အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်

ရွေးကောက်ပွဲ နီးလေ လက်စောင်းထက်လေ ဖြစ်နေတဲ့ ၊ လွှတ်တော်က ခွင့်ပြုခဲ့ပေမယ့် လွှတ်တော်က စာရင်းစစ်ခွင့်မရတဲ့ သန်းခြောက်ထောင် အဖွဲ့ အကြောင်း မော်ကွန်း မဂ္ဂဇင်းဆောင်းပါး “စာဖတ်သူတို့၏ လူမှုကွန်ရက်သုံးစွဲမှုကို အစိုးရက ငွေကျပ်သန်းပေါင်းထောင်ချီသုံးပြီး ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စောင့်ကြည့် ထိန်းကျောင်းနေသည်ဆိုသော ပြောဆိုချက်ကိုယုံကြည်ပါသလား။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြည်သူပိုင်ငွေကြေးမြောက်များစွာကို အစိုးရက ထိုအတွက် ထုတ်ယူသုံးစွဲနေသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီဖြစ်သည်။ အစိုးရက ကျပ်သန်းပေါင်းခြောက်ထောင်ကျော်သုံးပြီး ဖွဲ့စည်းထားသည့်အဖွဲ့ကို လူမှုကွန်ရက်စောင့်ကြည့်ထိန်း ကျောင်းရေးအဖွဲ (Social Media Monitoring Team – SMMT) ဟုခေါ်သည်။ ထိုအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့် ငွေသုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှုအလွန်နည်းနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များအပါအဝင် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုများ ပွင့်လင်းမြင်သာရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာအရေး လှုပ်ရှားသည့်အဖွဲ့၊ ဥပဒေသမားများနှင့်Continue reading “အွန်လိုင်းပေါ် ပျောက်ဆုံးနေသော ကျပ်သန်းပေါင်းခြောက်ထောင်ကျော်”

Facebook အစွမ်း အံ့မခန်း

မဲမပေးခင် စဉ်းစားဖို့ ဆိုတဲ့ဆောင်းပါးတွေ အခန်းဆက်ရေးလိုက်တာ အခန်း (၉ ) ပြီးသွားတော့ထူးခြားမှုတွေပြလာတယ်။ဒီနေ့ ဆံပင်ညှပ်ဆိုင် ပို့စ်တင်လိုက်တော့ ကျွန်တော့်ပို့စ်ကို Like လုပ်တဲ့ အရေအတွက် မမြင်ရ တော့ဘူး။ ( ပုံ ၁ )စာဖတ်သူတွေကလည်း Like လုပ်လို့မရတဲ့အကြောင်း ပြောလာတယ်။ ( ပုံ ၂)စာဖတ်သူတွေဘက်က ပို့စ်ကို မြင်ရတဲ့အနေအထားက အခုလိုပါ ( ပုံ ၃)ကျွန်တော့်ဖေ့စ်ဘွတ်အကောင့်မှာ သတိပေးထားတာများရှိလားဆိုပြီး စစ်ကြည့်တော့လည်း မတွေ့ဘူး။ ( ပုံ ၄ )နည်းပညာဆိုင်ရာပြဿနာလား၊ ဘာလား စောင့်ကြည့်လိုက်ဦးမယ်။သန်းခြောက်ထောင် က အလကားတော့မဟုတ်လောက်ဘူး။

ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား

ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းပြီးေ တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား ဆိုတာကို ဝေဖန်သုံးသပ်ထားတဲ့ နေယံဦးရဲ့ ဆောင်းပါး ———————————————————————————————– ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား။ တနည်းပြောရရင် ဖေ့စ်ဘွတ်ခ်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖက်ကို ပင်းသလား။ဖေ့စ်ဘွတ်ခ်က တက်ကြွလှုပ်ရှားသူ၊ အတိုက်အခံနိုင်ငံရေးသမား၊ အစိုးရကိုဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားသလား။ကျွန်တော့်ကိုယ်တွေ့ကို အခြေခံပြီး ပြောရမယ်ဆိုရင် ဖေ့စ်ဘွတ်ခ်က ဘက်လိုက်ပါတယ်။ အာဏာရပါတီဖက်ကို ပင်းပါတယ်။ အစိုးရကို ဝေဖန်သူတွေရဲ့ ပါးစပ်ကို ပိတ်ဖို့ ကြိုးစားပါတယ်။ကျွန်တော် အကျဉ်းချုံး ရှင်းပြပါမယ်။ အရင်ကလည်း ဒီအကြောင်းတွေ ပိုစ့်ရေးပြီးသားပါ။▪️ကျွန်တော် NLD အစိုးရကို ဝေဖန်တဲ့ ဆောင်းပါးတွေ ရေးပြီးတိုင်း ကျွန်တော့်ဖေ့စ်ဘွတ်ခ်အကောင့်က ခိုးယူဖို့ကြိုးစားခြင်း အမြဲခံရပါတယ်။ ဒါက ဖေ့စ်ဘွတ်ခ်က လုပ်တာContinue reading “ဖေ့စ်ဘွတ်ခ်က ဘက်လိုက်သလား”

