ကျွန်တော်တို့ငယ်ငယ်က အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ ပထမတန်းဘောလုံးပွဲတွေက အခုလုပ်နေတဲ့ မြန်မာလိဂ်ပွဲတွေ ထက် လူကြည့်များတယ်။ ဘောလုံးအသင်းတွေကလည်း အစိုးရဌာနတွေကို အခြေခံထားတာ။ အဲဒီအချိန်က ဘောလုံးသမားတစ်ယောက်ဟာ တိုင်းနဲ့ ပြည်နယ်ပွဲမှာ ခြေစွမ်းပြရင် ၊ ပထမတန်းအသင်းတွေကိုရောက်၊ အဲဒီကမှ မြန်မာ့လက်ရွေးစင်ဖြစ်တာများတယ်။ ဒီတော့ လက်ရွေးစင်တွေပါတဲ့ ပထမတန်းပွဲတွေက လူကြိုက် များတယ်။ ပွဲတွေကလည်း အကြိတ်အနယ်ရှိတယ်။ ၁၉၈၀ ပတ်ဝန်းကျင်ရောက်လာတော့ မြန်မာ့ဘောလုံးလောကလည်း အကျဘက်ရောက်လာသလို ဘောလုံးပွဲ လောင်းတာလည်း ခေတ်ထလာပြီး ပထမ တန်းပွဲ တွေက ကြည့်မကောင်းတော့ဘူး။ တချို့ပွဲတွေဆိုရင် မကန် ခင်ထဲက ကြိုပြီး အဖြေထွက်နေတဲ့အထိ ဖြစ်လာတယ်။ အဲဒီခေတ်က ဘောလုံးပွဲမှာ ငွေယူပြီး လုပ်ပွဲကစားတာကို “ ခေါက်ဆွဲစား” တယ်လို့ ပြောကြတယ်။ ဘယ်လို က စပြီး ဒီစကားတွင်သွားလဲဆိုတာတော့Continue reading “မောင်ပုလဲ”