သူငယ်ချင်း – ဘယ်လိုမြင်လဲ။
ကျွန်တော် – မဖြစ်မနေလုပ်ရမယ့်အလုပ်ကိုမှ မလုပ်တာကွာ။ လက်ပူတိုက်တိုက်တဲ့ အဆင့်ပါ ပဲ။ ဘာမှမထူးပါဘူး။
သူငယ်ချင်း – မင်းကလည်း အခုခေတ်မှာ “ ပန့်၊နော်ဇယ်၊” အုပ်စုံလဲဖို့ လွယ်တယ် များထင် နေလား။
ကျွန်တော်- အေးလေ၊ အဲဒါဆိုလည်း ခရီးသည်တွေဆဲတာခံပြီးမင်းဘတ်စ်ကားကြီးကို မီးခိုးတလူလူနဲ့ ဆက်မောင်းနေပေါ့ကွာ။ဒါပေမဲ့ အင်ဂျင်အလုံးလိုက်လဲရတဲ့အခြေအနေရောက်သွားရင် ပန့်လဲ တာ ထက်ပိုအကုန်အကျများမယ်ဆိုတာတော့ မမေ့နဲ့ ပေါ့။