ကျွန်တော်နဲ့ ၆၆(ဃ)

) မနေ့က နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့တယ်။ သူက ထေရဝါဒ ဗုဒ္ဓဘာသာဝင်၊ မြန်မာ စာ၊ မြန် မာစကား တော်တော်ဖတ်နိုင်၊ ပြောနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗုဒ္ဓအဆုံးအမတွေနဲ့ လက်ရှိ လူမှု ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ဖူးတယ်။ သူက လူမှုကွန်ယက်တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်က မြန်မာနိုင်ငံသားများရဲ့ အမုန်းစကားတွေအကြောင်းကို လေ့လာနေ တာ နှစ်နှစ်ကျော်ပြီ။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး အမုန်းစကားတွေကို လွယ်လွယ်ပြောနေကြ၊ ရေးနေကြတာ ဘာ့ကြောင့်လဲ ဆိုတာကို အဖြေရှာနေတာပါပဲ။ ကျွန်တော့်ကိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ အင်တာနက်ထိန်းချုပ်မှုကို ဖယ်ရှားပေး ခဲ့ တဲ့အခြေအနေ၊ အင်တာနက်ပေါ်က အမုန်းစကားတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ လုပ် ဆောင်ချက်၊Continue reading “ကျွန်တော်နဲ့ ၆၆(ဃ)”

ဘာလဲဟဲ့ Facebook

နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ မှာ People Media က တင်ထားတဲ့ ဒေါ်သက်သက်ခိုင် နဲ့ တွေ့ဆုံမေးမြန်း မှု ဗီဒီယိုကို Facebook ကဖယ်ရှားခဲ့တယ်။ အဲဒီလိုဖယ်ရှားခဲ့တဲ့ကိစ္စက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်ခွင့်ပြုခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာက မေးမြန်းတဲ့အခါ Facebook က မူပိုင်ခွင့် ပေါ်လီ စီ အရ တိုင်တဲ့သူရှိလို့ စိစစ်ပြီးဖြုတ်ချလိုက်တာဖြစ်တယ်၊ ဒါပေမယ့် ပြန်စစ်တဲ့အခါမှာ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရတဲ့အတွက် ပြန်ခွင့်ပြုခဲ့တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ Facebook ကို ဘယ်မီဒီယာကတိုင်သလဲ၊ ဘယ်သက်သေအထောက်အထားကြောင့်Continue reading “ဘာလဲဟဲ့ Facebook”

ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၂)

Facebook က People Media စာမျက်နှာကနေ ဖယ်ရှားလိုက်တဲ့ ဒေါ်သက်သက်ခိုင် ရဲ့ အင်တာဗျူး နားထောင်ကြည့်တဲ့အခါ #Facebook ရဲ့ စံတွေနဲ့ ညှိနိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေ၊ ပုဂ္ဂိုလ်ရေးအရ ရိုင်းပြစွာပြောဆိုတိုက်ခိုက်မှုတွေ မတွေ့ပါဘူး။ NLD ပါတီအတွင်းမှာ ပါတီတွင်း ဒီမိုကရေစီ မရှိတဲ့ကိစ္စ၊ အုပ်စုဖွဲ့၊ ဆရာမွေး ၊ တပည့်မွေးတဲ့ကိစ္စ နဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးမူဝါဒအပေါ် သုံးသပ်ချက်ပဲ တွေ့ပါတယ်။ Facebook ရဲ့ စံတွေထဲမှာ အာဏာရ NLD ပါတီကိုမဝေဖန်ရဆိုတဲ့ စံ ကို ထည့်သွင်းထားတယ်ဆိုရင်တော့ ငြိစွန်းတယ်လို့ပြောနိုင်ပါတယ်။ အင်တာဗျူးကို အောက်ပါလင့်ခ်မှာ နားထောင်နိုင်ပါတယ်။ https://www.facebook.com/ththkh.dagonnldtownship/videos/421342075450829/UzpfSTEwMDAwMzEwODM1NDQ2OToyNTA3NzczNDE5MzM2MjQ1/

ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၁)

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အင်တာဗျူးကို #Facebook က ဖယ်ရှားလိုက်တယ်ဆိုတာ အတော်ထူးဆန်းတဲ့ကိစ္စပဲ လူမျိုးရေး၊ဘာသာရေး ဆိုင်ရာ အမုန်းစကားတွေပါနေလို့လား။ မကြားချင်တဲ့အတွင်းရေးတွေပါနေလို့များလား။