၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ

ညောင်ဦး အပြန်ခရီးကတော့ အေးအေးဆေးဆေးပါပဲ။ အလာတုန်းကလိုပဲ မန္တလာမင်း ကားနဲ့ ပြန်တယ်။ အပြန်ခရီးမှာတော့ အေးမြတဲ့ဆောင်းညတွေ၊ မြေနီလမ်းတွေနဲ့ မကြုံတော့ အိပ်ရေး ဝတာပေါ့။ ရန်ကုန်ဝင်တော့ မနက်ငါးနာရီခွဲလောက်ရှိပြီ။ အောင်မင်္ဂလာကားဂိတ်ရောက်ရင် တက္ကစီ ငှားတဲ့ အခါ ရွှေကြိုတွေ၊ ဈေးဆစ်တာတွေ ၊ လူပေါင်းတင်မယ်လုပ်တာတွေ တွေးပြီး အပြင်ထွက်ငှားရင် ကောင်းမလား စဉ်းစားမိတယ်။ အမှတ် ၃ လမ်းမကြီးအတိုင်းမောင်းလာရင်း ခရေပင်လမ်းခွဲမရောက်ခင်မှာ ကားရပ်သွားတယ်။ ကြည့်လိုက်တော့ “ သူငယ်ချင်းများ တက္ကစီဂိတ် ၁၂ လမ်းမှတ်တိုင်” ဆိုတဲ့ဆိုင်းဘုတ် တွေ့ တယ်။ သူတို့ဂိတ်ကနေ မြို့နယ်အလိုက် ပေါင်းစီး ရင်ပေးရမယ့်ဈေး။ သီးသန့်စီးရင် ပေးရမယ့် ဈေးတွေကပ်ထားတယ်။ ယာဉ်အကူက ကားငှားစီးမယ်ဆိုရင် ဒီမှာဆင်းရင်လည်းရတယ် လို့ အသိပေးတယ်။ ဈေးဆစ်ဖို့မလိုဘူး ၊Continue reading “၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ”

ပုဂံ အလှ နဲ့ ဘ၀ (၁၈)

ဒါန ဘဏ် ပုဂံ ညောင်ဦးမှာ ဘုရား၊ ပုထိုးစေတီတွေများသလို ဘုန်းကြီးကျောင်းတွေလည်းများတယ်။ အဲဒါ ကြောင့် ပုဂံ ညောင်ဦး ခရီးစဉ်မှာ သံဃာတော်တွေကို ဆွမ်းလှုမယ်လို့ ဆုံးဖြတ်ခဲ့ တယ်။ ညောင်ဦး ကားဂိတ်ကိုရောက်တော့ လာကြိုတဲ့ ကိုဝင်းခိုင်ကို ကျောင်းတိုက် တစ်တိုက်မှာ သွားလှုတာမျိုးမလုပ်ချင်ဘူး၊ ဘယ်ကျောင်းတိုက်၊ ဘယ်သံဃာရယ်လို့ အစွဲ မထားဘဲလှုချင် တယ် လို့ပြောတော့ သူက အရုဏ်ဆွမ်း၊ နေ့ဆွမ်းလှုလို့ရတဲ့နေရာတွေကို ပြောပြတယ်။ သူပြောတဲ့အထဲက ဒါနဘဏ် ဆွမ်းလောင်းအသင်းကို ရွေးလိုက်တယ်။ ဒါနဘဏ် ဆွမ်းလောင်း အသင်းဆိုတာက အတိုခေါ်လိုက်တာပါ။ အမည်အပြည့်အစုံက ဒါနဘဏ် သာသနဟိတ နုဂ္ဂဟ အသင်းဖြစ်ပါတယ်။ ရွေးလိုက်တဲ့အကြောင်းကတော့ ဒါနဘဏ် ဆွမ်းလောင်းအသင်းက ကြွလာ တဲ့ သံဃာတော်များ၊ကိုရင်များကို ဆွမ်း၊ဟင်းအပြည့်အစုံနဲ့ အရုဏ်ဆွမ်းလောင်းတဲ့အတွက် ဖြစ်Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၈)”

