ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ ၁၀ -၄-၂၀၂၂ ရက်နေ့မှာ ကိုးထပ်ကြီးဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။ ကိုးထပ်ကြီး၊ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး စသည် ဖြင့် ရန်ကုန်မြို့မှာ “ ထပ်ကြီး” ဝေါဟာရ ပါတဲ့ ဘုရား သုံးဆူရှိတယ်၊ “ ထပ်ကြီး” ဆိုတာက ဘုရားတည်တဲ့အချိန် ဝါးငြမ်း ဆင်တဲ့အခါ ဝါးကိုးပြန် ငြမ်းဆင်ရလို့ ကိုးထပ်ကြီးလို့ခေါ်တယ်၊ ခြောက်ပြန်ဆင်ရရင် ခြောက် ထပ်ကြီးလို့ ခေါ်တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒါပေမယ့် ကိုးထပ်ကြီးဘုရားမှာတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ရုပ်ပွားတော် အတွင်း မှာ ဌာပနာ ကိုးထပ်ရှိလို့ ကိုးထပ်ကြီးလို့ ခေါ်တယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က ဒါဆိုရင် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးဆိုတာကContinue reading “ကိုးထပ်ကြီးဘုရား”