ဗိုင်းရပ်စ် နဲ့ သတင်းစာ

News Corp Australia ဆိုတာက မီဒီယာလုပ်ငန်းရှင်ကြီးမားဒေ့ါပိုင်တဲ့ News Corp ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။ News Corp Australia က သြစတေးလျနိုင်ငံမှာ လစဉ်၊ အပတ်စဉ်၊ နေ့ စဉ်ထုတ် သတင်းစာပေါင်း ၁၄၂ ခုရှိတယ်။ အများစုက ဒေသအလိုက် ထုတ်ဝေတဲ့ ဒေသန္တ ရ သတင်းစာတွေပါ။ သြစတေးလျနိုင်ငံမှာ ရှိတဲ့သတင်းစာ ၂၅% နီးပါးဟာ News Corp က ထုတ်ဝေတာဖြစ်ပြီး လစဉ် စာဖတ်ပရိသတ် ၁၆ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မီဒီယာအင်ပါယာကြီးလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ု မခံ နိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ News Corp ပိုင်တဲ့ ဒေသန္တရသတင်းစာ ၆၀ ခုကို ထုတ်ဝေမှု ဆိုင်းငံ့ထားလိုက်ရတယ်။ အဲဒီအထဲမှာ ၁၉ ၀၆ ခုနှစ်ကစပြီး ထုတ်ဝေခဲ့တဲ့ နယူးဆောက်ဝေးလ် ပြည်နယ်သတင်းစာ Manly Daily လည်းပါသွားတယ်။

အခုမေလ ၂၆ ရက်နေ့မှာ News Corp က သြစတေးလျနိုင်ငံမှာ ရှိတဲ့ ဒေသန္တသတင်းစာ တစ် ရာ နီးပါးကို ပုံနှိပ်ထုတ်ေ၀ တာမလုပ် တော့ဘူး၊ ဒစ်ဂျစ်တယ်မီဒီယာအဖြစ်ပဲ အွန်လိုင်း ကနေဖြန့်ချိတော့မယ်လို့ကြေညာခဲ့တယ်။

အခုပြောင်းလဲမှုအစီအစဉ်သစ်မှာ ဒစ်ဂျစ်တယ်မီဒီယာအသွင်ကူးပြောင်းတာအပြင် သတင်း ခန်းလူ အင်အားတွေကို လေ ျှာ့ချမယ်။ သတင်းတစ်ပုဒ်ကို News Corp မှာ ရှိတဲ့ သတင်း စာ တွေအားလုံးမ ျှဝေသုံးစွဲမယ်။ သတင်းစာအားလုံးအတွက် အရည်အသွေးပြည့်မီတဲ့ သတင်း တွေ ရေးသားပေးမယ့် specialist network teams ကို ဖွဲ့စည်းမယ်လို့ ဆိုတယ်။

အဲဒီလို အပြောင်းအလဲလုပ်တဲ့အတွက် ဝန်ထမ်း အင် အား သုံးပုံတစ်ပုံလောက် အလုပ်က ရပ်နားခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ News Corp ကတော့ ကိုဗစ်ကာလမှာ စာ ဖတ်ပရိသတ်တိုးလာပေမယ့် ကြော်ငြာဝင်ငွေတွေ ကျဆင်းလာတဲ့အတွက် ဆက်လက် ရပ်တည်နိုင်စွမ်းမရှိတော့ဘူး။ အပြောင်း အလဲ လုပ်ကိုလုပ်ရတော့မယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ကြောင့် အခက်အခဲဖြစ်နေတာ News Corp တစ်ခုတည်းတော့မဟုတ်ဘူး။ ကျန်တဲ့ သြစတေးလျမီဒီယာတွေလည်း အခက်အခဲဖြစ်နေတာ အခုလိုတွေ့ရပါတယ် –

၁။ မေလဆန်းက အမေရိကန်အွန်လိုင်းသတင်းစာ BuzzFeed News ရဲ့ သြစတေးလျ ဌာနခွဲ နဲ့ သြစတေးလျ အခြေစိုက်အွန်လိုင်းသတင်းစာ 10 Daily ပိတ်လိုက်ရတယ်။

၂။ မတ်လ ၂၄ရက်နေ့မှာ Elliott သတင်းစာအုပ်စုက ပုံနှိပ်သတင်းစာထုတ်ဝေမှု တွေကို ယာယီ ရပ်နားထားကြောင်းနဲ့ ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထုတ်ဝေဖို့ ကြိုးစားမှ ာ ဖြစ် ကြောင်းကြေညာခဲ့တယ်။

၃။ မတ်လအတွင်းမှာ Australian Associated Press က သတင်းထောက် ၂၀၀ နဲ့ ဓာတ်ပုံ သတင်းထောက် ၁၀၀ ကို အလုပ်က ရပ်စဲခဲ့တယ်။
သြစတေးလျသတင်းလောကအခြေအနေကို လေ့လာနေတဲ့ Australian Newsroom Mapping Project ရဲ့ စာရင်းဇယားအရ သြစတေးလျ သတင်းလောကဟာ ကိုဗစ် မတိုင်ခင်ထဲက အခြေအန ဆိုးလာခဲ့တယ်၊ ပြီးခဲ့တဲ့၂၀၁၉ ဇန်နဝါရီလက စပြီး သတင်းစာ ၁၅၇ စောင် ဟာ ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်း ခဲ့ရတယ်လို့သိရပါတယ်။

ကိုးကား ။ ဂါဒီးယန်းသတင်းစာ ၂၇ မေ နှင့် ၁၈ မေ ၂၀၂၀

ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားတယ်။ စည်းကမ်းချိုးဖောက်တဲ့သူတွေ အရေးယူခံရတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ ခေါင်းဆောင်ရဲ့ လူရင်း၊ မျက်နှာသာအပေးခံရဆုံး ပုဂ္ဂိုလ်က စည်းကမ်းချိုး ဖောက် တယ်။ ပြည်သူတွေ၊ မီဒီယာတွေတောင်မကဘူး အာဏာရပါတီက လွှတ်တော် အမတ်တွေကတောင် ဒီလုပ်ရပ်ကို ရှုံ့ချကြတယ်။

ဒါပေမယ့် အခု ( ဆောင်းပါးရေးတဲ့အချိန်ထိ ) ခေါင်းဆောင်ကြီးက သူ့လူကို အရေးမယူသေး ဘူး။ စည်းကမ်းချိုးဖောက်တဲ့ ပုဂ္ဂိုလ်က လည်း သူ့လုပ် ရပ်အတွက် တာဝန်မယူဘူး။ သူမှန်တယ် လို့ပြောနေဆဲပဲ။

ဒါကတော့ ဒီနေ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။

ပြဿနာရဲ့ အစက ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အကြံပေးအရာရှိ Dominic Cummings ဖြစ်ပါတယ်။ ဒိုမိနစ်က ဥရောပသမဂ္ဂ ကနေ ဗြိတိန်နိုင်ငံနှုတ်ထွက်ရေးလှုပ်ရှားမှုတွေကို အဓိက ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်တယ်။ လူထုဆန္ဒခံယူပွဲမှာ လမ်းခွဲမယ့်သူတွေအနိုင်ရခဲ့တာ ဟာ ဒိုမိနစ် ရဲ့ မဲဆွယ် စည်းရုံးရေးမဟာဗျူဟာတွေကြောင့်လို့ ဆိုကြတယ်။ လမ်းခွဲရေးဝါဒီ ဂျွန်ဆင် ဝန်ကြီး ချုပ်ဖြစ် လာတော့ဒိုမိနစ်ကဝန်ကြီးချုပ်ရဲ့အကြံပေးအရာရှိ ဖြစ်လာတယ်။ ၂၀၁၉ အထွေထွေ ရွေးကောက် ပွဲ မှာ ကွန်ဆာဗေးတစ်ပါတီအပြတ်အသတ်အနိုင်ရတဲ့ရအောင် အဓိက အခန်းက ပါဝင်ခဲ့တယ်။ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့အတွင်းမှာ သြဇာကြီးတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ခံရတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ဒိုမိနစ်ရဲ့ ဇနီးဖြစ်သူ ဖျားတယ်။ ရောဂါလက္ခဏာတွေက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လက္ခဏာတွေပဲ။ ဒါပေမယ့် ဒိုမိနစ်က ဆေးရုံကို သတင်းပို့ရမယ့်အစား ဇနီးမောင်နှံနှစ်ယောက် လေးနှစ်သားအရွယ်သားလေးကို မိုင် ၂၆၀ ကျော်ဝေးတဲ့ ဒိုမိနစ် မိဘတွေ နေထိုင်တဲ့ မြို့ကို သွားပို့တယ်။

အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံး Lockdown ချထားတဲ့အချိန်ဖြစ်ပြီး သတ်မှတ်စည်းကမ်း နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ခွင့်ရှိတယ်။ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ယူဆရတဲ့ လက္ခဏာ ရှိ သူတွေက လုံး၀ အပြင်ထွက်ခွင့်မရှိဘူး။

မတ်လ ၂၈ ကျတော့ ဒိုမိနစ်လည်းဖျားတယ်။ မတ်လ ၃၀ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးက ဒိုမိနစ် လည်း ဗိုင်းရပ်စ်ကူးစက်တယ်လို့ယူဆရတဲ့အတွက် မိမိအစီအစဉ်နဲ့ သီးခြားကန့်သတ်ပြီးနေထိုင် တယ်လို့ကြေညာချက်ထုတ်တယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရုံးရဲ့ကြေညာချက်မှာ ဒိုမိနစ် မတ် ၂၇ ရက်နေ့မှာ ခရီးသွားခဲ့ပြီး အခု မိဘတွေရှိတဲ့မြို့ကို ရောက်နေတယ်ဆိုတာမပါဘူး။ ဒိုမိနစ်ဟာ သူမိဘတွေနဲ့အတူရှိနေချိန် ဧပြီလ ၁၂ ရက်နေ့မှာ မိုင်သုံးဆယ်လောက်ဝေးတဲ့ အပန်းဖြေစခန်း ရဲတိုက်တစ်ခုကို သွားခဲ့သေးတယ်။ ဧပြီ ၁၄ ရက်နေ့မှာတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။

အပြင်မထွက်ရကန့်သတ်ထားချိန်မှာ ဒိုမိနစ် ခရီးသွားခဲ့တဲ့ အဖြစ်အပျက်ကို မေလ ၂၂ ရက်နေ့မှာ ဂါဒီးယန်းသတင်းစာနဲ့ ဒေးလီးမေးလ် သတင်းစာနှစ်စောင်က ဖွင့်ချခဲ့တယ်။

ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာ လွှတ်တော်အတွင်းက အတိုက်အခံအမတ်တွေသာမက အာဏာရ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေကပါ ဒိုမိနစ် နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့တယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကလည်း သူ့သဘောနဲ့ သူ နှုတ်ထွက်ရင် နှုတ်ထွက်၊မထွက်ဘူးဆိုရင် ဝန်ကြီးချုပ်က ထုတ်ပစ်ဖို့တောင်းဆိုကြတယ်။

ဒီလိုတောင်းဆိုတာက အကြောင်းမဲ့မဟုတ်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ စကော့တလန် ပြည်နယ် အစိုးရရဲ့ ကျန်းမာရေးတာဝန်ခံ ကတ်သရင်းကယ်ဒါဝု ဟာ အပြင်မထွက်ရ စည်းကမ်းကို ချိုးဖောက်တဲ့အတွက်က ရာထူးက နုတ်ထွက်ပေးလိုက်ရပါတယ်။ အလားတူပဲ မေလ အတွင်းမှ ဗြိတိန်အစိုးရရဲ့ ကိုဗစ် ၁၉ တိုက်ဖျက်ရေးကော်မတီ ဝင်ပါမောက္ခနီးလ်ဖာဂူဆန်ဟာလည်း အခြားမြို့က လာရောက်လည်ပတ်တဲ့ ဧည့်သည်မိသားစုကို ခွင့်ပြုချက်မရှိဘဲ ညအိပ်ခွင့်ပြုခဲ့တဲ့အတွက် ရာထူး က နှုတ်ထွက်ပေးခဲ့ရတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်၏ အနီးကပ်အကြံပေးအရာရှိ ဒိုမိနစ်အနေနဲ့ လည်း မိမိလုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံပြီး နှုတ်ထွက်ဖို့တောင်းဆိုကြတာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဒိုမိနစ်က သူခရီးသွားခဲ့တာဟာ သူ့သား ကို အဖိုးအဖွားတွေဆီမှာထားဖို့သွားတာဖြစ်တဲ့အတွက် သတ်မှတ်စည်းကမ်းနဲ့ ညီညွတ်တယ်၊ ရဲတိုက်ကို သွားတာကလည်း အဖျားရောဂါကြောင့် အမြင်အာရုံတွေထိခိုက်ထားတဲ့အတွက် လန်ဒန် အထိ ကားမောင်းပြန်လို့ရမရ စမ်းသပ်တာပါလို့ ဆင်ခြေပေးတယ်။ နောက်ဆုံးမှာတော့
သူ့လုပ် ဆောင်ချက်အတွက် တောင်းပန်မှာမဟုတ်သလို၊ နှုတ်ထွက်မှာလည်း မဟုတ်ဘူးလို့ ပြော ခဲ့တယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း ဒိုမိနစ်ကို ထောက်ခံခဲ့တယ်။ လူတွေ ဒုက္ခခံစားနေရတဲ့အချိန်မှာ အခု လို အငြင်းပွားစရာဖြစ်အောင်လုပ်ခဲ့တာဟာ ဝမ်းနည်းစရာပဲ။ ဒါပေမယ့် ဒိုမိနစ်အနေနဲ့ မိသားစု လိုအပ်ချက်အတွက် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဆိုတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကလည်း ဒိုမိနစ် ကို ထောက်ခံအကာအကွယ် ပေးကြတယ်။

ဒါပေမယ့် လွှတ်တော်အတွင်းက အာဏာရပါတီလွှတ်တော်ကိုယ်စားလှယ် သုံးဆယ်ကျော်ကတော့ ဒိုမိနစ် ကို ထုတ်ပစ်ဖို့ ဝန်ကြီးချုပ်ကို တရားဝင်စာရေးတာင်းဆိုခဲ့တယ်။ ရဲတပ်ဖွဲ့လည်း ဒိုမိနစ်ရဲ့ လုပ်ရပ်ဟာ ဥပဒေကို ချိုးဖောက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးမယ်လို့ ကြေညာခဲ့တယ်။

ဂျွန်ဆင် အစိုးရအဖွဲ့ဝင် စကော့တလန်ရေးရာဝန်ကြီး ဒေါက်ကလပ် ရော့စ် လည်း မေလ ၂၆ ရက် နေ့မှာ အစိုးရအဖွဲ့ကနေ နှုတ်ထွက်ခဲ့တယ်။

သူက “ ကျွန်တော့်မဲဆန္ဒနယ်က ပြည်သူတွေထဲမှာ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေကို လိုက်နာတဲ့ အတွက် ဆုံးပါးသွားတဲ့ မိဘ၊ ဇနီး၊ခင်ပွန်း၊ သားသမီးတွေကို နှုတ်ဆက်ခွင့်မရ လိုက်သူတွေရှိတယ်။ ဈာပန အခမ်းအနားလုပ်ခွင့်မရသူတွေရှိတယ်။ ဖျားနာနေတဲ့ မိဘ ဆွေမျိုး တွေကို သွားရောက်အားပေးခွင့် မရသူတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့ စည်းကမ်း လိုက်နာ တာမှားတယ်၊ ဝန်ကြီးချုပ်တပည့် စည်းကမ်းချိုးဖောက်တာမှန်တယ်လို့ မပြောနိုင်ဘူး လို့ ဆိုခဲ့တယ်။

တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာ သူများတွေကို ပြောဖို့လွယ်ပေမယ့် ကိုယ့်လူရင်းဖြစ်လာရင် လုပ်ဖို့ ခက်တယ်၊ အာဏာရလာရင် ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဖြစ်လာတတ်တယ်ဆိုတာ အမှန်ပဲ။

ကိုးကား။
၁။ ဂါဒီးယန်းသတင်းစာ မေ ၂၅၊ ၂၆ ၂၀၂၀
၂။ ဒေးလီတယ်လီဂရပ် သတင်းစား ၆ မေ ၂၀၂၀
၃။ Euro News ၆ ဧပြီ ၂၀၂၀

အလုပ်နဲ့ အိမ်

နည်းပညာတွေတိုးတက်လာတာနဲ့ အမ ျှ အိမ်ကနေ အလုပ်လုပ်မယ်။ရုံးမှာလည်း မလိုအပ်ဘဲ နဲ့ စာရွက်စာတမ်းတွေ မသုံးဘူးဆိုတဲ့အယူအဆပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ ဒါပေမယ့် အသားကျနေတဲ့ ရုံးလုပ်ငန်းစနစ်တွေကြားက ရုန်းထွက်ဖို့ တွန့်ဆုတ်နေတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့ သူ နည်းနည်းပဲရှိခဲ့တယ်။

