သူငယ်ချင်း- သူတို့ကို ဒီအတိုင်းလွှတ်ပေးထားရင် အခြေအနေတွေပိုဆိုးလာမှာကွ၊ ဒါ့ကြောင့် ကြားဝင်ရတာ၊ မင်းနားလည်လား။ ကျွန်တော် – ဟေ ။ အခုကော အခြေအနေတွေက ပိုကောင်းလာလို့လား။ သူငယ်ချင်း- မင်း ကတ်တီးကပ်ဖဲ့ မပြောနဲ့ ဤတွင် တစ်ခန်းရပ်။
Category Archives: Uncategorized
ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့
ငယ်ငယ်က အားရင် အဘိုးရဲ့ စာအုပ်စင်ကို မွှေတယ်။ အဘိုးစာအုပ်စင်က စာအုပ်တွေထဲမှာ အကြိုက် တွေ့တာက မှော်ဘီဆရာသိန်း( ၁၈၆၂ -၁၉ ၄၂) ရဲ့ စာအုပ်တွေ၊ ဆရာကြီးက မြန်မာ ဘုရင်တွေခေတ်က အဖြစ် အပျက်တွေအကြောင်းရေးလေ့ရှိသလို သူရှာဖွေမှတ်သားထားတဲ့ ထွေထွေရာရာ မှတ်စရာတွေ ကိုလည်း “ အရူးလွယ်အိတ်စာတမ်း” ဆိုပြီး ရေးခဲ့တယ်။ ငယ်ငယ်ကဖတ်ခဲ့ပြီးအခုအချိန်ထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ဆရာကြီးရဲ့ စာအုပ်ကတော့ “ ရှေးဖြစ် စာတမ်း” ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြီးမှတ်သားထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေ ပါသလို ဇာတ်ပြက်လုံးတွေ အကြောင်း လည်းပါ တယ်။ အဲဒီအထဲက “ ဆရာထုံးကြီး ဇာတ်ပြက်လုံး“ ဆိုတဲ့ ပြက်လုံးတစ်ခုက ဒီလို- လူပြက် ဦးထုံးက ဘုရင်လုပ်ပြီး ကျန်တဲ့Continue reading “ဦးထုံးကြီး ရဲ့ တော်သေးတာပေါ့”
မန္တလာ ဦးကျောက်လုံး
ကလော-အင်းလေး ခြေလျင်ခရီးကြမ်းလေ ျှာက်တော့ ပထမ ညအိပ်တဲ့ရွာက လမိုင်းရွာဖြစ်ပါ တယ်။ ညအိပ်တဲ့ အိမ်က အဖိုးကြီး ၊အဖွားကြီးနှစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့ရောက်တော့ အိမ်ရှင် အဘကြီးက “ Welcome, Make yourself at home” လို့ပြောပြီးကြိုတယ်။ သူ့အိမ်မှာ နိုင်ငံခြားသားတွေ တည်းခိုနေကြဖြစ်လို့ အလွတ်ကျက်ထားတယ်လို့ ထင်မိပေမယ့် မဟုတ်ဘူး။ ကျန်တဲ့အချိန်တွေမှာလည်း အင်္ဂလိပ်စကားကို ညှပ်ပြောသေးတယ်။ ပြီးတော့ မြန်မာစကားကို လည်း အသံဝဲပေမယ့် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ စိတ်ထဲမှာ ထူးခြားတယ်လို့ ထင် မိ တာနဲ့ နောက်နေ့မနက်မှာ အဘကြီးရဲ့ ဘဝအကြောင်းကို မေးကြည့်မိတယ်။ အဘဦးကျောက်လုံး က စကားပြောတဲ့အခါ ကျွန်တော့်ကို “ အမောင်” လို့ ခေါ်ပြီး ဥပမာ “Continue reading “မန္တလာ ဦးကျောက်လုံး”
