နိုင်ငံခြားရေးဝန်ကြီးဆိုတာ

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဆီးရီးုယားမြောက်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အဲဒီဒေသမှာရှိတဲ့ ကဒ်ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တူရကီတပ်မတော်နဲ့ တူရကီကထောက်ခံအားပေးနေ တဲ့ ဆီးရီးယားပြည်သူ့စစ်တပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်။

အဲဒီလုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး တူရကီကို စီးပွားရေးအရဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး တူရကီ နိင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က နယူးယောက်တိုင်းမ် သတင်းစာမှာ ဆောင်းပါးရေးသားပြီး တူရကီနိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ မှန်ကန်ကြောင်း ကာကွယ်ပြောဆိုခဲ့တယ်။ စင်္ကာပူနိုင်ငံထုတ်စထရိတ်တိုင်းမ်စ်သတင်းစာအပါအဝင် နိုင်ငံတကာမီဒီယာတွေကလည်း အဲဒီဆောင်းပါးကို ထပ်ဆင့်ဖော်ပြခြင်း၊ ကိုးကားသတင်းရေးသားခြင်း တွေလုပ်ခဲ့တယ်။

နိုင်ငံခြားရေးဝန်ကြီးဆိုတာ သံတမန်စစ်မျက်နှာမှာ တိုက်စစ်ရော၊ ခံစစ်ရော အတွက် တာဝန်ရှိတယ်၊ ကိုယ့်မီဒီယာ၊ ကိုယ့်ပြည်တွင်းမှာပဲ ပြော ပြီး အိမ်ကျယ်လုပ်မနေပဲ နိုင်ငံတကာ အစည်းအဝေးတွေ၊ နိုင်ငံတကာမီဒီယာတွေမှာပါ ကိုယ့်နိုင်ငံရပ်တည်ချက်ကို ရဲရဲပြော ရ တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။

https://www.straitstimes.com/opinion/why-turkey-took-the-fight-to-syria

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: