ခေတ်သစ် မီဒီယာရဲ့ ဒီနေ့ မတ်လ ၁၂ ရက်နေ့ထုတ် အယ်ဒီတာ့အာဘော်မှာ ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အယ်ဒီတာ့အာဘော်ရေးတဲ့အခါ
“ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လူထုအစိုးရအနေဖြင့် ၄ နှစ်တာ ပျက်ကွက်ခဲ့သမျှကို တကွဲတပြားစီဖြစ်နေသော ဒီမိုကရက်တစ် အင်အားစုများကို ပြန်လည် စုစည်းပြီး လူထုတော်လှန်ရေးနည်းဖြင့် ဒီမိုကရေစီ ပန်းတိုင် ခရီးကြမ်းကို ပြန်လည် အစပျိုး လျှောက်လှမ်းရမည့် အချိန် ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။”
လို့ရေးသားခဲ့တယ်။
“လူထုတော်လှန်ရေးနည်း” ဆိုတဲ့ရေးသားချက်ကို အာဏာရ အင်န်အယ်လ်ဒီအစိုးရဘက်က ဘယ်လို အနက် ကောက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာ့အာဘော် အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။