စက်ဘီးနဲ့လူ
တကယ်တော့ စာအုပ်လိုချင်တယ်ဆိုရင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေဆီကို လူကိုယ်တိုင်သွား၊ လိုချင်တဲ့စာအုပ်ရှာနေကြပါ။ တစ်ခါတစ်လေ လိုချင်တဲ့စာအုပ်က တစ်အုပ်၊ စာအုပ်စင်တွေကို မွှေ နှောက်ရင်း ဖတ်ချင်လို့ဆိုပြီး ဝယ်လာဖြစ်တာက လေးငါးဆယ်အုပ်။ စာအုပ်နဲ့ ဥစ္စာက ကက်ကင်းမိတယ်။ စာအုပ်တွေဝယ်လိုက်ရင် အိပ်ကပ်ထဲက ဥစ္စာက ခုန်ပျံထွက်သွားရော။ တစ်နေ့ကတော့ ပန်းဆိုးတန်းသွားဖို့ အခြေအနေမပေး၊ စာအုပ်ကလည်းချက်ခြင်း ဖတ်ချင်ဖြစ်နေ တော့ ဝယ်နေကျ စာအုပ်ဆိုင်ကို ဖုန်း ဆက်ပြီး စာအုပ်ပို့ပေးလို့ရသလား၊ ဒဲလ်လီ ( Delivery) ရှိလားလို့မေးလိုက်တော့ ရှိတယ် ၊ ဒီနေ့ အရောက်ပို့ပေးမယ်လို့ အကြောင်းပြန်တယ်။ မွန်းလွဲနှစ်နာရီခွဲလောက်မှာ ကျွန်တော်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ခေါ်လာတယ်။ ဖုန်းဖြေလိုက် တော့ စာအုပ်လာပို့တဲ့သူ၊ ကျွန်တော်တို့ လမ်းသွယ်လေးကို ရှာမတွေ့လို့ မေးတာ။ သူ့အသံ ကContinue reading “စက်ဘီးနဲ့လူ”
တောင်သမန် ကျောက်တော်ကြီးဘုရား
တောင်သမန်ကျောက်တော်ကြီးဘုရားက တောင်သမန်အင်း ဦးပိန်တံတားရဲ့ အဆုံး၊ အမရပူရ ရဲ့ တစ်ဖက်ကမ်းမှာရှိပါတယ်။ ဘုရားရဲ့ ဘွဲ့အမည်က “ မဟာသကျရံသီ ” ဖြစ်ပေမယ့်တောင်သမန် ကျောက်တော်ကြီးဘုရားလို့ပဲလူသိများပါတယ်။ ၂၀၁၅ ခုနှစ်မှာ လှူဒါန်းထားတဲ့ ဘုရား မုခ် ဦးမှာ တော့ “ မဟာသကျရံသီ ကျောက်တော်ကြီး ရုပ်ရှင်တော်မြတ်စွာဘုရား” လို့ ကမ္ဗည်းထိုး ထားပါ တယ်။ မဟာသကျရံသီကျောက်တော်ကြီးဘုရားဟာလည်းကုန်းဘောင်မင်းတွေ နေပြည်တော်ရွှေ့ ပြောင်း တဲ့နောက် လိုက်ပါစံတော်မူခဲ့ရတဲ့ ဘုရားတစ်ဆူပါပဲ။ ကျောက်တော်ကြီးဘုရားရဲ့ မူလ ဒါယကာက ဘကြီးတော်ဘုရား လို့ သိကြတဲ့ စစ်ကိုင်းမင်းဖြစ်ပါတယ်။ ပုဂံမင်း၊ မင်းတုန်းမင်းတို့ရဲ့ ဘကြီးတော် ဖြစ်တဲ့အတွက်ကြောင့် ဘကြီးတော်မင်းလို့နာမည်တွင်တာဖြစ်ပါတယ်။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြချက်အရ စစ်ကိုင်းမင်း က ကျောက်တော်ကြီးဘုရားတစ်ဆူတည်ဖို့ ဆန္ဒရှိတဲ့အတွက် ကျောက်သလင်းပညာ ကျွမ်းကျင်တဲ့Continue reading “တောင်သမန် ကျောက်တော်ကြီးဘုရား”
ရေစကြို စကားဝိုင်း
ရေစကြို ဆိုတာ ကျွန်တော့် ဘေး၊ အဘွားတို့ရဲ့ ချက်မြှုပ်၊ အမေနဲ့အဒေါ်တွေ ကြီးပြင်း ခဲ့ရာ၊ အခုအချိန်ထိ ဆွေမျိုးတွေရှိနေသေးတဲ့နယ်မြေပေါ့။ ကျွန်တော့် အမေဘက်က ဘိုးဘွားတွေက အညာသူ၊အညာသားတွေ၊၊ အဖေဘက်က မော်လမြိုင် ဇာတိတွေ၊ ဒါတောင် အဖေ့ဘက်က အဘွားသာ မွန်တိုင်းရင်းသူ။ အဘိုးက မင်း တုန်းမင်း နဲ့ သီပေါမင်း အကူးအပြောင်း တိုင်းရေးပြည်ရေးမငြိမ်သက်တဲ့ ကာလမှာ အညာကနေ အောက်ပြည်၊ အောက်ရွာကို ပြောင်းရွှေ့လာတဲ့ အညာသား မျိုးဆက် ကနေ ဆင်းသက်လာတာ။ ကျွန်တော်ကတော့ ရန်ကုန်မှာမွေးပေမယ့် ငယ်ငယ်တည်းက အမေ့ဘက်က အဘိုးအဘွားတွေနဲ့ ကြီး ခဲ့ရ၊ ကျွန်တော့် ကို ထိန်းတာကလည်း ရေစကြိုနယ်သူတွေဆိုတော့ ရေစကြိုအကြောင်း အညာအကြောင်းတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကိုယ် ရေစကြိုသားလို့ပဲ ခံယူထားတာ။Continue reading “ရေစကြို စကားဝိုင်း”
မမ နဲ့ ခရီးသွားခြင်း (၁)
“မမ” နဲ့ ခရီးသွားဖို့အတွက် ရန်ကုန်ဘူတာကြီးကို ညနေ လေးနာရီမှာရောက် တယ်။ အရင်က ခရီးသွားတွေ၊ အငှားကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ ပစ္စည်းသယ်မယ့် အလုပ် သမားတွေ ၊ တက္ကစီ ရွှေကြိုတွေနဲ့ ပျားပန်းခတ်နေတဲ့ ဘူတာကြီးက လူရော၊ ကားပါ အတော် ရှင်းနေတယ်။ ကျွန်တော်တို့ လိုက်မယ့် ရထားထွက်မယ့် အမှတ် (၁) စင်္ကကြို အထက် တန်းဝင်ပေါက် ကနေ ဝင်ခဲ့ တယ်။ ဘူတာထဲမှာ ရထားစောင့်နေတဲ့သူနည်းနည်းပဲရှိတယ်။ ရန်ကုန်ဘူတာကြီးက ထွက်တဲ့ အမြန် ရထား၊ စာပို့ရထားနဲ့ မြို့ပတ်ရထား အရေအတွက်က အတော်နည်းသွားတာကိုး။ သတင်းတစ်ချို့ မှာတော့ မြန်မာ့မီးရထားက မူလ ပြေးဆွဲနေတဲ့ ရထားတွေရဲ့ သုံးပုံတစ်ပုံလောက်ပဲ ပြေးဆွဲနိုင် သေး တယ်လို့ဆိုတယ်။ အချိန်စောနေသေးတဲ့အတွက်Continue reading “မမ နဲ့ ခရီးသွားခြင်း (၁)”
မင်းသားရူး
