သူငယ်ချင်း – ထိုင်းအခြေခံဥပဒေအကြောင်းမင်းရေးတာ ငါတော့ လက်မခံဘူး။ ဒီမိုကရေစီမှာ တစ်ပါတီတည်းက အပြတ်အသတ်နိုင်သွားရင် ထင်ရာလုပ်တဲ့ ဖြစ်စဉ်တွေရှိတယ်ဆို တာ ငြင်းလို့မရဘူး။ သက်ဆင် ကိစ္စပဲကြည့်ပေါ့။ ဒါ့ကြောင့် အများစုရတဲ့ပါတီက ထင်ရာလုပ်လို့မရအောင် ထိန်းချုပ် မှု၊ ကန့်သတ်မှုတွေ ရှိရ မယ်။ ကျွန်တော်- ဒီမိုကရေစီမှာ အများစုနိုင်တဲ့ ပါတီက ထင်ရာစိုင်းတာမဖြစ်အောင် ထိန်းချုပ်မှု တွေ ရှိရမယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီထိန်းချုပ်မှုဆိုတာက လွတ်လပ်တရားမ ျှတတဲ့ ရွေးကောက်ပွဲစနစ်၊ လွတ်လပ်တဲ့ တရား စီရင်ရေး၊လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဘက်လိုက်မှုမရှိဘဲအရည်အချင်းပြည့်ဝတဲ့နိုင်ငံ့ဝန်ထမ်းစနစ်၊ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး နဲ့ ရပိုင် ခွင့်တွေကို ကာကွယ်ပေးတဲ့ ဥပဒေ စတာတွေနဲ့ လုပ်ရတာ။ တစ်ယောက်၊ တစ်ဖွဲ့က ငါတို့က ပိုသိ၊ ပိုတတ်၊Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၂)”
Tag Archives: Thailand
ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်
အနန် ပန်ရာရချွန် ( Anand Panyarachun) ဆိုတာ ထိုင်းနိုင်ငံ ၁၉ ၉ ၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်တပ်အာဏာသိမ်း မှုနဲ့ Black May လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ၁၉ ၉ ၂ မေ ၁၇သွေးချောင်းစီးမှုကြီးနောက်ပိုင်းတွေမှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်း ဆောင် ပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံသမိုင်းမှာ ဒီမို ကရေစီ အကျ ဆုံး လို့ထင်ရှားတဲ့၁၉၉၇ခုနှစ် အခြေခံဥပဒေကို ရေးဆွဲရာမှာ ခေါင်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ( အဲဒီအခြေခံ ဥပဒေကို ၂၀၀၆ စစ်တပ် အာဏာသိမ်းမှု အပြီးမှာဖျက်သိမ်းခဲ့တယ်။ ) သူက နိုင် ငံရေး ခေါင်းဆောင်မဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနContinue reading “ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၁၁ )
သူငယ်ချင်း – ထိုင်း နဲ့ ငါတို့ဘာကွာလဲ။ ကျွန်တော်- ထိုင်းက သူ့အတိုင်းအတာနဲ့ သူစားတယ်။ လောဘ မကြီးဘူး။ အတိုင်း အရှည် သိတယ်။ ငါတို့ဆီကတော့ အကုန်စားတယ်။ အသားဟင်း၊ ထမင်း၊ ဟင်းချို ၊ အစိမ်း ကြော်၊ ငါးပိရည်၊ တို့စရာ၊ ဘာမှ မချန်ဘူး။ စားနေရင်းနဲ့ အချိုပွဲကိုတောင် လှမ်းပြီး မျက်စောင်းထိုးလိုက်သေးတယ်။ သူငယ်ချင်း – မင်း ဘာတွေပြောနေတာလဲ။ ကျွန်တော် – ထိုင်း အစားအစာအကြောင်းလေ။ ဤတွင်တစ်ခန်းရပ်
ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၃)
၂၀၂၃ ရွေးကောက်ပွဲရလဒ်တွေအကြောင်းမဆွေးနွေးခင် ဒီရွေးကောက်ပွဲမှာ အမတ်နေရာ အများ ဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီ အကြောင်း သိထားဖို့လိုပါတယ်။ ဒီပါတီက ၂၀၁၉ ရွေး ကောက်ပွဲမှာ အမတ် ၈၁ နေရာ အနိုင်ရခဲ့တဲ့ Future Forward ပါတီကို အမွေဆက်ခံထား တာပါ။ Future Forward ပါတီကို ၂၀၁၈ ခုနှစ်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ထာနာထွန် (Thanathorn Juangroongruangkit ) ဦးဆောင်ပြီးတည်ထောင်ခဲ့တာပါ။ အဲဒီအချိန်မှာ ထာနာထွန်က အသက် လေးဆယ် ပဲရှိသေးတယ်။ Future Forward ပါတီက ထိုင်းနိုင်ငံရေးအစဉ်အလာတွေကို ဖောက် ထွက်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ထိုင်းနိုင်ငံရေးပါတီတွေက နန်းတော် ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် စီးပွား ရေးContinue reading “ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၃)”
ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၂)
ထိုင်းအခြေခံဥပဒေ ၂၀၁၇ ဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ယင်လတ်အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်နဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ National Council for Peace and Order (NCPO) ကဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ် ပါတယ်။ တကယ်တော့ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးခဲ့တာပါ။ ဒါပေမဲ့ အခြေခံဥပဒေအသင့်မဖြစ်သေးလို့ ဆိုပြီး ၂၀၁၅ ခုနှစ်၊၂၀၁၆ ခုနှစ်၊ ၂၀၁၇ နှစ်လယ်၊ ၂၀၁၇ ဒီဇင်ဘာ၊ ၂၀၁၈ နိုဝင်ဘာ နဲ့ ၂၀၁၉ ဖေဖော်ဝါရီ လတွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ပြီး နောက်ဆုံး ၂၀၁၉ ခုနှစ်Continue reading “ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၂)”