သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၁ )

သူငယ်ချင်း – ထိုင်း နဲ့ ငါတို့ဘာကွာလဲ။ ကျွန်တော်- ထိုင်းက သူ့အတိုင်းအတာနဲ့ သူစားတယ်။ လောဘ မကြီးဘူး။ အတိုင်း အရှည် သိတယ်။ ငါတို့ဆီကတော့ အကုန်စားတယ်။ အသားဟင်း၊ ထမင်း၊ ဟင်းချို ၊ အစိမ်း ကြော်၊ ငါးပိရည်၊ တို့စရာ၊ ဘာမှ မချန်ဘူး။ စားနေရင်းနဲ့ အချိုပွဲကိုတောင် လှမ်းပြီး မျက်စောင်းထိုးလိုက်သေးတယ်။ သူငယ်ချင်း – မင်း ဘာတွေပြောနေတာလဲ။ ကျွန်တော် – ထိုင်း အစားအစာအကြောင်းလေ။ ဤတွင်တစ်ခန်းရပ်

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၀ )

သူငယ်ချင်း – မင်းက ငါ့ ကားသမားကိုတော့ ပြောလိုက်တာ၊ မင်းရဲ့ ကားသမားတုန်းကတော့ ဘာမှ မပြောပါလား။ ကျွန်တော် – မင်းလည်း နှစ်ယောက်လုံးမောင်းတာ စီးဖူးတာပဲ။ တူလို့လား။ မင်းလူက ခွေ ( ဂွေ ) ကိုင်ချင်တာပဲရှိတယ်၊ အတက်မှန်း၊ အဆင်းမှန်း၊ လမ်းကွေ့မှန်း၊ ချိုင့်မှန်း၊ ကျင်းမှန်းမသိ၊ ဂီယာ ချိန်းဖို့လည်း နားမလည်၊ လီဗာပဲ စွတ်နင်းနေလို့ မင်းတောင်မှ ဘုရားတ စီးနေရတာ မဟုတ်ဘူးလား။ သူငယ်ချင်း – ကားမကောင်းတာလည်း ပါပါတယ်ကွာ။ ကျွန်တော် – ကျွန်တော် – ဟေ ၊ အရင်ကားသမားတွေတုန်းကလည်း ဒီကားပဲ။ ဒါပေမယ့် ပြုပြု ပြင်ပြင် ထိန်း ထိန်းသိမ်းသိမ်းရှိတော့ စီးတဲ့လူ စိတ်မဆင်းရဲရဘူးမဟုတ်လား။Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၀ )”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )

သူငယ်ချင်း- ဂျီနီဗာ ကွန်ဗင်းရှင်းတွေ၊ စစ်ရာဇဝတ်မှု တွေဆိုတာ အမေရိကန် နဲ့ မဆိုင်ဘူးလား။ ဘယ်သူကမှ အရေးမယူဘူးလား။ ကျွန်တော်- ဒီလို စဉ်းစားကြည့်ကွာ။ မင်းက တရားသူကြီးဆိုပါတော့၊ တရားခံက ကျွန်တော့်ကို တော့ အရေးယူတယ်၊ ဦးဖြူ ကိုတော့ အရေးမယူဘူးလို့ လေ ျှာက်လဲရင် အဲဒီ တရားခံ ကို လွှတ်ပေးမှာလား။ သူငယ်ချင်း- ဘယ်ရမလဲ၊ သူ့အမှုနဲ့ ဆိုင်တဲ့ သက်သေအထောက်အထားနဲ့ပဲ ဆုံးဖြတ်ရမှာ ပေါ့။ ကျွန်တော်- အဲဒါပဲလေ။ သူများ တရားစွဲမခံရတာက အရေးမကြီးဘူး။ ကိုယ်တရားရုံးရှေ့ မရောက်ဖို့ပဲ စဉ်းစား။ နောက်ပြီး ရပ်ထဲ ရွာထဲမှာ ကိုယ့်ကို အမြင်ကပ် တဲ့ သူများနေရင် ပိုပြီး အနေ အထိုင်ဆင်ခြင်ရတယ်ဆိုတဲ့ သဘောတရားကိုလည်း မမေ့နဲ့။Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )”

သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၈ )

သူငယ်ချင်း- မင်း စာအုပ် ငါ့ကို အပိုင်ပေးလိုက်တော့ကွာ။ ကျွန်တော်- မင်းကလည်းကွာ၊ အစထဲက အပိုင်လိုချင်ရင် အပိုင်လိုချင်တယ်ပြောပါလား။ ငါ့မှာ ခဏငှားတယ်ထင်လို့ ပြန်ပေးတော့လေဆိုပြီး တောင်း နေရတာ မောလိုက်တာ။ သူငယ်ချင်း- အစထဲက အပိုင်တောင်းရင် မင်းက ဘယ်ပေးပါ့မလဲ။ လက်ထဲရောက်ဖို့ အရင် လုပ်ရတာလေ။ လက်ထဲရောက်ပြီဆိုတော့ မင်းပြန်တောင်းရင် ငါက နေ့ ရွှေ့ ၊ ညရွှေ့လုပ်၊ နောက်ဆုံး မင်းမပေးချင်ဘူးဆိုရင်တောင် ငါက မျက်နှာပြောင်တိုက် အပိုင်ယူထားလို့ရပြီ။ ကျွန်တော်- မင်းက အတုမြင် အတတ်သင် လား ။ သူငယ်ချင်း – ဟေ့ကောင် ပုဒ်မ အကြီးကြီးတွေတပ်မနေနဲ့။ မင်းကို သက်သက် စ နေတာ။ ဤတွင်တစ်ခန်းရပ်