲ နဲ့ စာရွက်စာတမ်းတွေ မသုံးဘူးဆိုတဲ့အယူအဆပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ ဒါပေမယ့် အသားကျနေတဲ့ ရုံးလုပ်ငန်းစနစ်တွေကြားက ရုန်းထွက်ဖို့ တွန့်ဆုတ်နေတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့ သူ နည်းနည်းပဲရှိခဲ့တယ်။

ကိုဗစ် ၁၉ ကူးစက်ရောဂါကပ်ဘေး ရောက်လာတော့ အိမ်ကနေ အလုပ်လုပ်မယ်ဆိုတဲ့ အခြေအနေ ကို မဖြစ်မနေအကောင်အထည်ဖော်ကြရတော့တယ်။ အောင်မြင်တာ၊ အဆင်ပြေတာ ရှိ သလို၊ အခက်အခဲတွေလည်းရှိတယ်။

စင်္ကာပူနိုင်ငံမှာတော့ အိမ်ကနေအလုပ်လုပ်ရတာကို ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေက ဘယ်လိုမြင်သလဲဆိုတာကို သိနိုင်ဖို့အတွက် အိမ်ကနေ အလုပ်လုပ်နေတဲ့ လုပ်ငန်းကိုးရာနီးပါးက ဝန်ထမ်း ကိုးထောင် ကို စစ်တမ်းကောက်ယူခဲ့တယ်။

အဲဒီစစ်တမ်းတွေ့ရှိချက်က အောက်ပါအတိုင်းဖြစ်ပါတယ် –

၁။ ၁၀% က အိမ်ကနေ အလုပ်လုပ်ရတာကို မကြိုက်ဘူး။
၂။ ၈% က အလုပ်ချိန်ရဲ့ ၂၅% ကို အိမ်ကနေ လုပ်ချင်တယ်။( တစ်ပတ်မှာ နှစ်ရက် စသည်ဖြင့်)
၃။ ၃၂% က အလုပ်ချိန်ရဲ့ ၅၀% ကို အိမ်ကနေ လုပ်ချင်တယ်။
၄။ ၃၅% က အလုပ်ချိန်ရဲ့ ၇၅% ကို အိမ်ကနေလုပ်ချင်တယ်။
၅။ ၁၅% က အိမ်ကနေပဲ အချိန်ပြည့် အလုပ်လုပ်ချင်တယ်။

ဒီတော့ ဝန်ထမ်း ၉ ဝ% က ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အိမ်ကနေ အလုပ်လုပ်ချင်တာကို တွေ့ရ တယ်။ အဲဒီလို လုပ်ချင်ရတဲ့အကြောင်းအရင်းတွေက

၁။ ရုံးတက်/ ဆင်း ခရီးသွားရတဲ့အချိန်တွေသက်သာတယ်။
၂။ မိသားစုနဲ့ အလုပ် ဟန်ချက်ညီအောင် လုပ်ဖို့ ပိုလွယ်တယ်။
၃။ ကိုယ်ပိုင်အချိန်ကို စီမံခန့်ခွဲရတာပိုအဆင်ပြေလာတယ်။
၄။ အဝတ်အစားဖိုးသက်သာတယ်။

ဒါပေမယ့် အိမ်ကနေ အလုပ်လုပ်တဲ့အခါ အခုလို အားနည်းချက်တွေလည်း ရှိတယ်

၁။ လူချင်းထိတွေ့မရှိတဲ့အတွက် အသင်းအဖွဲ့စိတ်တည်ဆောက်ဖို့ ခက်ခဲတယ်။
၂။ အားလုံးအချိန်အတူတူ အလုပ်လုပ်နေတာမဟုတ်တဲ့အတွက် ပေါင်းစပ်ညှိနှိုင်းရတာ ခက်တယ်။
၃။ ကိုယ်ပိုင်စည်းကမ်းထားပြီးမလုပ်နိုင်ရင် အလုပ်လုပ်တဲ့စွမ်းအားကျလာတယ်။ စစ်တမ်းမှာ ဝန် ထမ်း ၄၀% က အိမ်ကနေ အလုပ်လုပ်တဲ့အခါ အလုပ်တစ်ခုပြီးဖို့ အချိန် နှစ်ဆလောက် ပိုကြာတယ် လို့ ဝန်ခံထားတယ်။
၄။ လ ျှပ်စစ်မီတာခနဲ့ အင်တာနက်အသုံးစရိတ်တွေပိုကုန်တယ်။

လုပ်ငန်းရှင်တွေဘက်ကလည်း ကိုဗစ်အလွန်ကာလ စီးပွားရေး နလံပြန်ထူ ဖို့ ကြိုးစားနေချိန်မှာ ရုံးအဆောက်အဦ နဲ့ အခြား ကုန်ကျစရိတ်တွေကို လေ ျှာ့ချနိုင်ဖို့အတွက် ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းတဲ့စနစ် ကို ဆက်ပြီး ကျင့်သုံးဖို့ စဉ်းစား လာကြတယ်။ ဝန်ထမ်းတွေကို အလှည့် ကျ ရုံးတက်ခိုင်းတဲ့စနစ်၊ စီမံဝန်ထမ်းတွေပဲ ရုံးထိုင်ပြီး ကျန်တဲ့ဝန်ထမ်းတွေကို အိမ်ကနေ အလုပ် လုပ်ခိုင်းတဲ့ စနစ် စသည်ဖြင့် ပုံစံအမျိုးမျိုးကို တွက်ဆနေကြတယ်။

နိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးမှုအခြေအနေ၊ လုပ်ငန်းအမျိုးအစား နဲ့ ဝန်ထမ်း တွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး အိမ်ကနေ အလုပ်လုပ်တယ်ဆိုတဲ့ စနစ်ဟာ ကိုဗစ် လွန် ကာလ လုပ်ငန်းခွင်အခြေအနေသစ်ဖြစ်လာမှာတော့ သေချာနေပါပြီ။

ကိုးကား။ စထရိတ်တိုင်းမ်သတင်းစာ ၂၄ မေ ၂၀၂၀

စင်္ကာပူ တံခါးဖွင့်ချိန်

မေ လ ၂၃ ရက်နေ့မနက်ထိ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၄၂၆ ယောက်ရှိတယ်။ ရောဂါပျောက်ကင်းသွားသူ ၁၂၉ ၅၅ ယောက်ရှိတယ်။ သေဆုံး သူ ၂၃ ယောက်ရှိတယ်။

စင်္ကာပူနိုင်ငံရဲ့ မဟာဗျူဟာက ဗိုင်းရပ်စ်ပိုးကူးစက်ထားသူရှိ၊ မရှိ စစ်ဆေးမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်။ ဧပြီလဆန်းမှာ တစ်နေ့ကို ပျမ်းမ ျှ လူ နှစ်ထောင့်ကိုးရာလောက် စစ်ဆေးနိုင်တယ်။ ဧပြီ လကုန်ပိုင်းရောက်တော့ တစ်နေ့ကို လူ ရှစ်ထောင်လောက်စစ်ဆေးနိုင်တယ်။ မေလ ၈ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရက တစ်နေ့ကို နှစ်သောင်းနီးပါးစစ်ဆေးနိုင်ပြီ၊ ဒါပေမယ့် တစ်နေ့ကို လေးသောင်းစစ်ဆေးနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ပြောတယ်။

စင်္ကာပူအစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံခြား သားအလုပ်သမားများ၊ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ထမ်းဆောင်သူများ၊ မကြာခင် Lockdown ပြန်ဖွင့်တဲ့အခါ တာဝန်ထမ်းဆောင်ရမယ့်သူများကို ဦးစားပေးစစ်ဆေးနေတယ်။

ကျန်းမာရေးဝန်ကြီးက မေလ ၄ ရက်နေ့ လွှတ်တော်ကို အစီရင်ခံတဲ့အခါမှာ လူအများအပြား ကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းအားဖြင့် ရောဂါပိုးတွေ့သူတွေကို ခွဲခြားထားနိုင်မယ်။ ရောဂါ မရှိသူတွေချက်ခြင်း အလုပ်လုပ်လို့ရမယ်၊ ပိုးကူစက်ပျံံ့နှံ့ပုံကို စနစ်တကျဖော်ထုတ်နိုင်မယ်လို့ ပြောခဲ့တယ်။

စင်္ကာပူအစိုးရက ကိုဗစ်ရောဂါ ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ကြိုးစားနေသလို တစ်ဖက်က လည်း Circuit Breaker လို့ ခေါ်တဲ့ Lockdown အစီအစဉ်တွေ သက်တမ်း ကုန်ဆုံးမယ့် ဇွန်လ ၁ ရက်နေ့နောက်ပိုင်းမှာ လက်ရှိ ထိန်းချုပ်ကန့်သတ်ထားတဲ့အစီအစဉ်တွေကို အဆင့်ဆင့်ဖြေ လေ ျှာ့ဖို့ပြင်ဆင်နေတယ်။

စင်္ကာပူအစိုးရဲ့ အဆင့်ဆင့်ဖြေလေ ျှာ့ရေးအစီအစဉ်က အဆင့်သုံးဆင့်ပါတယ်။

ပထမအဆင့်

ပထမအဆင့်မှာ လုပ်ဆောင်ရမယ့်အခြေအနေက အောက်ပါ အတိုင်း ဖြစ်ပါတယ် –

၁။ ကုန်ထုတ်လုပ်ငန်းတွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ Semiconductor ထုတ်လုပ်မှုလုပ်ငန်းတွေအားလုံးနီးပါးပြန်စမယ်။
၂။ လူအများကြီးနဲ့ထိတွေ့ဖို့မလိုတဲ့ ဘဏ္ဍာရေးနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ အာမခံ လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုလုပ်ငန်းတွေပြန်စမယ်။