ကိုဗစ် ၁၉ ကူးစက်ရောဂါကပ်ဘေး ရောက်လာတော့ အိမ်ကနေ အလုပ်လုပ်မယ်ဆိုတဲ့ အခြေအနေ ကို မဖြစ်မနေအကောင်အထည်ဖော်ကြရတော့တယ်။ အောင်မြင်တာ၊ အဆင်ပြေတာ ရှိ သလို၊ အခက်အခဲတွေလည်းရှိတယ်။

စင်္ကာပူနိုင်ငံမှာတော့ အိမ်ကနေအလုပ်လုပ်ရတာကို ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေက ဘယ်လိုမြင်သလဲဆိုတာကို သိနိုင်ဖို့အတွက် အိမ်ကနေ အလုပ်လုပ်နေတဲ့ လုပ်ငန်းကိုးရာနီးပါးက ဝန်ထမ်း ကိုးထောင် ကို စစ်တမ်းကောက်ယူခဲ့တယ်။

အဲဒီစစ်တမ်းတွေ့ရှိချက်က အောက်ပါအတိုင်းဖြစ်ပါတယ် –

၁။ ၁၀% က အိမ်ကနေ အလုပ်လုပ်ရတာကို မကြိုက်ဘူး။
၂။ ၈% က အလုပ်ချိန်ရဲ့ ၂၅% ကို အိမ်ကနေ လုပ်ချင်တယ်။( တစ်ပတ်မှာ နှစ်ရက် စသည်ဖြင့်)
၃။ ၃၂% က အလုပ်ချိန်ရဲ့ ၅၀% ကို အိမ်ကနေ လုပ်ချင်တယ်။
၄။ ၃၅% က အလုပ်ချိန်ရဲ့ ၇၅% ကို အိမ်ကနေလုပ်ချင်တယ်။
၅။ ၁၅% က အိမ်ကနေပဲ အချိန်ပြည့် အလုပ်လုပ်ချင်တယ်။

ဒီတော့ ဝန်ထမ်း ၉ ဝ% က ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အိမ်ကနေ အလုပ်လုပ်ချင်တာကို တွေ့ရ တယ်။ အဲဒီလို လုပ်ချင်ရတဲ့အကြောင်းအရင်းတွေက

၁။ ရုံးတက်/ ဆင်း ခရီးသွားရတဲ့အချိန်တွေသက်သာတယ်။
၂။ မိသားစုနဲ့ အလုပ် ဟန်ချက်ညီအောင် လုပ်ဖို့ ပိုလွယ်တယ်။
၃။ ကိုယ်ပိုင်အချိန်ကို စီမံခန့်ခွဲရတာပိုအဆင်ပြေလာတယ်။
၄။ အဝတ်အစားဖိုးသက်သာတယ်။

ဒါပေမယ့် အိမ်ကနေ အလုပ်လုပ်တဲ့အခါ အခုလို အားနည်းချက်တွေလည်း ရှိတယ်

၁။ လူချင်းထိတွေ့မရှိတဲ့အတွက် အသင်းအဖွဲ့စိတ်တည်ဆောက်ဖို့ ခက်ခဲတယ်။
၂။ အားလုံးအချိန်အတူတူ အလုပ်လုပ်နေတာမဟုတ်တဲ့အတွက် ပေါင်းစပ်ညှိနှိုင်းရတာ ခက်တယ်။
၃။ ကိုယ်ပိုင်စည်းကမ်းထားပြီးမလုပ်နိုင်ရင် အလုပ်လုပ်တဲ့စွမ်းအားကျလာတယ်။ စစ်တမ်းမှာ ဝန် ထမ်း ၄၀% က အိမ်ကနေ အလုပ်လုပ်တဲ့အခါ အလုပ်တစ်ခုပြီးဖို့ အချိန် နှစ်ဆလောက် ပိုကြာတယ် လို့ ဝန်ခံထားတယ်။
၄။ လ ျှပ်စစ်မီတာခနဲ့ အင်တာနက်အသုံးစရိတ်တွေပိုကုန်တယ်။

လုပ်ငန်းရှင်တွေဘက်ကလည်း ကိုဗစ်အလွန်ကာလ စီးပွားရေး နလံပြန်ထူ ဖို့ ကြိုးစားနေချိန်မှာ ရုံးအဆောက်အဦ နဲ့ အခြား ကုန်ကျစရိတ်တွေကို လေ ျှာ့ချနိုင်ဖို့အတွက် ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းတဲ့စနစ် ကို ဆက်ပြီး ကျင့်သုံးဖို့ စဉ်းစား လာကြတယ်။ ဝန်ထမ်းတွေကို အလှည့် ကျ ရုံးတက်ခိုင်းတဲ့စနစ်၊ စီမံဝန်ထမ်းတွေပဲ ရုံးထိုင်ပြီး ကျန်တဲ့ဝန်ထမ်းတွေကို အိမ်ကနေ အလုပ် လုပ်ခိုင်းတဲ့ စနစ် စသည်ဖြင့် ပုံစံအမျိုးမျိုးကို တွက်ဆနေကြတယ်။

နိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာဖွံ့ဖြိုးမှုအခြေအနေ၊ လုပ်ငန်းအမျိုးအစား နဲ့ ဝန်ထမ်း တွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး အိမ်ကနေ အလုပ်လုပ်တယ်ဆိုတဲ့ စနစ်ဟာ ကိုဗစ် လွန် ကာလ လုပ်ငန်းခွင်အခြေအနေသစ်ဖြစ်လာမှာတော့ သေချာနေပါပြီ။

ကိုးကား။ စထရိတ်တိုင်းမ်သတင်းစာ ၂၄ မေ ၂၀၂၀

စင်္ကာပူ တံခါးဖွင့်ချိန်

မေ လ ၂၃ ရက်နေ့မနက်ထိ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၄၂၆ ယောက်ရှိတယ်။ ရောဂါပျောက်ကင်းသွားသူ ၁၂၉ ၅၅ ယောက်ရှိတယ်။ သေဆုံး သူ ၂၃ ယောက်ရှိတယ်။

စင်္ကာပူနိုင်ငံရဲ့ မဟာဗျူဟာက ဗိုင်းရပ်စ်ပိုးကူးစက်ထားသူရှိ၊ မရှိ စစ်ဆေးမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်။ ဧပြီလဆန်းမှာ တစ်နေ့ကို ပျမ်းမ ျှ လူ နှစ်ထောင့်ကိုးရာလောက် စစ်ဆေးနိုင်တယ်။ ဧပြီ လကုန်ပိုင်းရောက်တော့ တစ်နေ့ကို လူ ရှစ်ထောင်လောက်စစ်ဆေးနိုင်တယ်။ မေလ ၈ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရက တစ်နေ့ကို နှစ်သောင်းနီးပါးစစ်ဆေးနိုင်ပြီ၊ ဒါပေမယ့် တစ်နေ့ကို လေးသောင်းစစ်ဆေးနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ပြောတယ်။

စင်္ကာပူအစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံခြား သားအလုပ်သမားများ၊ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ထမ်းဆောင်သူများ၊ မကြာခင် Lockdown ပြန်ဖွင့်တဲ့အခါ တာဝန်ထမ်းဆောင်ရမယ့်သူများကို ဦးစားပေးစစ်ဆေးနေတယ်။

ကျန်းမာရေးဝန်ကြီးက မေလ ၄ ရက်နေ့ လွှတ်တော်ကို အစီရင်ခံတဲ့အခါမှာ လူအများအပြား ကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်းအားဖြင့် ရောဂါပိုးတွေ့သူတွေကို ခွဲခြားထားနိုင်မယ်။ ရောဂါ မရှိသူတွေချက်ခြင်း အလုပ်လုပ်လို့ရမယ်၊ ပိုးကူစက်ပျံံ့နှံ့ပုံကို စနစ်တကျဖော်ထုတ်နိုင်မယ်လို့ ပြောခဲ့တယ်။

စင်္ကာပူအစိုးရက ကိုဗစ်ရောဂါ ၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ကြိုးစားနေသလို တစ်ဖက်က လည်း Circuit Breaker လို့ ခေါ်တဲ့ Lockdown အစီအစဉ်တွေ သက်တမ်း ကုန်ဆုံးမယ့် ဇွန်လ ၁ ရက်နေ့နောက်ပိုင်းမှာ လက်ရှိ ထိန်းချုပ်ကန့်သတ်ထားတဲ့အစီအစဉ်တွေကို အဆင့်ဆင့်ဖြေ လေ ျှာ့ဖို့ပြင်ဆင်နေတယ်။

စင်္ကာပူအစိုးရဲ့ အဆင့်ဆင့်ဖြေလေ ျှာ့ရေးအစီအစဉ်က အဆင့်သုံးဆင့်ပါတယ်။

ပထမအဆင့်

ပထမအဆင့်မှာ လုပ်ဆောင်ရမယ့်အခြေအနေက အောက်ပါ အတိုင်း ဖြစ်ပါတယ် –

၁။ ကုန်ထုတ်လုပ်ငန်းတွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ Semiconductor ထုတ်လုပ်မှုလုပ်ငန်းတွေအားလုံးနီးပါးပြန်စမယ်။
၂။ လူအများကြီးနဲ့ထိတွေ့ဖို့မလိုတဲ့ ဘဏ္ဍာရေးနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ အာမခံ လုပ်ငန်းတွေ၊ သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုလုပ်ငန်းတွေပြန်စမယ်။

၂။ ကားပြင်တာ၊ လေအေးစက်ပြင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆံသဆိုင်၊ အလှပြင်ဆိုင်၊ စာအုပ် ဆိုင်၊ ကျောင်းဝတ်စုံတွေချုပ်လုပ်ရောင်းချတဲ့ဆိုင်တွေ ပြန်ဖွင့်မယ်။ အိမ်ကနေ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ရမယ်။

၃။ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ထိုင်စားသောက်တာ ခွင့်မပြုသေးဘူး။

၄။ ဆွေမျိုးသားချင်းတွေအိမ်ကို သွားရောက်လည်ပတ်လို့ရမယ်။ ဒါပေမယ့် တစ်နေ့ တစ်ကြိမ်၊ တစ်ကြိမ်မှာ လူနှစ်ယောက်ထက်မပိုရဘူး။

၅။ သာရေး၊ နာရေးတွေအတွက် လူ ဆယ်ယောက်အထိ စုဝေးခွင့်ရမယ်။ ဝတ်ပြုဆုတောင်း တဲ့ နေရာတွေမှာ မိသားစုဝင်တွေပဲ ငါးယောက်အထိ စုဝေးခွင့်ရမယ်။ အားကစားပြိုင်ပွဲတွေနဲ့ အခြား လူစုလူဝေးအခမ်းအနားတွေလုပ်ခွင့်မပြုသေးဘူး။

၆။ မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေ ဇွန်လ ၂ ရက်နေ့ကစပြီး အတန်းလိုက် အဆင့်ဆင့် ပြန် ဖွင့်မယ်။ ဇွန် ၁၀ ရက်နေ့မှာ အားလုံးဖွင့်ပြီးဖြစ်မယ်။

၇။ အခြေခံပညာနဲ့ အဆင့်မြင့်ပညာကျောင်းတွေမှာ အိမ်ကနေသင်ယူတာနဲ့ ကျောင်းမှာ သင်ယူ တဲ့ ရက်၊ တစ်ရက်မှာ အများဆုံးရှိရမယ့်ကျောင်းသားအရေအတွက်တွေကို သတ်မှတ်ထားမယ်။ တက္ကသိုလ်တစ်ချို့ကတော့ အွန်လိုင်းစနစ်နဲ့ပဲသင်ကြားမယ်။ ကျောင်းတွေမှာ ဆရာ၊ဆရာမ၊ ဝန်ထမ်းနဲ့ ကျောင်းသူ၊ကျောင်းသားအားလုံး masks ဒါမှမဟုတ် face shields တွေတပ် ဆင် ရမယ်။ ကျောင်းစားသောက်ဆိုင်နဲ့ စာသင်ခန်းအတွင်းလိုက်နာရမယ့် စည်းကမ်းတွေ သတ်မှတ် ထားမယ်။

ဒုတိယအဆင့်

ဒုတိယအဆင့်က ကူးစက်မှုအတိုင်းအတာသိသိသာသာလျော့ကျသွားတဲ့အခြေအနေဖြစ်မယ်။ အဲဒီအခြေအနေမှာ သတ်မှတ်အင်အားနဲ့ လူမှုရေးအခမ်းအနားလုပ်ခွင့်ရမယ်။ စား သောက်ဆိုင်၊ ဈေးဆိုင်၊အားကစားရုံ၊ သင်တန်းနဲ့ကျောင်းတွေပြန်ဖွင့်မယ်။ ပြင်ပ အားကစားပွဲတွေ၊ အပန်းဖြေတာတွေ လုပ်လို့ရမယ်။ ဒါပေမယ့် ရောဂါ ကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းတွေကိုတော့ လိုက်နာရမယ်။

တတိယအဆင့်

တတိယအဆင့်ကတော့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့စိတ်ချရတဲ့အဆင့်ပေါ့။ ဒီအဆင့်ရောက်ရင် တော့ စင်္ကာပူနိုင်ငံဟာ New Normal အခြေအနေနဲ့ ခရီးဆက်ကြမယ်။

ပထမအဆင့်ကာလ ဘယ်လောက်ကြာမလဲဆိုတာမပြောသေးဘူး။ အဲဒီကာလအတွင်းမှာ ရောဂါ ပိုးကူးစက်နေခြင်းရှိမရှိစစ်ဆေးတာကို တိုးမြှင့်ပြီးလုပ်မယ်။ ရောဂါကူးစက်ခံထားရသူနဲ့ ထိတွေ့ခဲ့ သူတွေကို ခြေရာခံတာ ထိထိရောက်ရောက်လုပ်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ ၊ ဆေးရုံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေတွေ ပိုကောင်းအောင်လုပ်မယ်။

ကျန်းမာရေးဝန်ကြီးကတော့ အဆင့်တစ်ဆင့်ခြင်းအတွင်းမှာပဲ ရောဂါကူးစက်မှုအခြေအနေကို စောင့်ကြည့်ပြီး ပြောင်းလဲမှုတွေလုပ်ကောင်းလုပ်ရမယ်။ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေဟာ တစ်ဆင့် ကို အနည်းဆုံး ၂၈ ရက် တော့ကြာမှာပဲ လို့ ပြောထားတယ်။

ကိုးကား
http://www.gov.sg
စထရိတ်တိုင်းမ်သတင်းစာ မေ ၈ ၂၀၂၀

ရှင်သန်ခြင်း

ကိုဗစ် ၁၉ ရောဂါဖြစ်လာတော့ ကျွန်တော်တို့နေ့စဉ်သုံးစကားတွေမှာ ဝေါဟာရအသစ်တွေ တိုး လာသည်။ Mask, Quarantine ဆိုတာတွေက ကား၊ ကွန်ပျူတာ တို့လိုပဲ မွေးစားစကားလုံးတွေ ဖြစ်လာပြီ။ နောက်ဆုံးတိုးလာတဲ့ ဝေါဟာရက New Normal။

New Normal ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ပုံမှန်အခြေအနေသစ်လို့ ဆိုရမည်ထင် သည်။ ဒါပေမယ့် မူလဆိုလိုရင်းက ရှောင်လွဲလို့မရ၊ မဖြစ်မနေရင်ဆိုင်ရတော့မယ့်အခြေအနေ ကို ဆို လို ခြင်းဖြစ်သည်။

New Normal ကို စသုံးခဲ့တာ ၂၀၀၇ – ၂၀၀၈ ကမ္ဘာ့ငွေကြေးကဏ္ဍအကျပ်အတည်း ဖြစ်ပွားချိန် မှာဖြစ်သည်။ ထိုအကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် အစိုးရတွေရဲ့ ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍ နဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒတွေမှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့သည်။ စည်းမျဉ်း အသစ်တွေပေါ်လာသည်။ စီးပွားရေးပညာရှင်တွေက ပိုနေမြဲ၊ကျားနေမြဲ လုပ်လို့ မရတော့၊ အခြေအနေ အသစ်၊ ပတ်ဝန်းကျင်အသစ်အတွက် အသင့်ပြင်ဆင်ထားရတော့မည်ဟု သတိပေးသည်။ ဒါကို New Normal ဟုဆိုသည်။

၂၀၁၁ ခုနှစ်မတိုင်ခင် ဆယ်စုနှစ်များစွာမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ဂဏန်းနှစ်လုံးရှိခဲ့သည်။ ၂၀၁၁ ရောက်တော့ ၉ .၃%၊ ၂၀၁၄ ရောက်တော့ ၇% ပတ်ဝန်းကျင်။ ဒီအချိန်မှာ တရုတ်သမ္မတ ရှိကျင့်ဖျင်က ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှု များကြောင့် အနာဂတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၇% ပတ်ဝန်းကျင်မှာပဲ ရှိ တော့မယ်၊ ဒါဟာ New Normal ပါပဲလို့ ဆိုသည်။ စင်္ကာပူနိုင်ငံမှာ ၂၀၁၅ ခုနှစ် ဝန်ကြီး ချုပ်ဟောင်း လီကွမ်းယူ ကွယ်လွန်သွားတော့ စင်္ကာပူနိုင်ငံရေးသမားတွေက ပြည်သူတွေကို လီကွမ်းယူမရှိတော့တဲ့ အခြေအနေ New Normal အတွက် ပြင်ဆင်ထားဖို့ သတိပေးခဲ့ ကြ သည်။

ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးမှာ ပုလိပ်ရောဂါလို၊ စပိန်တုပ်ကွေးလို ရောဂါကပ်ဆိုးကြီးတွေ မဖြစ်နိုင်တော့လို့ ယုံကြည်နေသူ လူသားများကို ကိုဗစ်က လှုပ်နှိုးခဲ့သည်။ နယ်စည်းတွေ ခြား လိုက်ရပြီ။ တံခါးတွေပိတ်လိုက်ရပြီ။ နွေးနွေးထွေးထွေး ဘဝတွေက ဝေးဝေးနေဖို့ ဖြစ်လာရပြီ။ တစ်ယောက်နဲ့တစ်ယောက်သံသယတွေနဲ့ကြည့်တတ်လာကြပြီ။ ကမ္ဘာကြီးရပ်တန့်လုနီးပါး ဖြစ် ခဲ့ရသည်။

ဒါပေမယ့် ကိုဗစ်ကြောက်လို့ တစ်သက်လုံး အိမ်ထဲပုန်းနေလို့မဖြစ်၊ နိုင်ငံကို တံခါးပိတ်ပြီး အထီးကျန်နေလို့မဖြစ်။ ဒီတော့ New Normal ဆိုတဲ့စကား ခေတ်စားလာ သည်။ ဒီတစ်ခါ ကမ္ဘာ့ကပ်ဘေးရောဂါဆိုတော့ New Normal ဆိုတာ ပညာရှင်အသိုင်းအဝိုင်းမှာတင်မဟုတ် တော့ ၊ နိုင်ငံတိုင်း၊ လူတိုင်း ပါးစပ်ဖျားမှာရောက်နေသည်။ နေရေး၊ စားရေး၊ သွားလာရေး၊ စီး ပွားရေး၊လူမှုရေး၊ နိုင်ငံရေး၊ အို အရာရာတိုင်းမှာ အရင်ကနဲ့ မတူပြောင်းလဲရတော့မည်။ ဘာ တွေပြောင်းရမလဲ ၊ ဘယ်လိုပြောင်းရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ၊ မေးခွန်းတွေ၊ စိုးရိမ်စိတ် တွေ။

လူစိတ်သဘောက ကိုယ်ချစ်ခင်မြတ်နိုးသော အရာများကို ထာဝစဉ်တည်တံ့ဖို့မေ ျှာ်လင့် သည်။ ကိုယ်နေသားကျနေတဲ့ ပတ်ဝန်းကျင်လေး မပြောင်းမလဲ တည်တံ့စေချင်သည်။ မတည်မြဲခြင်း တရားကို မေ့နေကြသည်။နောက်ဆုံး ဘယ်တော့မှမဖြစ် ဘူးဆိုသည့် ယုံကြည်မှုပျက်ြ ပားသွားသောအခါ ကျွန်တော်တို့အားလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ဒီလိုနဲ့ New Normal ဆိုတာ ကြောက် စရာ၊ စိုးရိမ်စရာ စကားလုံးဖြစ်လာတော့သည်။

တကယ်တော့ ကိုဗစ်သည် လူ့သမိုင်းတစ်လေ ျှာက်မှာ ကြုံခဲ့ ဖူးသော ကူးစက်ရောဂါပိုးတွေနဲ့ အတူတူပဲဖြစ်သည်။ အချိန်တန်တော့ အခြားကူးစက်ရောဂါတွေ လိုပဲ ကျွန်တော် တို့နဲ့အတူယှဉ်တွဲနေထိုင်နေမှာပဲ။ ကာကွယ်သင့်တာတွေ ကာကွယ်ကြ၊ ဆင်ခြင်သင့်တာတွေ ဆင်ခြင်ကြဖို့ပဲရှိသည်။ ကုသဖို့နည်းလမ်းတွေ၊ ကာကွယ်ဆေး တွေပေါ်လာမည်။ အဲဒီအခါ ဒီဗိုင်းရပ်စ်ပိုး ပျောက်ကွယ်သွားကောင်းသွားမည်။ ဒါမှမဟုတ် ဗိုင်းရပ်စ်တို့သဘာဝအတိုင်း မျိုးရိုးဗီဇပြောင်းလဲသွားပြီး တစ်ကျော့ပြန်တိုက်ခိုက်ကောင်း တိုက်ခိုက်မည်။ အဲဒီအခါကျတော့ လည်း ကိုဗစ်နဲ့လူသား နောက်တစ်ကြိမ်စစ်ပွဲနွဲဖို့ပဲရှိသည်။ ရောဂါကပ်ဆိုးတွေ ဘယ်လောက်ဖြစ်ဖြစ် လူသားတွေပျောက်ကွယ် မသွားခဲ့တာ ကိုဗစ်ကျမှ အရှုံးပေးဖို့မရှိ။

လူ့သမိုင်းမှာ၊ ကောင်းတဲ့အပြောင်းအလဲတွေရှိသလို ဆိုးဝါးတဲ့ ဖြစ်ရပ်တွေ ကိုလည်း ရှောင်လွှဲလို့မရ။အင်ပါယာနိုင်ငံကြီးတွေပြိုကွဲသွားသည်။ ရောဂါကပ်ဆိုးတွေ၊ စီးပွားပျက်ကပ်တွေ၊ စစ်ပွဲတွေကြောင့် မြို့တွေ၊ရွာတွေ၊ပျက်စီးရသည်။ ဘဝတွေပျက်ရ သည်။ ဒါပေမယ့် လူသားတွေ ရဲ့ ဖြစ်ပေါ်တိုးတက်မှုက ရပ်တန့်မသွား၊ အဆိုးတွေကြားက ပိုကောင်းလာတာပဲရှိသည်။

ကျွန်တော်တို့ တစ်ဦးချင်းဘဝမှာလည်း ဒီလိုပါပဲ။အိပ်မက်တွေ၊ မေ ျှာ်လင့်ချက်တွေ ပြိုလဲ ခဲ့သည်။ ချစ်ခင်သူတွေ ခွဲခွာသွား သည်။ မိတ် ဆွေတွေက ရန်သူဖြစ်သွားသည်။ဒါပေမယ့် စိတ်ပျက်လို့မရ၊ လက်မြှောက်အရှုံးပေးလို့မဖြစ်၊ ထိုင်ပြီး ငိုကြွေးနေလို့ မပြီး။ ရေစီး သာ သည်ဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ ၊ လက်လေ ျှာ့လို့မရ၊ ရေဆန်ကိုတက်ရဲမှ၊ ဘဝလှမည်။

ဘယ်အရာမှ မတည်မြဲသောလောကသဘာဝအရ New Normal သည် ထူးခြားသော အဖြစ် မဟုတ်၊ အမြဲတမ်းလိုလို ကြုံတွေ့ရမည့်သဘောသာဖြစ်သည်။ ဘယ်အခြေအနေ ရောက် ရောက် ရှင်သန်နေဖို့ပဲ ကြိုးစားဖို့လိုသည်။ ရှင်သန်ခြင်း ကသာ ဘဝအတွက်သော့ချက်ဖြစ်သည်။ ကျွန် တော်တို့အားလုံး ဖီးနစ်ငှက်များသာ။

ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁
ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။
ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံ ရ ပြီး တဲ့နောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိ ဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ပုံ ၂
ဒုတိယအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈ ၊ ပုဒ်မခွဲ (က) အရ နောင် ပြုလုပ်တဲ့ရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ဖြစ် ပါတယ်။
ပုဒ်မ ၈၈ ပုဒ်မခွဲ (က) ဆိုတာက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ဒါမှမဟုတ် သေဒဏ် / တစ်သက်တစ်ကျွန်းဒဏ်ထိုက်သော ပြစ်မှုနဲ့ ပြစ်ဒဏ်စီရင်ခြင်းခံရလို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူးလို့ ကြေညာခြင်းခံရရင် အဲဒီကြေညာတဲ့နေ့က စပြီး နောင် ပြုလုပ်သည့် ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်မရှိဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ပုံ ၃
ဒီပုဒ်မ ၈၈ (က) က နည်းနည်းတော့ ထူူးခြားတယ်။ ဒီပုဒ်မကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ကျမှ ပြင်ဆင်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပုံ ၄
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှတ်တမ်းများအရ
ဒီဥပဒေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာ၊ ဆွေးနွေးတာမရှိဘူး ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြားမှာ သဘောထားကွဲတာ မရှိတဲ့အတွက်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၁ အရ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အတည်ပြုတယ်။ ပုံ ၅
သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာလက်မှတ် ထိုးတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၇) အဖြစ် အတည်ဖြစ်သွားခဲ့တယ်။
အဲဒါဆိုရင် တပ်မတော်အစိုးရ ( နယကအစိုးရ ) လက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေမှာ ပုဒ်မ ၈၈ ကို ဘယ်လို ပြဋ္ဌာန်းခဲ့လဲ ပြန်လေ့လာကြည့်ရအောင်။
အဲဒီ မူလ ဥပဒေမှာ က ပုဒ်မ ၈၈ မှာ အပိုဒ်ခွဲတွေမပါဘူး။ တစ်ပိုဒ်ပဲပါတယ်။ အဲဒီမှာ ရွေးကောက် ပွဲ ဥပဒေအရ အရည်အချင်းပျက်ယွင်းရင်၊ ဒါမှမဟုတ် ရွေးကောက်ပွဲဥပဒေအခန်း ၁၃ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုကျူးလွန်လို့ ထောင်ဒဏ်ကျခံရရင် ၊ ဒါမှမဟုတ် တည်ဆဲ ဥပဒေတစ်ခုခုကို ချိုးဖောက်ပြီး ထောင်ဒဏ်ကျခံရရင် လက်ရှိ လွှတ်တော်သက်တမ်း နဲ့ နောက် လာမယ့် လွှတ်တော်သက်တမ်းအတွက် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိ လို့ပဲ ပြဋ္ဌာန်းထားတယ်။ ပုံ ၆
ဒီတော့ မူလဥပဒေမှာက လက်ရှိလွှတ်တော်သက်တမ်းနဲ့နောက်လာမယ့်လွှတ်တော်သက်တမ်း ဆိုတော့ အများဆုံး ဆယ်နှစ် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးပေါ့။
၂၀၁၆ တတိယအကြိမ်ပြင်ဆင်ချက်မှာကျတော့ “ နောင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ” လို့ ပြဋ္ဌာန်းထားတဲ့အတွက် တစ်သက်လုံး နိုင်ငံရေးမလုပ်ရတဲ့သဘောဖြစ်နေတယ်။ ပိုပြင်း ထန် သွားတယ်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အဲဒီအချိန်က ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ကိုယ် တိုင်လည်း အလေးအနက်မထားခဲ့ဘူး။ ပြင်တယ်ဆိုတဲ့သတင်းလောက်ပဲ သိခဲ့တယ်။ လွှတ်တော် ထဲမှာ အကြိတ်အနယ်ဆွေးနွေးတာလည်း သတိမထားမိဘူး။ မီဒီယာတွေမှာလည်း အကျယ် တဝင့် သုံးသပ်တာရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်လက်လှမ်းမီသလောက်မှာတော့ မတွေ့ခဲ့ ဘူး။
အခု ဒေါက်တာအေးမောင် ကိစ္စဖြစ်လာတဲ့အချိန်မှာတော့ ပုဒ်မ ၈၈ (က) ကိစ္စက အလေးအနက် ဆွေးနွေးရမယ့် ကိစ္စဖြစ်လာပြီလို့မြင်ပါတယ်။ ဒီပုဒ်မကို ပြင်သင့်လား၊ ဒီအတိုင်း ဆက်ထားမလားဆိုတာကလည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့က ပြန် လည် သုံးသပ်သင့်ပါပြီ။ သမ္မတ ဦးဝင်းမြင့် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့လည်း အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ တဲ့အခြေအနေတွေကို သိမှာပါ။
မတရားတဲ့ဥပဒေတွေဆိုရင် ပြင်ရမယ်၊ ဆန့်ကျင်ရမယ်ဆိုတဲ့ အယူအဆကို ဆွဲကိုင်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်များလက်ထက်မှာ ပြင်ချင်တဲ့ဆန္ဒရှိရင် ပြင်လို့ရတယ်လို့ပဲ မြင်ပါတယ်။

ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။

“ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်း အချက်အလက်နှင့်အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာတစ်ရပ်ရပ်မှ တဆင့် နယ်နမိတ်အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့် ၊ လက်ခံခွင့် နှင့် ဖြန့်ချိခွင့် တို့ပါဝင်သည်။

အခုခေတ် ဖေ့စ်ဘွတ်ကနေ၊ ဘလော့ဂ်ကနေ ကိုယ့်အယူအဆတွေ၊ အတွေးအမြင်တွေ၊ သုံးသပ် ချက်တွေကို ရေးသားနေတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို ကျင့်သုံးနေတာပါ ပဲ။

ဒါပေမယ့် ဒီ အခွင့်အရေးဟာ အတားအဆီးမဲ့၊ အကန့်အသတ်မဲ့ကျင့်သုံးလို့ ရတာတော့ မဟုတ်ဘူး။

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၂ မှာ

“ မည်သူမ ျှ မိမိ၏ ပုဂ်္ဂိုလ်ရေးလွတ်လပ်ခွင့် ၊ မိသားစု ၊ နေအိမ် သို့မဟုတ် စာပေး စာယူ ကိစ္စရပ်များတွင် မတရားဝင်ရောက်စွက်ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာ နှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း၊ ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ် ရပိုင်ခွင့်ရှိသည်။ ”

လို့ ဖော်ပြထားတယ်။

ဒီတော့ လူတိုင်းက လွတ်လပ်စွာဝေဖန်လို့ရတယ်။ ဒါပေမယ့် ဝေဖန်ခံရသူဘက်ကလည်း ကိုယ့် ဂုဏ်သိက္ခာကို ထိခိုက်တယ်၊ မမှန်မကန်ဝေဖန်ခံရတယ်လို့ ယူဆရင် တရားစွဲတာ၊ တိုင်ကြား တ လုပ်လို့ရတယ်၊ နှစ်ယောက်လုံးမှာ အခွင့်အရေးရှိတယ်။ ဘယ်သူ့အခွင့်အရေးက ပိုသာတယ် လို့ ပြောလို့မရဘူး။ နှစ်ခုလုံးက အခြေခံလူ့အခွင့်အရေးပဲ၊ တန်းတူပဲ။

ဒါ့ကြောင့်လည်း သက်ဆိုင်ရာနိုင်ငံတိုင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကို ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ အခြေခံဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားသလို လူတစ်ဦးချင်းက မိမိ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ တရားမဥပဒေ နဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်းပေးထားတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပဲ။

ဒီတော့ ဝေဖန်သူကိုလည်း ဝေဖန်ရမလားဆိုပြီး အပြစ်မတင်နဲ့။

အဲဒီလိုပဲ တရားစွဲတဲ့သူကိုလည်း တရားစွဲရမလားဆိုပြီး အပြစ်မတင်နဲ့။

ဥပဒေနဲ့ အညီ တရားရုံးမှာ ရင်ဆိုင်၊ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူ ဖို့နဲ့ လူအုပ်စု နဲ့တရားစီရင်တာ၊ မီဒီယာပေါ်မှာ တရားစီရင်တာ (Trial by Media) မဖြစ်ဖို့ပဲ အရေးကြီးပါတယ်။

ကိုယ်ရေးရာဇဝင်စိစစ်ခြင်း

နိုင်ငံတော်သမ္မတ အိမ်တော်မှာ သတင်းယူခွင့်ပြုဖို့ လေ ျှာက်ထားတဲ့သတင်းထောက်နှစ်ယောက် ကို ပြစ်မှုနောက်ကြောင်းမရှင်းလို့ သတင်းယူခွင့်မပြုတဲ့ အကြောင်း ကာယကံရှင်သတင်းထောက် က တင်ထားတာတွေ့ရတယ်။ ပုံ ၁

အခု သတင်းထောက်နှစ်ယောက် ပြစ်မှုနောက်ကြောင်းမရှင်းတာဟာ ဘာကိစ္စလည်းလို့တော့ မပါဘူး။ ဒါပေမယ့် ဒီသတင်းကို ဖတ်ရတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြင်ပ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းရာဇဝင်စိစစ်ချိန်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို သတိရမိတယ်

အရေးကြီးတဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို စစ်ဆေး ရတာ အစိုးရဌာနတွေရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ဒီလို စိစစ်မှုကို နိုင်ငံ့ဝန်ထမ်းတွေကို လုပ်သလို အစိုးရဌာနတွေမှာ ကာလအတိုင်းအတာတစ်ခုအထိ ဝင်ထွက်မယ့်၊ အလုပ်လုပ်မယ့် ပြင်ပ ပုဂ္ဂိုလ် အရပ်သားတွေကိုလည်း စိစစ်ရပါတယ်။ အိမ်တော်မှာ သတင်းယူမယ့် သတင်းထောက်တွေ ရဲ့ ကိုယ်ရေးရာဇဝင်ကို စိစစ်တယ်ဆိုတာလည်း အဲဒီသဘောပါပဲ။

နောက်ကြောင်းစိစစ်ဖို့ အတွက် သတ်မှတ်ထားတဲ့အချက်တွေ အများကြီးရှိတယ်။ အဲဒီအထဲမှာ ရာဇဝတ်မှု/နိုင်ငံရေးနဲ့ပတ်သက်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့မှုရှိ၊ မရှိ၊ အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ခြင်းရှိ၊မရှိ။ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက် နေ တဲ့ အဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားခဲ့ခြင်း ရှိ၊မရှိ ဆိုတဲ့အချက်တွေလည်းပါတယ်။

အဲဒီလို စိစစ်တဲ့အခါ ကာယကံရှင်ကိုယ်တိုင်အပြင် သူ့မိဘ၊ ညီအကိုမောင်နှမ ၊ ဆွေမျိုးတွေ၊ အိမ်ထောင်ရှိရင် အိမ်ထောင်ဘက်ရဲ့ မိဘဆွေမျိုးတွေကို ပါစိစစ်ပါတယ်။ စိစစ်မှုတဲ့ အခါ သတ်မှတ်ထားတဲ့အချက်တစ်ခုခုနဲ့ ငြိစွန်းနေရင် နောက်ကြောင်းမရှင်းဘူးပေါ့။ လုံခြုံရေးအရ စိတ်မချ ရဘူးပေါ့။ အဲဒါဆိုရင် ဝင်/ထွက်လို့၊ အလုပ်လုပ်လို့၊ တာဝန်ပေးလို့မရဘူး။

၂၀၁၁ ခုနှစ် သြဂုတ်လလောက်ကစပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့အခါ ပြည်ပရောက် မြန်မာနိုင်ငံသားအများအပြားကို နာမည်ပျက်စာရင်း ( Black List ) သွင်းထားရာကနေ ပယ်ဖျက် ပေးခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်လာခွင့်ပေးခဲ့တယ်။ ဒီလိုပဲ ပြည်တွင်းမှာ အကျဉ်းကျခံနေ ရတဲ့ နိုင်ငံရေးသမား၊ ကျောင်းသား၊ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးခဲ့တယ်။

အဲဒီပုဂ္ဂိုလ်တွေအတော်များများဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ သတင်းမီဒီယာ ၊ လူမှုရေး စတဲ့ကဏ္ဍအတော်များများမှာ ဝင်ရောက်လှုပ်ရှားကြတယ်။ တစ်ချို့က လုပ်ငန်း သဘော သဘာဝအရ သမ္မတ အိမ်တော်အပါအဝင် အစိုးရဌာနတွေနဲ့ ဆက်စပ်လုပ်ကိုင်ရ၊ သတင်းယူ ရ မယ့် အခြေအနေမှာရှိတယ်။

ဒီတော့ အဲဒီပုဂ္ဂိုလ်တွေကို နောက်ကြောင်းစိစစ်ဖို့လိုလာတယ်။ ဒါပေမယ့် ပြဿနာက အားလုံး လိုလိုက အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု၊ လက်နက်ကိုင်အဖွဲ့မှာပါဝင်ခဲ့မှု၊ ပြစ်ဒဏ်ကျခံခဲ့မှု စတဲ့အချက်တွေ နဲ့ ငြိစွန်းနေကြတယ်။

နောက်ဆုံးတော့ အဲဒီပြဿနာက သမ္မတဦးသိန်းစိန်ဆီကိုရောက်သွားတယ်။ ဦးသိန်းစိန်က လူသတ်မှု၊ မူးယစ်ဆေးဝါးမှု လို ပြစ်မှုကြီးတွေကိုတော့ စစ်ပါ။ နိုင်ငံရေးသဘောထားကွဲလွဲ မှု ကြောင့်ဖြစ်ခဲ့တာတွေကိုတော့ ထားလိုက်ပါတော့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ပါဝင် ခဲ့ တယ်ဆိုတာလည်း အခု အဲဒီအဖွဲ့တွေနဲ့တောင် ငြိမ်းချမ်းရေးဆွေးနွေးတော့မှာဖြစ်တဲ့ အတွက် ထားလိုက်ပါ လို့ ဆုံးဖြတ်ပေးခဲ့တယ်။ တကယ်တော့ စကားလှလှ မသုံးခဲ့ပေမယ့် ဦးသိန်းစိန် က အာလုံးပါဝင်ခွင့်နဲ့ သင်ပုန်းချေရေးကို လုပ်ခဲ့တာပါပဲ။

ဒါ့ကြောင့် ပြည်တော်ပြန်ပုဂ္ဂိုလ်များ၊ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများဟာ အစိုးရ ဌာန အသီးသီးနဲ့ လွတ်လွတ်လပ်လပ်ဆက်ဆံလို့ရခဲ့တယ်။ သမ္မတ အိမ်တော်အထိ ဝင်ထွက်၊ သမ္မတနဲ့လည်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့တယ်။ သမ္မတ နဲ့အစိုးရအဖွဲ့ကို လွတ်လွတ်လပ်လပ် ဝေဖန်လို့ရခဲ့တယ်။

တစ်ခါက အတွေ့အကြုံ ဖြစ်ပါတယ်။

ဗိုင်းရပ်စ် နဲ့ အိန္ဒိယ

မေလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၆၅၀၈ ယောက် ရှိတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ စုစုပေါင်းရောဂါ ကူးစက်ခံရသူ အရေအတွက် ၈၄၀၃၈ ယောက်ကို ကျော်လွန်သွားခဲ့ပြီး အိန္ဒိယဟာ အာရှတိုက်မှာ ရောဂါကူးစက်မှုအများဆုံး နိုင်ငံ ဖြစ်လာခဲ့တယ်။ သေဆုံးသူအရေအတွက်ကတော့ ၂၇၆၀ ယောက်ရှိတဲ့အတွက် တရုတ် နိုင်ငံ ရဲ့ သေဆုံးသူအရေအတွက် ၄၆၃၇ ယောက်ထက် နည်းတယ်။

အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါး ဟာ လူဦးရေ ၁၉ သန်းရှိတဲ့ မြို့တော် ဒေလီ နဲ့ လူဦးရေ ၂၂ သန်းရှိတဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်း က ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကူးစက်သူ တွေများလာနိုင်တယ်လို့ စိုးရိမ်နေကြတယ်။

အခုလို ကူးစက်မှုတွေ မြင့်တက်လာနေပေမယ့်လည်း အိန္ဒိယအစိုးရကတော့ မတ်လ ၂၅ ရက်နေ့ က စပြီး ချမှတ်ထားတဲ့ ပြင်းထန်တဲ့ သွားလာမှုကန့် သတ်ချက်တွေကို မေလ ၁၈ ရက်နေ့ကစပြီး လေ ျှာ့ပေ းဖို့ဆောင် ရွက်နေတယ်။ နိုင်ငံရဲ့ စီးပွားရေးအခြေအနေကလည်း ကန့်သတ်ချက် တွေကို မဖြစ်မနေလေ ျှာ့ပေးရမယ့်အခြေအနေကိုရောက်နေတယ်။ စီး ပွားရေးလုပ်ငန်း တွေအားလုံး ရပ်၊ ခရီးသည်ပို့ဆောင်ရေးအားလုံးရပ်၊ သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေ ငတ် နေတဲ့အခြေအနေကို ကြာရှည်ရင်ဆိုင်ဖို့မဖြစ်နိုင်ဘူး။

အိန္ဒိယ အစိုးရရဲ့ အစီအစဉ်အရ ခရိုင်တွေကို ရောဂါကူးစက်မှုအခြေအနေအပေါ်မူတည် ပြီး အနီ ရောင်၊ လိမ္မော်ရောင် နဲ့ အစိမ်းရောင် ဆိုပြီး ခွဲခြားပြီး ကန့်သတ်မှုတွေ ဆောင်ရွက်မှာ ဖြစ် ပါတယ်။ အနီရောင်ကတော့ ကူးစက်မှုအများဆုံးနေရာတွေဖြစ်ပြီး ကန့်သတ်ချက်အများဆုံး ထားရှိမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ အနီရောင်အဆင့်သတ်မှတ်ခံရမယ့် ခရိုင် ၁၃၀ ရှိတယ်။ အဲဒီ ခရိုင် ၁၃၀ မှာ အိန္ဒိယ စီးပွားရေးကဏ္ဍရဲ့ ၄၁%၊ စက်မှုထုတ်ကုန်ရဲ့ ၃၈ % ရှိတဲ့အတွက် ဒီခရိုင်တွေရဲ့ ရောဂါ ကူးစက်မှုကို ထိန်းချုပ်မှုမလုပ်နိုင်သေးရင်တော့ အိန္ဒိယ စီးပွားရေး နလံပြန်ထူဖို့မလွယ်သေး ဘူး။

ကိုးကား။ စထရိတ်တိုင်းမ်းသတင်းစာ ၁၆ မေ ၂၀၂၀၊

ဗိုင်းရပ်စ် နဲ့ မီတာခ


ကိုဗစ် ၁၉ ကြောင့် စီးပွားရေး အရထိခိုက်မှုတွေ သက်သာအောင်လို့ နိုင်ငံတော်က ဧပြီလ အတွက် ယူနစ် ၁၅၀ အခမဲ့ သုံးခွင့်ပြုတယ်။ ဒါပေမယ့် ပြည်သူတွေမေ ျှာ်လင့်သလောက် မသက် သာဘူး၊ အရင်လတွေထက် ပိုပေးရတဲ့သူတွေရှိတယ်၊ ဒါ့ကြောင့် ကန့်ကွက်သံတွေ ပေါ်လာ တယ်။
အဲဒီလို ကန့်ကွက်မှုတွေထဲမှာ ကျသင့် မီတာယူနစ်တွေထဲက ယူနစ် ၁၅၀ ကို ဖြတ်ပြီး လက်ကျန် ယူနစ်ကိုပဲ တွက်ချက် ကောက်ခံသင့်တယ်လို့ ပြောဆိုမှုေ တွ နဲ့ပတ်သက်ပြီးယူနစ် ၁၅၀ ကို ဖြတ်ပြီးမှ ငွေကောက်ခံရင် စာရင်းစစ်ကန့်ကွက်ချက်ပေါ်မယ်၊ ဒါ့ကြောင့် ကျသင့်ငွေအားလုံးကို တွက်ချက်ပြီးမှ ဈေးအသက်သာဆုံး ယူနစ် ၁၅၀ အတွက် ကျသင့်ငွေ ၁၁၅၅၀ ကျပ်ကို ပြန်ဖြတ်တာဖြစ်တယ်လို့ ဖြေရှင်းတဲ့ အကြောင်း သတင်းတွေမှာ တွေ့ရတယ်။
ကျွန်တော့်အတွေ့အကြုံအရတော့ အဲဒီအကြောင်းပြချက်က ခိုင်လုံမှုမရှိဘူးလို့မြင်ပါတယ် ။
စာရင်းစစ်ချုပ်ရုံးရဲ့ စာရင်းစစ်ဆေးမှု လုပ်ထုံးလုပ်နည်းေ တွကို ဥပဒေ စကားလုံးတွေမပါ ဘဲ ရှင်း ပြရရင်
၁။ စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်ဆေးတဲ့အခါ နိုင်ငံတော်က ရသင့်တဲ့ ငွေတွေ ရရဲ့လား၊ နိုင်ငံ တော်ပိုင်ငွေကြေး၊ ပစ္စည်းတွေ မလိုအပ်ဘဲ ဆုံးရှုံးမှုရှိသလား ၊ စာရင်းဇယားထိန်းသိမ်း မှု တွေက သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီလား ဆိုတာ ကို အဓိကထားစစ်ပါတယ်။
၂။ ရငွေနဲ့ပတ်သက်လို့ ရသင့်တာ မရဘူး၊ လျော့ရတယ်၊ ကြွေးကျန်တယ်ဆိုရင် သက်ဆိုင်ရာဌာနက အကျိုးအကြောင်းရှင်းပြရတယ်။ ဥပမာ၊ ကောက် ခံတဲ့နှုန်းပြောင်းလို့၊ သက်သာခွင့်ပေးလိုက်လို့၊ စာချုပ်ဖျက်လိုက်လို့ စသည်ဖြင့်ပေါ့။
၃။ အဲဒီလိုရှင်းပြတဲ့အခါ အထောက်အထားပြရတယ်။ ဥပမာ ။ ပြည်ထောင်စုအစိုးရအဖွဲ့ ဆုံးဖြတ် ချက်ကြောင့်၊ ဝန်ကြီးဌာန အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ စသည်ဖြင့်ပေါ့။
၄။ အဲဒီလို အထောက်အထားပြနိုင်ရင် စာရင်းစစ်က လက်ခံတယ်။ စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ဘူး။
ဒီတော့ မီတာခ ၁၅၀ ယူနစ် သက်သာခွင့်ပေးတာနဲ့ပတ်သက်ပြီးငွေ ဘယ်လိုကောက်ခံမလဲ ဆို တာကို
၁။ ဝန်ကြီးရုံး အမှုဆောင်အဖွဲ့ ( အီးစီ) အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ရမယ်။ စာရင်းစစ် ချုပ် ရုံးရဲ့ သဘောထားကို တောင်းသင့်ရင်တောင်းရမယ်။
၂။ အဲဒီဆုံးဖြတ်ချက်ကို လိုအပ်ရင် အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြအတည်ပြုချက် ယူ ရမယ်။ စာရင်းစစ်ချုပ်လည်း အစိုးရအဖွဲ့အစည်းအဝေးတက်ရတဲ့အတွက် သူလည်း ပါဝင် ဆွေးနွေးနိုင်တယ်။
၃။ အဲဒီလို အတည်ပြုချက်ရပြီဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တွေကို ဝန်ကြီးဌာနက တရားဝင်အကြောင်းကြားရမယ်။
၄။ သက်ဆိုင်ရာမြို့နယ်တွေက အဲဒီညွှန်ကြားချက်ပါအတိုင်း ကောက်ခံ၊ စာရင်းစစ်ဆေးခံတဲ့ အခါ လေ ျှာ့ကောက်ရတဲ့ အထောက်အထားအဖြစ် အဲဒီညွှန်ကြားချက်ကို ပြသ အစစ်ဆေးခံ ရမယ်။
ပြန်ချုပ်လိုက်ရင်တော့ ကျွန်တော့်အတွေ့အကြုံအရ ဘယ်လို စနစ်နဲ့ ကောက်ခံမလဲဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်ပဲ၊ ကောက်ခံမယ့် စနစ်က ကျိုးကြောင်းခိုင်လုံရင် စာရင်းစစ်က လက်ခံမှာပဲ။
ဒ့ါကြောင့် အခု မီတာခ ကိစ္စမှာ ယူနစ် ၁၅၀ အစား ငွေ ၁၁၅၅၀ ကျပ်ဖြတ်တာဟာ စာရင်းစစ်ချုပ် ရုံး နဲ့ ကြိုတင်ညှိနှိုင်းချက် အရ ဆောင်ရွက်ရတာလား၊ ဌာနတွင်း ဆုံးဖြတ် ချက်လားဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနဘက်က အသေးစိတ်ရှင်းပြသင့် တယ်၊ လိုအပ်ရင် မေ လအတွက် ကောက်ခံမယ့် စနစ်ကို ပြန် လည် ပြင်ဆင်သင့်ရင် ပြင်ဆင်ရမယ်လို့ ယူဆမိပါတယ်။