ပုဂံ အလှ နဲ့ ဘ၀ (၁၇)

ကျူးကျော်သူများ ရွှေစည်းခုံဘုရား အနားမှာ ကျန်စစ်သားဥမင်ရှိတယ်။ အုတ်နဲ့ဆောက်ထားတဲ့ ဥမင်ပုံသဏ္ဍန် လိုဏ် ဂူ ကျောင်း ပါ။ ကျန်စစ်သားဥမင်လို့ခေါ်ပေမယ့် အနော်ရထာမင်းလက်ထက်ထဲက ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်စစ်သားဥမင်ရဲ့ထူးခြားချက်ကတော့ ပုဂံကို ရောက်လာခဲ့တဲ့ မွန်ဂို စစ်သားတွေရဲ့ ပုံတွေကို နံရံဆေးရေးပန်းချီတွေမှာထည့်ဆွဲထားတာဖြစ်ပါတယ်။ အဲဒီမွန်ဂိုစစ်သည် တွေဟာ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက် ပုဂံကို ကျူးကျော်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျွန်တော်ရောက်သွားချိန်မှာတော့ ကိုဗစ်ကန့်သတ်ချက်ကြောင့် ဂူဘုရားတွေထဲ ဝင်ခွင့်ပိတ်ထား တဲ့အတွက် မွန်ဂိုစစ်သည်တွေရဲ့ပုံကို မမြင်ခဲ့ရဘူး။ ပုဂံရောက်နေချိန်မှာ၁၃ ရာစုက ကျူးကျော်ခဲ့သူ မွန်ဂိုစစ်သည်တွေရဲ့ ပုံတွေကို မတွေ့ခဲ့ပေမယ့် ၂၁ ရာစု ကျူးကျော်သူတွေကိုတော့ တွေ့ခဲ့ရတယ်။ ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းကနေ အလိုတော်ပြည့် ဘုန်းကြီးကျောင်းဘေးက လမ်းအ တိုင်း အနော်ရထာလမ်းဘက်ထွက်ရင် ဘယ်ဘက်မှာ ကွက်လပ်ကြီးရှိတယ်။ အရင်ကတော့ အဲဒီContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၇)”

ပုဂံ အလှ နဲ့ဘ၀ (၁၆)

စောင့်ရှောက်သူ ပုဂံ ဘုရားပုထိုးစေတီတွေကြားမှာ သူတို့ရှိတယ်။ တစ်ခါတစ်လေ တွေ့ရတယ်။ တစ်ခါ တစ်လေ မမြင်ရဘူး။ ဘုရားဖူးတစ်ချို့က သူတို့ရှိတာသိတယ်။ တစ်ချို့က မသိဘူး။ သူတို့ကို ဓာတ်ပုံရိုက် လို့မရဘူး။ သူတို့အကြောင်းလည်း မေးလို့မရဘူး။ အထက်ပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက်ရမှာ ဖြေမယ်၊ ဓာတ်ပုံအရိုက်ခံမယ်တဲ့။ သူတို့စောင့်ရှောက်နေရတဲ့ ဘုရားတွေမှာ ရှိနေတဲ့ ရှေးဟောင်းအနုပညာလက်ရာတွေရဲ့ တန်ဖိုးက သိန်း၊သန်းချီတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာတွေလည်းရှိတယ်။ ဒါပေမယ့် ရှေးဟောင်းသုတေ သနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ခန့်ထားတဲ့ အစောင့်ဝန်ထမ်းတွေရဲ့ လစာကတော့ တစ်သိန်း ခြောက်သောင်း၊ တစ်သိန်းရှစ်သောင်းပဲရှိတယ်။ တစ်ချို့က နေ့စားဝန်ထမ်းတွေ။ တစ်ချို့က လုံခြုံ ရေး ၄ ၊ လုံခြုံရေး ၅ လို့ခေါ်တဲ့ ဝန်ထမ်းတွေ။ လူတွေကတော့ ဘုရားအစောင့်တွေလို့ လွယ် လွယ်ခေါ်ကြတာပေါ့။Continue reading “ပုဂံ အလှ နဲ့ဘ၀ (၁၆)”

ပုဂံ အလှ နှင့် ဘ၀ (၁၅)

မြင်းကပါယွန်း ပုဂံနဲ့တွဲပြီး ယွန်းထည်နာမည်ကြီးပေမယ့် ယွန်းလုပ်ငန်းကို အများဆုံးလုပ်တာက မြင်း ကပါ ရွာဖြစ်ပါတယ်။ မြင်းကပါရွာမိသားစု ၈၀% ကျော်က ယွန်းလုပ်ငန်းနဲ့ ဆက်စပ်ပြီး အသက်မွေး ဝမ်း ကျောင်းပြုနေတယ်လို့ဆိုတယ်။ ဒ့ါကြောင့် ယွန်းလုပ်ငန်း အကြောင်း သိနိုင် ဖို့ မြင်းကပါရွာကို ု သွားခဲ့တယ်။ယွန်းလုပ်ငန်းကို သိချင်တယ်ဆိုတာက ယွန်းထည်တွေကိုဘယ် လို လုပ်သလဲဆို တာ ကို သိချင်တာမဟုတ်ပါဘူး။ အဲဒါကတော့ စာအုပ်ဖတ်လည်းရ၊ ယွန်းပြတိုက် မှာ သွားကြည့် လဲရပါတယ်။ ကျွန်တော်သိချင်တာက ယွန်းလုပ်ငန်းလုပ်သူတွေရဲ့ ဘဝ။ ခမ်းခမ်း နား နားစကားသုံး ရရင် မြင်းကပါ ရွာရဲ့လူမှုစီးပွားရေးအခြေအနေပေါ့။ မြင်းကပါရွာ ယွန်းလုပ်ငန်းတွေကတော့မတ်လ အလယ်လောက်ကစပြီး ရပ်ထားတာ အခု ချိန် ထိပဲ။အလုပ်ရုံကြီးတွေလည်းရပ်၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေလည်းContinue reading “ပုဂံ အလှ နှင့် ဘ၀ (၁၅)”

ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx

စာကြည့်စားပွဲမှာထိုင်ပြီးပုဂံခရီးသွားအတွေ့အကြုံတွေ ရေးနေခိုက် ဖုန်းဝင်လာသည်။ ကြည့်လိုက် တော့ အသိမိတ်ဆွေထဲကမဟုတ်၊ နံပါတ်အသစ် ၀၉ ၇၉ ၁၂၂၉ xxx ။ ထူးလိုက်သည့်အခါ ဆရာ ဦးရဲထွဋ်လားတဲ့။ ဟုတ်ပါတယ်၊ ဘယ်သူပါလဲ လို့ မေးလိုက်တော့ “ ဆရာ၊ ကျွန်တော် အုပ်ကြီး တပည့်ပါ” တဲ့။ ဟား ၊ ဒါ ညောင်ဦး မနှင်းအသုပ်ဆိုင်က ဒေါ်နှင်းရဲ့ ခင်ပွန်းကိုး။ အဲဒီဆိုင်မှာ ဒေါ်နှင်းက ပွဲပြင်သည်၊ ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတစ်ယောက်က၊ ဘာစားမလဲမေး၊ ပွဲတွေချ၊ ပြန်သိမ်းလုပ်သည်။ ပိုက်ဆံရှင်းဖို့ ခင်ပွန်းဖြစ်သူ ကို ပြောလ ျှင် မေးလိုက်ဦးမယ်ဆိုပြီး ဒေါ်နှင်းကို သွားမေးသည်။ ပြီး မှ ကျသင့်ငွေကိုလာပြောသည်။ နောက်ပြောင်တတ်သော ကျွန်တော်က “ခင်ဗျားကလည်းဗျာ။ ကိုယ့်ဘာသာကိုယ်မတွက်ဘူးလား”Continue reading “ဖုန်းနံပါတ် ၀၉ ၇၉ ၁၂၂၉ xxx”

ပုဂံ အလှ နဲ့ ဘ၀ (၁၄)

ကျောက်ဂူ ဥမင် ပုဂံမှာ ကျောက်နဲ့ ဆောက်ထားတဲ့သာသနိက အဆောက်အအုံ အလွန်နည်းပါတယ်။ အဓိက အားဖြင့် ရွှေစည်းခုံ၊ နန်းဘုရား၊ ကျောက်ဂူဥမင် နဲ့ ၊ တုရင်တောင်ခြေက ပိဋကတ်တိုက် လေးခုပဲ ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၁၉ ၉ ၄ နိုဝင်ဘာလမှာထုတ်ဝေခဲ့တဲ့ ပုဂံဘုရားပုထိုး များ ( ပထမတွဲ) မှာဖော်ပြထားတယ်။ ကျောက်ဂူဥမင်က ညောင်ဦးမြို့ရဲ့ အရှေ့ဘက် နှစ်မိုင်ကျော်မှာရှိတယ်။ ကျောက်ဂူ ဥမင်ကို သွားတဲ့သူအများစုက ညောင်ဦး – မြင်းခြံ ကားလမ်းဘက်က သွားတယ်။ ကျွန်တော်ကတော့ ဧရာဝတီမြစ်ဘက်ကနေ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ပုဂံကနေ ညနေ သုံးနာရီခွဲကျော်ကျော် လောက် ထွက်မယ်၊ အပြန်မှာ ပုဂံ နေဝင်ဆည်းဆာကို မြစ်ထဲကနေ ကြည့်မယ်ပေါ့။ ကျောက်ဂူဥမင်ကိုContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၄)”

ပုဂံ အလှ နဲ့ ဘ၀ (၁၃)

ရွှေဥသြ ရွှေစည်းခုံစေတီတော်စောင်းတန်းလေးဘက်ကို လှည့်ပတ်ကြည့်ရင်း ခြံဝင်းအဝမှာ ရွှေဥသြ ပုန်းရည်ကြီးလို့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ်။ ခြံထဲမှ စွတ်ကျယ် ချိုင်းပြတ်၊ မျက် မှန်နဲ့ ကိုယ်လုံးပြည့်ပြည့်လူတစ်ယောက်တွေ့တယ်။ သူ့နောက်ဘက်က ဂိုဒေါင်လို အဆောက်အအုံ ထဲ မှာ မီးဖိုတွေ၊ ဒယ်အိုးတွေနဲ့ ပုန်းရည်ကြီးကျိုနေတာကို လှမ်းမြင်နေရတယ်။ အလုပ်ရုံထဲ ဝင်ကြည့်လို့ရလားဆိုပြီးခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ မေးသမ ျှလည်း ဖြေပေး ပါတယ်။ သူ့နာမည်က ကိုအောင်ဇော်မင်းတဲ့။ လက်ရှိ ဦးစီးလုပ်ကိုင်နေတဲ့သူပေါ့။ ဒီလုပ်ငန်း က ၁၉ ၆၄ ခုနှစ်မှာ မိဘတွေက စလုပ်ခဲ့တာ။ တကယ်တော့ အဖေ့ဘက်က မိဘတွေက ယွန်းထည် လုပ်ငန်းလုပ်တာ၊ အမေ့ဘက်က မိဘတွေက ပန်းထိမ်လုပ်ငန်းလုပ်တာ။ သားသမီးတွေကို အိမ် ထောင်ချပေးပြီးတဲ့အခါ လုပ်ငန်းတစ်ခုလုပ်ဆိုပြီး ပုန်းရည်ကြီးလုပ်ငန်းကို ထူထောင် ပေး ခဲ့တယ်။Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၃)”

ပုဂံ အလှ နဲ့ ဘ၀ (၁၂)

ရွှေစည်းခုံ ကျွန်တော်ပုဂံမှာ ရှိနေဆဲမှာပဲ ဘုရားဖူးဧည့်သည်တွေအလာများတဲ့ ဘုရား ၁၇ ဆူကို ဝင်ခွင့်ပိတ် တဲ့ အကြောင်း ကြေညာခဲ့တယ်။ ဂေါပကတွေကို ခေါ်အသိပေးတာက ဇူလိုင် ၂၈ ည ဆိုတော့ ဇူလိုင် ၂၉ မနက်မှာ ဒီသတင်းက အတော်ဂယက်ရိုက်သွားတယ်။ ကိုဗစ်ကြောင့် ခရီးသွားဧည့်သည်မရှိတဲ့အချိန်မှာ အခုလို ရုံးပိတ်ရက်ရှည်ဆိုတာ ဒေသခံတွေ အတွက် အသက်ကယ်ဆေးပဲ။ ဒါပေမယ့် ဘုရားတွေကို ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေး အစီအစဉ် တွေနဲ့ ဖူးခွင့်ရအောင် စီစဉ်ပေးမယ့်အစား လုံးဝပိတ်ချလိုက်တာက ဒေသခံတွေအတွက် အခက် အခဲအများကြီး ဖြစ်သွားတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ ဂေါပကတွေအတွက်ကတော့ လုံး၀ ပိတ်လိုက်တာဟာ အလုပ်ရှုပ်အသက်သာဆုံးနည်းလမ်းဖြစ်ပေမယ့် ပန်းရောင်းတဲ့ကလေးကနေ ဟိုတယ်ပိုင်ရှင်အထိ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်နေသူတွေအတွက်ကတော့ အရှိုက်ထိုးခံရ တာပဲ။ ကျွန်တော်လည်းContinue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၂)”

ပုဂံ အလှ နဲ့ ဘ၀ (၁၁)

သပြေရိပ် ပုဂံ ကျောက်ပန်းတောင်း ကားလမ်းဘေးက ထန်းရည်တဲကြီးတွေ နာမည်ကြီးပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ဘူး။ ဒီတစ်ခေါက်တော့ သွားဖြစ်အောင်သွားမယ်လို့ဆုံးဖြတ်ခဲ့ တယ်။ ကျွန်တော့်လမ်းညွှန်သူ ကိုဇော်ကြီးကတော့ စိတ်ပါလက်ပါမရှိလှဘူး။ ဒါပေမယ့် ကောင်းရင် လည်း ရေးမယ်၊မကောင်းရင်လည်း မကောင်းတဲ့အကြောင်းရေးမယ်ဆိုပြီးရောက်သွားခဲ့တယ်။ ပုဂံဒေသမှ စားသောက်ဆိုင်များ ( ၁၁ သြ ၂၀၁၈) ပို့စ်မှာ အညာလက်ဆောင် နဲ့ ပိုင်ထန်းတဲ ဆိုင်နှစ်ဆိုင်ကို ညွှန်းထားတော့ ပိုင် ထန်းတဲကို သွားဖို့ရွေးခဲ့တယ်။ အဲဒီလမ်းတစ်လေ ျှာက် မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထန်းရည်ဆိုင်ကြီးတွေအများကြီးရှိတယ်။ အညွှန်းအရ ပိုင် ထန်းရည်တဲ က ဘူးသီးကြော်ကောင်းတယ်ဆိုလို့ ရွေးခဲ့တာပါ။ ပိုင်ထန်းတဲက တစ်ချို့ဆိုင်တွေလို နှစ်ထပ်တွေ၊ လင့်စင်တွေမတွေ့ဘူး။ (နောက်ထဲမှာ ရှိ/မရှိ တော့ မသိဘူး။ ) ရှေ့ပိုင်းကတော့Continue reading “ပုဂံ အလှ နဲ့ ဘ၀ (၁၁)”