၂။ ကားပြင်တာ၊ လေအေးစက်ပြင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆံသဆိုင်၊ အလှပြင်ဆိုင်၊ စာအုပ် ဆိုင်၊ ကျောင်းဝတ်စုံတွေချုပ်လုပ်ရောင်းချတဲ့ဆိုင်တွေ ပြန်ဖွင့်မယ်။ အိမ်ကနေ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ရမယ်။

၃။ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ထိုင်စားသောက်တာ ခွင့်မပြုသေးဘူး။

၄။ ဆွေမျိုးသားချင်းတွေအိမ်ကို သွားရောက်လည်ပတ်လို့ရမယ်။ ဒါပေမယ့် တစ်နေ့ တစ်ကြိမ်၊ တစ်ကြိမ်မှာ လူနှစ်ယောက်ထက်မပိုရဘူး။

၅။ သာရေး၊ နာရေးတွေအတွက် လူ ဆယ်ယောက်အထိ စုဝေးခွင့်ရမယ်။ ဝတ်ပြုဆုတောင်း တဲ့ နေရာတွေမှာ မိသားစုဝင်တွေပဲ ငါးယောက်အထိ စုဝေးခွင့်ရမယ်။ အားကစားပြိုင်ပွဲတွေနဲ့ အခြား လူစုလူဝေးအခမ်းအနားတွေလုပ်ခွင့်မပြုသေးဘူး။

၆။ မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေ ဇွန်လ ၂ ရက်နေ့ကစပြီး အတန်းလိုက် အဆင့်ဆင့် ပြန် ဖွင့်မယ်။ ဇွန် ၁၀ ရက်နေ့မှာ အားလုံးဖွင့်ပြီးဖြစ်မယ်။

၇။ အခြေခံပညာနဲ့ အဆင့်မြင့်ပညာကျောင်းတွေမှာ အိမ်ကနေသင်ယူတာနဲ့ ကျောင်းမှာ သင်ယူ တဲ့ ရက်၊ တစ်ရက်မှာ အများဆုံးရှိရမယ့်ကျောင်းသားအရေအတွက်တွေကို သတ်မှတ်ထားမယ်။ တက္ကသိုလ်တစ်ချို့ကတော့ အွန်လိုင်းစနစ်နဲ့ပဲသင်ကြားမယ်။ ကျောင်းတွေမှာ ဆရာ၊ဆရာမ၊ ဝန်ထမ်းနဲ့ ကျောင်းသူ၊ကျောင်းသားအားလုံး masks ဒါမှမဟုတ် face shields တွေတပ် ဆင် ရမယ်။ ကျောင်းစားသောက်ဆိုင်နဲ့ စာသင်ခန်းအတွင်းလိုက်နာရမယ့် စည်းကမ်းတွေ သတ်မှတ် ထားမယ်။

ဒုတိယအဆင့်

ဒုတိယအဆင့်က ကူးစက်မှုအတိုင်းအတာသိသိသာသာလျော့ကျသွားတဲ့အခြေအနေဖြစ်မယ်။ အဲဒီအခြေအနေမှာ သတ်မှတ်အင်အားနဲ့ လူမှုရေးအခမ်းအနားလုပ်ခွင့်ရမယ်။ စား သောက်ဆိုင်၊ ဈေးဆိုင်၊အားကစားရုံ၊ သင်တန်းနဲ့ကျောင်းတွေပြန်ဖွင့်မယ်။ ပြင်ပ အားကစားပွဲတွေ၊ အပန်းဖြေတာတွေ လုပ်လို့ရမယ်။ ဒါပေမယ့် ရောဂါ ကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းတွေကိုတော့ လိုက်နာရမယ်။

တတိယအဆင့်

တတိယအဆင့်ကတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့စိတ်ချရတဲ့အဆင့်ပေါ့။ ဒီအဆင့်ရောက်ရင် တော့ စင်္ကာပူနိုင်ငံဟာ New Normal အခြေအနေနဲ့ ခရီးဆက်ကြမယ်။

ပထမအဆင့်ကာလ ဘယ်လောက်ကြာမလဲဆိုတာမပြောသေးဘူး။ အဲဒီကာလအတွင်းမှာ ရောဂါ ပိုးကူးစက်နေခြင်းရှိမရှိစစ်ဆေးတာကို တိုးမြှင့်ပြီးလုပ်မယ်။ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့ခဲ့ သူတွေကို ခြေရာခံတာ ထိထိရောက်ရောက်လုပ်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ၊ ဆေးရုံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေတွေ ပိုကောင်းအောင်လုပ်မယ်။

ကျန်းမာရေးဝန်ကြီးကတော့ အဆင့်တစ်ဆင့်ခြင်းအတွင်းမှာပဲ ရောဂါကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီး ပြောင်းလဲမှုတွေလုပ်ကောင်းလုပ်ရမယ်။ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေဟာ တစ်ဆင့် ကို အနည်းဆုံး ၂၈ ရက် တော့ကြာမှာပဲ လို့ ပြောထားတယ်။

ကိုးကား
http://www.gov.sg
စထရိတ်တိုင်းမ်သတင်းစာ မေ ၈ ၂၀၂၀