ဇူလိုင်လပုဂံကိုသွားတဲ့အခါ ပစ္စည်းကရိယာမပြည့်စုံတဲ့အတွက် ညရှုခင်း ဓာတ်ပုံတွေကို စိတ်ကြိုက် ရိုက်ခွင့်မရခဲ့ပါဘူး။
ဒါ့ကြောင့် ဒီတစ်ခေါက် အလှုကိစ္စနဲ့ ပုဂံကို သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းကရိယာတွေ ယူသွားပြီး ပုဂံ ဘုရားများရဲ့ ညရှုခင်းကို စိတ်တိုင်းကျ ရိုက်ခဲ့တာကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။
ဘုရားတစ်ဆူချင်းအလိုက် ရိုက်ကူးခဲ့တဲ့နေရာများက အောက်ပါအတိုင်းဖြစ်ပါတယ်-
အာနန္ဒာ ဘုရား – အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြား။ အဲဒီနေရာမှာ မီးတိုင်ရှိနေတဲ့အတွက် မြင်ကွင်းကန့်သတ်ချက်တော့ရှိတယ်။
စူဠာမဏိ ဘုရား – အိုးထိန်းတောင်ရှုခင်းကြည့်တောင်ကုန်း။
ဓမ္မရံကြီးဘုရား- ဘုရားအနောက်ဘက်မှာ ရှိတဲ့ ဘုရားပျက်ကုန်း။








Very serene and glorious. My prayers goes out to our beloved lady’s health. May she be treated kindly. 🙏
LikeLike