တောင်သမန် ကျောက်တော်ကြီးဘုရား

တောင်သမန်ကျောက်တော်ကြီးဘုရားက တောင်သမန်အင်း ဦးပိန်တံတားရဲ့ အဆုံး၊ အမရပူရ ရဲ့ တစ်ဖက်ကမ်းမှာရှိပါတယ်။ ဘုရားရဲ့ ဘွဲ့အမည်က “ မဟာသကျရံသီ ” ဖြစ်ပေမယ့်တောင်သမန် ကျောက်တော်ကြီးဘုရားလို့ပဲလူသိများပါတယ်။ ၂၀၁၅ ခုနှစ်မှာ လှူဒါန်းထားတဲ့ ဘုရား မုခ် ဦးမှာ တော့ “ မဟာသကျရံသီ ကျောက်တော်ကြီး ရုပ်ရှင်တော်မြတ်စွာဘုရား” လို့ ကမ္ဗည်းထိုး ထားပါ တယ်။ မဟာသကျရံသီကျောက်တော်ကြီးဘုရားဟာလည်းကုန်းဘောင်မင်းတွေ နေပြည်တော်ရွှေ့ ပြောင်း တဲ့နောက် လိုက်ပါစံတော်မူခဲ့ရတဲ့ ဘုရားတစ်ဆူပါပဲ။ ကျောက်တော်ကြီးဘုရားရဲ့ မူလ ဒါယကာက ဘကြီးတော်ဘုရား လို့ သိကြတဲ့ စစ်ကိုင်းမင်းဖြစ်ပါတယ်။ ပုဂံမင်း၊ မင်းတုန်းမင်းတို့ရဲ့ ဘကြီးတော် ဖြစ်တဲ့အတွက်ကြောင့် ဘကြီးတော်မင်းလို့နာမည်တွင်တာဖြစ်ပါတယ်။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြချက်အရ စစ်ကိုင်းမင်း က ကျောက်တော်ကြီးဘုရားတစ်ဆူတည်ဖို့ ဆန္ဒရှိတဲ့အတွက် ကျောက်သလင်းပညာ ကျွမ်းကျင်တဲ့Continue reading “တောင်သမန် ကျောက်တော်ကြီးဘုရား”

ရေစကြို စကားဝိုင်း

ရေစကြို ဆိုတာ ကျွန်တော့် ဘေး၊ အဘွားတို့ရဲ့ ချက်မြှုပ်၊ အမေနဲ့အဒေါ်တွေ ကြီးပြင်း ခဲ့ရာ၊ အခုအချိန်ထိ ဆွေမျိုးတွေရှိနေသေးတဲ့နယ်မြေပေါ့။ ကျွန်တော့် အမေဘက်က ဘိုးဘွားတွေက အညာသူ၊အညာသားတွေ၊၊ အဖေဘက်က မော်လမြိုင် ဇာတိတွေ၊ ဒါတောင် အဖေ့ဘက်က အဘွားသာ မွန်တိုင်းရင်းသူ။ အဘိုးက မင်း တုန်းမင်း နဲ့ သီပေါမင်း အကူးအပြောင်း တိုင်းရေးပြည်ရေးမငြိမ်သက်တဲ့ ကာလမှာ အညာကနေ အောက်ပြည်၊ အောက်ရွာကို ပြောင်းရွှေ့လာတဲ့ အညာသား မျိုးဆက် ကနေ ဆင်းသက်လာတာ။ ကျွန်တော်ကတော့ ရန်ကုန်မှာမွေးပေမယ့် ငယ်ငယ်တည်းက အမေ့ဘက်က အဘိုးအဘွားတွေနဲ့ ကြီး ခဲ့ရ၊ ကျွန်တော့် ကို ထိန်းတာကလည်း ရေစကြိုနယ်သူတွေဆိုတော့ ရေစကြိုအကြောင်း အညာအကြောင်းတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ် ရေစကြိုသားလို့ပဲ ခံယူထားတာ။Continue reading “ရေစကြို စကားဝိုင်း”

မမ နဲ့ ခရီးသွားခြင်း (၁)

