တရုတ်ပိုးလမ်းသစ် နဲ့ မြန်မာ့အခွင့်အလမ်း

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ နှစ်တစ်ရာ ပြည့် မဂ္ဂဇင်းအတွက် ဆရာကြီး ဦးမြင့် က “ Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)” ဆိုတဲ့စာတမ်းတစ်စောင်ရေးတယ်။

ဒီစာတမ်းက မြန်မာ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီကနေ စီးပွားရေးအခွင့်အလမ်းတွေ ဘယ်လို ရ ယူနိုင်မလဲ၊ဘယ်လိုစိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်ရမလဲ၊ အန္တရာယ်တွေ၊ ထောင်ချောက်တွေကို ဘယ်လို ရှောင်ရှားမလဲဆိုတာကိုနိုင်ငံတကာဖြစ်စဉ်တွေနဲ့နှိုင်းယှဉ်သုံးသပ်ထားတာဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် ဆရာကြီး ဦးမြင့်ရဲ့ ခွင့်ပြုချက်နဲ့ စာတမ်း အနှစ်ချုပ်သုံးသပ်ချက်ကို ရေးသား မ ျှဝေလိုက်ပါတယ်။

ခါးပတ်တစ်ကွင်း ၊ လမ်းတစ်စင်း

ဆရာကြီးက သူ့စာတမ်းကို Belt and Road Initiative (BRI) ဆိုတာ ဘာလဲ ဆိုတဲ့ ရှင်းလင်းချက် နဲ့ စထားပါတယ်။ ခါးပတ် ဆိုတာက ကုန်းလမ်း (ရထားလမ်း၊ ကားလမ်း)တွေ ပါဝင်တဲ့ ပိုးလမ်းမ စီးပွားရေး စြင်္ကန် Silk Road Economic Belt ကို ဆိုလိုတာဖြစ်ပါတယ်။ လမ်း ဆိုတာကတော့ ပင်လယ်ရေကြောင်းလမ်းတွေပါဝင်တဲ့ ၂၁ ရာစု ရေကြောင်းပိုးလမ်းမ 21st Century Maritime Silk Road ကိုဆိုလိုတာဖြစ်ပါတယ်။ ( ကျွန်တော်ကတော့ စာဖတ်သူတွေ ရှင်းလင်း လွယ်ကူစေဖို့ အတွက် BRI ကို ပိုးလမ်းမသစ်လို့ပဲ သုံးစွဲပါ့မယ်။ )

ဒီပိုးလမ်းမသစ်အယူအဆကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ ကာဇက်စတန် နိုင်ငံခရီးစဉ်မှာ စတင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတ ရှီက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က အာရှ နဲ့ ဥရောပ ကို ဆက်သွယ်ခဲ့တဲ့ ပိုးလမ်းမကို ပြန်လည်အသက်သွင်းဖို့ စီစဉ်ခဲ့တာဖြစ်ပါ တယ်။ ပိုးလမ်းမသစ်စီမံကိန်းအတွက် ရန်ပုံငွေလျာထားချက်က ဒေါ်လာတစ် ထရီလီယံလောက် ရှိ ပြီး ၂၀၁၇ ခုနှစ်စာရင်းအရ နိုင်ငံ ၆၈ နိုင်ငံကျော်၊ ကမ္ဘာ့လူဦးရေရဲ့ ၆၅% ကျော်၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၄၀%ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးလမ်းမသစ် မှာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အပိုင်းကတော့ အရှေ့တောင်အာရှ၊ တောင် အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကတိုက်ကို ဆက်သွယ်ထားတဲ့ရေကြောင်းပိုးလမ်းမနဲ့ တရုတ် – မြန်မာ စီးပွားရေးစြင်္ကန် ( CMEC) အစိတ်အပိုင်းဖြစ်လာမယ့် ကူမင်း- မူဆယ် – မန္တလေး – ကျောက်ဖြူ အပိုင်းဖြစ်တယ်လို့ ဆရာကြီးဦးမြင့်ကထောက်ပြပါတယ်။

မြစ်ဆုံစီမံကိန်း

ဆရာကြီးဦးမြင့်က တရုတ်-မြန်မာဆက်ဆံရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ မြစ်ဆုံရေအားလ ျှပ် စစ် စီမံကိန်းရဲ့ သမိုင်းကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးအပြစ် ၊ စီးပွားရေးဆိုင် ရာ ရှုထောင့် နဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးစားရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေ အကြောင်းအသေးစိတ်ရေးသားထားတယ်။

ဆရာကြီးဦးမြင့်ကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝဖျက်သိမ်းသင့်တယ်လို့ ယူဆထားတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းပြောကြားချက် နဲ့ မလေးရှား ဝန်ကြီး မဟာသီယာတို့ ပြောကြားချက်တွေကို အခြေခံပြီး

