ဘဝကမ်းခြေ

မော်တင်စွန်း ဘုရားကနေ အနောက်ဘက်ကမ်းခြေအတိုင်း သွားရင် ဇီးချိုင်ရွာရှိတယ်။ အရှေ့ဘက်ကို သွားရင် ကံချိုင်ရွာရှိတယ်။ အဲဒီရွာတွေကို သွားရင် ကမ်းခြေအလှအပကို မြင် ရသ လို ရေလုပ်ငန်းလုပ်နေတဲ့ ဒေသခံသူတွေရဲ့ ဘဝကိုလည်း မြင်ရပါတယ်။ အထူးသဖြင့် ကံချိုင်ရွာ ကနေ ကမ်းခြေဘက်ကို ဆင်းလိုက်ရင် ကျား (၁ ) ၊ ကျား (၂ ) ၊ ကျား (၃) လို့ခေါ်တဲ့ ငါးလှေ ဆိုက်တဲ့နေရာတွေမှာ ငါးဒိုင်တွေ ငါးဖမ်းလှေတွေအများကြီးတွေ့နိုင်ပါတယ်။ ငါးပိ၊ ငါးခြောက် ဝယ် မယ်ဆိုရင် ဘုရားပွဲဈေးမှာ ဝယ်တာထက် ကံချိုင်ရွာမှာ သွားဝယ်တာက ပိုကောင်းတယ်။ ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်ပဲသွားရတယ်။

ဆိုင်ကယ်စီးပြီး ခရီးနှင်

စက်ဘီးတစ်စီးနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့တဲ့ လူငယ်လေးတွေကို ကိုယ်ချင်းစာ မိတယ်။ ဒါတောင် ကိုယ်က ဆိုင်ကယ်နောက်ကထိုင်စီးရတာပါ။ ၂၆ ဖေဖော်ဝါရီ ၂၀၂၃

သံလွင်ဆည်းဆာ

ဘားအံရောက် ဧည့်သည့်အတော်များများက ဘားအံနေဝင်ဆည်းဆာကို ကြာအင်းတောင်ပေါ် က နေ ဓာတ်ပုံရိုက်တာများပါတယ်။ ဒါပေမယ့် သံလွင်မြစ်ကမ်း သောင်ပြင်ကနေ ရိုက်ရင်လည်း မတူ ကွဲပြားခြားနားတဲ့ နေဝင်ဆည်းဆာအလှကို မြင်ရပါတယ်။

“ခရီးနိုင်ငံရေး” ( နေဝင်းမြင့်၊ ဥဒယကျေးရွာစာပေ၊ ၂၀၁၃ နိုဝင်ဘာ)စာအုပ် မှာ ဆရာနေဝင်းမြင့် က ဆရာမြသန်းတင့်ရဲ့ ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ အယူအဆကို အခုလို ရေးပြခဲ့တယ်- “ နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်၊ ကြားရတယ်၊ ခရီးသွားရင်း တွေ့ရ ကြုံရသူတွေ ကို ကြည့်ရင် သူတို့မှာ ဘယ်လို ဖုံးကွယ်ထားမှုမှ မပါဘူး။ ဘယ်လို ပယောဂမှမပါဘူး။ သည်လို မပါတဲ့ အတွက် သူတို့ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ xxx ခရီးတွေ သွား ရမယ်၊ ခရီးတွေသွားမှ ဖြစ်ပျက်နေတာကို သိမှာပေါ့။ ဒါနိုင်ငံရေးပဲ။” ဝန်ထမ်းဘဝနဲ့ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်စဉ်ကာလမှာ ဘယ်လောက်ပဲ အောက်ခြေ အထိ ဆင်းတယ်ပြောပြော၊ လွတ်လွတ်လပ်လပ်သွားတယ်ဆိုဆို လက်ရှိ ရာထူးContinue reading

အရုဏ်တက်ချိန် ၊ လမင်းသာချိန်

လကြတ်တယ်ဆိုတာ၊ လ ငပုတ်ဖမ်းတယ်ဆိုတာ ခဏတာပါ။ “ဘယ်အမှောင် ဘယ်လိုမှောင်လဲ၊ တစ်နေ့တော့လင်းရမယ် စိတ်မလေ ျှာ့နဲ့လေ” ( အားလုံးကို ကျော်ဖြတ်ရမယ် ၊ ကိုနေဝင်း)