အမေရိကန်သမိုင်းမှာ ၁၈၆၈ ခုနှစ်မှာ သမ္မတ အင်ဒရူးဂျွန်ဆင် နဲ့ ၁၉ ၉ ၈ ခုနှစ်မှာ သမ္မတ ကလင် တန်တို့ နှစ်ယောက်ပဲ အထက်လွှတ်တော်က ကြားနာဆုံးဖြတ်ရတဲ့ ပြစ်တင်စွပ်စွဲ မှုကို ခံခဲ့ ရတယ်။ နှစ်ယောက်လုံးကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။ သမ္မတ နစ်ဆင်ကတော့ စုံစမ်း စစ်ဆေးမှု နဲ့ပတ်သက်ပြီးအောက်လွှတ်တော်မှာ မဲမခွဲခင် ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။

အခုကိစ္စမှာ အောက်လွှတ်တော်အနေနဲ့ ပထမအဆင့် ထရမ့်ကို စွပ်စွဲပြစ်တင်သင့် ကြောင်း စုံစမ်းစစ်ဆေးအတည်ပြုရမယ်။ ထရမ့် နဲ့ ယူကရိန်းသမ္မတ ဖုန်းပြော တဲ့ အကြောင်းအရာက နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငြိစွန်းကြောင်း သက်သေပြဖို့ ခက်တယ်။ “ ကြီးလေးသော ရာဇဝတ်မှုနဲ့ အပြစ်” ဆိုတဲ့အချက်ကတော့ အခြေခံ ဥပဒေမှာ တိတိကျကျ ဖွင့်ဆိုထားတာမရှိတဲ့အတွက် ဒီအချက်နဲ့ ငြိစွန်းကြောင်းသက်သေပြဖို့ လုပ်ရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အများစုရထားတဲ့အတွက် ဒီအဆင့်ကတော့ ဖြစ်သွားနိုင်တယ်။

ဒါပေမယ့် အပြစ်ရှိမရှိ ဆုံးဖြတ်ရမယ့် အထက်လွှတ်တော်မှာ ရီပတ်ဘလီကင်တွေက အများစု ဖြစ် တဲ့အတွက် စွပ်စွဲပြစ်တင်မှုကို အပြစ်ရှိကြောင်းဆုံးဖြတ်ဖို့ကမလွယ်လှဘူး။ အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင်တွေကတော့ ဒီစုံစမ်းစစ်ဆေးမှုဟာ နိုင်ငံရေးကစားကွက်ပဲ။ သူတို့ အနေနဲ့လက်မခံဘူးလို့ပြောနေတယ်။

ဒီမိုကရက်အမတ်တိုင်းကလည်း ထရမ့်ကို စွပ်စွဲပြစ်တင်မှုလုပ်တာကို ကြိုက်တာတော့မဟုတ် ဘူး ။ တစ်ချို့ကတော့ ဒီမိုကရက်တွေဟာ ဒီကိစ္စနဲ့ အချိန်ကုန်နေတယ်လို့ မဲဆန္ဒရှင်တွေက မြင်မှာကို စိုးရိမ်ကြတယ်။ သူတို့က ကလင်တန်ကို စွပ်စွဲဖို့ကြိုးစားတဲ့ ရီပတ်ဘလီကင်တွေ သူတို့ အများစု ရထားတဲ့ အောက်လွှတ်တော်ကို လက်လွှတ်ခဲ့ရတဲ့ဖြစ်စဉ်ကို ထောက်ပြပြီး သတိပေးနေကြတယ်။

ထရမ့်နဲ့ ရီပတ်ဘလီကင်ပါတီကတော့ ဒီကိစ္စကို အကြောင်းပြုပြီး ဒီမိုကရက်တွေဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲရှုံးခဲ့တာကို လက်စားချေဖို့ပဲ လုပ်နေတယ်၊ နိုင်ငံအတွက်အရေးကြီးတဲ့ နယ်စပ်တံတိုင်းပြဿနာ၊ ကုန်သွယ်ရေးစစ်ပွဲ၊ ကာကွယ်ရေးအင်အားတိုးချဲ့ဖို့၊ အခွန်လေ ျှာ့ ဖို့ ဆိုတဲ့ကိစ္စတွေကို စိတ်မဝင်စားဘူးဆိုပြီး တိုက်ခိုက်မှုတွေစလုပ်နေပြီ၊။ ရီပတ်ဘလီကင်တွေ က တော့ ဒီကိစ္စဟာ ရီပတ်ဘလီကင်ပါတီထောက်ခံသူတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ အလုံး အရင်း နဲ့ထွက်ပြီးမဲပေးအောင်စွမ်းဆောင်နိုင်မယ်လို့ မေ ျှာ်လင့်နေတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီနဲ့ အဖွဲ့ကတော့ အခု စုံစမ်းစစ်ဆေးမှုတွေကနေ နောက်ထပ် အစတွေဆွဲထုတ်နိုင်လိမ့်မယ်လို့ မေ ျှာ်လင့်နေကြတယ်။ အခုတောင် ထရမ့်က တရုတ်သမ္မတ ရှီ နဲ့ဖုန်းပြောတဲ့အခါမှာလည်း ဒီပုံစံမျိုးပဲပြောခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ သူတို့က ထရမ့်ကို စွဲချက်မတင်နိုင်ရင်တောင် သူ့လုပ်ရပ်တွေကို ဖွင့်ချခြင်းအားဖြင့် မဲဆန္ဒရှင်တွေက ရီပတ် ဘလီကင်ပါတီနဲ့ ထရမ့်အပေါ်ယုံကြည်မှုကင်းမဲ့လာမယ်၊ ၂၀၂၀ မှာ ဒီမိုကရက်တွေအနေနဲ့ အိမ် ဖြူတော်ကိုရော၊ လွှတ်တော်နှစ်ရပ်လုံးကိုပါ ထိန်းချုပ်နိုင်မယ်လို့မေ ျှာ်လင့်နေတယ်။

ပြန်ချုပ်လိုက်တော့ အခု စွပ်စွဲပြစ်တင်မှုဆိုတာ ၂၀၂၀ အတွက် နှစ်ဘက်လုံးက ခြေသွေးတဲ့ ၊လက်ရည်စမ်းတဲ့ပွဲပါပဲ။ နိုင်ငံရေးသမားဆိုတာက လူထုအကျိုး၊ နိုင်ငံ့အကျိုး ဘာဘာ ညာညာ ပြောနေပေမယ့် နောက်ဆုံးတော့လည်း ရွေးကောက်ပွဲ နိုင်ရေး က အဓိက ဖြစ်သွားတာ ပါပဲ။

yehtutarticle

US

Trump

One thought on “

  1. နိုင်ငံအရေးအရာနဲ့ပါတ်သက်ပြီး ယှဉ်တွဲသိမြင်နိုင်တဲ့ သုတရရှိစေပါတယ်၊
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: