မှော်ဘီမှာ ရှိတဲ့ “မဟာဝိဟာရ” ကျောင်းတိုက် ရဲ့ ကျောင်းတိုက်ခွဲ တစ်ခု ဖြစ်တဲ့ “မဟာဝိဟာရ ကျောင်းတိုက်” (လှည်းကူး) မှာ ပရိယတ် ပဋိပတ်များ ဆည်းပူး သင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၇ ဧပြီ )က ဖူးမြော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။ မဟာဝိဟာရကျောင်းတိုက် ( လှည်းကူး) ဆရာတော် အရှင် အဘယာလင်္ကာရ က မှော်ဘီ မဟာ ဝိဟာရကျောင်းတိုက်မှာ တိုက်အုပ်နဲ့ စာချဆရာတော်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်ရောက်မှ မဟာ ဝိဟာရကျောင်းတိုက် ( လှည်းကူး) ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) မှာ စာချဂဏဝါစက ၃၁ ပါး အပါအဝင်Continue reading “မဟာဝိဟာရ ကျောင်းတိုက် ( လှည်းကူး)”
Tag Archives: Buddhism
မဟာဝိဟာရကျောင်းတိုက်
မှော်ဘီမြို့နယ်၊ဘိုးဒေါနကုန်းကျေးရွာမှာ တည်ရှိတဲ့ “ မဟာ ဝိဟာရ” ကျောင်းတိုက်မှာ ပရိယတ် ပဋိပတ်များ ဆည်းပူးသင်ယူအားထုတ်နေတဲ့ သံဃာတော်များ၊ ရှင်သာမဏေများ ကို မနေ့( ၂၁ မတ်လ)က ဖူးမျှော် ကြည်ညို ခွင့်ရ ခဲ့ပါတယ်။ မဟာဝိဟာရကျောင်းတိုက်မှာ ဝါဆိုသံဃာ အနေနဲ့ ရဟန်း ၂၃၉ ပါး၊ သာမဏေ ၁၀၁၉ ပါး ရှိတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဆွမ်းလောင်းချိန်၊ ဆွမ်းစားချိန်များမှာ ချောင်းဆိုးသံတောင်မကြားရ အောင် တိတ်ဆိတ်ငြိမ်သက်လှသလို သွားလာလှုပ်ရှားရာမှာလည်း သာမဏေငယ်လေးများက အစ ဣန္ဒြေကြီးလှပါတယ်။ ကျန်တဲ့အချိန်မှာလည်း စာဝါတက်၊ စာအံတဲ့အသံကလွဲလို့ ဆူညံ သံ၊ အော်ဟစ်စကားပြောသံမကြားရပါဘူး။ ငြိမ်သက် အေးချမ်းလှပါတယ်။ ဘာသာရေးဆိုင်ရာအကြောင်းအရာဖြစ်လို့ စကားလုံး အသုံးအနှုန်းများမှာ အမှားပါသွားမှာ စိုးရိမ် တဲ့Continue reading “မဟာဝိဟာရကျောင်းတိုက်”