၁။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်နှစ်က ပြည်ပကနေ လ ျှပ်စစ်ဓာတ်အားဝယ်ယူဖို့ လိုအပ်ပေ မယ့် အခုအချိန်မှာ ပြည်တွင်းသုံးစွဲမှုလုံလောက်ရုံကမ ပိုလ ျှံနေပြီ၊ ဒ့ါကြောင့် မြစ်ဆုံစီမံကိန်းဟာ နှစ် နိုင်ငံဆက်ဆံရေးမှာ အနှောက်အယှက်မဖြစ်သင့်တော့ဘူး။
၂။ တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်အတွက် လ ျှပ်စစ်ဓာတ်အားလိုအပ်တယ်ဆိုရင်လည်း အခြား ရေအားလ ျှပ်စစ်အရင်းအမြစ်တွေကနေ ရယူနိုင်တယ်။
၃။ မြစ်ဆုံဟာ မြန်မာပြည်သူတွေအတွက် ခံစားချက်ပြင်းပြတဲ့ အရေးကိစ္စဖြစ်တယ်။ စီမံကိန်း ပြန် စတင်ရင် ရမယ့် အကျိုးထက်အပြစ်က ပိုများတယ်။ နိုင်ငံရေးအရ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူမယ်။
၄။ တရုတ်နိုင်ငံရဲ့ မဟာစီမံကိန်းတွေကို ဖျက်သိမ်းခြင်း၊ဆိုင်းငံ့ခြင်းလုပ်ဆောင်တာနဲ့ပတ်သက်ရင် မလေးရှား ဝန်ကြီးချုပ် မဟာသီယာရဲ့လုပ်ဆောင်ချက်တွေကို လေ့လာသင့်တယ်။
၅။ မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် တရုတ်- မြန်မာစီးပွားရေးစြင်္ကန် နဲ့ ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံကိန်းတွေအောင်မြင်ရေးကို ပိုဦးစားပေးသင့်တယ်။
လို့ သုံးသပ်ထားပါတယ်။

စီးပွားရေးစြင်္ကန် နဲ့ ရေနက်ဆိပ်ကမ်း

ဆရာကြီး ဦးမြင့်က မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းသင့်ကြောင်းပြောခဲ့ပေမယ့် တရုတ်- မြန်မာ စီးပွားရေး စြင်္ကန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေကတော့ မြန်မာနိုင်ငံအတွက် အကျိုး ရှိမယ်လို့ သုံးသပ်ထားတယ်။

စီးပွားရေးစြင်္ကန်က ယူနန်ပြည်နယ် ကူမင်းမြို့ကနေ မူဆယ် အဲဒီကနေ မန္တလေး။ မန္တလေးကနေ ကျောက်ဖြူနဲ့ ရန်ကုန်ကို နှစ်လမ်းခွဲထွက်မယ်။ ဒီစြင်္ကန်လမ်းက ကျောက်ဖြူ – ကူမင်း ရေနံ ၊ ဓာတ် ငွေ့ပိုက်လိုင်းနဲ့ အပြိုင်သွားမှာဖြစ်တယ်။ အရှေ့အလယ်ပိုင်း ကနေ တရုတ်ပြည်ကို ပင်လယ် ရေကြောင်းက ဆက်သွယ်ရတဲ့ ခရီး ကီလိုမီတာ ငါးထောင် လောက်သက်သာသွားမယ်။ ဒီထက် ပိုအရေးကြီးတာက စီးပွားရေးစြင်္ကန်ဟာ တရုတ်နိုင်ငံရေကြောင်းကုန်သွယ်မှုအတွက် မလက္ကာ ရေလက်ကြားတစ်ခုတည်းကို အားကိုးနေရတာကို လျော့ချနိုင်မယ့် မဟာဗျူဟာအရ အရေးပါတဲ့ လမ်းကြောင်းဖြစ်လာ မယ်။ ဒ့ါအပြင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ပင်လယ် ထွက်ပေါက် ရပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မယ်။ ဒါတွေက တရုတ်နိုင်ငံအနေနဲ့ ရမယ့် အကျိုးကျေးဇူး တွေ ဖြစ်တယ်။

မြန်မာနိုင်ငံအတွက်ကတော့ ဒီစီးပွားရေးစြင်္ကန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေဟာ မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ရနိုင်မယ်။ တရုတ် နိုင်ငံအနောက်ဘက် ကုန်းတွင်း ပြည်နယ်တွေနဲ့ စီးပွားရေးဆက်ဆံမှုကို တိုးတက်စေမယ်။ ဒါပေ မယ့်ဒီလိုအကျိုးတွေရနိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့အလေးထားလုပ်ဆောင်ရမယ့် လုပ်ငန်း တွေ လည်း ရှိသေး တယ်။

အဲဒါတွေကတော့ စီမံကိန်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးဖို့၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖရိက နဲ့ ဥရောပနိုင်ငံတွေမှာ ပိုးလမ်းမသစ် စီမံ ကိန်းနဲ့ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ကြွေးမြီပြဿနာတွေကနေ သင်ခန်းစာယူဖို့လိုတယ်လို့ ဆရာကြီးဦးမြင့်က ဆိုပါတယ်။

