သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၃) 

သူငယ်ချင်း –  ငါ့စက်ရုံမှာ သင်္ကြန်စတုဒီသာကျွေးတယ်၊ ကာရာအိုကေ ပြိုင်ပွဲလုပ်ပေးတယ်၊ အား လုံးပျော်နေတာပဲ။ ပုံမှန်ဖြစ်သွားပြီ သိလား။ 

ကျွန်တော်-  ကောင်းတာပေါ့ကွာ၊ ဒါဆိုကျန်တဲ့စက်ရုံတွေလည်း နမူနာယူနိုင်အောင်   အလုပ် သမား တွေကို ဘာမှ မကြောက်နဲ့၊ အရင်လို အလုပ်သမားဥပဒေ၊ ငြိမ်းစုစီ ဥပဒေတွေနဲ့ အညီ ပြောစရာရှိ တာပြော၊ တောင်းစရာရှိတာတောင်းလို့ဖွင့်ပေးလိုက်ပါလား။

သူငယ်ချင်း- ဟာ ဒါတော့ ဘယ်ဖြစ်မလဲ။ ကိုဗစ်ဖြစ်ထဲက စီးပွားရေးအခြေအနေက သာမန်အခြေ အနေ မဟုတ်ဘူးလေ။   

ကျွန်တော်-  အဲဒါဆိုလည်း လူတွေ ပုံမှန်ဖြစ်သွားပြီလို့ စိတ်ကူးယဉ်မနေပါနဲ့ကွာ။  “မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ” ၊ “ငါ့ ၀မ်းပူဆာ မနေသာ”၊” မချိသွားဖြဲ” ဆိုတဲ့စကားတွေ မင်း လည်း ကြားဖူးနေတာပဲ။  

ဤတွင် တစ်ခန်းရပ်

One thought on “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၃) ”

  1. How did your friend become an owner of his factory? Family inheritance or military inheritance ? Everyone knows how this system works. Bunch of AliBaBa.

    Like

Leave a comment