“မမ” နဲ့ ခရီးသွားဖို့အတွက် ရန်ကုန်ဘူတာကြီးကို ညနေ လေးနာရီမှာရောက် တယ်။ အရင်က ခရီးသွားတွေ၊ အငှားကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ ပစ္စည်းသယ်မယ့် အလုပ် သမားတွေ ၊ တက္ကစီ ရွှေကြိုတွေနဲ့ ပျားပန်းခတ်နေတဲ့ ဘူတာကြီးက လူရော၊ ကားပါ အတော် ရှင်းနေတယ်။ ကျွန်တော်တို့ လိုက်မယ့် ရထားထွက်မယ့် အမှတ် (၁) စင်္ကကြို အထက် တန်းဝင်ပေါက် ကနေ ဝင်ခဲ့ တယ်။ ဘူတာထဲမှာ ရထားစောင့်နေတဲ့သူနည်းနည်းပဲရှိတယ်။ ရန်ကုန်ဘူတာကြီးက ထွက်တဲ့ အမြန် ရထား၊ စာပို့ရထားနဲ့ မြို့ပတ်ရထား အရေအတွက်က အတော်နည်းသွားတာကိုး။ သတင်းတစ်ချို့ မှာတော့ မြန်မာ့မီးရထားက မူလ ပြေးဆွဲနေတဲ့ ရထားတွေရဲ့ သုံးပုံတစ်ပုံလောက်ပဲ ပြေးဆွဲနိုင် သေး တယ်လို့ဆိုတယ်။ အချိန်စောနေသေးတဲ့အတွက်Continue reading “မမ နဲ့ ခရီးသွားခြင်း (၁)”

မင်းသားရူး

မင်းသားရူး ၁၉ ၉ ၃ ၊ ၁၉ ၉ ၄ ကာလတွေမှာ ကျွန်တော်က စစ်ဦးစီးအရာရှိအဖြစ် ဌာနချုပ်တစ်ခုမှာ တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ဌာနချုပ်အကြီးအကဲ အရာရှိကြီးတွေက စစ်ဘက်တာဝန် အပြင် နယ်ဘက်အုပ်ချုပ်ရေး တာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ရတဲ့ အချိန်ဆိုတော့ ကျွန်တော် တို့ ဦးစီးအရာရှိတွေကလည်း နယ်ဘက်ဆိုင်ရာ ကိစ္စတွေ၊ ဝင်စာ ထွက်စာတွေနဲ့ ထိတွေ့နေရ တာပေါ့။ တစ်နေ့မှာ အခြားဌာနချုပ်တစ်ခုက ကျွန်တော်တို့ ဌာနချုပ်ကို ဖုန်းဆက်ပြီး သူတို့ နယ်မြေ ထဲက စားသောက်ဆိုင်တွေ၊ လောင်း ကစားဝိုင်းတွေမှာ ငွေတွေအရမ်းသုံးနေတဲ့ လူ တစ် ယောက်ကို နယ်မြေခံရဲတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တယ်၊ အဲဒီလူက ကျွန်တော် တို့ နယ်မြေထဲမှာ ရှိတဲ့Continue reading “မင်းသားရူး”

ကိုဇော်ဌေး နဲ့ ကျွန်တော်

ဒီနေ့ မနက် ၁၀ နာရီခွဲမှာ မိတ်ဆွေတစ်ယောက် က ဖုန်းဆက်ပြီး ကိုဇော်ဌေး ရုတ်တရက် ကွယ်လွန်သွားပြီလို့ ပြော တော့ မယုံနိုင်ဘူး။ နောက်တစ်ယောက်က ထပ်ပြောတော့မှ အမှန်တရားကို စိတ်မကောင်းခြင်း များစွာနဲ့လက်ခံလိုက်ရတယ်။ ကိုဇော်ဌေးနဲ့ စပြီးလက်တွဲလုပ်ခဲ့တာ ကျွန်တော့်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၃ ဖေဖော်ဝါရီလနောက်ပိုင်းကနေ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နေ့အထိ ဖြစ်ပါတယ်။ တကယ်တော့ ကိုဇော်ဌေးက ကျွန်တော့်ထက် သတင်းထုတ်ပြန်ရေးဝါ ပိုကြီးတယ်လို့တောင် ပြောလို့ရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူတော့ ကိုဇော်ဌေးပဲ သမ္မတရုံးနဲ့ အစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့၊ အစိုးရသစ် မူဝါဒContinue reading “ကိုဇော်ဌေး နဲ့ ကျွန်တော်”

ဘဝင်ချသည့် စကားများ (၃)

ဒီစာကိုတော့ ၂၇ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ တွေ့မြင်နေရတဲ့ သူတွေကြောင့် ဆရာသမားတပ်မှူးကြီးရဲ့ “ ဇာတ်ဓားတွေ” နဲ့ “ ပြေးခုန် ပစ်အားကစားသမား” ဆိုတဲ့ ဆုံးမစကားနှစ်ခုကို ရေးခဲ့တာပါ။ ဆုံးမ စကားပြောတဲ့ နေရာ၊ အချိန် ကွာခြားသွားပေမယ့် ဆုံးမတဲ့ ဆရာသမားကတော့ တစ်ယောက်ထဲ ပါပဲ။ ဘဝမှာ အလေးစားရဆုံး၊ အမှတ်အရဆုံး ဆရာသမားကွယ်လွန်သွားတာ တောင် ဆယ်နှစ် ကျော်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်ထိ အရောင်တောက်တောက် ပြောင်ပြောင်နဲ့ ကြည့်ကောင်းပေမယ့် လက်တွေ့ ထိုးလို့ ၊ ခုတ်လို့ မရတဲ့ ဇာတ်ဓားတွေမြင်တိုင်း ဆရာသမားသာရှိရင်Continue reading “ဘဝင်ချသည့် စကားများ (၃)”

ငါးထပ်ကြီးဘုရား

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ ၁၁ -၄-၂၀၂၂ မှာ ငါးထပ်ကြီး ဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။ ငါးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ မဟာသကျ အတုလ မာရ်အောင်ဘုရား” ဖြစ်ပါတယ်။ ငါးထပ်ကြီးဘုရားရာဇဝင်စာအုပ်မှာ ငါးထပ်ကြီးဘုရားလို့ ခေါ်တာဟာ မင်းရဲရန္တမိတ် ( ၁၀၁၀ – ၁၀၂၃) တည်ထားကိုးကွယ်တဲ့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီး ရဲ့ ပုံတော်ကို မှီငြမ်း ပြုပြီး တည်ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါဆိုရင် ဝါးငါးပြန် ငြမ်းထိုးရ လို့ ငါးထပ်ကြီးလို့ခေါ်တာက စစ်ကိုင်း ငါးထပ်ကြီး ဖြစ်မယ်ထင်တယ်။ ငါးထပ်ကြီးဘုရားဟာ ကိုးထပ်ကြီး ဘုရားလိုပဲ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ပုဂ္ဂလိက အလှုရှင်Continue reading “ငါးထပ်ကြီးဘုရား”

စာမေးပွဲကျခြင်း

ဒီစာကို လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရေးခဲ့တာပါ။ ကိုယ့်ကို ကိုယ် ထင်တစ်လုံးနဲ့ ငါလုပ်ရင် ဖြစ်ပါတယ်ဆိုပြီး လုပ်မိလို့ ရတဲ့သင်ခန်းစာအကြောင်းပေါ့။ အခု တော့လည်း ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အထာကျကျ ကားပါကင်ထိုးတတ်နေပါပြီ။ လူတစ်ယောက်ဟာ ငါ အရာရာအားလုံးကို မသိနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုတာကို လက်ခံနိုင်ရင် သူ့ အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အဆင်ပြေတာပေါ့။ ======================================စာမေးပွဲကျခြင်း ဝန်ကြီးတာဝန်က အနားယူရင် ဘာလုပ်မလဲလို့ ကွန်မန့်ရေးသူတစ်ယောက်ကမေးတော့ ရန်ကုန်က အငြိမ်းစားအများစုလို ကလေးကျောင်းပို့၊ လက်ဖက်ရည်ဆိုင်ထိုင် လုပ်မည် ဟု ဖြေခဲ့ဖူးသည်။ ကျွန်တော်က တာဝန်နဲ့ နေပြည်တော်မှာ၊ မိသားစုက ကလေးတွေကျောင်းတက်ဖို့ ရန်ကုန် မှာဆိုတော့ ကလေးကျောင်းပို့ကျောင်းကြို အလုပ်က ကျွန်တော်နဲ့Continue reading “စာမေးပွဲကျခြင်း”

ယစကျီ ( ၄)

မနက်လေးနာရီကျော်တော့ ချက်ပြုတ်ရေးအဖွဲ့တွေက အလုပ်စနေပြီ။ ကျွန်တော်တို့လည်း အိပ်ယာထပြီး ဆွမ်းစားဆောင်မီးဖိုကို သွား၊ မီးလှုံ၊ မျက်နှာသစ်တယ်။ ယစကျီ ရွာရေ ထွက် က ရွာထိပ်မှာဆိုတော့ ရေပေါတယ်။ ဘုန်းတော်ကြီးကျောင်းနောက်ဘက်မှ အုတ်ရေကန် နဲ့ ရေအပြည့်။ ဒါပေမယ့် ရေခဲရေနီးပါး အေးတဲ့အတွက် မျက်နှာသစ်ဖို့တောင် အနိုင်နိုင်ပဲ။ ယစကျီ ရွာက တောင်ကြားချိုင့်ဝှမ်းထဲမှာဆိုတော့ မနက်ခြောက်နာရီအထိ နေမမြင်ရသေးဘူး။ ရွာ အရှေ့ဘက် တောင်တန်းပေါ်မှာတော့ ရောင်နီသန်းနေပြီ။ ရာဇဂြိုလ်ပြည်ဟာ တောင်ငါးလုံး ပတ် လည် ဝိုင်းနေတယ်လို့ စာပေတွေထဲမှာ ဖတ်မှတ်လေ့လာဖူးတယ်။ ယစကျီကလည်း တောင် ပတ်လည်ဝိုင်းနေတော့ ရာဇဂြိုလ်လို့တောင် အမည်ပြောင်းလို့ရမယ်။ ဆရာတော်ကတော့ ယစကျီ ဆိုတာ ပလောင်ဘာသာနဲ့ ဆေးဖော်တဲ့နေရာလို့ ဆိုတာပဲ။ ဘုန်းတောင်ကြီးကျောင်းထိပ် စေတီကုန်းကနေ ကြည့်လိုက်ရင် ရွာအရှေ့ဘက်တောင်တန်းContinue reading “ယစကျီ ( ၄)”

မုံရွာ အောင်ရှင် နဲ့ ကျွန်တော်

မနက်ခင်း လမ်းလေ ျှာက်နေတုန်း မိတ်ဆွေတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ဒီလူက မနက်စောစော ဖုန်းဆက်လေ့မရှိဘူး။ သူဆက်ပြီဆိုရင် တစ်ခုခု ထူးခြားလို့ပဲ။ ဖုန်းကိုင် လိုက် တော့ “ ဦးအောင်ရှင် ဆုံးသွားပြီဗျ” လို့ ကြေကွဲတဲ့အသံ နဲ့ အသိပေးလာတယ်။ ဒီလိုနဲ့ ဆောင်း နံနက်ခင်းက ကြေကွဲနံနက်ခင်းအဖြစ်ပြောင်းလဲသွားတော့တာပဲ။ ဆရာ မုံရွာ အောင်ရှင် နဲ့ စပြီး သိတာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ မှာပါ။ အဲဒီဆွေးနွေးပွဲက ပြန်ကြားရေး ဝန်ကြီးဌာန၊ ယူနက်စကို နဲ့ အခြားနိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဆွေးနွေးပွဲမှာContinue reading “မုံရွာ အောင်ရှင် နဲ့ ကျွန်တော်”