ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန် ဗိုင်းရပ်စ်) ကြောင့်ရောဂါဖြစ်ပွားနေမှုကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ အ ဖြစ် သတ်မှတ်လိုက်ပြီ။
အကြောက်လွန် ဖို့လည်း မလိုဘူး။ ဒါပေမယ့် ကံကို ယုံပြီး ဆူးပုံနင်းလို့လည်း မဖြစ်ဘူး။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတိပေးချက်တွေ အတိုင်း အတိ အကျ လိုက်နာဖို့တော့ လိုပါ့မယ်။
သြစတေးလျနိုင်ငံကတော့ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးမှာ သူတို့နိုင်ငံ ကျေးလက်ဒေသ နဲ့ အစွန်အဖျား မြို့လေးတွေက ဂျီပီ ဆေးခန်း လေးတွေကိုလည်း အဓိက ရှေ့တန်း ခံစစ်အဖြစ် သတ်မှတ်ပြီး အစိုးရက အကူ အညီပေးမယ်ဆိုတဲ့အကြောင်း ABC သတင်းဌာန သတင်းမှာပါတယ်။
မြန်မာနိုင်ငံမှာလည်း ဖျား နာတဲ့သူတွေက ရပ်ကွက်ထဲက ဆေးခန်းတွေကိုပဲ အရင်သွားမှာဆိုတော့ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးမှာ ရပ်ကွက်၊ ကျေးရွာ အနံှ့မှာရှိနေတဲ့ ပုဂ္ဂလိက ဆေးခန်းငယ်လေးတွေ ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်စဉ်းစားမယ်လို့မေ ျှာ်လင့်ပါတယ်။