သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု

မနေ့ ( ဇွန် ၁ ) ရက်နေ့က သြစတေးလျမီဒီယာလောကကို တုန်လှုပ်သွားစေတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့တယ်။ အဲဒါတော့ သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားတဲ့မှတ်ချက်တွေ အတွက် သက်ဆိုင်ရာသတင်းဌာနမှာ တာဝန်ရှိတယ်ဆိုတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီအမှုမှာ တရားလိုဖြစ်တဲ့ Dylan Voller က သြစတေးလျ သတင်းမီဒီယာသုံးခုဖြစ်တဲ့ Fairfax Media, Nationwide News နဲ့ Sky News တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ တင်ထားတဲ့ သူ့အကြောင်း သတင်းအောက်မှာ စာဖတ်သူတစ်ချို့က ဇူလိုင် ၂၀၁၆ ကနေ ဇွန် ၂၀၁၇ ခုနှစ်ကြား ရေးတဲ့ မှတ်ချက်ဆယ်ခုဟာ သူ့ကို အသရေဖျက်ရာရောက်တဲ့အတွက်ဆိုပြီး ဖေ့စ်ဘွတ်ပေ့ချ် ပိုင်ရှင်တွေ ဖြစ်တဲ့ သတင်းဌာနသုံးခုကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်။Continue reading “သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု”

ဗိုင်းရပ်စ် နဲ့ သတင်းစာ

News Corp Australia ဆိုတာက မီဒီယာလုပ်ငန်းရှင်ကြီးမားဒေ့ါပိုင်တဲ့ News Corp ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။ News Corp Australia က သြစတေးလျနိုင်ငံမှာ လစဉ်၊ အပတ်စဉ်၊ နေ့ စဉ်ထုတ် သတင်းစာပေါင်း ၁၄၂ ခုရှိတယ်။ အများစုက ဒေသအလိုက် ထုတ်ဝေတဲ့ ဒေသန္တ ရ သတင်းစာတွေပါ။ သြစတေးလျနိုင်ငံမှာ ရှိတဲ့သတင်းစာ ၂၅% နီးပါးဟာ News Corp က ထုတ်ဝေတာဖြစ်ပြီး လစဉ် စာဖတ်ပရိသတ် ၁၆ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မီဒီယာအင်ပါယာကြီးလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ု မခံ နိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ News Corp ပိုင်တဲ့ ဒေသန္တရသတင်းစာ ၆၀Continue reading “ဗိုင်းရပ်စ် နဲ့ သတင်းစာ”

ကိုယ်ရေးရာဇဝင်စိစစ်ခြင်း

နိုင်ငံတော်သမ္မတ အိမ်တော်မှာ သတင်းယူခွင့်ပြုဖို့ လေ ျှာက်ထားတဲ့သတင်းထောက်နှစ်ယောက် ကို ပြစ်မှုနောက်ကြောင်းမရှင်းလို့ သတင်းယူခွင့်မပြုတဲ့ အကြောင်း ကာယကံရှင်သတင်းထောက် က တင်ထားတာတွေ့ရတယ်။ ပုံ ၁ အခု သတင်းထောက်နှစ်ယောက် ပြစ်မှုနောက်ကြောင်းမရှင်းတာဟာ ဘာကိစ္စလည်းလို့တော့ မပါဘူး။ ဒါပေမယ့် ဒီသတင်းကို ဖတ်ရတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြင်ပ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းရာဇဝင်စိစစ်ချိန်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို သတိရမိတယ် အရေးကြီးတဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို စစ်ဆေး ရတာ အစိုးရဌာနတွေရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ဒီလို စိစစ်မှုကို နိုင်ငံ့ဝန်ထမ်းတွေကို လုပ်သလို အစိုးရဌာနတွေမှာ ကာလအတိုင်းအတာတစ်ခုအထိ ဝင်ထွက်မယ့်၊ အလုပ်လုပ်မယ့် ပြင်ပ ပုဂ္ဂိုလ် အရပ်သားတွေကိုလည်း စိစစ်ရပါတယ်။ အိမ်တော်မှာ သတင်းယူမယ့် သတင်းထောက်တွေ ရဲ့ ကိုယ်ရေးရာဇဝင်ကိုContinue reading “ကိုယ်ရေးရာဇဝင်စိစစ်ခြင်း”

အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ

မနေ့က အကုန်သိသတင်းဌာနရဲ့ သတင်းအစီအစဉ် အပြီးမှာ သတင်းတင်ဆက်သူ ဒေါ်ကေကေ ခင်က အခုလို ပြောကြားခဲ့တယ်။ “ဒီတင်ဆက်မှုကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ရောဂါ ကပ်ဆိုးကြီးကနေပြီးတော့ ကင်းဝေးပြီး ကျန်းမာဘေးကင်းကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လူသားစိတ်မရှိတဲ့သူတွေ၊ စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေ ကတော့ ကပ်ရောဂါနဲ့ အတူ လွင့်ပါးသွားစေဖို့အတွက် ဆန္ဒပြု လိုက်ပါတယ်ရှင် ၊ ကျွန်မ ကေကေခင်ပါ။” သတင်းသမားတစ်ယောက် သတင်းတင်ဆက်မှု အဆုံးမှာ ကျိန်စာတိုက်တဲ့ သဘောပြောဆို တာဟာ သတင်းသမားတစ်ယောက်ရဲ့ လူမဆန်မှုကို ပြသလိုက်တာပဲ။ အခုအချိန်ဟာ ဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြောင့် သေဆုံးသွားသူတွေရှိတယ်၊ ကြေကွဲနေရတဲ့ မိသားစုဝင်တွေရှိတယ်။ ကုသဆဲ၊ စောင့်ကြည့်ခံနေရဆဲလူနာတွေရှိတယ်။ သူတို့အတွက် ပူပင်သောက ရောက်နေတဲ့ မိသားစုဝင်တွေရှိတယ်။ ဒီရောဂါကူးစက်မှာကို စိုးရိမ်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရှိတယ်။ အကုန်သိသတင်းဌာန ၊Continue reading “အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ”

ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး

မနေ့ညက ရန်ကုန်မှာ ( အခြားမြို့တွေတော့မသိ) လူတွေ ထိတ်ထိတ် လန့်လန့် နဲ့ ဈေးဝယ် ကြတဲ့ ဖြစ်စဉ်က အခုလို ကူးစက်ရောဂါ ကပ်ဘေးနဲ့ ကြုံတဲ့အချိန်မှာ သတင်းထုတ်ပြန်မှုက ဘယ် လောက်အရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ မနေ့ ( မတ်လ ၁၂ ) ရက်နေ့ မနက်ပိုင်း မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူစုလူဝေးပွဲ တွေနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်မယ်၊ နေ့လယ်မှာ အစည်းအဝေးလုပ် မယ်လို့ ပြောတဲ့ ရုပ်သံဖိုင် သတင်းမီဒီယာတွေမှာပေါ်ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောတဲ့အတွက် လူထု စိတ်ဝင်စားမှုက မြင့်လာတယ်။ အဲဒီ အစည်းအဝေးက ဘာဆုံးဖြတ်မလဲဆိုတာကို စောင့်နေကြတယ်။ ဒါပေမယ့် အစိုးရဘက်က အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီး သီးခြား သတင်းထုတ်ပြန်တာမရှိဘူး။ ည၈ နာရီ သတင်းကြေညာတဲ့အချိန်ကျမှContinue reading “ဗိုင်းရပ်စ် နဲ့ သတင်းထုတ်ပြန်ရေး”

ခေတ်သစ် မီဒီယာရဲ့ ဒီနေ့ မတ်လ ၁၂ ရက်နေ့ထုတ် အယ်ဒီတာ့အာဘော်မှာ ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အယ်ဒီတာ့အာဘော်ရေးတဲ့အခါ “ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လူထုအစိုးရအနေဖြင့် ၄ နှစ်တာ ပျက်ကွက်ခဲ့သမျှကို တကွဲတပြားစီဖြစ်နေသော ဒီမိုကရက်တစ် အင်အားစုများကို ပြန်လည် စုစည်းပြီး လူထုတော်လှန်ရေးနည်းဖြင့် ဒီမိုကရေစီ ပန်းတိုင် ခရီးကြမ်းကို ပြန်လည် အစပျိုး လျှောက်လှမ်းရမည့် အချိန် ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။” လို့ရေးသားခဲ့တယ်။ “လူထုတော်လှန်ရေးနည်း” ဆိုတဲ့ရေးသားချက်ကို အာဏာရ အင်န်အယ်လ်ဒီအစိုးရဘက်က ဘယ်လို အနက် ကောက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာ့အာဘော် အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ကျွန်တော်နဲ့ ကန့်ကွက်သူများ

၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီ လာခံ တစ်ခုမှာ ကျွန်တော်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်က သတင်းသမားတွေ အဖမ်းခံရတာ၊ အမှု ဖွင့်ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အချိန်ပေါ့။ဒါ့ကြောင့် ကျွန်တော်မိန့်ခွန်းပြောနေချိန်မှာ သတင်းသမားတစ်ယောက်က ဆိုင်းဘုတ် ကိုင်ပြီး ရပ်တယ်။ ခဏနေတော့ အခန်းအပြင်ကို ထွက်သွားတယ်။အဲဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ညီလာခံမှာ ရှိတဲ့ နိုင်ငံခြားသားအပါအဝင် ပရိသတ်ကို ဒီလိုဆန္ဒပြမှုဟာ မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲနေပြီလဲ ဆိုတာကို သက်သေပြလိုက်တာ ပဲ လို့မိန့်ခွန်းထဲမှာထည့်ပြောခဲ့တယ်။ ဆန္ဒပြသူကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါလို့တောင် နောက် ဆက်တွဲဆက်ပြောခဲ့သေးတယ်။ ပရိသတ်ကလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။ကျွန်တော်ကတော့ စစ်သားဘဝကလာတဲ့ ဝန်ကြီးဆိုတော့ စိတ်ရှည်နိုင်တာပေါ့လေ။

ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး

“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xxတစ်ချိန်ကတော့“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ””အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။

ဘာလဲဟဲ့ Facebook

နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ မှာ People Media က တင်ထားတဲ့ ဒေါ်သက်သက်ခိုင် နဲ့ တွေ့ဆုံမေးမြန်း မှု ဗီဒီယိုကို Facebook ကဖယ်ရှားခဲ့တယ်။ အဲဒီလိုဖယ်ရှားခဲ့တဲ့ကိစ္စက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်ခွင့်ပြုခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာက မေးမြန်းတဲ့အခါ Facebook က မူပိုင်ခွင့် ပေါ်လီ စီ အရ တိုင်တဲ့သူရှိလို့ စိစစ်ပြီးဖြုတ်ချလိုက်တာဖြစ်တယ်၊ ဒါပေမယ့် ပြန်စစ်တဲ့အခါမှာ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရတဲ့အတွက် ပြန်ခွင့်ပြုခဲ့တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ Facebook ကို ဘယ်မီဒီယာကတိုင်သလဲ၊ ဘယ်သက်သေအထောက်အထားကြောင့်Continue reading “ဘာလဲဟဲ့ Facebook”