ဘဏ် ဘဏ် ဘဏ်

အေတီအမ်ကတ် လေးရှိမှ၊ ဘာ Pay ညာ Pay သုံးနိုင်မှ ခေတ်မီတဲ့ကာလမှာ ကျွန်တော် လည်း ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေစုစာအုပ်လုပ်၊ အေတီအမ်ကတ်လေးကိုင်နဲ့ စတိုင်ကျနေတာပဲ။ ဒါ ပေမယ့် ဝန်ထမ်းလည်းဖြစ်ခဲ့တော့ လစာ၊ ဆုကြေး၊ အငြိမ်းစားလစာတွေ အတွက် မြန်မာ့စီးပွား ရေးဘဏ်မှာလည်း ငွေစုစာအုပ်ထားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့စီးပွားရေးဘဏ်က ခြောက်လတစ်ခါ ပင်စင်ထုတ်မှ ရောက် ဖြစ် တာပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုတာက အဆောက်အဦ ကလည်း ဟောင်း၊ အတွင်းမှာလည်း လေအေးပေးစက် မဆိုထား နဲ့ ပန်ကာတောင် အနိုင်နိုင်၊ ဝန်ထမ်းတွေကလည်း လယ်ဂျာ စာအုပ်တွေကြားမှာ နွမ်းလျလျ၊ ပုဂ္ဂလိက ဘဏ်ကတော့ သူတို့ အဆိုအတိုင်း “ဘဏ်ထဲ ဝင် လိုက်တာနဲ့ လေအေးစက်ကြောင့် ရင်အေး၊Continue reading “ဘဏ် ဘဏ် ဘဏ်”

မေ ျှာ်လင့်ချက် မမှားဖို့

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။ ဒါ့ကြောင့် သုံးသပ်ချက်ဆောင်းပါးတွေ မရေးဘူး၊ မီဒီယာတွေနဲ့လည်း မပြော တော့ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့တယ်။ ပြောတဲ့အတိုင်း လည်းနေခဲ့ တယ်။ အခုတော့ သတင်းတစ်ခုအပေါ် လူငယ်တွေ သုံးသပ်ချက်မမှားစေချင်လို့ နောက်ခံရာဇဝင်နဲ့ အဖြစ်မှန် ကို ရှင်းပြချင်ပါတယ်။ ဖေ ဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ် ဆောင်တဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်မှာ “ constitutes an unusualContinue reading “မေ ျှာ်လင့်ချက် မမှားဖို့”

တတိယမြောက်စာအုပ်

တတိယမြောက်စာအုပ် သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ် ကာလ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်း အင်္ဂလိပ် ဘာသာနဲ့ စာအုပ်ရေးမယ်ဆိုတော့ ပထမရွေးတဲ့ခေါင်းစဉ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆) ” လို့ ရိုးရိုးလေး ပဲရွေးခဲ့တယ်။ စာအုပ်ရေးနေရင်းနဲ့ ၂၀၁၀ – ၂၀၁၆ ကာလအတွင်းမှာ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီ ကျူးရှင်းတွေကို ခိုင်မာအောင်တည်ဆောက်ဖို့အခွင့်အလမ်းတွေကို လက်လွတ်ခဲ့ရတဲ့ အတွက် အင်စတီကျူးရှင်းတွေ မခိုင်မာသေးတဲ့ အကျိုးဆက်ဟာ ၂၀၁၆ နောက်ပိုင်း နိုင်ငံရေးအခြေအနေ တွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို မြင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်စာအုပ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ “ Myanmar’s Political TransitionContinue reading “တတိယမြောက်စာအုပ်”

မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့

နိုင်ငံရေး အခြေအနေ ရှုပ်ထွေးတင်းမာမှုတွေက လူမှု အသိုင်းအဝန်းကြားကိုပါ ကူးစက်လာတယ်။ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ သူ့ဘက် ကိုယ့်ဘက် ကွဲပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်တာလည်း ကြား ရတယ်။ ဖေ့စ်ဘွတ်မျက်နှာစာမှလည်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ်မယ်၊ ထုတ်ပစ်လိုက်ပြီ လို့ ကြွေးကြော်တာလည်းမြင်ရတယ်။ ပရိုင်ဖိုင်း မပြောင်းလို့၊ ပရိုဖိုင်းပြောင်းလိုက်လို့ ဆိုပြီး ရန်ဖြစ် နေတာလည်း တွေ့ရတယ်။ နိုင်ငံရေးအမြင်မတူတာနဲ့ မိတ်ဆွေဖြစ်လို့မရတော့ဘူးလား၊ နိုင်ငံရေး အမြင်မတူတာနဲ့ ရန်သူ ဖြစ်ရတော့မလား။ လွတ်လပ်ရေးရပြီးထဲက ကြုံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံး ရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ငါ နဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားက အဓိက အချက် တစ်ခုအနေနဲ့ပါခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ကျွန်တော့်ကတော့ ငါနဲ့မတူ ငါ့ရန်သူလို့Continue reading “မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့”

