ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ ၁၁ -၄-၂၀၂၂ မှာ ငါးထပ်ကြီး ဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။ ငါးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ မဟာသကျ အတုလ မာရ်အောင်ဘုရား” ဖြစ်ပါတယ်။ ငါးထပ်ကြီးဘုရားရာဇဝင်စာအုပ်မှာ ငါးထပ်ကြီးဘုရားလို့ ခေါ်တာဟာ မင်းရဲရန္တမိတ် ( ၁၀၁၀ – ၁၀၂၃) တည်ထားကိုးကွယ်တဲ့ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား ရုပ်ပွားတော်ကြီး ရဲ့ ပုံတော်ကို မှီငြမ်း ပြုပြီး တည်ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒါဆိုရင် ဝါးငါးပြန် ငြမ်းထိုးရ လို့ ငါးထပ်ကြီးလို့ခေါ်တာက စစ်ကိုင်း ငါးထပ်ကြီး ဖြစ်မယ်ထင်တယ်။ ငါးထပ်ကြီးဘုရားဟာ ကိုးထပ်ကြီး ဘုရားလိုပဲ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ပုဂ္ဂလိက အလှုရှင်Continue reading “ငါးထပ်ကြီးဘုရား”
Category Archives: Uncategorized
စာမေးပွဲကျခြင်း
ဒီစာကို လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရေးခဲ့တာပါ။ ကိုယ့်ကို ကိုယ် ထင်တစ်လုံးနဲ့ ငါလုပ်ရင် ဖြစ်ပါတယ်ဆိုပြီး လုပ်မိလို့ ရတဲ့သင်ခန်းစာအကြောင်းပေါ့။ အခု တော့လည်း ရန်ကုန်မြို့က လမ်းတွေပေါ်မှာ အထာကျကျ ကားပါကင်ထိုးတတ်နေပါပြီ။ လူတစ်ယောက်ဟာ ငါ အရာရာအားလုံးကို မသိနိုင်ဘူး၊ မလုပ်နိုင်ဘူး ဆိုတာကို လက်ခံနိုင်ရင် သူ့ အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အဆင်ပြေတာပေါ့။ ======================================စာမေးပွဲကျခြင်း ဝန်ကြီးတာဝန်က အနားယူရင် ဘာလုပ်မလဲလို့ ကွန်မန့်ရေးသူတစ်ယောက်ကမေးတော့ ရန်ကုန်က အငြိမ်းစားအများစုလို ကလေးကျောင်းပို့၊ လက်ဖက်ရည်ဆိုင်ထိုင် လုပ်မည် ဟု ဖြေခဲ့ဖူးသည်။ ကျွန်တော်က တာဝန်နဲ့ နေပြည်တော်မှာ၊ မိသားစုက ကလေးတွေကျောင်းတက်ဖို့ ရန်ကုန် မှာဆိုတော့ ကလေးကျောင်းပို့ကျောင်းကြို အလုပ်က ကျွန်တော်နဲ့Continue reading “စာမေးပွဲကျခြင်း”
ယစကျီ ( ၄)
မနက်လေးနာရီကျော်တော့ ချက်ပြုတ်ရေးအဖွဲ့တွေက အလုပ်စနေပြီ။ ကျွန်တော်တို့လည်း အိပ်ယာထပြီး ဆွမ်းစားဆောင်မီးဖိုကို သွား၊ မီးလှုံ၊ မျက်နှာသစ်တယ်။ ယစကျီ ရွာရေ ထွက် က ရွာထိပ်မှာဆိုတော့ ရေပေါတယ်။ ဘုန်းတော်ကြီးကျောင်းနောက်ဘက်မှ အုတ်ရေကန် နဲ့ ရေအပြည့်။ ဒါပေမယ့် ရေခဲရေနီးပါး အေးတဲ့အတွက် မျက်နှာသစ်ဖို့တောင် အနိုင်နိုင်ပဲ။ ယစကျီ ရွာက တောင်ကြားချိုင့်ဝှမ်းထဲမှာဆိုတော့ မနက်ခြောက်နာရီအထိ နေမမြင်ရသေးဘူး။ ရွာ အရှေ့ဘက် တောင်တန်းပေါ်မှာတော့ ရောင်နီသန်းနေပြီ။ ရာဇဂြိုလ်ပြည်ဟာ တောင်ငါးလုံး ပတ် လည် ဝိုင်းနေတယ်လို့ စာပေတွေထဲမှာ ဖတ်မှတ်လေ့လာဖူးတယ်။ ယစကျီကလည်း တောင် ပတ်လည်ဝိုင်းနေတော့ ရာဇဂြိုလ်လို့တောင် အမည်ပြောင်းလို့ရမယ်။ ဆရာတော်ကတော့ ယစကျီ ဆိုတာ ပလောင်ဘာသာနဲ့ ဆေးဖော်တဲ့နေရာလို့ ဆိုတာပဲ။ ဘုန်းတောင်ကြီးကျောင်းထိပ် စေတီကုန်းကနေ ကြည့်လိုက်ရင် ရွာအရှေ့ဘက်တောင်တန်းContinue reading “ယစကျီ ( ၄)”