မင်းသားရူး ၁၉ ၉ ၃ ၊ ၁၉ ၉ ၄ ကာလတွေမှာ ကျွန်တော်က စစ်ဦးစီးအရာရှိအဖြစ် ဌာနချုပ်တစ်ခုမှာ တာဝန် ထမ်းဆောင်ရတယ်။ အဲဒီအချိန်က ဌာနချုပ်အကြီးအကဲ အရာရှိကြီးတွေက စစ်ဘက်တာဝန် အပြင် နယ်ဘက်အုပ်ချုပ်ရေး တာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ရတဲ့ အချိန်ဆိုတော့ ကျွန်တော် တို့ ဦးစီးအရာရှိတွေကလည်း နယ်ဘက်ဆိုင်ရာ ကိစ္စတွေ၊ ဝင်စာ ထွက်စာတွေနဲ့ ထိတွေ့နေရ တာပေါ့။ တစ်နေ့မှာ အခြားဌာနချုပ်တစ်ခုက ကျွန်တော်တို့ ဌာနချုပ်ကို ဖုန်းဆက်ပြီး သူတို့ နယ်မြေ ထဲက စားသောက်ဆိုင်တွေ၊ လောင်း ကစားဝိုင်းတွေမှာ ငွေတွေအရမ်းသုံးနေတဲ့ လူ တစ် ယောက်ကို နယ်မြေခံရဲတွေက မသင်္ကာလို့ ခေါ်ယူစစ်ဆေးခဲ့တယ်၊ အဲဒီလူက ကျွန်တော် တို့ နယ်မြေထဲမှာ ရှိတဲ့Continue reading “မင်းသားရူး”
ကိုဇော်ဌေး နဲ့ ကျွန်တော်
ဒီနေ့ မနက် ၁၀ နာရီခွဲမှာ မိတ်ဆွေတစ်ယောက် က ဖုန်းဆက်ပြီး ကိုဇော်ဌေး ရုတ်တရက် ကွယ်လွန်သွားပြီလို့ ပြော တော့ မယုံနိုင်ဘူး။ နောက်တစ်ယောက်က ထပ်ပြောတော့မှ အမှန်တရားကို စိတ်မကောင်းခြင်း များစွာနဲ့လက်ခံလိုက်ရတယ်။ ကိုဇော်ဌေးနဲ့ စပြီးလက်တွဲလုပ်ခဲ့တာ ကျွန်တော့်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၃ ဖေဖော်ဝါရီလနောက်ပိုင်းကနေ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နေ့အထိ ဖြစ်ပါတယ်။ တကယ်တော့ ကိုဇော်ဌေးက ကျွန်တော့်ထက် သတင်းထုတ်ပြန်ရေးဝါ ပိုကြီးတယ်လို့တောင် ပြောလို့ရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူတော့ ကိုဇော်ဌေးပဲ သမ္မတရုံးနဲ့ အစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့၊ အစိုးရသစ် မူဝါဒContinue reading “ကိုဇော်ဌေး နဲ့ ကျွန်တော်”
ဘဝင်ချသည့် စကားများ (၃)
ဒီစာကိုတော့ ၂၇ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ တွေ့မြင်နေရတဲ့ သူတွေကြောင့် ဆရာသမားတပ်မှူးကြီးရဲ့ “ ဇာတ်ဓားတွေ” နဲ့ “ ပြေးခုန် ပစ်အားကစားသမား” ဆိုတဲ့ ဆုံးမစကားနှစ်ခုကို ရေးခဲ့တာပါ။ ဆုံးမ စကားပြောတဲ့ နေရာ၊ အချိန် ကွာခြားသွားပေမယ့် ဆုံးမတဲ့ ဆရာသမားကတော့ တစ်ယောက်ထဲ ပါပဲ။ ဘဝမှာ အလေးစားရဆုံး၊ အမှတ်အရဆုံး ဆရာသမားကွယ်လွန်သွားတာ တောင် ဆယ်နှစ် ကျော်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်ထိ အရောင်တောက်တောက် ပြောင်ပြောင်နဲ့ ကြည့်ကောင်းပေမယ့် လက်တွေ့ ထိုးလို့ ၊ ခုတ်လို့ မရတဲ့ ဇာတ်ဓားတွေမြင်တိုင်း ဆရာသမားသာရှိရင်Continue reading “ဘဝင်ချသည့် စကားများ (၃)”