ဆရာကြီးဦးမြင့် အလေးထားသတိပေးတဲ့အချက်တစ်ချက်ကတော့ တရုတ်- မြန်မာ စီးပွားရေး စြင်္ကန်ဟာ တိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာဒေသတွေကို ဖြတ်သန်းသွားရမယ့် အခြေအနေ ဖြစ်ပါတယ်။ တိုင်းရင်းသားလူနည်းစုတွေမဆိုထားနဲ့ မန္တလေးလို မြို့ကြီးတွေမှာတောင် တရုတ် လူမျိုးတွေ ထိုးဖောက်ဝင်ရောက်မှုအပေါ် စိုးရိမ်မှုတွေအများကြီးရှိနေတယ်။ ဒါ့ကြောင့် စီးပွားရေး စြင်္ကန်လမ်း စီမံကိန်းကို အစိုးရနဲ့ တရုတ် လက်ဝါးရိုက်လုပ်တယ်၊ ဒေသခံတွေအကျိုးစီးပွားမပါဘူး လို့အထင်မခံရအောင် သတိထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အကောင်းဆုံးနည်း လမ်းကတော့ စီမံကိန်းအစထဲက ပြည်သူလူထု နဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူဆောင်ရွက် တာပါပဲ။

ဘာလုပ်သင့်သလဲ

တရုတ် – မြန်မာစီးပွားရေးစြင်္ကန်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၉ ဧပြီလ တရုတ် ခရီးစဉ်မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးမှုရလဒ်အဖြစ် တရုတ် – မြန်မာ စီးပွားရေးစြင်္ကန် စီမံကိန်း ( ၂၀၁၉ -၂၀၃၀) နဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာကိုလက်မှတ် ထိုး ခဲ့တယ်။ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံလုံးအတွက်အကျိုးရှိမယ့် စီမံကိန်းဖြစ်တဲ့အတွက် အမြန် ဆုံး စတင်သင့်တယ်လို့ ဆရာကြီးဦးမြင့်က ယုံကြည်တယ်။ ဒါကြောင့် စီမံကိန်းအမြန်စတင်နိုင်ရေး အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို စာတမ်းနိဂုံးချုပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ အဲဒီထဲက အရေးကြီးတယ်လို့ မြင်မိတဲ့အချက်တွေကတော့ –

၁။ မြစ်ဆုံစီမံကိန်းဖျက်သိမ်းကြောင်းနဲ့ အဲဒီစီမံကိန်းကို တရုတ်- မြန်မာစီးပွားရေး စြင်္ကန် စီမံကိန်း နဲ့အစားထိုးကြောင်းကြေညာရန်။
၂။ စီးပွားရေးစြင်္ကန်စီမံကိန်းဟာ ပိုးလမ်းမသစ်စီမံကိန်းနဲ့ပတ်သက်ရင် မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ဆောင်ရွက်ရန်။
၃။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပိုးလမ်းမသစ်စီမံကိန်းနဲ့ပတ်သက်ပြီး တွေ့ခဲ့ရတဲ့ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊စီးပွားရေး နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံ တွေကို လေ့လာအသုံးချရန်။
၄။ ပိုးလမ်းမသစ်စီမံကိန်း နဲ့ပတ်သက်ပြီး လူထုကို ပွင့်ပွင့်လင်းလင်းအသိပေးရန်၊ လူထု ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ရန်။
၅။ စီမံကိန်းဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားလူနည်းစုများရဲ့ အကျိုးစီးပွားများကို ဥပဒေအရ အကာအကွယ်ပေးရန်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၂၀၁၅)ကို အသက်ဝင်အောင်ဆောင်ရွက်ရန်။
၆။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ နှစ်နိုင်ငံလုံးအကျိုးရှိဖို့အတွက် တန်းတူရည်တူရှိမှု အပြန်အလှန်လေးစားမှု ကို အခြေခံဆောင်ရွက်ရန်။

တို့ဖြစ်ပါတယ်။

ဆရာကြီးဦးမြင့် စာတမ်းအနှစ်ချုပ်ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ အခြေခံ အဆောက်အအုံကဏ္ဍအတွက် ရင်းနှီးမြှုပ်နံှမှုတွေ လိုအပ်နေတယ်။ အဲဒါကို အမြန်ဆုံး နဲ့ အများဆုံး ရနိုင်တာက တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူလူထု လက်မခံတဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းပြီး ပိုးလမ်းမသစ်က ရလာမယ့် အခွင့်အရေး တွေကို မြန်မာနိုင်ငံ အတွက် အကောင်းဆုံးအသုံးချဖို့ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

yehtutarticle

China

BRI

One thought on “တရုတ်ပိုးလမ်းသစ် နဲ့ မြန်မာ့အခွင့်အလမ်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: