ရှမ်းပြည်နယ်အကြောင်းစာအုပ်ကောင်းများ

မိတ်ဆွေတစ်ယောက်က ညွှန်းလို့ ရှမ်းပြည်နယ် သမိုင်းနဲ့ပတ်သက်တဲ့ စာအုပ် သုံးအုပ် ဝယ်လိုက် တယ်။ စာရေးသူ ဆရာ စိုင်းခမ်းမိုင်း က မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နည်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဌာန ကထိက အဆင့်ကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စင်္ကာပူအမျိုးသား တက္ကသိုလ်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နဲ့ သြစတေးလျ အမျိုးသားတက္ကသိုလ်တွေ မှာ သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တောင်ကြီးမြို့ အခြေစိုက် ရှမ်းသုတေသန စင်တာရဲ့ အမှုဆောင်ဒါရိုက်တာနဲ႕ နှစ်စဉ်ထုတ်ဝေတဲ့ ရှမ်းသုတေသန စာ စောင်ရဲ့ အယ်ဒီတာ အဖြစ် တာဝန်ယူထားပါတယ်။ ဆရာ့ကိုယ်ရေးသမိုင်းအပြည့်အစုံကို ဓာတ်ပုံ မှာ လေ့လာနိုင်ပါတယ်။

စာအုပ်သုံးအုပ်မှာ နှစ်အုပ်က အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေတာဖြစ်ပြီး တစ်အုပ်က မြန်မာ ဘာသာနဲ့ ရေးသားထုတ်ဝေတာဖြစ်ပါတယ်။

မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်က “ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ်” ဖြစ်ပါ တယ်။ ဒီစာအုပ် အပိုင်း (၁) မှာ မြန်မာမင်းများလက်ထက် ရှမ်းပြည်နယ်အခြေအနေကနေ ၁၉ ၄၇ ခုနှစ် ပင်လုံ ညီလာခံကျင်းပချိန်အထိ ရှမ်းပြည်နယ် နိုင်ငံရေး၊ အုပ်ချုပ်ရေး အခြေအနေများကို ရေး သားထားပြီး အပိုင်း(၂) မှာ ရှမ်းစာပေသင်ကြားရေးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကို ရေးသား ထားပါတယ်။ စာအုပ်နောက်ဆုံးအပိုင်းမှာတော့ ဆရာစိုင်းခမ်းမိုင်း ရဲ့ ဆရာများဖြစ်တဲ့ ဆရာ ဒေါက် တာ သန်းထွန်း၊ ဆရာ စိုင်းအောင်ထွန်း၊ ဆရာထွန်းအောင်ချိန် နဲ့ ဆရာဦးသော်ကောင်း တို့ အကြောင်းကို ရေးသား ထားပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့စာအုပ်နှစ်အုပ်က “ Selected Writings of Sai Kham Mong Volume I နဲ့ Volume II ဖြစ်ပါတယ်။ ဒီစာအုပ်နှစ်အုပ်က မြန်မာဘာသာနဲ့ ရေးထားတဲ့ စာအုပ် ထက် ပညာရပ်ဆိုင်ရာတန်ဖိုးပိုပြီးမြင့်ပါတယ်။ ရှမ်းလူမျိုးများရဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေး မှု အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ဝ၊ကိုးကန့် ဒေသများနဲ့ ကွတ်ခိုင်ဒေသမှာရှိတဲ့ ကချင်တိုင်း ရင်း သားများအကြောင်း ဆောင်းပါးများ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာ – တရုတ်နယ်နမိတ် အကြောင်း၊ မြန်မာမင်းများလက်ထက်က မြန်မာ-ထိုင်း စစ်ပွဲများ အကြောင်း တွေ လည်း ပါဝင်ပါတယ်။

စာအုပ်သုံးအုပ်လုံးကို ပြီးအောင်မဖတ်နိုင်သေးပါဘူး။ စာမြည်းအနေနဲ့ဖတ်ပြီး စိတ်ဝင်စားသူတွေ ဝယ်ဖတ်နိုင်အောင် လက်တို့ လိုက်တာပါ။

ဒီစာအုပ်တွေ ပန်းဆိုးတန်းက စာအုပ် ဆိုင်တွေမှာ ရ/ မရ မသိဘူး။ ကျွန်တော်ကတော့ ရန်ကုန် ဖြန့်ချိရေးကို ဆောင်ရွက်နေတဲ့ ဖုန်း 09795923280 ကို ဆက်ပြီး တိုက်ရိုက်မှာလိုက်တာပါ။ မြန်မာဘာသာနဲ့ စာအုပ်က တန်ဖိုး ၅၀၀၀( စာမျက်နှာ ၁၅၂ မျက်နှာ) ၊ အင်္ဂလိပ်ဘာသာ အတွဲ ၁ က တန်ဖိုး ၂၅၀၀၀ ( စာမျက်နှာ ၄၀၄ မျက်နှာ) ၊ အတွဲ ၂ က တန်ဖိုး ၁၅၀၀၀ ( စာမျက်နှာ ၂၈၄ မျက်နှာ) ဖြစ်ပါတယ်။ အိမ်အရောက် ပို့ဆောင်ပေးပါတယ်။ ပို့ဆောင်ခကို ဝယ်သူက ကျခံ ရ ပါတယ်။

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၂)

သူငယ်ချင်း – ထိုင်းအခြေခံဥပဒေအကြောင်းမင်းရေးတာ ငါတော့ လက်မခံဘူး။ ဒီမိုကရေစီမှာ တစ်ပါတီတည်းက အပြတ်အသတ်နိုင်သွားရင် ထင်ရာလုပ်တဲ့ ဖြစ်စဉ်တွေရှိတယ်ဆို တာ ငြင်းလို့မရဘူး။ သက်ဆင် ကိစ္စပဲကြည့်ပေါ့။ ဒါ့ကြောင့် အများစုရတဲ့ပါတီက ထင်ရာလုပ်လို့မရအောင် ထိန်းချုပ် မှု၊ ကန့်သတ်မှုတွေ ရှိရ မယ်။

ကျွန်တော်- ဒီမိုကရေစီမှာ အများစုနိုင်တဲ့ ပါတီက ထင်ရာစိုင်းတာမဖြစ်အောင် ထိန်းချုပ်မှု တွေ ရှိရမယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီထိန်းချုပ်မှုဆိုတာက လွတ်လပ်တရားမ ျှတတဲ့ ရွေးကောက်ပွဲစနစ်၊ လွတ်လပ်တဲ့ တရား စီရင်ရေး၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဘက်လိုက်မှုမရှိဘဲအရည်အချင်းပြည့်ဝတဲ့နိုင်ငံ့ဝန်ထမ်းစနစ်၊ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး နဲ့ ရပိုင် ခွင့်တွေကို ကာကွယ်ပေးတဲ့ ဥပဒေ စတာတွေနဲ့ လုပ်ရတာ။ တစ်ယောက်၊ တစ်ဖွဲ့က ငါတို့က ပိုသိ၊ ပိုတတ်၊ ဗျာဒိတ်ရထားလို့ တာဝန်ရှိတယ် ဆိုပြီး ဝင်လုပ်ရတာမျိုးမဟုတ်ဘူး။ ဒိုင်လည်း လုပ်ချင်၊ ဖလားလည်းယူချင်တယ်ဆို ရင် တော့ ပိုဆိုး ပြီပေါ့။

ဤတွင်တစ်ခန်းရပ်

ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်

အနန် ပန်ရာရချွန် ( Anand Panyarachun) ဆိုတာ ထိုင်းနိုင်ငံ ၁၉ ၉ ၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်တပ်အာဏာသိမ်း မှုနဲ့ Black May လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ၁၉ ၉ ၂ မေ ၁၇သွေးချောင်းစီးမှုကြီးနောက်ပိုင်းတွေမှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်း ဆောင် ပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံသမိုင်းမှာ ဒီမို ကရေစီ အကျ ဆုံး လို့ထင်ရှားတဲ့၁၉၉၇ခုနှစ် အခြေခံဥပဒေကို ရေးဆွဲရာမှာ ခေါင်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ( အဲဒီအခြေခံ ဥပဒေကို ၂၀၀၆ စစ်တပ် အာဏာသိမ်းမှု အပြီးမှာဖျက်သိမ်းခဲ့တယ်။ )

သူက နိုင် ငံရေး ခေါင်းဆောင်မဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ သံတမန်ဆိုင်ရာ ရာထူး အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်အဆင့်ကနေ အနားယူခဲ့သူဖြစ်ပါတယ်။ ဒါပေ မဲ့ သူ့အစိုးရ ကို စွမ်းဆောင်ရည်မြင့်ပြီး အဂတိလိုက်စားမှု အနည်းဆုံးအစိုးရအဖြစ် ထိုင်းပြည်သူ တွေ က အသိအမှတ်ပြုခဲ့ကြတယ်။ သူ့ကို နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းမှု တွေ ရှိပေမယ့် မလုပ်ခဲ့ဘူး။

ဝန်ကြီးချုပ် အနန်ရဲ့ ပထမသက်တမ်းက ဖေဖော်ဝါရီ ၂၃ အာဏာသိမ်းကောင်စီက ခန့်အပ်တဲ့ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဖြစ်ပေမယ့် ဘဏ္ဍာရေး၊ စီးပွားရေး ဆိုင်ရာမူဝါဒတွေမှာ အာဏာသိမ်း ကောင်စီ National Peace Keeping Council (NPKC) ရဲ့ စွက်ဖက်မှုတွေကို လက်မခံခဲ့ဖူး။ အဲဒီ အချိန်မှာ ထိုင်းစစ်တပ်က ကာကွယ်ရေးဘတ်ဂျက်တိုးတောင်းတာကို ပယ်ချတဲ့အတွက် အာဏာ သိမ်းကောင်စီဝင် လေတပ် ဦးစီးချုပ်ဖြစ်သူက ဝန်ကြီးချုပ် ကို ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆို တာခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရင်နဲ့ လူထုက ဝန်ကြီးချုပ်ကို ထောက်ခံတဲ့အတွက် လုပ်လို့မရခဲ့ဘူး။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အနန်က

“ စစ်အင်အားတစ်ခုတည်းနဲ့ အမျိုးသားလုံခြုံရေးကို အာမခံလို့မရဘူး။ နိုင်ငံသားတွေရဲ့ နိုင်ငံ ရေး လွတ်လပ်ခွင့်နဲ့ မိမိဘဝကို ကောင်းမွန်အောင် တည်ဆောက်နိုင်မယ့် အခွင့် အရေးတွေကို ပိတ်ပင် ထားနေသရွေ့ ဘယ်နိုင်ငံမှ လုံခြုံစိတ်ချတယ် လို့ခံစားရမှာ မဟုတ် ဘူး။” လို့ သမိုင်းတွင် မယ့် စကားကို ပြောခဲ့တယ်။

(“Military might is no longer a guarantee of national security. No nation can feel secure as long as its citizens are deprived of freedom of political expression and of the opportunities for a better and more meaningful life.”)

သူ့ဘဝဇာတ်ကြောင်းစာအုပ်ကို အေးရှာဝိခ်သတင်းထောက် Dominic Faulder က “Anand Panyarachun and the Making of Modern Thailand” အမည်နဲ့ ရေးသားပြီး ၂၀၁၉ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ရေးနိုင်ဖို့အတွက် Dominic Faulder ဟာ ဝန်ကြီးချုပ် အနန် ကို အကြိမ် ပေါင်းများစွာတွေ့ဆုံမေးမြန်းခဲ့သလို အနန်နဲ့ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ရာကျော်ကို လည်း တွေ့ဆုံမေးမြန်းခဲ့တယ်။

စာမျက်နှာ ခြောက်ရာကျော်ရှိတဲ့ ဒီစာအုပ်က ဝန်ကြီးချုပ်အနန်ရဲ့ဘဝဇာတ်လမ်းဖြစ်သလို ထိုင်းနိုင်ငံ ရေးသမိုင်းလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်လိုက်ရင် နန်းတော်၊ တပ်မတော် နဲ့ ထိုင်းနိုင်ငံရေး အကြား နောက် ကွယ်က ဇာတ်လမ်းတွေကို သိရမှာဖြစ်ပြီး ဒီနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ ကိုလည်း မှန်းဆ နိုင်မှာဖြစ်ပါတယ်။

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၁ )

သူငယ်ချင်း – ထိုင်း နဲ့ ငါတို့ဘာကွာလဲ။

ကျွန်တော်- ထိုင်းက သူ့အတိုင်းအတာနဲ့ သူစားတယ်။ လောဘ မကြီးဘူး။ အတိုင်း အရှည် သိတယ်။ ငါတို့ဆီကတော့ အကုန်စားတယ်။ အသားဟင်း၊ ထမင်း၊ ဟင်းချို ၊ အစိမ်း ကြော်၊ ငါးပိရည်၊ တို့စရာ၊ ဘာမှ မချန်ဘူး။ စားနေရင်းနဲ့ အချိုပွဲကိုတောင် လှမ်းပြီး မျက်စောင်းထိုးလိုက်သေးတယ်။

သူငယ်ချင်း – မင်း ဘာတွေပြောနေတာလဲ။

ကျွန်တော် – ထိုင်း အစားအစာအကြောင်းလေ။

ဤတွင်တစ်ခန်းရပ်

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၃)

၂၀၂၃ ရွေးကောက်ပွဲရလဒ်တွေအကြောင်းမဆွေးနွေးခင် ဒီရွေးကောက်ပွဲမှာ အမတ်နေရာ အများ ဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီ အကြောင်း သိထားဖို့လိုပါတယ်။ ဒီပါတီက ၂၀၁၉ ရွေး ကောက်ပွဲမှာ အမတ် ၈၁ နေရာ အနိုင်ရခဲ့တဲ့ Future Forward ပါတီကို အမွေဆက်ခံထား တာပါ။

Future Forward ပါတီကို ၂၀၁၈ ခုနှစ်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ထာနာထွန် (Thanathorn Juangroongruangkit ) ဦးဆောင်ပြီးတည်ထောင်ခဲ့တာပါ။ အဲဒီအချိန်မှာ ထာနာထွန်က အသက် လေးဆယ် ပဲရှိသေးတယ်။ Future Forward ပါတီက ထိုင်းနိုင်ငံရေးအစဉ်အလာတွေကို ဖောက် ထွက်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ထိုင်းနိုင်ငံရေးပါတီတွေက နန်းတော် ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် စီးပွား ရေး အုပ်စုကြီးတွေကို ကျောထောက်နောက်ခံထားတယ်။ ဒေသအလိုက် အာဏာရှိတဲ့၊ သြဇာ ရှိတဲ့ ၊ ကြွယ်ဝချမ်းသာတဲ့ ပုဂ္ဂိုလ်တွေကို သိမ်းသွင်းတယ်။ တစ်ခါတစ်လေ အခြားပါတီရဲ့ ဒေသခံခေါင်း ဆောင်တွေကို ကိုယ့်ဘက်ပါအောင် နည်းမျိုးစုံနဲ့ စည်းရုံးတယ်။ ဒ့ါကြောင့်လည်း ထိုင်းနိုင်ငံရေး သမား အတော်များများက ပါတီမျိုးစုံမှာပါဖူးတာကိုတွေ့နိုင်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်တော့ လည်း အောက်ခြေ ပါတီစည်းရုံးရေးမှူးတွေကို ငွေပေးပြီး ငှားတယ်။ ရုပ်သံ ကြော်ငြာတွေ အတွက် ငွေပုံ အောပြီးသုံးတယ်။

Future Forwardပါတီကတော့တိုးတက်တဲ့အယူအဆရှိသူ လူငယ်နဲ့လူလတ်ပိုင်း ပညာတတ်တွေ ကို အခြေခံထူထောင်တယ်။ ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို လေ ျှာ့ချ ရေး၊ အုပ်ချုပ်ရေး စနစ်ပြုပြင်ပြောင်းလဲရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဆင်းရဲချမ်းသာ ကွာ ခြားမှုလေ ျှာ့ချရေး နဲ့ လူမှုရေးတရားမ ျှတမှုရှိရေး စတဲ့မူဝါဒတွေကို ရှေ့တန်းတင်စည်းရုံးတယ်။ မဲဆွယ်စည်းရုံးရေး အတွက် ငွေအများကြီးမသုံးနိုင်ဘူး။ ဒါပေမယ့် ပါတီထောက်ခံသူလူငယ်တွေက ကိုယ့်ထမင်း ကိုယ် စား၊ ကိုယ့်ကားကိုယ်သုံးပြီး စည်းရုံးရေးဆင်းတယ်။ ရုပ်သံမီဒီယာထက် ဆိုရှယ်မီဒီယာကို အား ကိုး တယ်။

၂၀၁၉ ရွေးကောက်ပွဲ အကြိုကာလမှာ အကဲခတ်အတော်များများက Future Forward ပါတီကို ထည့်မတွက်ကြဘူး။ ဒါ ပေမဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၁ နေရာ နဲ့ တတိယ အများဆုံး ပါတီ ဖြစ်လာတယ်။ ဝန်ကြီး ချုပ် နေရာအတွက် ပရာယွတ်နဲ့ ထာနာထွန် ပြိုင်အရွေးခံတဲ့ အခါ ပရာယွတ် က ၅၀၀၊ ထာနာထွန် က ၂၄၄ မဲရတယ်။

ထိုင်းနိုင်ငံရေးမှာ သက်ဆင်ပါတီက မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ နဲ့ ကျေးလက်လူထု ကို အခြေခံပြီး ထိုးဖောက်လာတယ်။ အခု ထာနာထွန်တို့ ပါတီက လူငယ်၊ လူလတ် ပညာတတ်တွေ ကို အခြေခံပြီးထိုးဖောက်လာတယ်။ ဒီအခြေအနေနှစ်ခုက ဘန်ကောက်အခြေပြုရှေးရိုးစွဲ နိုင်ငံရေး အုပ်စုတွေ စိုးရိမ်စရာကောင်းတဲ့အခြေအနေနှစ်ခုပဲ။ ဒါ့ကြောင့် ထာနာထွန်ပါတီအင်အားကောင်း လာတာကို လျစ်လျူရှုထားလို့မဖြစ်တော့ဘူး။

ဒီလိုနဲ့၂၀၁၉ ရွေးကောက်ပွဲအပြီးတစ်လအကြာမှာ ထိုင်းရွေးကောက်ပွဲကော်မရှင်က ထာနာထွန် ဟာ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတစ်ခုမှာ အစုရှယ်ယာဝင်ထားတဲ့အတွက် ရွေးကောက်ပွဲ ဥပဒေကို ချိုး ဖောက်တယ်ဆိုပြီး အခြေခံဥပဒေဆိုင်ရာတရားရုံးကို တိုင်ကြားတယ်။ ထာနာထွန် ကသူ အနေ နဲ့ အမတ်လောင်း အဖြစ်မှတ်ပုံမတင်မီ တစ်လအလိုမှာ အဲဒီအစုရှယ်ယာတွေကို လွှဲပြောင်းပေး လိုက်ပြီ လို့ ခုခံချေပ တယ်။ ဒါပေမဲ့ အခြေခံဥပဒေဆိုင်ရာတရားရုံးကတော့ အစုရှယ်ယာတွေကို လွှဲပြောင်းပေးတယ်ဆိုပေမယ့် ထာနာထွန်က နောက်ကွယ်ကနေ ပိုင်ဆိုင်နေတုန်းပဲ ဆိုပြီး ထာနာထွန် ကို လွှတ်တော်အမတ်အဖြစ်ကနေ ဖယ်ရှားပြီး နိုင်ငံရေးလုပ်ခွင့် ဆယ်နှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ တယ်။

Future Forward ပါတီရဲ့ ဒုက္ခက အဲဒီလောက်နဲ့မပြီးဘူး။ ပါတီတည်ထောင်တဲ့အချိန်မှာ ထာနာထွန်က ဘတ်ငွေ ၁၉ ၁.၂ သန်းကို မတည်ထည့်ဝင်ခဲ့တယ်။ ပါတီဘက်ကတော့ ဒါဟာ ချေးငွေ ဖြစ်တယ်။ ပါတီရန်ပုံငွေကနေ အရစ်ကျပြန်ဆပ်နေတယ်လို့ ပြောတယ်။ အခြေခံဥပဒေ ဆိုင်ရာခုံရုံးကတော့ ဒီငွေဟာ ရွေးကောက်ပွဲရန်ပုံငွေ ထည့်ဝင်တာဖြစ်တယ်။ ရွေးကောက်ပွဲ ဥပဒေ ကို ချိုးဖောက်တယ်ဆိုပြီး ၂၁ ဖေဖော်ဝါရီ ၂၀၂၀ မှာ Future Forward ပါတီကို ဖျက်သိမ်းလိုက် တယ်။ အချိုးကျစနစ်နဲ့အရွေးခံထားရတဲ့ ပါတီခေါင်းဆောင်ဆယ်ဦးရဲ့ အမတ်နေရာတွေကို အခြား ပါတီတွေကို ခွဲပေးလိုက်တယ်။ ပါတီဖျက်သိမ်းခံပြီးတဲ့နောက် ပါတီဝင်အမတ်တချို့ကတော့ အခြား ပါတီတွေကို ပြောင်း သွားကြတယ်။ လက်ကျန်အမတ် ၅၅ ယောက်က Move Forward ပါတီ အနေ နဲ့ ပါတီသစ်ထောင်တယ်။ လွှတ်တော်နိုင်ငံရေးအပြင်ကို ရောက်သွားတဲ့ Future Forward ပါတီ ခေါင်းဆောင်ဟောင်းတွေက Progressive Movement အမည်နဲ့ ဘုရင်စနစ်ပြုပြင်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကို လုပ်တယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ ပေါ်ပေါက် ခဲ့ တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒပြမှုတွေမှာ ထာနာထွန်နဲ့ သူ့ထောက်ခံသူတွေ က အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်။

၂၀၂၃ ရွေးကောက်ပွဲအကြိုကာလမှ ရေပန်းစားတဲ့ပါတီ နှစ်ခုက သက်ဆင်ရဲ့ သမီး ဖယ်ထောင်ထန် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ်အဖြစ် လျာထားတဲ့ ဖွေ့ထိုင်းပါတီနဲ့ လူငယ် စီးပွားရေးသမား ဖီထာ ( Pita Limjaroenrat ) ကို ဝန်ကြီးချုပ် အဖြစ် လျာထားတဲ့ Move Forward ဖြစ်ပါ။ အဲဒီပါတီနှစ်ခု ရဲ့ မူဝါဒကို ခြုံပြီး နှိုင်းယှဉ်ရရင်တော့ Move Forward ပါတီကတော့ စည်းမျဉ်း ခံ ဘုရင်စနစ်၊ ထိုင်း စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍတွေကို အခြေခံ ကျကျ ပြောင်းလဲ ချင်တယ်။ ဖွေ့ထိုင်းပါတီကတော့ ဘုရင်စနစ်ကို မထိချင်ဘူး။ ထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍကိုတော့လျော့ချင်တယ်။ကျန်တဲ့ကဏ္ဍတွေကတော့သက်ဆင်လက်ထက်က လူကြိုက် များပြီးသား မူဝါဒ တွေကိုပဲ ပြင်ဆင်မွမ်းမံပြီး သုံးမယ်။ ချုပ်လိုက်ရင် Move Forward ပါတီကတော့ ပိုပြီး လစ်ဘရယ် ဆန်တာပေါ့။ ဒါပေမဲ့ နှစ်ပါတီလုံးကတော့ ဘန်ကောက်အီလစ် နိုင်ငံရေးအုပ်စု တွေရဲ့ မျက်စိ စပါးမွေးစူးခံရတဲ့နေရာမှာတူပါတယ်။

မေ ၁၄ ရက်နေ့ ရွေးကောက်ပွဲ အပြီး ရလဒ်တွေအရ Move Forward ပါတီက ၁၅၂ နေရာ ၊ ဖွေ့ထိုင်း က ၁၄၁ နေရာ ရထားတယ်။ ပရာယွတ်ပါတီက ၃၆ နေရာ ပဲရတယ်။ အဲဒီမှာ ဝန်ကြီးချုပ် နေရာပြိုင်ပွဲအတွက် စပြီး တာလွှတ်တော့တာပဲ။

Move Forward နဲ့ ဖွေ့ထိုင်း နှစ်ပါတီပေါင်းရင် ၂၉ ၃ မဲ ပဲရှိသေးတဲ့အတွက် ၃၇၆ မဲ ပြည့်ဖို့ ၈၃ မဲ လိုတယ်။ ပရာယွတ်ဘက်က ကြည့်ရင် သူ့ပါတီ ၃၆ မဲ ပဲရှိတယ်။ ၂၀၁၉ ရွေးကောက်ပွဲ တုန်းက ပရာယွတ်ကို ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းတဲ့ ပါတီက ၁၁၆ မဲရခဲ့တာကို ကြည့်ရင် ပရာယွတ် အပေါ် လူထုထောက်ခံမှုကျဆင်းသွားသလဲဆိုတာ မြင်နိုင်ပါတယ်။

အဲဒီလို အခြေအနေမှာ Move Forward နဲ့ ဖွေ့ထိုင်းပြီးရင် တတိယ နဲ့ စတုတ္ထမဲ အများဆုံး ရတဲ့ပါတီနှစ်ခုက အရေးပါလာတယ်။ တတိယမဲအများဆုံးရတာက Bhumjaithai ပါတီဖြစ် ပြီး နေရာ၇၀ရထားတယ်။ သူက လက်ရှိ ပရာယွတ် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီဖြစ်တဲ့အပြင် ဘုရင် စနစ်ကို ထိပါးမယ့် ဘယ်ပါတီနဲ့မှ မပေါင်းဘူးလို့ ပြောထားတဲ့အတွက် ဒီပါတီက ပရာယွတ်ဘက် ပါမှာ သေချာတယ်။

စတုတ္ထမဲအများဆုံးရတာက ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ Palang Pracharat ပါတီ ဖြစ်ပြီး ၄၁ နေရာ ရတယ်။ ဒီပါတီက ၂၀၁၉ ရွေးကောက်ပွဲမှာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်း ခဲ့ တဲ့ ပါတီ ဖြစ်ပြီး လက်ရှိပါတီခေါင်းဆောင်က ပရာယွတ်အစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ် တာဝန်ယူနေ တဲ့ ပရဝစ် ဝန်စူဝမ် (Prawit Wongsuwan)ဖြစ်ပါတယ်။ သူက ပရာယွတ်ရဲ့ ရှေ့မှာ ကြည်းတပ်ဦးစီး ချုပ် အဖြစ် ၂၀၀၄ – ၂၀၀၅ တာဝန်ယူခဲ့တယ်။ ပရာယွတ်အာဏာသိမ်းပြီးတဲ့အခါ ဗိုလ်ချုပ်ကြီး ပရဝစ်ကို အာဏာသိမ်းကောင်စီ NCPO ဒုတိယဥက္ကဋ္ဌ နဲ့ ဒုတိယ ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခဲ့ တယ်။ ဒီတော့ ဒီပါတီကလည်း ပရာယွတ်ဘက်မှာ ရှိတယ်။

ဒါ့ကြောင့် အဲဒီပါတီနှစ်ခုနဲ့ ပေါင်းလိုက်ရင် ပရာယွတ်က အောက်လွှတ်တော်မှာ ၁၄၇ မဲရနေတယ်။ တကယ်လို့ အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ပေါင်းလိုက်ရင် ၃၉ ၇ မဲ ရမှာဖြစ်တဲ့အတွက် ပရာယွတ်က ဝန်ကြီးချုပ် ဖြစ်ဖို့အလားအလာကောင်းတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ Move Forward နဲ့ ဖွေ့ထိုင်းပါတီကတော့ လက်မလေ ျှာ့ဘူး။ အောက်လွှတ်တော်မှာ တတ် နိုင်သမ ျှ ထောက်ခံမဲရအောင် စုဆောင်းတယ်။ အဲဒါဆိုရင် အထက်လွှတ်တော်အမတ်တွေက ပရာ ယွတ်မှာ လူထုထောက်ခံမှုမရှိတော့ဘူးဆိုတာ မြင်ပြီး Move Forward ပါတီ က တင်သွင်းတဲ့ ဝန်ကြီးချုပ် ဖီထ ( Pita Limjaroenrat ) ကို ထောက်ခံလာမယ်လို့ မေ ျှာ်လင့်နေတယ်။ တစ်ဖက် မှာလည်း ထိုင်းလူထုက အထက်လွှတ်တော်အမတ်တွေကို လူထု ဆန္ဒ အလေးထားဖို့ တိုက်တွန်း နိုင်မယ်လို့ ယုံကြည်နေတယ်။

မေ ၁၉ ထိုင်း TV CH 3 သတင်းမှာတော့ အောက်လွှတ်တော်အမတ် ၅၀၀ မှာ Move Forward ခေါင်းဆောင်တဲ့ ပါတီ ၉ ခုက ၃၁၆ မဲ၊ ပရာယွတ်ဘက်က ပါတီ ၆ ခု ၁၈၄ မဲရနေ ပြီလို့ ပါလာ တယ်။ မဲအသေးစိတ်ကို ပုံမှာ လေ့လာနိုင်ပါတယ်။

ကိန်းဂဏန်းတွေအရဆိုရင်တော့ အထက်လွှတ်တော်အမတ် ၁၉ ၂ ယောက်ရဲ့ ထောက်ခံမှုကို ရရင် ပရာယွတ် ဝန်ကြီးချုပ် ဖြစ်နိုင်ပြီပေါ့။ ဒါပေမယ့် ဝန်ကြီးချုပ်ဖြစ်ရုံ နဲ့ ပရာယွတ် ဖင်ထိုင်ခုံ မြဲပြီလို့ တော့ ပြောလို့မရသေးဘူး။ ထိုင်းအခြေခံဥပဒေအရ ဘတ်ဂျက် ဥပဒေအပါအဝင် ဥပဒေကြမ်း တွေ ကို အောက်လွှတ်တော်မှာအတည်ပြုပြီးမှ အထက်လွှတ်တော်ကို ပို့တယ်။ အထက် လွှတ်တော်က သာမန်ဥပဒေကြမ်း ဆိုရင် ရက်ခြောက်ဆယ်၊ ဘတ်ဂျက်ဆိုရင် ရက်သုံးဆယ် အတွင်း သူတို့ သဘောထားကို ပြန်ကြားရတယ်။ သတ်မှတ်ချိန်အတွင်း အကြောင်းမပြန်ဘူးဆို ရင် လည်း ဥပဒေ ကြမ်းက အလိုအလျောက်အတည်ဖြစ်တယ်။ တကယ်လို့ အထက်လွှတ်တော်က သဘောမတူတဲ့ အချက်တွေရှိရင် ပူးတွဲအစည်းအဝေးပြန်ထိုင်ရတယ်။ ဒါ့ကြောင့် ဥပဒေပြုရေးအာဏာက အောက် လွှတ်တော်မှာ ပိုများတယ်။

ဒီတော့ ပရာယွတ်ဝန်ကြီးချုပ်ဖြစ်သွားရင်တောင် သူ့အစိုးရအဖွဲ့ရဲ့ ဥပဒေကြမ်းတွေကို အတည်ပြု နိုင်ဖို့အတွက် အောက်လွှတ်တော်မှာ အခုရထားတဲ့ ၁၈၄ မဲနဲ့ မလုံလောက်ဘူး။ အနည်းဆုံး ၂၅၁ မဲရမှဖြစ်မယ်။ လက်ရှိ မှာ Move Forward နဲ့ ဖွေ့ထိုင်းပါတီနှစ်ခုပေါင်းက ၂၉ ၃ မဲ ရှိနေပြီဖြစ် တဲ့အတွက် ကျန်တဲ့ ပါတီ တွေ အားလုံး ပရာယွတ်ဘက် ပါရင်တောင် ဥပဒေကြမ်းတစ်ခု အတည်ပြု ဖို့အတွက် လုံလောက် တဲ့ ထောက်ခံမဲမရနိုင်ဘူး။ ကျန်တဲ့ဥပဒေကြမ်းတွေ ခဏထား၊ ဘတ်ဂျက် ဥပဒေကြမ်းကို အတည် မပြုနိုင်ဘူးဆိုရင် ဝန်ကြီးချုပ်ပရာယွတ်အစိုးရအဖွဲ့ အလုပ်လုပ်လို့ မရဘူး။

ဒီအခြေအနေကနေ ပရာယွတ်နဲ့ ထိုင်းစစ်တပ် ဘယ်လို ထွက်ပေါက်ရှာမလဲ။ Move Forward နဲ့ ဖွေ့ထိုင်း နှစ်ပါတီထဲမှာ Move Forward နဲ့ ကတော့ ပေါင်းဖို့မလွယ်ဘူး။ ဖွေ့ထိုင်း နဲ့ကတော့ အပေးအယူလုပ်ကောင်းလုပ်လို့ရနိုင်တယ်။ လက်ရှိအခြေအနေမှာ သက်ဆင်ကလည်း တိုင်းပြည် ကို ပြန်လာချင်ပြီလို့ လေသံပစ်နေတာရှိတယ်။ ဒါပေမဲ့ ဖွေ့ထိုင်းပါတီအနေနဲ့ လူထု ထောက်ခံမှု အဆုံးအရှုံးခံပြီး ပရာယွတ်နဲ့ ပေါင်းနိုင်ပါ့မလား။ အဲဒီလို အဖြေရှာလို့မရရင် ဘာလုပ်မလဲ။ ၂၀၁၉ ရွေးကောက်ပွဲအပြီး Future Forward ပါတီကို လုပ်သလို Move Forward ပါတီကို ဥပဒေ ကြောင်း အရ အရေးယူဖျက်သိမ်းမလား။ ဒါမှမဟုတ် ထိုင်း စစ်တပ်က ကိုယ် လက်နဲ့ ရေးထားတာ ကို ခြေနဲ့ဖျက်ပြီး အာဏာပြန်သိမ်းမလား။ အဲဒါလိုတွေဖြစ်လာရင် ၁၉ ၉ ၂ ခုနှစ် မေလ အရေး အခင်း တစ်ကျော့ ပြန်လာနိုင်သလား။ မေးခွန်းတွေ အများကြီးကျန်နေသေးတယ်။

ထိုင်းနိုင်ငံရေးအခြေအနေကတော့ ဂဏန်းမငြိမ်သေးဘူး။ ဘယ်လို အဖြေထွက်မလဲ မသေချာဘူး။ ဒါပေမဲ့ ထိုင်းရွေးကောက်ပွဲ ၂၀၂၃ က ဒီမိုကရေစီစနစ်မှာ ဥပဒေအရ ဘယ်လောက်ပဲ အသာစီး ယူ ယူ ပြည်သူ့ထောက်ခံမှုမရရင် ရှေရှည်အာဏာယူထားလို့မရဘူး ဆိုတဲ့ သင်ခန်းစာကို သက် သေ ပြလိုက်တယ်ဆိုတဲ့အချက်ကတော့ သေချာနေပါပြီ။ သင်ခန်းစာဆိုတာ ယူတတ်ရင် အကျိုးရှိပါ တယ်။

ပြီးပါပြီ

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၂)

ထိုင်းအခြေခံဥပဒေ ၂၀၁၇ ဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ယင်လတ်အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်နဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ National Council for Peace and Order (NCPO) ကဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ် ပါတယ်။

တကယ်တော့ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးခဲ့တာပါ။ ဒါပေမဲ့ အခြေခံဥပဒေအသင့်မဖြစ်သေးလို့ ဆိုပြီး ၂၀၁၅ ခုနှစ်၊၂၀၁၆ ခုနှစ်၊ ၂၀၁၇ နှစ်လယ်၊ ၂၀၁၇ ဒီဇင်ဘာ၊ ၂၀၁၈ နိုဝင်ဘာ နဲ့ ၂၀၁၉ ဖေဖော်ဝါရီ လတွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ပြီး နောက်ဆုံး ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရောက်မှ ကျင်းပနိုင်တော့တယ်။ ဒီလိုနဲ့ ကတိတွေအကြိမ်ကြိမ်ပေး၊ အကြိမ်ကြိမ် ရက်ရွှေ့ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝေဖန်သူတွေက “ ပလီပလာ ပရာယွတ်” လို့ နာမည် ပေး လိုက်ကြတယ်။

၂၀၁၇ အခြေခံဥပဒေက ဝန်ကြီးချုပ်ရွေးချယ်တဲ့အခါမှာ ထိုင်းစစ်တပ်က ထောက်ခံတဲ့သူပဲ ဝန်ကြီး ချုပ် ဖြစ်ဖို့ အလားအလာများအောင် နဲ့ လွှတ်တော်မှာ ပါတီတစ်ခုတည်းနဲ့ အများစုနေရာရမသွား အောင် နည်းလမ်းမျိုးစုံအသုံးပြုထားတယ်။

ပထမဆုံးနည်းလမ်းက ဝန်ကြီးချုပ်ရွေးချယ်တဲ့ စနစ်ဖြစ်ပါတယ်။ သာမန်အားဖြင့် ပါလီမန် ဒီမို ကရေစီ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လွှတ်တော်နှစ်ရပ် ပါဝင်လို့ရှိရင် လူဦးရေကို အခြေခံပြီး ရွေး ချယ်တဲ့အောက်လွှတ်တော်မှာ နေရာအများဆုံးနိုင်တဲ့ ပါတီခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်တယ်။ ပါတီတစ်ခုတည်းက ထက်ဝက်ကျော်နေရာနိုင်ရင် တစ်ပါတီတည်း အစိုးရဖွဲ့ပေါ့။ အဲဒီလို မနိုင်ရင် တော့ စိတ်တူကိုယ်တူပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အုပ်ချုပ်ပေါ့။ ထိုင်းနိုင်ငံရဲ့ ၂၀၀၇ အခြေ ခံဥပဒေမှာလည်း ဒီအတိုင်းပဲ။

၂၀၁၇အခြေခံဥပဒေကျတော့ဒီလိုမဟုတ်တော့ဘူး။ဝန်ကြီးချုပ်ကိုအထက်လွှတ်တော် အမတ် ၂၅၀ နဲ့အောက် လွှတ် တော် အမတ် ၅၀၀ ပေါင်းပြီး မဲပေးရွေးရတယ်။ ဒါ့ကြောင့် စုစုပေါင်း အမတ် နေရာ ၇၅၀ မှာ အနည်းဆုံး ၃၇၆ မဲ ရမှ ဝန်ကြီးချုပ်ဖြစ်မယ်။ ဒီတော့အောက်လွှတ်တော် အမတ် အများစုရဲ့ ထောက်ခံမှုရရုံနဲ့ ဝန်ကြီးချုပ် မဖြစ်တော့ဘူး။

ဒီတော့အထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမှုရဖို့ လို လာပြီဒါပေမဲ့၂၀၁၇အခြေခံဥပဒေအရ အထက် လွှတ်တော်အမတ်၂၅၀ ဦးက ရွေးကောက်ခံအမတ် တွေ မဟုတ်ဘူး။ ထိုင်းတပ်မတော်က ဖွဲ့စည်းပေးတဲ့ အထက်လွှတ်တော်အမတ်ရွေးချယ်ရေး ကော် မတီက ရွေးချယ်ပြီး ဘုရင့်အတည် ပြုချက်နဲ့ ခန့်အပ်တာဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ် တွေဟာနိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ခြင်းမရှိတဲ့သူတွေဖြစ်ရပါတယ်။ဒါ့အပြင်ထိုင်းတပ်မတော် စစ်သေနာပတိချုပ်၊ ကြည်းတပ် ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်၊ ရဲချုပ် နဲ့ ကာကွယ် ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့က အလိုအလျောက် အထက်လွှတ်တော်အမတ်ဖြစ်ပါ တယ်။

၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ ရွေးချယ်ခဲ့တဲ့ အထက်လွှတ်တော် (ဆီးနိတ်) အမတ် ၂၅၀ မှာ ၁၀၄ ယောက်က တာဝန်ထမ်းဆောင်ဆဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တာက နိုင်ငံဝန်ထမ်း၊ တရားရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ကဏ္ဍအသီးသီးက နာမည်ကျော်ကြားထင်ရှားသူတွေဖြစ် ပါ တယ်။ ဒီတော့ အထက်လွှတ်တော်အမတ် ၂၅၀ ဆိုတာက နန်းတော်နဲ့ စစ်တပ်အတွက် သပိတ်ဝင်၊ အိတ်ဝင် မဲ တွေဖြစ်ပါတယ်။

ဒုတိယနည်းလမ်းကတော့ အောက်လွှတ်တော်မှာ ပါတီတစ်ခုတည်းထက် အမတ်နေရာ ထက်ဝက် ကျော် အနိုင်ရနိုင်တဲ့အခွင့်အလမ်းနည်းနိုင်သမ ျှ နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ ထိုင်းအောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတယ်။ အဲဒီထဲက ၃၅၀ နေရာကို အများဆုံးရသူအနိုင်ယူ စနစ်နဲ့ တိုက်ရိုက်ရွေးချယ်တယ်။ ကျန်တဲ့ ၁၅၀ ကို အချိုးကျပီ အာရ်စနစ် အရ ပါတီစာရင်း ( Party List ) ကနေ ရွေးတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၀၇ အခြေခံဥပဒေမှာလည်း ဒီလို ရောနှောပုံစံကျင့်သုံးခဲ့တဲ့အတွက် ၂၀၀၇ နဲ့ ၂၀၁၇ အခြေခံဥပဒေနှစ်ခုကြား ခြားနားချက်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ထိုင်းစစ်တပ်ရဲ့ ကစားကွက်ကို ပို ပြီးမြင်နိုင်မှာဖြစ်ပါတယ်။

၁။ ၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် ၃၇၅ ယောက်ကို အများဆုံး ရသူ အနိုင်ယူစနစ်နဲ့တိုက်ရိုက် ရွေး တယ်။ ၁၂၅ ယောက်ကို အချိုးကျပီ အာရ်စနစ် အရ ပါတီ စာရင်း ( Party List ) ကနေ ရွေးတယ်။ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဒီအချိုးက ၃၅၀ ၊ ၁၅၀ ဖြစ် သွားတဲ့အတွက် ပါတီတစ်ခုအနေနဲ့ တိုက်ရိုက်အနိုင်ယူနိုင်တဲ့ အမတ်နေရာ ၂၅ နေရာ လျော့သွားတယ်။ ဒါ့ကြောင့် ပါတီတစ်ခုဟာ အောက်လွှတ်တော်က တိုက်ရိုက်ရွေးတဲ့ အမတ်နေရာ အားလုံးကို နိုင်ရင်တောင် သူ့သဘောတစ်ခုတည်းနဲ့ ဝန်ကြီးချုပ်ရွေးလို့မရဘူး။

၂။ နောက်တစ်ခါ ၂၀၀၇ အခြေခံဥပဒေမှာ အသုံးပြုတဲ့ အချိုးကျ တွက်ချက်နည်းအရ တိုက်ရိုက် အရွေးခံရတဲ့ အမတ်နေရာများလေ၊ အချိုးကျ ပီအာရ်စနစ်အရ ပေးတဲ့ခွဲတမ်းအမတ်နေရာလည်း များလေဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၇ အခြေခံဥပဒေမှာတော့ တိုက်ရိုက်အရွေးခံရတဲ့ အမတ်နေရာများ လေ၊ အချိုးကျပီအာရ်စနစ်အရ ပေးတဲ့ခွဲတမ်းနည်းလေပဲ။ ဒါ့ကြောင့် အောက်လွှတ်တော်အမတ် နေရာ ၅၀၀ မှာ ပါတီတစ်ခုတည်းက ၃၇၆ နေရာ ကျော်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါ။

တတိယနည်းလမ်းကတော့ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူမယ့်သူကို အဆိုပြုတဲ့နည်းလမ်းဖြစ် ပါ တယ်။ ပါလီမန်ဒီမိုကရေစီစနစ် ဆိုတာ အောက်လွှတ်တော်မှာ နေရာအများဆုံးနိုင်တဲ့ပါတီ သို့ မဟုတ် ညွန့်ပေါင်းအစိုးရကို ဦးဆောင်မယ့် ပါတီခေါင်းဆောင်က ဝန်ကြီးချုပ် တာဝန်ယူတာဖြစ် ပါတယ်။ ဝန်ကြီးချုပ်လုပ်မယ့်သူက အောက်လွှတ်တော်အမတ်လည်း ဖြစ်ရပါတယ်။

ဒါပေမယ့်ထိုင်း၂၀၁၇အခြေခံဥပဒေကတော့ အဲဒီလို မဟုတ်ဘူး။ ပါတီတွေက ရွေးကောက် ပွဲမဝင် ခင်မှာ သူတို့ပါတီရဲ့ ဝန်ကြီး ချုပ်လောင်းက ဘယ်သူဆိုတာ ကြိုတင် ကြေညာရတယ်။ ဒါ့ အပြင် ဝန်ကြီးချုပ်လျာထားသူဟာ မိမိပါတီရဲ့ ခေါင်းဆောင်ဖြစ်ဖို့မလိုဘူး။ လွှတ်တော် ကိုယ်စား လှယ် ဖြစ်ဖို့လည်း မလိုဘူး။ အဲဒီပြဋ္ဌာန်းချက်ကြောင့် ၂၀၁၄ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ကြီး ပရာယွတ်ဟာ ၂၀၁၉ ရွေးကောက်ပွဲမှာ ပါတီ လည်း မထောင်၊ ရွေးကောက်ပွဲလည်းမဝင် ပဲ နဲ့ ဝန်ကြီးချုပ် ဖြစ်လာတာပါ။

ပြန်ချုပ်လိုက်ရင်တော့ ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်က ဝန်ကြီးချုပ် ရွေးချယ်ရာမှာ ပါဝင်နေမှု၊ ပါတီတွေကြားမှာ မဲကွဲနိုင် သမ ျှ ကွဲသွားအောင် ဖန်တီးထားတဲ့ အောက်လွှတ်တော်နဲ့ ရွေးချယ်ခံမဟုတ်သူ ဝန်ကြီးချုပ် ဖြစ် နိုင်တဲ့ အခွင့်အရေး ဆိုတဲ့ နည်းလမ်းသုံးခုဟာ ထိုင်းစစ်တပ်ရဲ့ နိုင်ငံရေးလက်နက်တွေဖြစ်ပြီး ဒီလက် နက်တွေကို ဘယ်လိုသုံးသလဲဆိုတာ ၂၀၁၉ ရွေးကောက်ပွဲ မှာ လေ့လာနိုင်ပါတယ်။

၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ သက်ဆင်ထောက်ခံသူတွေရဲ့ ဖွေ့ထိုင်းပါတီက တိုက်ရိုက်နဲ့ အချိုးကျ အမတ် ၁၃၆ နေရာ အနိုင်ရတယ်။ ပရာယွတ်ကို ဝန် ကြီးချုပ်လောင်းအဖြစ် အဆိုပြုထားတဲ့ Palang Pracharath Party က ၁၁၆ နေရာနိုင်တယ်။ လူငယ်တွေ ဦးဆောင်တဲ့ Future Forward Party ( အခု ၂၀၂၃ ရွေးကောက်ပွဲမဲအများဆုံးရတဲ့ Move Forward party ရဲ့ အရင်အမည်) က ၈၁ နေရာနိုင်တယ်။ သက်တမ်းရင့် ဒီမိုကရက်ပါတီက ၅၃ နေရာနိုင်တယ်။ Bhumjaithai Party ပါတီက ၅၁ နေရာနိုင်တယ်။ ပါတီအလိုက်မဲရရှိမှုကို ပုံမှာ ကြည့်ပါ။ ဖွေ့ထိုင်းပါတီက အနီရောင်ဖြစ်ပါတယ်။

ဒီတော့ အောက်လွှတ်တော်အမတ် ၅၀၀ မှာ ၄၃၇ နေရာက အဓိက ပါတီကြီး ငါးခုကြားနဲ့ ကျန်တဲ့ ၆၃ နေရာက ပါတီငယ် ၂၁ ပါတီကြားမှာ ပျံ့သွားတယ်။ အခြေခံဥပဒေ အရ ဝန်ကြီးချုပ်ကို အထက် လွှတ်တော်အမတ် ၂၅၀ နဲ့ အောက်လွှတ်တော် အမတ် ၅၀၀ စုစုပေါင်း ၇၅၀ က ရွေးတာ ဆို တော့ ၃၇၆ မဲရဖို့ညွန့်ပေါင်းအစိုးရဖွဲ့ပြီး ထောက်ခံမဲ စုရမယ်။

အဲဒီအချိန်မှာ ပရာယွတ်နဲ့ အာဏာသိမ်းအစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ ဖွေ့ထိုင်း ၁၃၆မဲ နဲ့ Future Forward Party ၈၁မဲ ပေါင်းလိုက်ရင် ၂၁၇ မဲပဲရှိတဲ့အတွက် ၃၇၆ မဲရဖို့ ၁၅၉ မဲ လိုတယ်။ ပရာယွတ် ဘက်က ကြည့်ရင် အထက်လွှတ်တော် ၂၅၀ မဲ ၊ နဲ့ Palang Pracharath Party ၁၁၆ ပေါင်းလိုက်ရင် ၃၆၆ မဲ ရှိတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ ၁၀ မဲပဲလိုတော့တယ်။

အဲဒီလို ပရာယွတ်အရေးသာနေတာကို မြင်တဲ့ ကျန်တဲ့ပါတီတွေကလည်း ပရာယွတ်ရဲ့ညွန့်ပေါင်း အစိုးရအဖွဲ့မှာ ပါနိုင်ဖို့အတွက် ပရာယွတ်ကို ထောက်ခံလိုက်တဲ့အတွက် ပရာယွတ်က ထောက်ခံမဲ ၅၀၀ နဲ့ ဝန်ကြီးချုပ်ဖြစ်သွားတယ်။ အဲဒီမဲခွဲမှုမှာအထက်လွှတ်တော် အမတ် ၂၅၀ အနက် ၂၄၉ ယောက်က ပရာယွတ်ကို ထောက်ခံမဲပေးခဲ့ကြတယ်။

၂၀၁၉ ရွေးကောက်ပွဲမှာ အဲဒီလိုဖြစ်ခဲ့ရင် ၂၀၂၃ ရွေးကောက်ပွဲ ရလဒ်ကနေ ဘာတွေဆက်ဖြစ်လာ နိုင်မလဲ။ ဒီနေရာမှာ တစ်ခု သတိ ပြုဖို့ လိုတာက အခုသတင်းထုတ်ပြန်ထားတဲ့ ရလဒ်တွေက အတည်မဟုတ်သေးဘူး။ ထိုင်းဥပဒေ အရ ရွေးကောက်ပွဲကျင်းပပြီး ရက်ခြောက်ဆယ်ပြည့်မှ ရလဒ် တွေကိုတရားဝင်အတည်ပြုပြီးဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက်မဲခွဲရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ပြောဆို နေတာတွေအားလုံးက နိုင်ငံရေး အကွက်ရွှေ့နေကြတာတွေဖြစ်တဲ့အတွက် ပါတီတွေ ကြားမှာ အပေးအယူ အလျော့ အတင်း နဲ့ ဈေးခေါ်တာတွေလည်း ရှိဦး မှာပါ။

ဆက်လက်ဖော်ပြပါ့မယ်။

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၁)

ပြီးခဲ့တဲ့မေလ ၁၄ ရက် ထိုင်းရွေးကောက်ပွဲမှာ ဘုရင်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်ရဲ့ ပါတီ အမတ် နေရာ ရရှိမှု အဆင့်ငါးနေရာကို ရောက်သွားပြီး ထိုင်းနိုင်ငံရေး လောကမှာ လူငယ်တွေ ဦးဆောင်တဲ့ Move Forward party ပါတီက ထိပ်ဆုံးနဲ့ ဝန်ကြီးချုပ် ဟောင်းသက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်း( Pheu Thai )ပါတီက ဒုတိယအမတ်နေရာ အများဆုံးပါတီဖြစ်လာတယ်။ ပြီးတော့ ဒီပါတီတွေက နိုင်ငံရေးမှာထိုင်းစစ်တပ် ပါဝင်နေတဲ့ အနေ အထားကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ပါတီတွေလည်း ဖြစ်နေတဲ့အတွက် ဒီရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်က ဘယ်လို တုန့်ပြန်မလဲဆိုတာကို ထိုင်းပြည်သူတွေရော၊ နိုင်ငံတကာကပါ စိတ်ဝင်စားနေကြတယ်။

ဒါပေမဲ့အခုရွေးကောက်ပွဲအကြောင်းကို မပြောခင် လက်ရှိ ထိုင်းအခြေခံဥပဒေပေါ်ပေါက်လာပုံနဲ့ ဝန်ကြီးချုပ်ပရာယွတ်အာဏာရလာပုံအကြောင်းသိထားရင်ပိုကောင်းပါတယ်။ပရာယွတ် အကြောင်း ပြောရင် သက်ဆင်အကြောင်းလည်းပါလာ မှာပဲ။ဘာ့ကြောင့်လဲဆိုတော့ဒီနေ့ပေါ်ပေါက် နေတဲ့ နိုင်ငံရေး အခင်း အကျင်း တွေဟာလည်း သက်ဆင်နဲ့ ထိုင်းတပ်မတော်ခေါင်း ဆောင် တွေ ကြား နိုင်ငံ ရေး အားပြိုင်မှုရဲ့ အကျိုးဆက်တွေဖြစ်နေလို့ပါ။

စီးပွားရေးလုပ်ငန်းရှင် သက်ဆင်ဟာ ထိုင်းနိုင်ငံရေးလောကထဲကို ၁၉ ၉ ၄ ခုနှစ်မှာ ဝင်ရောက်ခဲ့ တယ်။အဲဒီအချိန်ကသူ့မှာကိုယ်ပိုင်ပါတီမရှိတဲ့အတွက် ဘန်ကောက်မြို့တော်ဝန်ဟောင်းနဲ့ ၁၉၉၂ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းမှုကိုဦးဆောင်ဆန့်ကျင်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း Chamlong Srimuang ရဲ့ Palang Dharma Party (PDP) ပါတီမှာ ပါဝင်ခဲ့တယ်။ Chamlong နိုင်ငံရေး က အနားယူတော့ သက်ဆင်က PDP ပါတီခေါင်းဆောင်ဖြစ်လာပြီး PDP ပါတီ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့နှစ်ခုမှာ ဒုဝန်ကြီးချုပ်တာဝန်ယူခဲ့ရဖူးတယ်။

နောက်တော့ ၁၉ ၉ ၈ ခုနှစ်မှာ PDP ပါတီက ထွက်၊ ထိုင်းရတ်သ်ထိုင်း Thai Rak Thai (TRT) ပါတီ ကို တည် ထောင်ပြီး ၂၀၀၁ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တယ်။ ဒီရွေးကောက်ပွဲက ၁၉ ၉ ၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အောက်မှာ ပထမဆုံးကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ ၁၉ ၉ ၇ အခြေခံဥပဒေအရ အောက်လွှတ်တော်မှာ အမတ် ၅၀၀ ရှိပြီး ၄၀၀ ကို နိုင်သူအားလုံးယူ စနစ်နဲ့ တိုက် ရိုက်ရွေးတယ်။ ကျန်တဲ့ ၁၀၀ ကို အချိုးကျပီအာရ်စနစ်အရ ပါတီစာရင်း ( Party List ) ကနေ ရွေးတယ်။

၂၀၀၁ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း ၆၉ .၄၃% ရှိတယ်။ ရွေးကောက်ပွဲရလဒ်တွေထွက်လာ တော့ သက်ဆင်က အမတ်နေရာ ၂၄၈ နေရာနိုင်တဲ့အတွက် အစိုးရဖွဲ့နိုင်ဖို့ သုံးနေရာပဲလိုတယ်။ ထိုင်းနိုင်ငံရေးမှာ သက်တမ်းရင့်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက ၁၂၈ နေရာပဲရတယ်။ သက်ဆင် က ချောင်ဗာလစ်ရဲ့ New Aspiration Party နဲ့ပေါင်းပြီး အစိုးရဖွဲှ့တယ်။ သူတို့နှစ်ပါတီပေါင်း ၂၈၆ နေရာရှိတဲ့အတွက် အတိုက်အခံတွေရဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းမှုတွေကို စိုးရိမ်ဖို့မလို ဘဲ အစိုးရမူဝါဒတွေကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။

သက်ဆင်ရဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ ကျေး ရွာ တစ်ရွာ ထုတ်ကုန်တစ်ခု စီမံကိန်း၊ ထိုင်းလယ်သမားများ ကြွေးမြီသက်သာစေမယ့် စီမံချက်၊ ဝင်ငွေ နည်းမိသားစုများရဲ့ သားသမီးများ ပညာရေးအတွက် ပညာသင်ကြားမှုချေးငွေ စီမံကိန်း နဲ့ အခြေ ခံ အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းတွေကြောင့်ထိုင်းအခြေခံလူတန်းစားတွေကြားမှာ သက်ဆင် ကို လူကြိုက်များလာခဲ့တယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမြင့်မားတဲ့ အီဆန် လို့ခေါ်တဲ့ အရှေ့မြောက်ဒေသမှာ သက်ဆင် မှ သက်ဆင်ဖြစ်လာတယ်။

၂၀၀၅ ခုနှစ် ရွေးကောက်ပွဲက မဲပေးသူ ၇၂.၅၆ % ရှိပြီး အဲဒီအချိန်မှာ ထိုင်းနိုင်ငံသမိုင်းမှာ မဲပေး သူ အများဆုံးရာခိုင်နှုန်းဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲရလဒ်တွေပေါ်ထွက်လာတော့ သက်ဆင်ပါတီက အမတ်နေရာ ၅၀၀ မှာ ၃၇၇ နေရာနိုင်ခဲ့တဲ့အတွက် တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့အခြေအနေ ကို ရောက်သွားခဲ့တယ်။ သက်ဆင်ဟာလည်း ထိုင်းနိုင်ငံရေးသမိုင်းမှာ သက်တမ်းနှစ်ဆက် ထမ်း ဆောင်ခွင့်ရတဲ့၊ တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့ပထမဆုံးရွေးကောက်ခံ ဝန်ကြီးချုပ်အဖြစ် မှတ် တမ်းဝင်သွားခဲ့တယ်။

ရိုးရိုးလေးစဉ်းစားရင်တော့ ညွန့်ပေါင်းအစိုးရတွေ ဖွဲ့လိုက်၊ ပြုတ်ကျသွားလိုက်၊ ပြန်ဖွဲ့လိုက်၊ နိုင်ငံ ရေးအကျပ်အတည်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ အာဏာသိမ်းလိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ လူထုထောက်ခံမှုအားကောင်းတဲ့ အစိုးရတစ်ရပ်ပေါ်ထွက်လာတာဟာ ကြိုဆိုရမယ့် အချက်ပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးက အဲဒီလောက်မရိုးစင်းပြန်ဘူး။

စည်းမျဉ်းခံဘုရင်စနစ်ပေါ်စတင်တဲ့ ၁၉ ၃၂ ခုနှစ် အာဏာသိမ်းပွဲကစလို့ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီအထိ ထိုင်းနိုင်ငံရေးက ဘန်ကောက်အခြေပြုနိုင်ငံရေးပဲ၊ အဲဒီနိုင်ငံရေးကို နောက်ကွယ်က ကြိုးကိုင်တာက နန်းတော်၊ စစ်တပ်နဲ့ ဗြူရိုကရက်အရာရှိတွေ၊ သူတို့ လိုချင်တဲ့ ပုံစံ မရတဲ့အခါ စစ်တပ်က အာဏာသိမ်းပြီး အသစ်က ပြန်စပြန်တယ်။

သက်ဆင်နဲ့ ထိုင်းရတ်ထိုင်းပါတီက ဘန်ကောက်ကို အခြေမခံဘူး။ ထိုင်းနိုင်ငံမြောက်ပိုင်း နဲ့ အီဆန်လို့ခေါ်တဲ့အရှေ့မြောက်ပိုင်းဒေသရယ်၊ ထိုင်းကျေးလက်လူထုရယ်ကို အခြေခံတယ်။ တစ် ဖက်မှာလည်း အာရှစီးပွားရေးပျက်ကပ်ကြောင့် ကျဆင်းနေတဲ့ ထိုင်းစီးပွားရေးကို ဦးမော့လာအောင် လုပ်ပြီး လူလတ်တန်းစားတွေကို ဆွဲဆောင်တယ်။ ဒါ့ကြောင့် ၂၀၀၅ ရွေးကောက်ပွဲမှာ နိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းက အမတ်နေရာ အားလုံးလိုလို သက် ဆင်ပါတီ ကနိုင်တယ်။ ဘန်ကောက်မြို့တော် အမတ်နေရာ ၃၆ နေရာမှာ ၃၂ နေရာနိုင်တယ်။ အားလုံးချုပ် လိုက်ရင် တိုက်ရိုက်ရွေးကောက်ခံ အမတ်နေရာ ၄၀၀ မှာ ၃၁၀၊ ပီအာရ်စနစ် အရ ရွေးတဲ့ အမတ် နေရာ ၁၀၀ မှာ ၆၇ ၊ စုစုပေါင်း ၃၇၇ နေရာရသွားတယ်။ ဒုတိယအမတ်နေရာ အများ ဆုံးရတဲ့ ဒီမိုကရက်ပါတီက ၉ ၆ နေရာပဲနိုင်တာကို ကြည့်ရင် သက်ဆင်ပါတီ သောင်ပြို ကမ်းပြို နိုင် သွားတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ( ၂၀၀၁ နဲ့ ၂၀၀၅ ရွေးကောက်ပွဲတွေမှာ သက်ဆင်ပါတီ အနိုင် ရ ခဲ့တဲ့ ဒေသတွေကို ပုံ ၁ နဲ့ ၂ မှာ လေ့လာ နိုင်ပါတယ်။ )

ဒီရလဒ်ကြောင့် သက်ဆင်နဲ့ ထိုင်းရတ်ထိုင်းပါတီဟာ အစဉ်အလာအရ ထိုင်းနိုင်ငံရေးကို ထိန်းချုပ် ထားခဲ့တဲ့ အင်အားစုတွေကို စိန်ခေါ်လာနေပြီလို့ မြင်သူတွေရှိလာတယ်။ ဒါ့ကြောင့် ပါတီတစ်ခု တည်းက လွှတ်တော်ကို ထိန်းချုပ်ထားတာဟာ ပါလီမန် အာဏာရှင်စနစ် ကို ဦးတည်နေပြီး ထိုင်း ဘုရင် နဲ့ထိုင်းနိုင်ငံရေးအတွက် အန္တရာယ်ကြီးတယ်ဆိုတဲ့ သတိပေးမှုတွေပေါ်ထွက်လာခဲ့တယ်။

သက်ဆင် ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်းစတင်တဲ့အချိန်မှာပဲ ထိုင်းဘာသာနဲ့ထုတ် ေ၀ တဲ့ သတင်းစာတချို့မှာ သက်ဆင်က ထိုင်းဘုရင်ကို စော်ကားတဲ့ စကားတွေပြောတယ် ဆိုတဲ့ သတင်း တွေပါလာတယ်။ အဲဒီနောက်မှာ ဘုရင်ကို ကာကွယ်ဖို့နဲ့ သက် ဆင်ရဲ့ ပါလီမန်ဒီမိုကရေစီအာဏာ ရှင် စနစ်ကို တိုက်ဖျက်ဖို့ ရှပ်ဝါလှုပ်ရှားမှုလို့ လူသိများ တဲ့ People’s Alliance for Democracy (PAD) လှုပ်ရှားမှုပေါ်လာပြီး သက်ဆင်နှုတ်ထွက်ဖို့ တောင်း ဆိုတယ်။

အဲဒီအချိန်မှာပဲ သက်ဆင်က ရှင်းကော်ပိုရေးရှင်းမှာရှိတဲ့ သူနဲ့ သူ့မိသားစုပိုင် အစုရှယ်ယာတွေကို စင်္ကာပူ တီမားဆက် ကော်ပိုရေးရှင်းကို ဘတ် ၇၃ ဘီလီလျံနဲ့ ရောင်းလိုက်တယ်။ ဒါကတော့ သက် ဆင် ရဲ့ ယုံကြည်မှုလွန်ကဲတဲ့အမှားကြီးပဲ။ ဒီရောင်းချမှုဟာ အဂတိလိုက်စားမှု ပြဿနာဖြစ်လာခဲ့ပြီး လူလတ်တန်းစားတွေပါ ရှပ်ဝါလှုပ်ရှားမှုမှာ ပူးပေါင်းလာခဲ့တယ်။ ဒီလိုနဲ့ သက်ဆင် ဆန့်ကျင်ရေး ဆန္ဒပြမှုအားကောင်းလာတယ်။သက်ဆင်ကလွှတ်တော်ကိုဖျက်ပြီး ၂၀၀၆ ဧပြီလမှာ ရွေးကောက်ပွဲ အသစ် ပြန်လုပ်တယ်။ သက်ဆင်ပါတီပဲ လွတ်လွတ်ကျွတ်ကျွတ်နိုင်တယ်။ ဒါပေမယ့် အခြေခံ ဥပဒေ အရ အငြင်းပွားမှုတွေရှိပြီး အဲဒီရွေးကောက်ပွဲရလဒ်ကို အခြေခံဥပဒေဆိုင်ရာတရားရုံးက ဖျက်သိမ်းလိုက်တယ်။ သက်ဆင်က အောက်တိုဘာလမှာ နောက်ထပ် ရွေးကောက်ပွဲအသစ်လုပ်ဖို့ စီစဉ်တယ်။ ဒါ ပေမယ့် မလုပ်နိုင်တော့ဘူး။ ၁၉ စက်တင်ဘာ ၂၀၀၆ ရက်နေ့မှာ ထိုင်းတပ်မတော် က အာဏာ သိမ်းလိုက်တယ်။

အာဏာသိမ်းကောင်စီက သက်ဆင်ကို အာဏာအလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှုတွေ နဲ့ အမှုဖွင့်တယ်။ အခြေခံဥပဒေဆိုင်ရာတရားရုံးက ထိုင်းရတ်ထိုင်းပါတီကို ရွေးကောက်ပွဲ မသမာ မှု ကိုအကြောင်းပြပြီးဖျက်သိမ်းတယ်။သက်ဆင်အပါအဝင်ပါတီခေါင်းဆောင်အတော်များများကို နိုင်ငံ ရေးလုပ်ဆောင်ခွင့် ငါးနှစ်ပိတ်ပင်ခဲ့တယ်။ သက်ဆင်ကတော့ ပြည်ပကို ထွက်ခွာရှောင်တိမ်းနေခဲ့ တာ အခုအချိန်ထိပဲ။

သို့သော် သက်ဆင်လည်း ထွက်ပြေး၊ ထိုင်းရတ်ထိုင်းပါတီလည်း ဖျက်သိမ်းခံလိုက်ရပေမယ့် ထိုင်း ပြည်သူတွေကြားမှာ သက်ဆင်အပေါ်ထောက်ခံမှုလျော့မသွားဘူး။ အာဏာသိမ်းကောင်စီက ကျင်းပပေးတဲ့ ၂၀၀၇ ရွေးကောက်ပွဲမှာလည်း သက်ဆင်ကိုထောက်ခံသူတွေ ရဲ့ People Power ပါတီက အများစုနိုင်ပြီး အစိုးရဖွဲ့တယ်။ အဲဒီအခါမှာ ရှပ်ဝါတွေက ထပ်ဆန္ဒပြတယ်။ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးက People Power ပါတီ ဝန်ကြီးချုပ် Samak Sundaravej ကို အခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာထူးက ဖယ်ရှားလိုက်တယ်။ အဲဒီနောက် People Power ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီငယ်တွေက ဘက်ပြောင်းပြီး ဒီမိုကရက်ပါတီကို ထောက်ခံလိုက် တဲ့အတွက် ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဝန်ကြီးချုပ် ဖြစ်လာတယ်။ နိုင်ငံရေးလေ့လာသူ တချို့ကဒီဖြစ်စဉ်ကို ကြည်းတပ်ဦးစီးချုပ် Gen Anupong Paochinda ရဲ့ သွယ်ဝိုက်အာဏာသိမ်း မှု အဖြစ် သုံး သပ်ခဲ့ကြတယ်။

၂၀၁၁ ခုနှစ်ရွေးကောက်ပွဲကျင်းပချိန်ကျတော့ သက်ဆင်ကို ထောက်ခံသူတွေက သက်ဆင် ညီမ ယင်လတ်ကို ခေါင်းဆောင်တင်ပြီး ဖွေ့ထိုင်း( Pheu Thai ) ပါတီကို တည်ထောင်တယ်။ အဲဒီ ရွေး ကောက်ပွဲမှာလည်း ဖွေ့ထိုင်းပါတီက အများစုနိုင်ပြီး အစိုးရဖွဲ့တယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ထဲ မှာ ရှပ်ဝါတွေဦးဆောင်တဲ့ ယင်လတ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ထပ်ဖြစ်တယ်။ အတိုက် အခံ ဒီမိုကရက်ပါတီအမတ်တွေက လွှတ်တော်ကို သပိတ်မှောက်ပြီး ထွက်သွားတယ်။ ဒီလိုနဲ့ နောက်ထပ် နိုင်ငံရေးအကျပ်တည်းထပ်ဖြစ်တယ်။ ၇ မေ ၂၀၁၄ မှာ အခြေခံဥပဒေဆိုင်ရာ တရား ရုံး က ယင်လတ် ကို အဆင့်မြင့်နိုင်ငံဝန်ထမ်းအရာရှိတစ်ဦး ပြောင်းရွှေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြေ ခံ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ရာထူးက ဖယ်ရှားလိုက်တယ်။ ၂၂ မေ ၂၀၁၄ မှာ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ခေါင်းဆောင်တဲ့ ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်တယ်။ နိုင်ငံရေးလေလ့ာသူတချို့ကတော့ ၂၀၁၄ အာဏာသိမ်းမှုကို ၂၀၀၆ အာဏာသိမ်း ပွဲ အပိုင်းနှစ်လို့ အမည်ပေးခဲ့ကြတယ်။

ဒီတစ်ခါ အာဏာသိမ်းပြီးချိန်မှာတော့ ထိုင်းစစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးပါတီတစ်ခုတည်း ကလွှတ်တော်ကိုချုပ်ကိုင်ထားနိုင်တဲ့အခြေအနေမျိုးတနည်းအားဖြင့် သက်ဆင်လို နိုင်ငံရေး သမား မျိုး နောက်ထပ် မပေါ်အောင် ကာကွယ်နိုင်မယ့် အခြေခံဥပဒေတစ်ခုရေးဆွဲဖို့ ဆောင်ရွက်ခဲ့ တယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ ၂၀၀ ၇ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ၂၀၁၇ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ရွေးကောက်ပွဲရလဒ်ကို သုံးသပ်မယ်ဆိုရင် ၂၀၁၇ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက် တွေကို သိထားမှဖြစ်မယ်။

ဆက်လက်ဖော်ပြပါ့မယ်။

သာမိုင်းခမ်း (၇)

သာမိုင်းခမ်းရွာရဲ့ ရှေးဟောင်းစေတီတွေရှိတဲ့နေရာက မွေတော်တောင်ဖြစ်ပါတယ်။ သာမိုင်း ခမ်းရွာ အဝင်မှာ သာမိုင်းခမ်းမွေတော်ကျောင်းသို့ လို့ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ် ရှိပါတယ်။ အဲဒီ လမ်းအတိုင်းသွားရင် မွေတော်တောင်ကို ရောက်ပါတယ်။ သာမိုင်းခမ်းမြို့ စည်ကားချိန်က ဘုန်း ကြီးကျောင်းလေးကျောင်းရှိခဲ့ပေမယ့် အခုတော့ အပေါ် ကျောင်း လို့ ခေါ်တဲ့ ကျောင်းတစ်ကျောင်း ပဲ ရှိတော့တယ်။

မွေတော်တောင်ပေါ်စတက်တာနဲ့ ပထမဆုံးတွေ့ရတာက ကံကော်တစ်ထောင်ထိုင်တော်မူ ရုပ်ပွား တော်များဖြစ်ပါတယ်။ ဒီရုပ်ပွားတော်တွေက ရှေးလက်ရာမဟုတ်ပါဘူး။ မွေတော်ကျောင်းဆရာ တော်နဲ့ အနန္တမေတ္တာ သာသနာပြု ပရဟိတ မိသားစု တို့ရဲ့ အစီအစဉ်နဲ့ တည်နေတာဖြစ်ပြီး ဒီနှစ် ဇန်နဝါရီလ အထိ အဆူ ၁၅၀ ပြီးပြီလို့သိရပါတယ်။ ကံ့ကော်တစ်ထောင် ဘုရားတွေကို လွန်သွား တဲ့အခါ ရှေးဟောင်းစေတီအစု ကိုတွေ့မယ်။ တချို့စေတီတွေက ရှေးလက်ရာအတိုင်း ရှိပေ မယ့် အများစုကတော့ပြန်ပြင်ပြီး ရွှေသင်္ဃန်း၊ ထုံးသင်္ဃန်းကပ်ထားတာတွေ့ရပါတယ်။ အရင်က ဒီနေရာ အောက်ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အဲဒီကနေ တောင်ပေါ်ကို ဆက်တက်သွားရင် လမ်းညာဘက် ချိုင့်ထဲမှာ ရှေးအုတ်ရေကန်ကြီးရှိပါ တယ်။ ရေကန်က အမရပူရ နဲ့ စစ်ကိုင်းဘက်မှာတွေ့ရတဲ့ အောက်ကို အုတ်အဆင့်ဆင့်နဲ့ ဆင်း သွားတဲ့ ရေကန်မျိုးပါ။ အခုတော့ ကံ့ကော်တစ်ထောင်ဘုရားတည်တဲ့ အဖွဲ့ကပဲ ပြန်ပြုပြင်နေပါ တယ်။ မွေတော်ကျောင်းဝင်းထဲမှာရှိတဲ့စေတီအစုကတော့ အရေအတွက်အများဆုံးဖြစ်ပါတယ်။ ဒါ ပေမယ့်နောက်လူတွေ ပြုပြင်ထားတဲ့အတွက် ရှေးဟောင်းလက်ရာမကျန်တော့ပါဘူး။ တန်ဆောင်း တစ်ခုထဲမှာ စော်ဘွားမင်းမောင်ဖိုး လက်ထက်က ရေးထိုးခဲ့တဲ့ကျောက်စာလို့ထင်ရတဲ့ကျောက်စာ တစ်ခုတွေ့တယ်။ ဘုရားသမိုင်းနဲ့ပတ်သက်တဲ့ ပန်းချီကားတချို့ရှိပေမယ့် ပုံစာတွေ ပျက်စီးနေပြီ။

မွေတော်ကျောင်း စေတီစုကို လွန်ပြီးဆက်သွားရင် ကျောင်းအုတ်တံတိုင်းနဲ့ တံခါးတစ်ခုတွေ့မယ်။ အဲဒီကနေ ထွက်လိုက်ရင် နောက်ထပ် ရှေးဟောင်း စေတီအစုတစ်ခုကို တွေ့မယ်။ အဲဒီစေတီ တွေ ကတော့ ရှေးဟောင်းသုတေသန က ရှေးဟောင်းဇုန် ဆိုတဲ့ မှတ်တိုင်တွေစိုက်ပြီး ကာကွယ်ထား တဲ့ အတွက်ရှေးလက်ရာအတိုင်းပဲရှိသေးတယ်။ စေတီပုံစံတွေကတော့ အင်းတိန်ဘုရားတွေမှာ တွေ့ရ တဲ့လက်ရာမျိုးပဲ။အဲဒီစေတီစုအနားမှာ အရင် ရှိခဲ့ တဲ့ ဘုန်းကြီးကျောင်းရဲ့လှေကားလို့ ပြောတဲ့ အုတ် လှေကားတစ်စင်းရဲ့အကြွင်းအကျန်တွေရှိသေးတယ်။မြင်ခဲ့ရတဲ့အခြေအနေအရတော့ရှေး ဟောင်း သုတေသနကလည်း ရှေးဟောင်းစေတီတွေကို နောက်လူတွေ မပြင်အောင်သာ ကာကွယ် ထား နိုင်ပေမယ့်ထပ်မပျက်စီးအောင်တော့ထိန်းသိမ်းနိုင်ပုံမရဘူး။ဘယ်အစိုးရပြောင်းပြောင်း ရှေးဟောင်း သုတေသနအတွက်ရတဲ့ ဘတ်ဂျက်က ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာက တော့ အတူတူပဲ။

သာမိုင်းခမ်းမှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့နေရာကတော့ သာမိုင်းခမ်း စော်ဘွား မင်း မောင်ဖိုး ရဲ့ သင်္ချိုင်းနေရာဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ သာမိုင်းခမ်းကို ကျိန်စာသင့်တဲ့ မြို့အဖြစ် နဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ရှိတယ်။ ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာရေးထားတော့ ဖတ်တဲ့ သူ လည်းများတယ်။ အဲဒီဆောင်းပါးက သာမိုင်းခမ်းက စော်ဘွားဟာ လောကီပညာတွေကို စိတ်ဝင် စားလို့ လောကီပညာရှင်တွေကို ဖိတ်ခေါ်ပြီး ပညာသင်တယ်၊ အင်း၊ စမ၊ ဗေဒင် ၊ အဂ္ဂိရတ်၊ ဆေး၊ ပြဒါး ပညာရှင်တွေကို ဖိတ်ပြီးလောကီပညာရပ်တွေနဲ့ စေတီတစ်ဆူတည်တယ် ၊ သူကွယ်လွန် တော့လည်း သူ့အုတ်ဂူအောက်မှာ ကြင်ရာ တော်၊ အလုပ်အကျွေးများနဲ့ စစ်သည်ရဲမက် တွေကို ထည့် သွင်းမြှုပ်နှံခဲ့တယ်၊ သူ့ဂူထဲမှာလည်း ရွှေငွေ ရတနာတွေထည့်သွင်းမြှုပ်နှံခဲ့တယ် လို့ ရေး ထားတယ်။ စော်ဘွားကြီးရဲ့ အုတ်ဂူအဖြစ် မွေတော်တောင် အဝင်မှာပထမဆုံးတွေ့ရတဲ့စေတီ အစု ထဲက လေးထောင့်ပုံအုတ်ဂူကို ဓာတ်ပုံနဲ့ဖော်ပြထားပါတယ်။

တကယ်တော့ အဲဒီဆောင်းပါးမှာရေးထားတဲ့ စော်ဘွားရဲ့ကျိန်စာ၊ လောကီပညာနဲ့တည်တဲ့စေတီ၊ စော်ဘွားကြီးသင်္ချိုင်းဂူဆိုတဲ့အချက်တွေက လုံးဝမှားပါတယ်။ စိတ်ကူးယဉ်သက်သက် ဖတ်ကောင်း အောင် ရေးထားတာ ပါ။ ဒေသခံတစ်ယောက်ကလည်း အဲဒီအကြောင်းကို ပြန်ရှင်း ထားတာ ရှိပါ တယ်။ ဒါပေမဲ့ မူလ ဆောင်းပါးလောက် လူသိမများပါဘူး။

အဲဒီဆောင်းပါးမှာ ပါတဲ့စော်ဘွားကြီးက လောကီပညာလိုက်စားတယ်ဆိုတဲ့အချက်က လည်း မှား ပါတယ်။ အဖွားဒေါ်အေးတီကတော့ စော်ဘွားကြီးက ဘုရားတရားကြည်ညိုတယ်၊ နောက်ပြီး စော် ဘွားသက်ကလည်းရှည်တော့လူတွေကဘုန်းတန်ခိုးကြီးတယ်၊အာဏာစက်ပြင်းတယ်လို့ ယုံကြည် တယ်။ ဒါ့ကြောင့် စော်ဘွားကြီးကို ကန်တော့တဲ့ပွဲတွေမှာ စော်ဘွားကြီး ပရိတ်ရွတ်ပေးတဲ့ရေကို ယုံ ယုံကြည်ကြည်နဲ့ ဆောင်ထားကြတာပဲရှိတယ်လို့ရှင်းပြတယ်။

တကယ်တော့ စော်ဘွားကြီးရဲ့ အုတ်ဂူက သာမိုင်းခမ်းရွာတောင်ဘက် ၊ ရွာနဲ့ ဆက်နေတဲ့ ကုန်း ကြောလေးပေါ်မှာ ရှိပါတယ်။ အဲဒီနေရာကို အရင်ကတော့ မင်းသင်္ချိုင်းလို့ခေါ်တယ်၊ စော်ဘွား မျိုး နွယ်တွေအတွက် သီးသန့်ထားတဲ့နေရာဖြစ်ပါတယ်။ စော်ဘွားခေတ်က မင်း၊ သူဌေး၊ သာမန်လူ နဲ့ အစိမ်း သေဆိုပြီး သင်္ချိုင်း လေးနေရာခွဲထားတယ်လို့ပြောတယ်။ အခုတော့ အဲဒီအစဉ်အလာ မရှိ တော့ဘူး။ မင်းသင်္ချိုင်းနေရာမှာ ရှိတဲ့အကြီးဆုံးအုတ်ဂူက စော်ဘွားမင်းမောင်ဖိုးရဲ့ အုတ်ဂူပါ။

ဒီသင်္ချိုင်းမှာ မင်းမောင်ဖိုးရဲ့ ဖခင် စော်ဘွားမောင်ရွှေမင်းရဲ့ အုတ်ဂူလည်းရှိတယ်လို့ဆိုတယ်၊ ဒါ ပေမယ့် အုတ်ဂူတွေမှာ သင်္ချိုင်းစာတွေမရှိတော့တဲ့အတွက် ဘယ်သူ့ အုတ်ဂူတွေဆိုတာ မသိနိုင် တော့ဘူး။ စော်ဘွားမင်းမောင်ဖိုးရဲ့ အုတ်ဂူကိုတောင် ဒေါ်အေးတီတို့ မိဘများခေတ်အထိ လူကြီး သူမတွေ နှစ်စဉ်သွားကန်တော့လေ့ရှိတဲ့အတွက် မှတ်မိနေတာပါ။

လက်ရှိအခြေအနေမှာတော့မင်းမောင်ဖိုး အုတ်ဂူအပါအဝင် စော်ဘွားမျိုးနွယ်များရဲ့ အုတ်ဂူ အတော် များများအဖောက်ခံထားရတယ်။ အဖွားဒေါ်အေးတီကတော့ သူငယ်ငယ်ထဲက အဖောက်ခံ ထား ရတာလို့ပြောတယ်။ စော်ဘွားစနစ်ရှိချိန်ကတော့ ဒီလို ဂူဖောက်တာမျိုးလုပ်ရဲမယ်မထင်ဘူး။ နောက်ပိုင်းမှ ရတနာတွေများရှိမလားဆိုပြီး ဖောက်ထွင်းခဲ့ကြပုံရတယ်။ ဂူကို ပြန်ပိတ်ပြီး “ မဖွင့် ပါနှင့် သီးခံပါ” ( မူလသတ်ပုံ) လို့ရေးထားတဲ့ ဂူကိုတောင် ပြန်ဖောက်ထားတာလည်းတွေ့ရတယ်။ သာမိုင်းခမ်းရွာရဲ့ မင်းသင်္ခိျိုင်းဟောင်းနေရာက ရာထူး၊အာဏာ၊ စည်းစိမ်တွေ မတည်မြဲခြင်း သဘော ကို သက်သေပြနေတာပါပဲ။

သာမိုင်းခမ်းမြို့သမိုင်းနဲ့ပတ်သက်ပြီး လေ့လာစရာတွေကုန်တော့ လက်ရှိကျေးရွာလူမှု စီးပွား အခြေအနေကို သိနိုင်ဖို့ ရွာထဲကို လှည့်ပတ်ကြည့်တယ်။ သာမိုင်းခမ်းရွာက တောင်ကုန်းပေါ် မှာတည်ထားပြီး ၂၀၂၂ စာရင်းအရ အိမ်ခြေ ၁၂၃ အိမ်၊ အိမ် ထောင်စု၁၁၃ စု၊ လူဦးရေ ၅၉ ၁ ဦး ရှိတယ်။ သာမိုင်းခမ်းကျေးရွာအုပ်စု တစ်ခုလုံးဆိုရင် အိမ်ခြေ ၇၁၇ အိမ်၊ အိမ်ထောင်စု ၆၅၈ စု၊ လူဦးရေ ၃၀၃၃ ဦးရှိပါတယ်။

သာမိုင်းခမ်းရွာကို ဝင်ဝင်ချင်း သတိထား မိတယ်အချက်ကတော့ ရွာတွင်းလမ်းတွေနဲ့ အိမ်ခြံကွက် တွေသန့်ရှင်းသပ်ရပ်နေတာပဲဖြစ်ပါတယ်။ရွာဆိုပေမယ့်ရွာတွင်းလမ်းတွေအားလုံးမှာ နာမည်တွေ ရှိပြီး လမ်းဆိုင်းဘုတ်တွေနဲ့ စနစ်တကျ ရှိတာကိုတွေ့ရတယ်။ ကမ္ဘောဇဘဏ်ရဲ့ ရေရရှိရေး စီမံကိန်း က တည်ဆောက်ပေးထားတဲ့ အဝီစိတွင်းနဲ့ ရေကန်လည်းရှိတယ်။ အိမ်အများစုကလည်း တစ်ထပ် တိုက် လေးတွေ၊နှစ်ထပ်အိမ် သုံးလေးလုံးတွေ့တယ်။ဆောက်လက်စ သုံးထပ်တိုက် တစ်လုံး လည်း မြင်ခဲ့ရတယ်။ ရွာလယ် လမ်းမကြီးကတော့ မင်း လမ်းမ ( စော်ဘွားဟော်ကို သွားတဲ့လမ်း) ဖြစ်ပြီး လမ်းသွယ် တွေကတော့ ဟော်ကုန်းလမ်း၊ မင်းမဟော်လမ်း၊ မြင်းပြိုင် လမ်း၊ စဝ်ထွန်းအေး လမ်းစ သည် ဖြင့် အမည် ပေးထားတယ်။ မင်းလမ်းမ ကြီးရဲ့ ထိပ်မှာ “ သာမိုင်း ခမ်း ကျေးရွာသစ်လှုပ်ရှားမှု၊ မြန်မာ ဆယ်မာအူးလ်အွန်ဒုံစီမံကိန်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကလော မြို့နယ်၊ KOICA , SMU ဆိုတဲ့ မုခ်ဦး ကြီးရှိတယ်။ လမ်းမကြီးဘေးမှာပဲ စီမံကိန်းကတည်ဆောက်ထားတဲ့ ရေသန့်စက်ရုံ၊ ကျေး ရွာခန်းမနဲ့စာကြည့်တိုက်ရှိတယ်။

ဆယ်မာအူးလ်အွန်ဒုံ ( Saemaul Undong) စီမံကိန်းဆိုတာက သမ္မတ ပတ်ချုံဟီးလက်ထက် တောင်ကိုရီးယားနိုင်ငံမှာ အကောင်အထည်ဖော်ခဲ့တဲ့ ကျေးရွာသစ်စီမံကိန်းကို နမူနာယူပြီး ကိုရီး ယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency ,KOICA)က မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်း ကာလ က ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပြီး ကျေးရွာပေါင်းတစ်ရာ မှာ ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ အဲဒီစီမံကိန်းမှာ သာမိုင်းခမ်းအပါအဝင် ကလောမြို့နယ်က ငါးရွာပါဝင်တယ်။

ဒီစီမံကိန်းက ရန်ပုံငွေမတည်ပေးပြီး ကျေးရွာလူထုက မိမိတို့ အစီအစဉ်နဲ့ ကျေးရွာဖွံ့ဖြိုးတိုး တက် ရေး အတွက် အသုံးချရတာဖြစ်ပါတယ်။ ပထမ နှစ်မှာ ကျေးရွာအားလုံး ရန်ပုံငွေအတူတူရပေ မယ့် နောက်နှစ်တွေမှာတော့ အကဲဖြတ်ချက်အရ လုပ်ငန်းအကောင်အထည်ဖော်မှုကောင်းတဲ့ရွာတွေက ငွေပိုရတဲ့စနစ်ဖြစ်ပါတယ်။ သာမိုင်ခမ်းရွာကတော့ ဒီစီမံကိန်းမှာအောင်မြင်ပုံရပါတယ်။ ၂၀၂၀ ပြည့် နှစ်က ထုတ်ဝေတဲ့ The Korean Society Of Rural Planning ဂျာနယ် အတွဲ ၂၆ ၊ အမှတ်စဉ် ၃ ပါ ဆောင်းပါးတစ်စောင်မှာ စီမံကိန်းအကောင်အထည်ဖော်မှု အကောင်းဆုံး ရွာသုံးဆယ်ကို ဖော် ပြတဲ့အခါ သာမိုင်းခမ်း ရွာပါတာကို တွေ့ရတယ်။

သာမိုင်းခမ်းရဲ့ ကျေးရွာသစ်စီမံကိန်းက ၂၀၁၉ ခုနှစ်မှာ ပြီးတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က စီမံ ကိန်းပြီးသွားရင်လည်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာလူထုကပဲ စီမံခန့်ခွဲ လုပ် ဆောင် နိုင်အောင်ပျိုးထောင်ပေးတာဆိုတော့ လက်ရှိ ဘယ်လိုလည်ပတ်နေလဲ ဆိုတာ သိချင် တယ်။ ဒါပေ မဲ့ ရှင်းပြနိုင်မယ့်သူတွေက တောင်ကြီး၊ အောင်ပန်း ဘက်သွားနေလို့ မတွေ့ခဲ့ရဘူး။ ဒါ့ကြောင့် ကျေးရွာခန်းမ မှာ ကပ်ထားတဲ့ ဆယ်မာအူးလ်အွန်ဒုံ ကြွေးကြော်သံ

၁။ ငါတို့ လုပ်ကို လုပ်ရမယ်။ ( တာဝန်ယူစိတ်)
၂။ ငါတို့လုပ်နိုင်တယ်။ ( မိမိကိုယ်ကို ယုံကြည်မှု)
၃။ ငါတို့ လုပ်ရင်ဖြစ်တယ်။ ( စိန်ခေါ်ရဲသည့်စိတ်ဓာတ်)

ဆိုင်းဘုတ်ကို ဖတ်ပြီး ပြန်ခဲ့ရတယ်။ ရွာသားအားလုံးဒီစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင်တော့ သာမိုင်းခမ်း ရွှေရောင်လွှမ်းတဲ့ခေတ်ကို ပြန်ရောက်မှာပါ။

ပြီးပါပြီ

သာမိုင်းခမ်း (၆)

စဝ်ထွန်းအေး စော်ဘွားဖြစ်လာတဲ့အချိန်မှာ အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) ဆိုတာပေါ်ပေါက်နေပြီ။ ဒီကောင်စီပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းက အင်္ဂလိပ်အစိုးရရဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်နေပါတယ်။

၁၉ ၂၃ ခုနှစ်မှာ အင်္ဂလိပ်က ၁၉ ၁၉ ခုနှစ် အိန္ဒိယနိုင်ငံစီရင်အုပ်ချုပ်မှု ဥပဒေ ကို မြန်မာနိုင်ငံမှာ စ တင်ကျင့်သုံးခဲ့တယ်။ သမိုင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးလို့ လူသိများတဲ့ အုပ်ချုပ်ရေးပုံစံဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအုပ်ချုပ်ရေးစနစ်ကို တစ်နိုင်ငံလုံးမှာကျင့်သုံးခဲ့တာမဟုတ်ဘူး။ ရှမ်းပြည်နယ် နဲ့ ချင်း ၊ ကချင်၊ နာဂ တောင်တန်းဒေသတွေကို မဖွံ့ဖြိုးသောဒေသများ ( Backward Tract ) များလို့ သတ် မှတ်ပြီး ဒေသအလိုက်သင့်တော်တဲ့ အုပ်ချုပ်မှုစနစ်တွေကို သီးခြားသတ်မှတ်ပေးတယ်။

ရှမ်းပြည်နယ်နဲ့သင့်တော်တဲ့ အုပ်ချုပ်ရေးပုံစံကို လေ့လာဖို့အတွက် ၁၉ ၁၉ ခုနှစ်မှာ အိုင်စီအက်စ် တွမ်လစ္စတာ (Tom Lister )ကို အင်္ဂလိပ် အစိုးရက ဖွဲ့စည်းပေးထားတဲ့ မလေး စူလတန်စော်ဘွား များရဲ့ အုပ်ချုပ်မှုစနစ် ( Federal Malay States) ကို သွားရောက် လေ့လာခိုင်းတယ်။ သူ့အစီရင်ခံစာပေါ်မူတည်ပြီး ပဒေသရာဇ်ရှမ်းပြည် ( Federated Shan States ) ကို ရှမ်း ပြည်မြောက်ပိုင်း နယ်ခြောက်နယ်၊ ရှမ်းပြည်တောင်ပိုင်း သုံးဆယ့်ငါးနယ်နဲ့ ဖွဲ့စည်းပြီး ဘုရင်ခံ ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားတယ်။ ရှမ်းပြည်နယ်အတွက် ခန့်အပ် ထား တဲ့ ဝန်ရှင်တော် မင်းကြီးက ဘုရင်ခံကိုယ်စား ရှမ်းပြည်နယ်အုပ်ချုပ်ရေးကို တာဝန်ယူတယ်။ ပြည်သူ့လုပ်ငန်း ဌာန၊ ကျန်းမာရေး၊ ပညာရေး ၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ ရဲတပ်ဖွဲ့ကို ဗဟိုက တာဝန်ယူတယ်။ ကျန်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့က တာဝန် ယူရတယ်။ အင်္ဂလိပ် ရဲ့ ရှမ်း ပြည်နယ်အုပ်ချုပ်ရေးစနစ်သစ်က ပြည်မမှာ ဒိုင်အာခီအုပ်ချုပ်ရေး မစတင်မီ သုံးလစောပြီး ၁ အောက်တိုဘာ ၂၀၂၂ ရက်နေ့မှာ အသက်ဝင်ခဲ့တယ်။

အုပ်ချုပ်ရေးစနစ်သစ်မှာအင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) က ဝန်ရှင်တော်မင်းကြီးရဲ့ အတိုင်ပင်ခံကောင်စီအနေနဲ့ ဆောင်ရွက်တယ်။ ကမ္ဗောဇပဒေသရာဇာအသင်း မှာ စော်ဘွားအဆင့်ရှိ နယ်မြေအကြီးအကဲ ၁၇ ဦးနဲ့ မြို့စား၊ ငွေခွန်မှူးများထဲက ရွေးချယ်သူ ၄ ဦးပါဝင်တယ်။ အတိုင်ပင်ခံကောင်စီဖြစ်တဲ့အတွက် ဥပဒေ ပြု အာဏာမရှိဘူး။ ရှမ်းပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်များကို ဆွေးနွေးအကြံပြုခွင့်ရှိ တယ်။ ဒါပေမဲ့ ဝန်ရှင် တော် မင်းကြီးနဲ့ ဘုရင်ခံရဲ့ ဆုံးဖြတ်ချက်က အတည်ပါပဲ။

သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးကို ၂၂ သြဂုတ် ၁၉ ၁၄ ခုနှစ်မှာမွေးဖွားတယ်။ ၁၉ ၃၇ ခုနှစ်မှာ သာမိုင်းခမ်းစော်ဘွားအရိုက်အရာကို ဆက်ခံတော့ အသက် ၂၃ နှစ်ရှိပြီ။ ခေတ်ပညာတတ်ဖြစ်တဲ့ အတွက်ရှမ်းပြည်နယ်အရေးကိစ္စများမှာတက်တက်ကြွကြွပါဝင်ခဲ့ပုံရပါတယ်။၁၉၃၉ခုနှစ်မှာကမ္ဗောဇ ပဒေသရာဇာအသင်း ကောင်စီဝင်အဖြစ်ရွေးချယ်ခံရတယ်။

ဒုတိယကမ္ဘာစစ်မြန်မာပြည်တိုက်ပွဲစဉ်မှာ ဂျပန် အမှတ် (၅၆) တပ်မက ရှမ်းပြည်နယ်သိမ်းပိုက်ရေး တာဝန်ယူရတယ်။ ၂၂ ဧပြီ ၁၉ ၄၂ ခုနှစ်မှာတောင်ကြီးကို သိမ်းတယ်။ ဂျပန်ကလည်း အင်္ဂလိပ် လိုပဲ သက်ဆိုင်ရာစော်ဘွား၊ မြို့စားနဲ့ငွေခွန်မှူးတွေရဲ့ အုပ်ချုပ်မှုကို အသိအမှတ်ပြုတယ်။ ၁၉ ၄၂ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင်ခန့်အပ်စာတွေပေးတယ်။ အင်္ဂလိပ်ဝန်ထောက်တွေနေရာမှာ ကန်တို ကူကန် ( Kentokukan) လို့ခေါ်တဲ့ ဂျပန်အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ၁၉ ၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ မြန်မာနိုင်ငံ ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီးတဲ့နောက်ကမ္ဘောဇတိုင်း အမည်နဲ့ မင်းကြီးတစ်ယောက် ထား ပြီး အုပ်ချုပ်တယ်။ ပထမဆုံးမင်းကြီးက မိုင်းသောက်သား ဦးခင်မောင်ဖြူ ဖြစ်ပါတယ်။ ဒေသလိုက် ဝန်ထောက်တွေလည်းခန့်ထားတယ်။ အုပ်ချုပ်မှုစနစ်က တော့ အင်္ဂလိပ်ခေတ်ပုံစံအတိုင်း သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတွေက တာဝန်ယူပြီး မင်းကြီးနဲ့ ဝန်ထောက်တွေက ကြီးကြပ်ပေး တာပါပဲ။

ဂျပန်ခေတ်ကာလ သာမိုင်းခမ်းစော်ဘွားရဲ့ လှုပ်ရှားမှုမှတ်တမ်းတွေတော့ ရှာမတွေ့ဘူး။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွေစတင်ချိန်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မှာ တော့ စော်ဘွားစဝ်ထွန်းအေး ဟာ ရှမ်းပြည်နယ်အရေးကိစ္စများမှာ တက်တက်ကြွကြွပါဝင် လာ တာ ကို တွေ့ခဲ့ရပါတယ်။

၂၆ မတ် ကနေ ၂၈ မတ် ၁၉ ၄၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ လဲချားနယ် ပင်လုံအစည်းအဝေး မှာ ရှမ်းပြည်နယ်မှာရှိတဲ့ စော်ဘွား၊ မြို့စား၊ ငွေ ခွန် မှူးအားလုံးတန်းတူအသိအမှတ်ပြုပြီး စဝ်ဖလုံများ ကောင်စီ ( နယ်ရှင်စော်ဘွား များအသင်းလို့ လည်း ခေါ်ကြ တယ်) ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့ကြောင့်အဲဒီအချိန်ကျမှ သာမိုင်းခမ်းစော်ဘွားလို့ တရား ဝင် သတ်မှတ်ခံရတာလို့ ဆိုရမှာပါ။

၁၉ ၄၆ ခုနှစ် ဇူလိုင်လ မှာ စဝ်ဖလုံများကောင်စီကိုယ်စား ရှမ်းပြည်နယ်အရေးကိစ္စများကို ဆောင် ရွက်နိုင်ဖို့အတွက် အလုပ်အမှုဆောင် ၇ ဦးကို ရွေးချယ်တဲ့အခါ သာမိုင်းခမ်းစော်ဘွားလည်း ရွေး ချယ်ခံရပါတယ်။အဲဒီနောက်ပင်လုံညီလာခံကို တက်ရောက်ခဲ့ပြီး ၁၂ ဖေဖော်ဝါရီ ၁၉ ၄၇ ရက်နေ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုး ရာမှာပါဝင်ခဲ့တယ်။ ပင်လုံညီလာခံအပြီး ၁၅ ဖေဖော်ဝါရီ ၁၉ ၄၇ ရက်နေ့ တောင်ကြီးမြို့မှာကျင်းပတဲ့ အစည်းအဝေးကိုတက်ရောက်ပြီး ရှမ်းပြည်ကောင်စီ ( နောင် ရှမ်းပြည် ညီညွတ်ရေးကောင်စီ) မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တယ်။ ၂၁ ဧပြီ ၁၉ ၄၇ မှာ အောင်ဆန်း – အက်တလီစာချုပ်အရ ဖွဲ့စည်းခဲ့တဲ့တောင်တန်းဒေသစုံစမ်းရေးကော်မတီနဲ့တွေ့ဆုံခဲ့တဲ့ ရှမ်း ပြည်နယ် ကိုယ်စားလှယ် ၈ ဦးမှာလည်း ပါဝင်ခဲ့တယ်။

၁၉ ၄၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ သာမိုင်းခမ်းနယ်ကိုယ်စား လှယ်အဖြစ်ရွေးချယ်ခံရတယ်။ ၁၉ ဇူလိုင် ၁၉ ၄၇ ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုမှာ ဗိုလ်ချုပ် အောင် ဆန်းနဲ့အတူ မိုင်ပွန်စော်ဘွား စဝ်စံထွန်းကျဆုံးပြီးတဲ့နောက် စဝ်စံထွန်းကိုယ်စား ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီမှာ အစားထိုးခန့်အပ်ခြင်းခံရတယ်။ ရှမ်းပြည်စော်ဘွားများ အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ရွေးချယ်ခံရတယ်။ ၁၉ ၄၈ ခုနှစ်မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သလို တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။ ၁၉ ၄၉ ခုနှစ်ကနေ ၁၉ ၅၁ ခုနှစ်အထိ ရှမ်းပြည် တောင်ပိုင်း စေတနာ့ဝန်ထမ်း အရေးပိုင်အဖြစ်လည်း တာဝန်ယူခဲ့တယ်။ အဲဒီလိုဆောင်ရွက်မှုတွေ ကြောင့် ၁၉ ၅၀ ပြည့်နှစ်လွတ်လပ်ရေးနေ့အခမ်းအနားမှာ “မဟာသရေစည်သူ” ဘွဲ့ချီးမြှင့်ခြင်း ခံ ခဲ့ရတယ်။

၁၉ ၅၅ ခုနှစ်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စဝ်ခွန်ချို ခေါင်းဆောင်တဲ့ ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ မှာ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တယ်။ ၁၉ ၅၉ ခုနှစ် ဧပြီလ ၂၄ ရက် နေ့ရှမ်းပြည်နယ်စော်ဘွားများက မိမိတို့နယ်မြေအတွင်း အုပ်ချုပ်မှု နဲ့ စီမံပိုင်ခွင့် အာဏာများကို ရှမ်းပြည်နယ်အစိုးရကို လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ သာမိုင်းခမ်းစော်ဘွားလည်း ပါဝင်လက် မှတ်ရေးထိုးခဲ့တယ်။

သာမိုင်းခမ်းစော်ဘွားစဝ်ထွန်းအေးက လွတ်လပ်ရေးရပြီးနောက်မှာလည်း ၁၉ ၄၇ ဖွဲ့စည်းပုံအုပ်ချုပ် ပုံ အခြေခံဥပဒေအရ ၁၉ ၅၁ ၊ ၁၉ ၅၆ နဲ့ ၁၉ ၆၀ ရွေးကောက်ပွဲများမှာ လူမျိုးစုလွှတ်တော် အမတ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့အတွက် ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ ဥပဒေရေးရာကိစ္စရပ်များမှာ လည်း ပါဝင်ဆောင်ရွက်ခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာနဝန်ကြီး ( ၁၉ ၅၆ – ၁၉ ၅၇ )၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဌာနဝန်ကြီး ( ၁၉ ၅၇-၁၉ ၅၈) အဖြစ်တာဝန်ယူခဲ့တယ်။

၂၂ စက်တင်ဘာ ၁၉ ၆၀ ရက်နေ့ မှာ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို အတည်ပြုပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ရှမ်းပြည်နယ်ဆိုင်ရာ ကြိုးကိုင် ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သလို ၁၀ နိုဝင်ဘာ ၁၉ ၆၀ ရက်နေ့မှာ သမ္မတ မန်းဝင်းမောင် ဖွဲ့စည်းပေးတဲ့ ၂၉ ဦးပါ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှာလည်း ပါဝင်ခဲ့တယ်။အဲဒီနောက် ၈ ဇွန်ကနေ ၁၆ ဇွန် ၁၉ ၆၁ ရက်နေ့ အထိ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံကို ရှမ်း ပြည်နယ်ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး အဲဒီညီလာခံက ဖွဲ့စည်းလိုက်တဲ့ ပြည်နယ် များ ညီ ညွတ်ရေးအဖွဲ့ ယာယီအမှုဆောင်အဖွဲ့မှာ ပါဝင်ခဲ့တယ်။

သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးဟာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၂၄ ဖေဖော်ဝါရီ ၁၉ ၆၂ ရက် ရန်ကုန်မှာကျင်းပတဲ့ အမျိုး သားညီလာခံအစည်းအဝေးကိုလည်းတက်ရောက်ခဲ့ပြီး မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ချိန်မှာ အခြားစော်ဘွား များနဲ့အတူ ထိန်းသိမ်းခြင်းခံရတယ်။

စော်ဘွားစဝ်ထွန်းအေးကို ထိန်းသိမ်းခံရတော့ မဟာဒေဝီ စဝ်ကြည်ထူးကလည်း ရန်ကုန်မှာ နေ ထိုင်ပြီး ပြန်လွတ်မယ့်ရက်ကို စောင့်တယ်။ ဒါပေမဲ့ စော်ဘွားပြန်လွတ်မလာခင် ၈ ဧပြီ ၁၉ ၆၃ ရက် နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်တယ်။ သူ့အရိုးပြာကို တောင်ကြီးကို ပြန်သယ်လာတော့ အောင်ပန်းဘူတာမှာ သာမိုင်းခမ်း နယ်သူနယ်သားတွေ စောင့်ကြိုဂါရဝပြုကြတယ်။ မဟာဒေဝီ ရဲ့ ပုဝါတွေကို တံခွန်လုံးလုပ်ပြီး သာမိုင်းခမ်း ဘုန်းကြီးကျောင်းကို လှူတယ်။ အရိုးပြာကိုတော့ တောင် ကြီး က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်ပုတ်ပလ္လင် လုပ်ပြီး ထားတယ်။

စော်ဘွား စဝ်ထွန်းအေးကတော့ ၁၉ ၆၈ ခုနှစ်ရောက်မှ ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်တယ်။ အဲဒီနောက်ပိုင်းသူ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အထောက်အထားမတွေ့တော့ပဲ ၂၆ ဇူလိုင် ၁၉ ၈၆ ရက်နေ့ ရန်ကုန်မြို့မှာကွယ်လွန်တယ်လို့ပဲ သိရပါတယ်။ သူ့အရိုးပြာတွေကိုတော့ တောင်ကြီး ကို ပြန်မသယ်ဘူး။ ကြံတောသုသာန်မှာပဲ မြှုပ်နှံခဲ့တယ်။ ဒါကတော့ ရှာဖွေလို့ရသမ ျှ အထောက် အထားတွေအရ သိခဲ့ရတဲ့အချက်အလက်တွေပါပဲ။ ညောင်ရွှေမှာ သာမိုင်းခမ်းစော်ဘွားရဲ့ မြေး တစ်ယောက်ရှိတယ်လို့ သိရပေမယ့် မသွားနိုင်ခဲ့ဘူး။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့အချက် အလက်များကို လိုတာထပ်ဖြည့်၊ မှားတာပြင်ပေးရင်တော့ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး အကြောင်းက ပိုပြီးပြည့်စုံမှာပါ။

ဒီလိုနဲ့ သာမိုင်းခမ်းစော်ဘွားနယ်ရဲ့ သမိုင်းကြောင်းက ၁၉ ၆၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ပြီးဆုံး သွား တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီနောက် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် သာမိုင်းခမ်းအခြေအနေက ဘယ်လိုလဲဖြစ်နေပြီလဲ။

ဆက်လက်ဖော်ပြပါ့မယ်။

သာမိုင်းခမ်း (၅)

သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုးကွယ်လွန်တော့ ပဒေသရာဇ်အစဉ်အလာအတိုင်းဆိုရင် သား အကြီးဆုံးက အရိုက်အရာကို ဆက်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်အုပ်ချုပ်ရေးလက် အောက်မှာတော့ အဲဒီလို မဟုတ်တော့ဘူး။

၁၈၈၅ ခုနှစ် မန္တလေးနေပြည်တော်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ အင်္ဂလိပ်တွေက အောက်မြန်မာ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဗြိတိသ ျှ အုပ်ချုပ်ရေးစနစ်အတိုင်း အထက်မြန်မာနိုင်ငံကို တိုးချဲ့အုပ် ချုပ် ဖို့ဆောင်ရွက်ခဲ့ပေမယ့် ရှမ်းပြည်နယ်ကိုတော့ သီးခြားထားရှိအုပ်ချုပ်ခဲ့တယ်။ ဒါကလည်း ရှမ်းပြည် နယ်က မြန်မာ ဘုရင်အုပ်ချုပ်ရေးရဲ့ တိုက်ရိုက်လက်အောက်ခံအဖြစ်ထက် ပဏ္ဍာဆက် ( Tributary) အဖြစ်သာ နေခဲ့ရတဲ့အစဉ်အလာကို ထောက်ပြီး အင်္ဂလိပ်အရာရှိတွေရဲ့ ကြီးကြပ်မှုနဲ့ လက်ရှိ ကျင့်သုံးနေ တဲ့ အစဉ်အလာ ပဒေသရာဇ်စနစ်အုပ်ချုပ်ရေးကို ထားရှိဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလိပ်တွေက ရှမ်းပြည်နယ်က စော်ဘွား၊ မြို့စား နဲ့ ငွေခွန်မှူးတွေကို ဆာနာဒ် ( Sanad) ခေါ် ခန့်အပ်လွှာပေးတဲ့စနစ်နဲ့ ထိန်းချုပ်ခဲ့တယ်။ ဆာနာဒ် ဆိုတာ ရိုးရာအလိုက်ဆက်ခံရရှိတဲ့ အခွင့် အရေး သို့ မဟုတ် ရာထူးကို အစိုးရက အသိအမှတ်ပြုတဲ့ခန့်အပ်လွှာကို ခေါ်တာဖြစ်ပါတယ်။ ဒီ စနစ်က အင်္ဂလိပ်တွေ အိန္ဒိယမှာကျင့်သုံးတဲ့စနစ်ကို ယူလာတာဖြစ်ပါတယ်။ ဆာနာဒ်မှာပါတဲ့ စည်းကမ်းချက်တွေကိုလိုက်နာမှ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတွေရဲ့ အုပ်ချုပ်မှုက တရားဝင် ဖြစ် တယ်။ လိုက်နာမှုမရှိရင် ဆာနာဒ်ကို ရုပ်သိမ်းပြီး သင့်တော်တဲ့သူနဲ့ အစားထိုးခန့်အပ်တယ်။ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတစ်ယောက် ကွယ်လွန်ရင် အင်္ဂလိပ်အစိုးရက သင့်တော်တဲ့ သူ ကို ဆာနာဒ်ပေးပြီးခန့်အပ်တယ်။ ဖခင်အရိုက်အရာကို သားဖြစ်သူက အလိုအလျောက် ဆက်ခံလို့ မရတော့ဘူး။

သာမိုင်းခမ်းစော်ဘွားမင်းမောင်ဖိုး ကွယ်လွန်တော့ စော်ဘွားအရိုက်အရာကို ဆက်ခံ ဖို့ သင့်တော် တဲ့ သခင်စောခန့် နဲ့ သခင်စောအောင် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ ( မင်းမောင်ဖိုး ကွယ်လွန် တော့ မြို့စားအဆင့်ပါ။ ၁၉ ၄၆ ခုနှစ် စဝ်ထွန်းအေး လက်ထက်ရောက်မှ စော်ဘွားအဆင့်ရောက် တာပါ။ ဒါပေမဲ့ ဒေသခံများက မင်းမောင်ဖိုးကိုလည်း စော်ဘွားလို့ပဲ နှုတ်ကျိုးခေါ်နေတဲ့အတွက် စော်ဘွားလို့ပဲရေးတာပါ။ ) အင်္ဂလိပ် အစိုးရ ကတော့ သားနှစ်ယောက်ထက် မြေးဖြစ်သူ စဝ်ထွန်း အေး ( Sao Htun E) ကို ပိုသဘောကျ တယ်။ ဒေါ်အေးတီဘိုးဘွားတွေကတော့ စော်ဘွားကြီးမှာ သား တွေအများကြီးရှိတဲ့အတွက် တစ်ယောက်ကို ပေးလိုက်ရင် မကျေနပ်တဲ့သားတွေက ဆူပူ ထကြွ မှာ စိုးရိမ်လို့ မြေးကို စော်ဘွားခန့်တာလို့ ဆိုတယ်။ စဝ်ထွန်းအေးက ဘောနင်းမြို့စား နဲ့ သာမိုင်းခမ်း စော်ဘွားသမီး တို့ကနေ မွေးဖွားတာ ဖြစ် ပါတယ်။ ဒါပေမဲ့ စော်ဘွားကြီး ကွယ်လွန် ချိန်မှာ စဝ်ထွန်း အေးက အရွယ်မရောက်သေးဘူး။ တောင်ကြီးမြို့မှာဖွင့်ထားတဲ့ ရှမ်းစော်ဘွားများ ကျောင်း မှာ ခေတ်ပညာသင်ကြားနေဆဲ ဖြစ် ပါတယ်။

ဒါ့ကြောင့် စဝ်ထွန်းအေးရဲ့ ဖခင်ဖြစ်သူ ဘောနင်းမြို့စား စောခွန်ထီးက သာမိုင်းခမ်းနယ်ကို ပူးတွဲ အုပ်ချုပ် ရတယ်။ ၁၉ ၂၆ ခုနှစ် မှာ ဘောနင်းမြို့စားကွယ်လွန်တော့ ပွေးလှစော်ဘွား စဝ်စံမြ က သာမိုင်းခမ်းနယ်ကို ပူးတွဲ အုပ်ချုပ်တယ်။ ဒါပေမဲ့ ပွေးလှစော်ဘွားက သာမိုင်းခမ်းမှာ မနေဘူး။ အောင်ပန်းမှာပဲရုံးထိုင်ပြီးအောင်ပန်းနဲ့ပွေးလှ တစ်လှည့်စီနေထိုင် အုပ်ချုပ်တယ်။ ပွေးလှစော်ဘွား စဝ်စံမြ ကလည်း ရှမ်းစော်ဘွားများကျောင်း ထွက်၊ ခေတ်ပညာ တတ် ဖြစ်တဲ့ အတွက် အုပ်ချုပ်ရေး အမြင် ကျယ်တယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးမှာ ဒေသခံတွေအပြင် မြေပြန့်က ပညာတတ်တွေ ကိုလည်းခေါ်ပြီးတာဝန်ပေးတယ်။သူ့လက်ထက်မှာအောင်ပန်းမြို့အုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးဂုဏ်မာန် ၊ အတွင်းဝန် ဦးခင်မောင်တို့က ထင်ရှားတဲ့ မြေပြန့်သား ဗမာတွေဖြစ်ပါတယ်။ ဦးဂုဏ် မာန်က မြင်းကွန်းမင်းသားကြီးရဲ့ သားတော်လို့ ဆိုပါတယ်။

ပွေးလှစော်ဘွားက အောင်ပန်းမှာပဲ ရုံးထိုင်တဲ့ အတွက် အောင်ပန်းက စီးပွားရေး ဗဟိုချက် အပြင် အုပ်ချုပ်ရေးဗဟိုချက်ပါဖြစ်လာတယ်။ အဲဒီအချိန်မှာ ကွယ်လွန်သူ စော်ဘွားကြီး မင်းမောင်ဖိုးရဲ့ မဟာ ဒေဝီ ကလည်း အောင်ပန်းမြို့ကို ပြောင်းရွှေ့သွားတယ်။ မဟာဒေဝီ အောင်ပန်းကို ပြောင်း ရွှေ့သွားတဲ့ နှစ် နဲ့ပတ်သက်ပြီး အထောက်အထားရှာမတွေ့ဘူး။ ဒေါ်အေးတီ ပြောပြချက်အရ ကတော့ မဟာဒေဝီ ပြောင်းသွားတဲ့အချိန်မှာ အိမ်ထောင်စု တစ်ရာလောက်လိုက်သွားတယ်၊ သူ့ ဘိုး ဘွားတွေလည်း လိုက်သွားဖို့စီစဉ်ပေမယ့် စော်ဘွားကြီးရဲ့ ဥယျာဉ်ခြံမြေတွေကို စောင့်ရှောက် ဖို့ နဲ့ ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးနိုင်ဖို့ ကျန်ခဲ့တယ်လို့ ဆိုတယ်။

အဲဒီလိုပြောင်းရွှေ့သွားပြီးတဲ့နောက်ပိုင်းမှာ သာမိုင်းခမ်းမှာ အိမ်နည်းနည်းပဲ ကျန်တော့တယ်။ ဒေါ် အေးတီ အသက် ၁၅ နှစ် အရွယ် ( ၁၉ ၆၆ခုနှစ်လောက်) အထိ ရွာမှာ အိမ်လေးဆယ် လောက်ပဲ ရှိ တယ်။ နောင်မှာ ပတ်ဝန်းကျင်ကျေးရွာတွေက လူတွေ ပြောင်းရွှေ့လာတဲ့အတွက် အခုတော့ သာမိုင်း ခမ်း မှာ အိမ်ခြေ ( ၁၄၀ )၊ သာမိုင်းခမ်းနဲ့ ကပ်နေတဲ့ ကုန်းသာရွာမှာ အိမ်ခြေ ကိုးဆယ် ကျော် ရှိနေပြီ။

သာမိုင်းခမ်းစော်ဘွားရဲ့ မြေးဖြစ်သူ စဝ်ထွန်းအေး ကျောင်းပညာရေးပြီးတဲ့အချိန်မှာ စော်ဘွားအရိုက် အရာကို ဆက်ခံခွင့်မရသေးဘူး။ အင်္ဂလိပ်အစိုးရက မြို့ပိုင်ရုံး၊ နယ်ပိုင်ရုံးတွေမှာ တွဲထားပြီး အုပ်ချုပ် ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး ဘာသာရပ်တွေကို လက်တွေ့သင်ကြားပေးပြီးမှ စော်ဘွား အရိုက်အရာကို ဆက်ခံခွင့်ပေးခဲ့တယ်။စဝ်ထွန်းအေး က ၁၉ ၃၇ ခုနှစ် သြဂုတ်လမှာ သာမိုင်းခမ်း နယ်အုပ်ချုပ်ရေးကို တရားဝင်လက်ခံတဲ့အနေနဲ့ အောင်ပန်းကို နယ်ဝင်ပွဲလုပ်တယ်။ မြို့လူထုက စော်ဘွားအသစ်ကို အိုးစည်ဗုံမောင်းတွေနဲ့ ကြိုဆိုတယ်။ ပန်းစည်းဆက်တယ်။ စော်ဘွားသစ်က
သာမိုင်းခမ်းမှာ မနေတော့ဘူး။ အောင် ပန်းမှာ ဟော်ဆောက်တယ်။ တောင်ကြီးမှာ ဟော်ဆောက် တယ်။ အောင်ပန်း မှာရှိတဲ့ ကလောမြို့နယ် သမဝါယမ ရုံးက တစ်ချိန်က သာမိုင်းခမ်းစော်ဘွားဟော်ဖြစ်ပါတယ်။ ဒီလို နဲ့ အောင်ပန်းမြို့က စော်ဘွားရုံးစိုက်ရာမြို့ဖြစ်သွားပြီး သာမိုင်းခမ်းက ရွာအဆင့်ကို ရောက်သွားပါ တယ်။

သာမိုင်းခမ်းမြို့ကနေ သာမိုင်းခမ်းကျေးရွာအဖြစ်ကို ရောက်သွားရခြင်း ရဲ့ အဓိက အကြောင်းအရင်း ကကိုလိုနီခေတ်အုပ်ချုပ်ရေး၊ စီးပွားရေး အပြောင်းအလဲတွေဖြစ်ပေမယ့် ဒေါ်အေးတီရဲ့ ဘိုးဘွား တွေကတော့ရိုးရာယုံကြည်မှုတွေကို မလိုက် နာလို့ ဖြစ်တာလို့ ယုံကြည်ခဲ့ကြတယ်။

ဒေါ်အေးတီရဲ့ ဘိုးဘွားများအဆိုအရ သာမိုင်းခမ်းမြို့ နိမ့်ပါးသွားရခြင်းက အကြောင်းသုံးချက် ကြောင့်ဖြစ်တယ်လို့ ဆိုတယ်။ ပထမ အကြောင်းက သာမိုင်းခမ်းစော်ဘွားကို ထီးဒကာ ကြွယ် ( ဘုရားထီးဒကာ ဦးကြွယ်လို့ ဆိုလိုတာပါ) က ဘုရားတည်ချင်တယ်ဆိုပြီး ခွင့်တောင်းတယ်။ ဦးကြွယ်က အဲဒီအချိန်မက ကုန်သည်၊ ငွေကြေးတတ်နိုင်တဲ့သူ။ စော်ဘွားကြီးက သူ့ကို အခု သာမိုင်းခမ်း အဝင်မှာ မြင် ရတဲ့ ရွှေဘုံသာမုနိစေတီကို တည်ခွင့်ပေးခဲ့တယ်။ နေရာအနေအထား အရ စေတီက မြို့ဦးစေတီလို ဖြစ်သွားတယ်။ ဒါပေမဲ့ မြို့က တောင်ကုန်းပေါ်မှာ၊ ရွာဦးစေတီက တောင်စောင်းမှာ ရှိပြီး မြို့ထက် နိမ့် နေ တဲ့ အတွက် မြို့ကို ထိခိုက်တယ်တဲ့။

ဒုတိယအကြောင်းက သာမိုင်းခမ်းမြို့စည်ကားချိန်က ဘုန်းကြီးကျောင်းလေးကျောင်း ရှိတဲ့ အနက် နှစ်ကျောင်းက ကျောင်းထိုင်ဆရာတော်တွေ ရှေ့ဆင့် နောက်ဆင့် ပျံလွန်တော်မူတယ်။ အဲဒီအခါ မှာ စော်ဘွားမင်းမောင်ဖိုးက ဘုန်းကြီးပျံကို တစ်ပွဲတည်းပေါင်းလုပ်ဖို့ စီစဉ်တယ်။ ဆရာတော်တွေ နဲ့ လူကြီးသူမတွေက မလုပ်ကောင်းဘူးလို့ ပြောပေမယ့် စော်ဘွားက ဆက်လုပ်ခဲ့တယ်။ အဲဒါ ကြောင့် မြို့ကို ထိခိုက်တယ်တဲ့။

တတိယအကြောင်းကတော့ သာမိုင်းခမ်းစော်ဘွားရဲ့ သမီးတစ်ယောက်က ပင်မှီငွေခွန်မှူး သား နဲ့ အိမ်ထောင်ကျတယ်။ တစ်နှစ်မှာ သမီးနဲ့ သားမက်က သင်္ကြန်တွင်း ကန်တော့ဖို့ သာမိုင်းခမ်း ကို လာတယ်။ သာမိုင်းခမ်းရောက်တော့ သမီးဖြစ်သူက နာမကျန်းဖြစ်ပြီး ကွယ်လွန်တယ်။ ကွယ်လွန် ချိန်မှာ သမီးဖြစ်သူက ကိုယ်ဝန်အရင့်အမာနဲ့။ ဒေသထုံးစံအရ ချက်ခြင်း သင်္ဂြ ိုလ်ဖို့ ပြောကြ ပေ မယ့် စော်ဘွားကြီးက လက်မခံဘူး။ သူ့သိတ်ချစ်တဲ့သမီးဖြစ်တဲ့အတွက် ရက်ရှည်ထားပြီးမှ အခမ်း အနားနဲ့ သင်္ဂြ ိုလ်တယ်။ အဲဒါကြောင့်လည်း မြို့ကို ထိခိုက်တယ်တဲ့။

အကြောင်းကြောင်းကြောင့် သာမိုင်းခမ်းမြို့ရဲ့ အနေအထားကျဆင်းသွားပေမယ့် သာမိုင်းခမ်း နယ် နဲ့ သာမိုင်းခမ်းစော်ဘွား ရဲ့ အခန်းကဏ္ဍနဲ့ အရေး ပါမှုက လျော့မသွားပါဘူး။

ဆက်လက်ဖော်ပြပါ့မယ်