နိုင်ငံပြုခေါင်းဆောင်

နှစ် ၇၀ ကြာဖြစ်လာတဲ့ ပြဿနာကို သုံးနှစ်နဲ့ ဖြေရှင်းလို့မရဘူးလို့ပြောနေကြ၊ ကြားနေကြ စကားနဲ့ပတ်သက်ပြီး

NyoTun က “ ရာစုနှစ်စုကြား တည်မြဲခဲ့တဲ့ ကျွန်စနစ်ကို လင်ကွန်းကတော့ လေးနှစ်အတွင်း အပြီးရှင်းသွားခဲ့တယ်” လို့ ထောက်ပြခဲ့တယ်။

ဒီစကားကို ကြားတော့ မန်ဒဲလားကို သတိရမိတယ်။ တောင်အာဖရိကမှာ အသားအရောင် ခွဲခြား တဲ့ စနစ်ကို Native Location Act of 1879 နဲ့စတင်ခဲ့တယ်။ ၁၉ ၄၈ ခုနှစ် အမျိုးသားပါတီ အာဏာရလာချိန်မှာတော့ ပိုပြီးပြင်းထန်တဲ့အသားအရောင်ခွဲခြားတဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ မန်ဒဲလား နဲ့ ANC ပါတီက ဒီစနစ်တိုက်ဖျက်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်ခဲ့ တယ်။ လူဖြူအစိုးရက ၁၉ ၆၀ ပြည့်နှစ်မှာ ANC ကို မတရားအသင်း ကြေညာတယ်။ ၁၉ ၆၂ ခုနှစ်မှာ မန်ဒဲလားကို ဖမ်းဆီးပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ပေးခဲ့တယ်။

၁၉ ၉ ၀ ခုနှစ်မှာတော့ လူဖြူအစိုးရက ၂၇ နှစ် ကြာထောင်သွင်းအကျဉ်းချထားတဲ့ မန်ဒဲလားကို ပြန် လွှတ်ပေးခဲ့တယ်။ ANC ပါတီကို တရားဝင်ရပ်တည်ခွင့်ပေးတယ်။ အမျိုးသား ပါတီ ခေါင်းဆောင် ဒီကလတ်ခ် နဲ့ မန်ဒဲလားကြားဆွေးနွေးပွဲတွေလုပ်ပြီး အသားအရောင်ခွဲခြား တဲ့ စနစ်ကို ဖျက်သိမ်းဖို့ သဘောတူတယ်။ ၁၉ ၉ ၄ ခုနှစ်မှာရွေးကောက်ပွဲကျင်းပပြီး မန်ဒဲလားနဲ့ ANC ပါတီ အာဏာရလာခဲ့တာ အခု အချိန်ထိပဲ။

လင်ကွန်းက သမ္မတဖြစ်လာချိန်မှာ လေးနှစ်အတွင်း ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တယ်။ မန်ဒဲလားက အာဏာမရခင် လေးနှစ်အတွင်းမှာ အသားအရောင်ခွဲခြားအုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းနိုင်အောင် စေ့စပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့တယ်။

ဒါ့ကြောင့်လည်း သူတို့ကို နိုင်ငံပြုခေါင်းဆောင်လို့ခေါ်ကြတာပဲ။

2 thoughts on “နိုင်ငံပြုခေါင်းဆောင်

Leave a comment

Why are you reporting this comment?

Report type