တတိယ မဲစာရင်း

မနေ့က Trends in Myanmar စကားဝိုင်းမှာ တတိယမဲစာရင်းဆိုတဲ့အချက်ကို ထည့်ဆွေးနွေး ခဲ့တယ်။ တတိယ မဲစာရင်းဆိုတာ ဘာလဲ လို့မေးရင် ဦးလှသိန်းကော်မရှင်က ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း အသိပေးဖို့ပျက်ကွက်နေတဲ့ မဲစာရင်း၊ လူသိရှင်ကြားထုတ်ပြန်ဖို့ လက်တွန့်နေတဲ့ မဲစာရင်း လို့ ပြောရမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် မဲစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်တဲ့ အခါ ပြည်ခိုင်ဖြိုး ပါတီက မဲစာရင်းမိတ္တူကူးခွင့်တောင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီးတုန့်ပြန်တယ်။ အဲဒီကြေညာချက်မှာ မဲစာရင်းတွေကို ၂၀၂၀ ဇူလိုင် ၂၅ ရက် ရက်နေ့ သြဂုတ် ၁၄ ရက်နေ့အထိ တစ်ကြိမ်၊ အောက် တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာContinue reading “တတိယ မဲစာရင်း”

လမ်းစဉ်မှားတဲ့အခါ

သမ္မတ ထရမ့်ကတော့ ထွက်တော်မူ နန်းကခွာသွားပြီ။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ အကွဲအပြဲ ဇာတ်လမ်းက မပြီးသေးဘူး။ သူ့မူဝါဒကြောင့် အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ အကွဲအပြဲ တွေ ၊ ဒေါသတွေအများကြီးကျန်ခဲ့တယ်။ သမ္မတသစ် ဂျိုးဘိုင်ဒန်က အဲဒီဒဏ်ရာတွေကို ကုစားဖို့ အများကြီးကြိုးစားရဦးမယ်။ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွေက ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာ မူဝါဒအရရော၊ ပုဂ္ဂိုလ်ရေးအရပါ တိုက်ခိုက်ကြတယ်။ ရွေးကောက်ပွဲရလဒ်ပေါ် ထွက်လာတဲ့အခါမှာလည်း ရှုံးနိမ့်သူက အနိုင်ရသူကို ချက်ခြင်း အသိအမှတ်ပြုတာရှိသလို ပြည်နယ်အလိုက် မဲပြန်လည်ရေတွက်ဖို့အတွက် တရားရုံးတွေမှာ လေ ျှာက်ထားတဲ့ အမှုတွေ ရှိတယ်။ ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲဆိုရင် ဖလော်ရီဒါ ပြည်နယ်မှာ မဲပြန်လည် ရေတွက်သင့်၊မသင့်ဆိုတဲ့ကိစ္စက ပြည်ထောင်စုတရားရုံးချုပ် အထိရောက်ခဲ့ရတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအကြိုကာလမှာ ဘယ်လောက်ပဲContinue reading “လမ်းစဉ်မှားတဲ့အခါ”

မပြေးသော် ကန်ရာရှိ

ပြည်ခိုင်ဖြိုးပါတီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီတစ်ချို့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်။ ဒီတောင်းဆိုမှုဟာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ကျင်းပ ဖို့ ဖိတ်ကြားခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကိုပဲ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှာကျင်းပဖို့ ဖိတ်ကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်း တို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ပေါ်ထွက်လာရတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ပထမအကြိမ်လွှတ်တော် နောက်ဆုံး အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်လိုက်တဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပထမအကြိမ်လွှတ်တော် ရဲ့ နောက်ဆုံးအစည်းContinue reading “မပြေးသော် ကန်ရာရှိ”

မြန်မာ ၂၀၂၁

Institute of Southeast Asia Studies, ISEAS YUSOF ISHAK INSTITUTE က ၂၀၂၁ ခုနှစ်အတွက် ဒေသတွင်း အလားအလာ ဆွေးနွေးပွဲ ( Regional Outlook Forum 2021) ကို စင်္ကာပူနိုင်ငံမှာ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့တယ်။ အရင်အစဉ်အလာကတော့ ဆွေးနွေးပွဲကို တစ်နေ့တည်းနဲ့ အပြီးလုပ်ပေမယ့် ကိုဗစ်ကာလ ဖြစ် တဲ့အတွက် ဆွေးနွေးပွဲကို နှစ်ရက်ခွဲပြီး အွန်လိုင်းကနေ ကျင်းပပါတယ်။ ဆွေးနွေးပွဲကတော့ သူ့ခေါင်းစဉ်အတိုင်းပဲ ၂၀၂၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံ အဖွဲ့အတွက် အရေးပါမယ်လို့ ယူဆရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာကိစ္စတွေကို ဆွေးနွေးတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဆွေးနွေးပွဲအတွက်ရွေးချယ်ထားတဲ့ အကြောင်းအရာတွေကContinue reading “မြန်မာ ၂၀၂၁”

ရဲနွယ် သဘာဝရှုခင်းအလှ

အောင်လောင် ငှက်တွေကို ကြည့်တဲ့နေရာက မြို့ချောင်း – မင်းလှ ကားလမ်း မိုင်တိုင် ၆၉ ၊ အဲဒီကနေ ဆက်သွားရင် မိုင်တိုင် ၆၄ မှာ ရဲနွယ်ဆည်ကို အပေါ်စီးက လှမ်းမြင်ရတဲ့ ရှုခင်း သာ နေရာရှိတယ်။ “ ရဲနွယ် သဘာဝရှုခင်းအလှ Ye Nwe View Point ( 8 Mile ) ” ဆိုတဲ့ ဆိုင်း ဘုတ်ထောင်ထားတယ်။ အခု လို ဆောင်းရာသီမှာ အဲဒီနေရာက ကြည့်ရင် တိမ်ပင်လယ် မြင်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရောက်ချိန်မှာ နေ့လယ် ၁၂ နာရီလောက်ဆိုတော့ မှန်/ မမှန် မသိနိုင်ဘူး။ သို့သော် ဘာပဲ ဖြစ်ဖြစ်Continue reading “ရဲနွယ် သဘာဝရှုခင်းအလှ”

ငှက်ကြည့်သူ (၄)

ငှက်ကြည့်တဲ့ မိုင်တိုင် ၆၉ ကနေ တစ်မိုင်လောက်ဆက်မောင်းသွားရင် လမ်းဘယ်ဘက်မှာ တဲစုလေးရှိတယ်။ အနားမှာ သစ်ပင်ကြီးတစ်ပင် နဲ့နတ်စင်နှစ်ခုရှိတယ်။ အဲဒီသစ်ပင်က လည်း စားပင်ပဲ။ အခု အသီးတွေသီးနေပြီ။ မိုင်တိုင် ၆၉ အပင်က အသီးတွေ ကုန်ခါနီးရင် ဒီအပင်က အသီးတွေမှည့်တယ်တဲ့။ အဲဒီအချိန်ကျရင် ငှက်တွေက နတ်စင်အပင်ကို ပြောင်းပြီး စားကြ လိမ့်မယ်။ သဘာဝတရားကြီးက ငှက်လေးတွေ အစာရေစာမပြတ်အောင်ဖန်တီးပေးထားသလိုပဲ။ တဲစုလေးကို ကျော်ပြီးနည်းနည်းမောင်းလိုက်ရင် သစ်တော စစ်ဆေးရေးဂိတ်ရှိတယ်။ ဂိတ် ကျော် တာနဲ့ ကားလမ်းညာဘက်မှာ တောင်အောက်ကို ဆင်းသွားတဲ့လမ်းလေးရှိတယ်။ အဲဒါက ရဲနွယ် ဆည်ကို သွားတဲ့ လမ်းပဲ။ ဆည်ကိုသွားမယ်ဆိုရင် လူသွားလမ်းဖြစ်တဲ့အတွက် ကားကို လမ်းဘေးမှာ ရပ်ခဲ့ရမယ်။ လူသွားလမ်းထိပ်မှာ တဲလေးတစ်လုံးရှိတယ်။ အဲဒါက ရဲနွယ်ဆည်Continue reading “ငှက်ကြည့်သူ (၄)”