မုံရွာ အောင်ရှင် နဲ့ ကျွန်တော်
မနက်ခင်း လမ်းလေ ျှာက်နေတုန်း မိတ်ဆွေတစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ဒီလူက မနက်စောစော ဖုန်းဆက်လေ့မရှိဘူး။ သူဆက်ပြီဆိုရင် တစ်ခုခု ထူးခြားလို့ပဲ။ ဖုန်းကိုင် လိုက် တော့ “ ဦးအောင်ရှင် ဆုံးသွားပြီဗျ” လို့ ကြေကွဲတဲ့အသံ နဲ့ အသိပေးလာတယ်။ ဒီလိုနဲ့ ဆောင်း နံနက်ခင်းက ကြေကွဲနံနက်ခင်းအဖြစ်ပြောင်းလဲသွားတော့တာပဲ။ ဆရာ မုံရွာ အောင်ရှင် နဲ့ စပြီး သိတာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက် နေ့အထိ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ မှာပါ။ အဲဒီဆွေးနွေးပွဲက ပြန်ကြားရေး ဝန်ကြီးဌာန၊ ယူနက်စကို နဲ့ အခြားနိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဆွေးနွေးပွဲမှာContinue reading “မုံရွာ အောင်ရှင် နဲ့ ကျွန်တော်”
ဥ – ကြက်ဥ
“ဟိုဘက်ခြံထဲက ကြက်ဖ နဲ့ကျုပ်ကြက်မ နဲ့ ညားသူတို့ချစ်ခြင်းရဲ့ချစ်သက်သေအိမ်မှာ ဥ တစ်လုံးကျ” အရိုး က ကြက်ဥ တစ်လုံးအကြောင်းကို “ ဥ ” ဆို ပြီး ရေးဖွဲ့သီဆိုတော့ ကြက်ဥ အကြောင်းများ သီချင်းလုပ်စရာလား လို့တွေးခဲ့ဖူးတယ်။ ကိုဗစ် ကာလမှာ မဖြစ်မနေ မှ အပြင်ထွက်ရတယ်၊ အပြင်ထွက်တဲ့သူကလည်း အိမ်မှာ ဘာလိုလဲ၊ ဘာကိစ္စလုပ်ဖို့ရှိလဲ မေးသွားပြီး ကိစ္စအားလုံးကို ပြတ်အောင်လုပ်ခဲ့ရတယ်။ လူတစ်ယောက် ကိစ္စ တစ်ခု နဲ့ အိမ်ရှိ လူကုန် အပြင်ထွက်နေလို့ကောင်းတဲ့ခေတ်မဟုတ်တော့ဘူး။ ဒီနေ့ ကိစ္စတစ်ခုနဲ့ အပြင်သွားရမယ်ဆိုတော့ ကြက်ဥ မှာတယ်။ ကြက်ဥ ဝယ်ခဲ့ ဆိုတဲ့ စကားလုံး ကို “ ရအောင်ဝယ်ခဲ့” ဆိုတဲ့ စကားနဲ့ နောက်ဆက်တွဲContinue reading “ဥ – ကြက်ဥ”
တာလီဘန်လို လူတွေ
ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကိုယ်တိုင် ကျောင်းမတက်ဘူး။ ကိုယ့်ကလေးတွေကို ကျောင်း မအပ်ဘူး ဆိုတာ တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ယုံကြည်ရာ လုပ်ကြတာဖြစ်တဲ့အတွက် အကောင်းအဆိုး မဝေဖန် လို ဘူး။ ဒါပေမယ့် ပညာသင်ဖို့ ဆန္ဒရှိသူတွေ ကျောင်းမတက်နိုင် အောင် ခြိမ်းခြောက်တယ်၊ အန္တရာယ်ပြုတယ်၊ ကျောင်းကို ဗုံးခွဲတယ် ၊ မီးရှို့တယ်ဆိုတာက တော့ ကိုယ်မသင်စေချင်တဲ့ စာတွေ သင်လို့ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေကို သတ်တယ် ၊ ကျောင်းကို ဗုံးခွဲတယ် ဆိုတဲ့ အာဖဂန်က တာလီဘန် အစွန်းရောက် အကြမ်းဖက်သောင်းကျန်း သူတွေရဲ့ လုပ်ရပ်နဲ့ အတူတူဖြစ်သွားပြီ။ စစ်အစိုးရအောက်က ကျောင်းတွေမှာ ပညာသင်ရင် အသုံးမကျတဲ့သူဖြစ် မယ် ဆိုရင် အခု နစက ဆန့်ကျင်ရေးလှုပ်ရှားမှုမှာContinue reading “တာလီဘန်လို လူတွေ”
မဇ္ဈိမ စကားဝိုင်း (၆)
ဒီနေ့စကားဝိုင်းမှာ ကျွန်တော်တစ်ဦးတည်းကိုပဲ ဦးတည်မေးမြန်းခဲ့တဲ့ မေးခွန်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲလက်မှတ်အတုတွေ့တယ်၊ မဲစာရင်းမှာပါတဲ့လူဦးရေထက် မဲလက်မှတ် တွေက ပိုများနေတယ်ဆိုတဲ့ အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး “၂၀၁၅ ခုနှစ်မှာ မဲလက်မှတ်တွေကို ဘယ်လိုပုံ နှိပ်ခဲ့သလဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။” ဒီမေးခွန်းနဲ့ပတ်သက်လို့ကတော့ စကားဝိုင်းမှာ အချိန်ကန့်သတ်ချက်ကြောင့် မပြောနိုင်ခဲ့တဲ့ အချက်တွေ နဲ့ ဓာတ်ပုံမှတ်တမ်းတွေကို ဖြည့်စွက်ပြီး ရှင်းပြပါ့မယ်။ ၂၀၁၂ ရွေးကောက်ပွဲ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့မှာကျင်းပတယ်။ အဲဒီရွေးကောက်ပွဲ မှာ မဲပေးတဲ့အခါ ဘောပင် နဲ့ အမှန် အမှတ်အသားခြစ်ပြီး မဲပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ရွေးကောက်ပွဲနေ့မှာ အင်န်အယ်လ်ဒီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖယောင်းသုတ် ထားတဲ့မဲလက်မှတ်တွေ တွေ့ရတယ်။ ဒါဟာ ဘောပင်နဲ့ခြစ်ပြီး မဲပေးလို့မရအောင်Continue reading “မဇ္ဈိမ စကားဝိုင်း (၆)”
ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်
သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။ အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံကContinue reading “ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်”
ဦးတင်အေး နဲ့ ဦးလှသိန်း (၆)
မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”
ထို တစ်နေ့
၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ စနေနေ့ က သာမန်နေ့တစ်နေ့အဖြစ်နဲ့ စတင်ခဲ့ ပေမယ့် နေဝင်ချိန်မှာတော့ အစိုးရဆန့်ကျင်ရေးနေ့အဖြစ်နဲ့ အဆုံးသတ်သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်က ဗဟိုထောက်လှမ်းရေးတပ် ( ရေကြည်အိုင်)မှာ ခြေလျင်တပ်က အရာရှိတွေအတွက် ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ခုတက်နေတဲ့အချိန်ဖြစ် ပါတယ်။ ခြေလျင်တပ်ရင်းက အရာရှိတွေအနေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရတယ်ဆိုတဲ့ အခွင့်အရေးက ထီပေါက်သလိုပဲ။ ကျွန်တော်တို့လို မိဘ ရန်ကုန်မှာ ရှိတဲ့သူတွေဆိုရင် တော့ အတိုင်းအထက်အလွန်ပေါ့။ ကျွန်တော်တို့ သင်တန်းသားတွေက စနေ ၊ တနင်္ဂနွေ ဆိုရင် မင်္ဂလာဒုံ ၊တပ်မတော်ဂေါက်ကွင်း မှာ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီ၊ တစ်နာရီ လောက်အထိ လုံခြုံရေးယူရတယ်။ အဓိကContinue reading “ထို တစ်နေ့”