ကားစီးသူများ

ကားစီးသူများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌတွေအတွက် ကား ၃၃ စီး အပါအဝင် လူစီးယာဉ် ၆၇ စီး ၊ လုပ်ငန်းသုံးယာဉ် ၁၃ စီး၊ စုစုပေါင်း ၈၀ စီး ဝယ်ယူခဲ့ တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မြိ့တော်ဝန်ဦးမောင်မောင်စိုးက အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ် –
၁။ ကိုယ့်ကားကိုယ်စီး၍ အစိုးရ ဝန်ထမ်းလာလုပ်နေရခြင်းမှာ သဘာဝမကျ ။ ပုံ ၁
၂။ အလုပ်တစ်ခု ခိုင်းမယ်ဆိုလ ျှင် လူတစ်ယောက်နှင့် ထိုက်တန်သည့် ဝန်ဆောင်မှု ပြည့်စုံ အောင်ပေးမှ ခိုင်း၍ ရမည်။ ပုံ ၂
၃။ ကားအစီး ၈၀ ဝယ်တာကို ကန့်ကွက်သူတွေများသည် အစိုးရ အလုပ် မလုပ်ဖူးသူများ ဖြစ်။ ပုံ ၃
၄။ စည်ပင်က လူထုကို မွေးတာကနေ သေတဲ့အထိ ကို တာဝန်ယူရတဲ့အတွက် ဒီလူတွေကို ဒီလို Facilities မှမပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့်ပေးတာ။ အများသူငှာလို ဇိမ်ခံချင်လို့ပေး တာမဟုတ်ဘူး။ ပုံ ၄
မြို့တော်ဝန်ကြီးရဲ့ စကားက စည်ပင်တာဝန်ရှိသူတွေ အတွက်ကားဝယ်မပေးရင် အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး။ ဝန်ထမ်းတွေကို တာဝန်ပေးရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြည့်စုံအောင်ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ သဘောလို့ပဲနားလည်မိပါတယ်။
အဲဒီစကားကိုနားထောင်ပြီးတဲ့နောက်မှာတော့ ကားကြုံတားစီးပြီး ၊ လယ်ကွင်းတွေကိုဖြတ်ပြီး နေ့စဉ်ကျောင်းတက်နေရတဲ့ ဆရာ၊ ဆရာမများကို သတိရမိပါတယ်။

One thought on “ကားစီးသူများ

  1. အခုလို ပညာဉာဏ်ကြီးသူတွေ ဦးဆောင်နေတဲ့ခေတ်မှာ တခါပြောတမျိုး မရိုးရအောင်ပြောတဲ့ မှတ်သားစရာပညာရှိစကားတွေ …..၊ သိရအောင်တင်ပေးလို့ ၊
    ကျေးတင်ပါတယ်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: